• Cele Yatkwat
    ဘဝမှာ တစ်ခါမှ ချောတယ်လို့ အပြောမခံခဲ့ရဖူးဘူးဆိုတဲ့ နေခြည်ဦး
Sabal Thwin
[Unicode Version]

နေခြည်ဦးတစ်ယောက် မျက်နှာခွဲစိတ်ပြုပြင်ပြီးတဲ့နောက်မှာတော့ မိသားစုတွေကရော၊ သူငယ်ချင်းတွေကရော၊ မိတ်ဆွေ အပေါင်းအသင်း တွေကပါ ချောကြောင်း လှကြောင်း ပြောကြတာကြောင့် ဘဝမှာ ဒီလောက်ချောတယ်လို့ အပြောမခံခဲ့ရဘူးလို့ ပြောပါတယ်။ ကိုရီးယားမှာ ခွဲစိတ်ခဲ့တဲ့ ကုန်ကျစာရိတ်တွေကိုလည်း နေခြည်ဦးက ဖော်ပြခဲ့ပါသေးတယ်။

37512113_1775093499278579_740496149021982720_n.jpg

Photo: Nay Chi Oo Facebook

 

မကြာခင်ကမှ ကိုရီးယားနိုင်ငံမှာ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ Beauty Blogger မလေး နေခြည်ဦးက အခုဆိုရင်တော့ မျက်နှာပုံစံလေးတွေက အရင်ကနဲ့ မတူအောင် ပိုပြီး ချစ်စရာကောင်းလို့ နေပါတယ်။ အဲ့ဒီနောက် နေခြည်ဦးကို တွေ့တဲ့ သူတိုင်းက ချောကြောင်း၊ လှကြောင်း ပြောကြတဲ့အတွက် အရမ်းကို ကျေးဇူးတင်တဲ့အကြောင်း အခုလို ရင်ဖွင့်ထားတာကိုတွေ့ရပါတယ်။

'' ဘဝမှာလေတစ်ခါမှ ဒီလောက် "ချောတယ်" ဆိုတဲ့ စကား အပြောမခံခဲ့ရဘူး။တစ်အိမ်လုံးကလည်း ချော၊ သူငယ်ချင်းတွေကလည်း ချော၊

လမ်းထိပ်က အန်တီကြီးကလည်း ချော၊ ကိုယ့်ကိုယ်ကို ကြည့်တော့ အဲ့လောက် ပြောင်းလဲတယ်လို့ မထင်ရပေမယ့် ချောတယ်ပြောတဲ့ သူတိုင်းကိုတကယ် ကျေးဇူးတင်တာပါ'' ဆိုပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

11.jpg 

နေခြည်ဦးက မျက်နှာခွဲစိတ်ပြုပြင်ရာမှာ လူတစ်ယောက်နဲ့တစ်ယောက်ပုံစံမတူတာကြောင့် ဈေးနှုန်းမတူဘူးလို့လည်း ပြောပါတယ်။ သူဟာ ကိုရီးယားနိုင်ငံမှာရှိတဲ့ JW Clinic မှာ သူ့ရဲ့ မျက်လုံး ခွဲစိတ်မှုမှာ $2800 ကျသင့်ခဲ့ပြီး နှာခေါင်း ခွဲစိတ်ရာမှာတော့ $5500 ကုန်ကျခဲ့တဲ့ အကြောင်း ပရိသတ်တွေကို ဖေ့စ်ဘွတ်ပေါ်ကနေ ဆက်လက်ရေးသားခဲ့ပါသေးတယ်။

'' korea သွားပြင်မယ်လို့ ပေါ်တင်ပြောခဲ့တာတောင် သူငယ်ချင်းတွေအားလုံးက  မသိရင်မွေးထဲက ဒီလိုထွက်လာသလို ပြောကြတော့ အရမ်း ပျော်မိတယ်။ vlog လေးကို နှစ်လလောက် အရောင်ကျတဲ့ အထိ ခဏစောင့်ပေး အားလုံးကိုဘယ်လိုပြင်တယ်။ ဘယ်လောက်ကျတယ် ပြောပြ မှာပါဆို'' လို့ နေခြည်ဦးက ဆိုပါတယ်။

37353472_1775093515945244_6697945384364277760_n.jpg

Photo: Nay Chi Oo Facebook

ဆရာဝန်က သုံးလလောက်မရယ်ခိုင်းလို့ အခက်တွေ့နေတဲ့ နေခြည်ဦး 

မျက်လုံးနဲ့ နှာခေါင်း ခွဲစိတ်မှုကို ကိုရီးယားနိုင်ငံမှာ သွားရောက်ပြုလုပ်နေတဲ့ နေခြည်ဦးက ခွဲစိတ်ပြုပြင်ထားတဲ့ ပုံတွေကိုလည်း ပရိသတ်တွေ ကို ပွင့်ပွင့်လင်းလင်း ပြသထားတာတွေ့ရပါတယ်။ သူမရဲ့ နှာခေါင်းကို ဒီတိုင်းဆီလီကွန်ထည့်တာမျိုးမဟုတ်ပဲ နားရိုးနုကိုယူပြီး ဆီလီကွန်နဲ့ ပေါင်းပြီး ထည့်ထားတာပါ။

N 3.jpg 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

[Zawgyi Version]

ေနျခည္ဦးတစ္ေယာက္ မ်က္ႏွာခြဲစိတ္ျပဳျပင္ၿပီးတဲ့ေနာက္မွာေတာ့ မိသားစုေတြကေရာ၊ သူငယ္ခ်င္းေတြကေရာ၊ မိတ္ေဆြ အေပါင္းအသင္း ေတြကပါ ေခ်ာေၾကာင္း လွေၾကာင္း ေျပာၾကတာေၾကာင့္ ဘဝမွာ ဒီေလာက္ေခ်ာတယ္လုိ႔ အေျပာမခံခဲ့ရဘူးလုိ႔ ေျပာပါတယ္။ ကုိရီးယားမွာ ခြဲစိတ္ခဲ့တဲ့ ကုန္က်စာရိတ္ေတြကုိလည္း ေနျခည္ဦးက ေဖာ္ျပခဲ့ပါေသးတယ္။

Photo: Nay Chi Oo Facebook

 

မၾကာခင္ကမွ ကုိရီးယားႏုိင္ငံမွာ မ်က္ႏွာခြဲစိတ္ျပဳျပင္ခဲ့တဲ့ Beauty Blogger မေလး ေနျခည္ဦးက အခုဆုိရင္ေတာ့ မ်က္ႏွာပုံစံေလးေတြက အရင္ကနဲ႔ မတူေအာင္ ပုိၿပီး ခ်စ္စရာေကာင္းလုိ႔ ေနပါတယ္။ အဲ့ဒီေနာက္ ေနျခည္ဦးကုိ ေတြ႔တဲ့ သူတုိင္းက ေခ်ာေၾကာင္း၊ လွေၾကာင္း ေျပာၾကတဲ့အတြက္ အရမ္းကုိ ေက်းဇူးတင္တဲ့အေၾကာင္း အခုလုိ ရင္ဖြင့္ထားတာကုိေတြ႔ရပါတယ္။

'' ဘဝမွာေလတစ္ခါမွ ဒီေလာက္ "ေခ်ာတယ္" ဆိုတဲ့ စကား အေျပာမခံခဲ့ရဘူး။တစ္အိမ္လံုးကလည္း ေခ်ာ၊ သူငယ္ခ်င္းေတြကလည္း ေခ်ာ၊

လမ္းထိပ္က အန္တီႀကီးကလည္း ေခ်ာ၊ ကိုယ့္ကိုယ္ကို ၾကည့္ေတာ့ အဲ့ေလာက္ ေျပာင္းလဲတယ္လို႕ မထင္ရေပမယ့္ ေခ်ာတယ္ေျပာတဲ့ သူတိုင္းကိုတကယ္ ေက်းဇူးတင္တာပါ'' ဆုိၿပီးေတာ့ ဇူလုိင္လ ၁၉ ရက္ေန႔ည ၁၁ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ပါတယ္။

 

ေနျခည္ဦးက မ်က္ႏွာခြဲစိတ္ျပဳျပင္ရာမွာ လူတစ္ေယာက္နဲ႔တစ္ေယာက္ပုံစံမတူတာေၾကာင့္ ေစ်းႏႈန္းမတူဘူးလုိ႔လည္း ေျပာပါတယ္။ သူဟာ ကုိရီးယားႏုိင္ငံမွာရွိတဲ့ JW Clinic မွာ သူ႔ရဲ႕ မ်က္လုံး ခြဲစိတ္မႈမွာ $2800 က်သင့္ခဲ့ၿပီး ႏွာေခါင္း ခြဲစိတ္ရာမွာေတာ့ $5500 ကုန္က်ခဲ့တဲ့ အေၾကာင္း ပရိသတ္ေတြကုိ ေဖ့စ္ဘြတ္ေပၚကေန ဆက္လက္ေရးသားခဲ့ပါေသးတယ္။

'' korea သြားျပင္မယ္လို႔ ေပၚတင္ေျပာခဲ့တာေတာင္ သူငယ္ခ်င္းေတြအားလံုးက  မသိရင္ေမြးထဲက ဒီလိုထြက္လာသလို ေျပာၾကေတာ့ အရမ္း ေပ်ာ္မိတယ္။ vlog ေလးကို ႏွစ္လေလာက္ အေရာင္က်တဲ့ အထိ ခဏေစာင့္ေပး အားလံုးကိုဘယ္လိုျပင္တယ္။ ဘယ္ေလာက္က်တယ္ ေျပာျပ မွာပါဆို'' လုိ႔ ေနျခည္ဦးက ဆုိပါတယ္။

Photo: Nay Chi Oo Facebook

ဆရာဝန္က သံုးလေလာက္မရယ္ခိုင္းလို႕ အခက္ေတြ႕ေနတဲ့ ေနျခည္ဦး 

မ်က္လံုးနဲ႕ ႏွာေခါင္း ခြဲစိတ္မႈကို ကိုရီးယားႏုိင္ငံမွာ သြားေရာက္ျပဳလုပ္ေနတဲ့ ေနျခည္ဦးက ခြဲစိတ္ျပဳျပင္ထားတဲ့ ပံုေတြကိုလည္း ပရိသတ္ေတြ ကို ပြင့္ပြင့္လင္းလင္း ျပသထားတာေတြ႕ရပါတယ္။ သူမရဲ႕ ႏွာေခါင္းကို ဒီတိုင္းဆီလီကြန္ထည့္တာမ်ိဳးမဟုတ္ပဲ နားရိုးႏုကိုယူၿပီး ဆီလီကြန္နဲ႕ ေပါင္းၿပီး ထည့္ထားတာပါ။

 

ေနျခည္ဦးဟာ ႏွာေခါင္းနဲ႔ မ်က္လုံး ခြဲစိတ္လုိက္တာေၾကာင့္ ကုိယ့္ကုိယ္ကို လွသြားတယ္ဆုိတာထက္ ကုိယ္လုပ္ခ်င္တာကုိ လုပ္ခြင့္ရလုိက္တဲ့ ဆႏၵေၾကာင့္ ပုိၿပီးေတာ့ ေပ်ာ္ရႊင္သြားႏုိင္တယ္လုိ႔ ေျပာပါတယ္။ ခြဲစိတ္မႈကုိလည္း လုပ္ခ်င္ေနတာ ၾကာၿပီဆုိေပမယ့္ အခ်ိန္မေပးႏုိင္ေသးလုိ႔ မလုပ္ျဖစ္တဲ့အေၾကာင္း L'oréal Paris Myanmar Red Carpet ပြဲကို တက္ေရာက္ရင္း Duwun media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs