• Cele Yatkwat
    လူကြီးတစ်ယောက်လို မြင်ပေးပါလို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ အိစိကွေး
Ei Ei Myat
[Unicode Version]

ပရိသတ်တွေက ကလေးလိုပဲ မြင်နေကြတာကို အိစိ နားလည်ပါတယ်။ ဒါပေမယ့် အသက်အရွယ်က ကြီးလာပြီဖြစ်လို့ ခေါင်းဆောင် မင်းသား တစ်ယောက်အဖြစ် ဇာတ်ကားတွေရိုက်ကူးလာရတဲ့ အချိန်မှာ အကောင်းဆုံးကြိုးစားနေတာဖြစ်လို့ လူကြီးတစ်ယောက်လို ပုံစံမျိုးလည်း မြင်ပေးကြပါလို့ အိစိကွေးက ပြောပါတယ်။

lanscape.jpg 

ငယ်စဉ် ကလေးဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးဟာ အခုဆိုရင် လူပျိုပေါက်အရွယ်သို့ ရောက် ရှိလို့ လာပါပြီ။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ အမြင်မှာတော့ သူ့ကို ကလေးသရုပ်ဆောင် တစ်ယောက်လိုပဲ  မြင်နေသေးတာကြောင့် သူ့အနေနဲ့ ယခုလို တောင်းဆိုထားပါသေးတယ်။

"ပရိသတ်တွေအကုန်လုံးက မိဘတွေလိုပဲ သားသမီးတစ်ယောက်ကို  မိဘတစ်ယောက်က ဘယ်လောက်ပဲ အသက်ကြီးလာကြီးလာ သူတို့ရဲ့ မျက်လုံးထဲမှာ ကလေးလို့ပဲ မြင်တာလေ။ ပရိသတ်တွေအကုန်လုံးကလည်း အိစိကို ကလေးလို့မြင်တာ အိစိနားလည်ပါတယ်။ အသက်အရွယ် ကလည်း  ကြီးလာပြီ ဆိုတော့အရွယ်လည်း ရောက်လာပြီဆိုတော့လူကြီးပုံစံ ဖြစ်အောင် တဖြည်းဖြည်းတော့ ပြောင်း ယူရမှာပဲ။ပြီးတော့ ပရိသတ်တွေဘက်ကလည်း အိစိကို တဖြည်းဖြည်းနဲ့ပြောင်းလဲပြီး မြင်ပေးဖို့လည်း လိုအပ်တာပေ့ါ"လို့ အိစိကွေးက ကြွေရုပ်ရှင်ဇာတ်ကား Press show မှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Ei 2.jpg 

ကလေးသရုပ်ဆောင်ကနေ အခုဆိုရင် ဇာတ်ဆောင်မင်းသားနေရာက ဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်တဲ့ အိစိကွေးက သူ့အတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်တဲ့။ အဓိက ဇာတ်ဆောင်နေရာကို ရောက်လာတဲ့အချိန်မှာ အရည်အချင်းတွေ အများကြီး လိုအပ်သလို လူကြီးတစ်ယောက်လို ပြုမူတာတွေသာမက အမူအရာတွေလည်း အများကြီး ပြောင်းလဲရတယ်လို့ ဆိုပါတယ်။

အနုပညာအလုပ်တွေ ဆက်ကြိုးစားသွားဦးမယ်ဆိုတဲ့ အိစိကွေး 

"ကလေးသရုပ်ဆောင်ဆိုတဲ့ အခန်းကဏ္ဍက အရမ်းနည်းပါတယ်။ဘာမှဟဲဗီးကြီးတွေ လုပ်စရာမလိုဘူး တချို့ဇာတ်ကားတွေမှာ လုပ်ရတယ် ဆိုတာကလည်း  ဒရာမာလောက်ပဲ လုပ်ရတာလေ။ အဓိက ဇာတ်ဆောင်နေရာမှာ ရောက်လာတဲ့ အချိန်မှာတော့ အရည်အချင်းတွေ အများကြီး လိုအပ်လာတယ်။သရုပ်ဆောင် တတ်ရုံနဲ့မဟုတ်ပဲ အတတ်ပညာမျိုးစုံလူကြီးတစ်ယောက်လို ပြုမူပြောဆိုတာ တွေူကအစ အမူအရာတွေက အစပြောင်းလဲရတာပေ့ါ။ နည်းနည်းတော့ အခက်အခဲရှိပေမယ့် အကောင်းဆုံးတော့ ကြိုးစားပါတယ်"ဆိုပြီး Duwun Media ကို ဆက်လက်ဖြေဆိုပေးထားပါတယ်။

Ei 1.jpg 

အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။

 

[Zawgyi Version]

ပရိသတ္ေတြက ကေလးလုိပဲ ျမင္ေနၾကတာကုိ အိစိ နားလည္ပါတယ္။ ဒါေပမယ့္ အသက္အရြယ္က ႀကီးလာၿပီျဖစ္လုိ႔ ေခါင္းေဆာင္ မင္းသား တစ္ေယာက္အျဖစ္ ဇာတ္ကားေတြရုိက္ကူးလာရတဲ့ အခ်ိန္မွာ အေကာင္းဆုံးႀကိဳးစားေနတာျဖစ္လုိ႔ လူႀကီးတစ္ေယာက္လုိ ပုံစံမ်ဳိးလည္း ျမင္ေပးၾကပါလုိ႔ အိစိေကြးက ေျပာပါတယ္။

 

ငယ္စဥ္ ကေလးဘဝကတည္းက ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားတဲ့ သရုပ္ေဆာင္ အိစိေကြးဟာ အခုဆုိရင္ လူပ်ိဳေပါက္အရြယ္သို႕ ေရာက္ ရွိလို႕ လာပါၿပီ။ ဒါေပမယ့္လည္း ပရိသတ္ေတြရဲ႕ အျမင္မွာေတာ့ သူ႕ကို ကေလးသရုပ္ေဆာင္ တစ္ေယာက္လိုပဲ  ျမင္ေနေသးတာေၾကာင့္ သူ႕အေနနဲ႕ ယခုလုိ ေတာင္းဆုိထားပါေသးတယ္။

"ပရိသတ္ေတြအကုန္လံုးက မိဘေတြလိုပဲ သားသမီးတစ္ေယာက္ကို  မိဘတစ္ေယာက္က ဘယ္ေလာက္ပဲ အသက္ႀကီးလာႀကီးလာ သူတို႕ရဲ႕ မ်က္လံုးထဲမွာ ကေလးလို႕ပဲ ျမင္တာေလ။ ပရိသတ္ေတြအကုန္လံုးကလည္း အိစိကုိ ကေလးလို႕ျမင္တာ အိစိနားလည္ပါတယ္။ အသက္အရြယ္ ကလည္း  ႀကီးလာၿပီ ဆိုေတာ့အရြယ္လည္း ေရာက္လာၿပီဆိုေတာ့လူႀကီးပံုစံ ျဖစ္ေအာင္ တျဖည္းျဖည္းေတာ့ ေျပာင္း ယူရမွာပဲ။ၿပီးေတာ့ ပရိသတ္ေတြဘက္ကလည္း အိစိကို တျဖည္းျဖည္းနဲ႔ေျပာင္းလဲျပီး ျမင္ေပးဖို႕လည္း လိုအပ္တာေပ့ါ"လို႕ အိစိေကြးက ေၾကြရုပ္ရွင္ဇာတ္ကား Press show မွာ ေျဖဆိုေပးခဲ့တာ ျဖစ္ပါတယ္။

 

ကေလးသရုပ္ေဆာင္ကေန အခုဆိုရင္ ဇာတ္ေဆာင္မင္းသားေနရာက ဇာတ္ကားေတြ ရိုက္ကူးေနရၿပီျဖစ္တဲ့ အိစိေကြးက သူ႕အတြက္ စိန္ေခၚမႈေတြ အမ်ားႀကီးနဲ႕ ၾကံဳေတြ႕ေနရပါတယ္တဲ့။ အဓိက ဇာတ္ေဆာင္ေနရာကို ေရာက္လာတဲ့အခ်ိန္မွာ အရည္အခ်င္းေတြ အမ်ားႀကီး လိုအပ္သလို လူႀကီးတစ္ေယာက္လို ျပဳမူတာေတြသာမက အမူအရာေတြလည္း အမ်ားႀကီး ေျပာင္းလဲရတယ္လို႕ ဆုိပါတယ္။

အႏုပညာအလုပ္ေတြ ဆက္ႀကိဳးစားသြားဦးမယ္ဆုိတဲ့ အိစိေကြး 

"ကေလးသရုပ္ေဆာင္ဆိုတဲ့ အခန္းက႑က အရမ္းနည္းပါတယ္။ဘာမွဟဲဗီးႀကီးေတြ လုပ္စရာမလုိဘူး တခ်ိဳ႕ဇာတ္ကားေတြမွာ လုပ္ရတယ္ ဆိုတာကလည္း  ဒရာမာေလာက္ပဲ လုပ္ရတာေလ။ အဓိက ဇာတ္ေဆာင္ေနရာမွာ ေရာက္လာတဲ့ အခ်ိန္မွာေတာ့ အရည္အခ်င္းေတြ အမ်ားႀကီး လိုအပ္လာတယ္။သရုပ္ေဆာင္ တတ္ရံုနဲ႕မဟုတ္ပဲ အတတ္ပညာမ်ိဳးစံုလူႀကီးတစ္ေယာက္လို ျပဳမူေျပာဆိုတာ ေတြူကအစ အမူအရာေတြက အစေျပာင္းလဲရတာေပ့ါ။ နည္းနည္းေတာ့ အခက္အခဲရွိေပမယ့္ အေကာငး္ဆုံးေတာ့ ႀကိဳးစားပါတယ္"ဆိုၿပီး Duwun Media ကုိ ဆက္လက္ေျဖဆိုေပးထားပါတယ္။

 

အသက္ ၄ ႏွစ္ခြဲအရြယ္ကတည္းက သရုပ္ေဆာင္အလုပ္ လုပ္လာတဲ့ အိစိေကြးကုိေတာ့ အခုခ်ိန္ထိ ပရိသတ္ေတြက အရမ္းကုိခ်စ္ခင္ အားေပး လွ်က္ရွိၾကပါတယ္။ သူ႔အေနနဲ႔ အခုအရြယ္မွာ ေမာ္ဒယ္လ္မင္းသားေတြလုိ အရပ္အေမာင္း၊ ခႏၶာကုိယ္အခ်ိဳးအစားေတြ မရွိေပမယ့္ အိစိေကြး ကုိအားေပးၾကတဲ့ ပရိသတ္ေတြဟာ သရုပ္ေဆာင္အရည္အခ်င္းကုိသာ အားေပးၾကတာျဖစ္တယ္လုိ႔ သိရပါတယ္။

ပရိသတ္ေတြ အားေပးရ က်ိဳးနပ္ေအာင္လည္း ထပ္ႀကိဳးစားသြားဦးမယ္လုိ႔ သိရပါတယ္။ ေက်ာင္းပညာေရးကုိ ဦးစားေပးေနရတဲ့ သူ႔အေနနဲ႔ အႏုပညာအလုပ္ေတြကုိ တျဖည္းျဖည္းနဲ႔ ဆက္လုပ္ေနျဖစ္တယ္လုိ႔ သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs