• Cele Yatkwat
    သားချောလေးနှစ်ယောက်ကို မင်းသားဖြစ်စေချင်တဲ့ ကေညီ
Sabal Thwin
[Unicode Version]

ကေညီကတော့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့မှာ ချစ်စရာကောင်းတဲ့ သားလေး နှစ်ယောက် ရှိတဲ့အတွက် အနုပညာကို ဝါသနာပါရင်တော့ မင်းသားလုပ်ခိုင်းမယ်တဲ့။

33063240_1351246205019413_8523315620559716352_n.jpg

Photo: K Nyi Fb

 

ဇာတ်ပို့ဇာတ်ရံ တစ်ယောက်အနေနဲ့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် ကေညီဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစု လေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့မှာတော့ ပထမတန်းတက်နေတဲ့ သားကြီးရယ်၊ ၇ လအရွယ် သားငယ်လေးရယ် နှစ်ယောက်ရှိပါတယ်။ အဖေ ထက်သာတဲ့ သားလေးတွေကို မင်းသားပဲ လုပ်ခိုင်းမယ်ဆိုပြီး Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော့်သား နှစ်ယောက်ရှိတယ်၊ နှစ်ယောက်စလုံးက အချောတွေချည်းပဲ အဖေထက်ချောပါတယ်၊ အဖေထက် သာပါတယ်။ ဝန်ခံပါတယ်။ အသားအရေကအစ ဖွေးနေတာပဲ။ တကယ်လို့ တစ်ချိန်မှာ သရုပ်ဆောင် ဝါသနာပါရင် ကျွန်တော်က မင်းသားပဲလုပ်ခိုင်းမှာ ရုပ် တွေလည်းချောတော့ ကျွန်တော့်လို ဇာတ်ပို့ အဖြစ်မခံဘူး'' လို့ ကေညီက ဆိုပါတယ်။

36062826_1382155698595130_7246224223423692800_n.jpg

Photo: K Nyi Fb

 

ကေညီဟာ အရမ်းကို ချစ်စရာကောင်းပြီး ချောမောကြတဲ့ သားလေးနှစ်ယောက်ကိုပညာရေးကိုပဲ အဓိကထား ကြိုးစားစေချင်တဲ့အကြောင်း သူ့ရင်ထဲက ဆန္ဒကို ဇူလိုင်လ ၂၂ ရက်နေ့က သရုပ်ဆောင်ကောင်းခန့်ရဲ့ သမီးလေး ကြာဖြူကောင်းခန့်ရဲ့ မွေးနေ့ကို တက်ရောက်လာ ရင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

''သရုပ်ဆောင် အလုပ် မလုပ်ခိုင်းဘူး ပညာရေးကိုပဲ အဓိက ထားပြီးတော့ ကျောင်းတက်ခိုင်းတယ်။ နွေရာသီမှာ Summer School တက်ခိုင်းတယ်။ အင်္ဂလိပ်စာ ဆိုလည်း သူများနဲ့ တန်းတူပြောနိုင်အောင် အင်္ဂလိပ်ကျောင်းတက်ခိုင်းတယ်။ ဒါလေးတွေကတော့ ကျွန်တော့် ဘက်က တက်နိုင်တာလေး ကလေး တွေအပေါ် လုပ်ပေးတာပါ'' လို့ သူကဆိုပါတယ်။

34502230_1360992690711431_6832487120402120704_n.jpg

Photo: K Nyi Fb

 

လက်ရှိမှာတော့ ကေညီ့ရဲ့ သားလေးတွေကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာတာမျိုးတွေ မရှိသေးဘူးလို့ ပြောပါတယ်။ တကယ်လို့ လာ ကမ်းလှမ်းရင်လည်း လုပ်ခိုင်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

'' ကလေးတွေကလည်း ဘာကို ဝါသနာပါလည်း မသိရသေးဘူး။ ကလေးတွေကိုလည်း သရုပ်ဆောင်ဖို့ လာကမ်းလှမ်းတာမျိုးတော့ မရှိသေး ဘူး။ ကလေးတွေက အရမ်းလည်း ငယ်သေးတယ်၊ သူတို့ကို ပညာရေးပဲ အဓိက လုပ်ခိုင်းထားပါတယ်။ ကလေးသရုပ်ဆောင်ဖို့ လာ ပြောရင် လည်း ဘယ်တော့မှ မခိုင်းပါဘူး။ ပင်ပန်းပါတယ်။ ဒီအချိန်မှာ ကလေးတွေကို လမ်းကြောင်းမမှားစေချင်ဘူး'' လို့ ပြောပါတယ်။

35053887_1365595703584463_6647844041100623872_n.jpg

Photo: K Nyi Fb

 

သရုပ်ဆောင်ကေညီကတော့ သားနှစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ အတွက်ပုခုံးတွေ ကောင်းအောင် ပြင်ဆင်ထားတယ်၊ မိသားစုကို မြင့်မားတဲ့ ဘဝမျိုးထားနိုင်အောင် ကြိုးစားမယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သားလေး နှစ်ယောက်အတွက် အရင်က ထက်ပိုကြိုးစားမယ်လို့ပြောပါတယ်။

 

[Zawgyi Version]

ေကညီကေတာ့ ေပ်ာ္စရာေကာင္းတဲ့ မိသားစုေလးကုိ ပုိင္ဆုိင္ထားပါတယ္။ သူ႔မွာ ခ်စ္စရာေကာင္းတဲ့ သားေလး ႏွစ္ေယာက္ ရွိတဲ့အတြက္ အႏုပညာကုိ ဝါသနာပါရင္ေတာ့ မင္းသားလုပ္ခုိင္းမယ္တဲ့။

Photo: K Nyi Fb

 

ဇာတ္ပုိ႔ဇာတ္ရံ တစ္ေယာက္အေနနဲ႔ ပရိသတ္အခုိင္အမာ ရရွိထားတဲ့ သရုပ္ေဆာင္ ေကညီဟာ သာယာေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစု ေလးကုိ ပုိင္ဆိုင္ထားပါတယ္။ သူ႔မွာေတာ့ ပထမတန္းတက္ေနတဲ့ သားႀကီးရယ္၊ ၇ လအရြယ္ သားငယ္ေလးရယ္ ႏွစ္ေယာက္ရွိပါတယ္။ အေဖ ထက္သာတဲ့ သားေလးေတြကုိ မင္းသားပဲ လုပ္ခုိင္းမယ္ဆုိၿပီး Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' ကၽြန္ေတာ့္သား ႏွစ္ေယာက္ရွိတယ္၊ ႏွစ္ေယာက္စလုံးက အေခ်ာေတြခ်ည္းပဲ အေဖထက္ေခ်ာပါတယ္၊ အေဖထက္ သာပါတယ္။ ဝန္ခံပါတယ္။ အသားအေရကအစ ေဖြးေနတာပဲ။ တကယ္လုိ႔ တစ္ခ်ိန္မွာ သရုပ္ေဆာင္ ဝါသနာပါရင္ ကၽြန္ေတာ္က မင္းသားပဲလုပ္ခုိင္းမွာ ရုပ္ ေတြလည္းေခ်ာေတာ့ ကၽြန္ေတာ့္လုိ ဇာတ္ပုိ႔ အျဖစ္မခံဘူး'' လုိ႔ ေကညီက ဆုိပါတယ္။

Photo: K Nyi Fb

 

ေကညီဟာ အရမ္းကုိ ခ်စ္စရာေကာင္းၿပီး ေခ်ာေမာၾကတဲ့ သားေလးႏွစ္ေယာက္ကုိပညာေရးကိုပဲ အဓိကထား ႀကိဳးစားေစခ်င္တဲ့အေၾကာင္း သူ႔ရင္ထဲက ဆႏၵကုိ ဇူလိုင္လ ၂၂ ရက္ေန႔က သရုပ္ေဆာင္ေကာင္းခန္႔ရဲ႕ သမီးေလး ၾကာျဖဴေကာင္းခန္႔ရဲ႕ ေမြးေန႔ကုိ တက္ေရာက္လာ ရင္း Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

''သရုပ္ေဆာင္ အလုပ္ မလုပ္ခုိင္းဘူး ပညာေရးကုိပဲ အဓိက ထားၿပီးေတာ့ ေက်ာင္းတက္ခုိင္းတယ္။ ေႏြရာသီမွာ Summer School တက္ခုိင္းတယ္။ အဂၤလိပ္စာ ဆုိလည္း သူမ်ားနဲ႔ တန္းတူေျပာႏုိင္ေအာင္ အဂၤလိပ္ေက်ာင္းတက္ခုိင္းတယ္။ ဒါေလးေတြကေတာ့ ကၽြန္ေတာ့္ ဘက္က တက္ႏုိင္တာေလး ကေလး ေတြအေပၚ လုပ္ေပးတာပါ'' လုိ႔ သူကဆုိပါတယ္။

Photo: K Nyi Fb

 

လက္ရွိမွာေတာ့ ေကညီ့ရဲ႕ သားေလးေတြကုိ သရုပ္ေဆာင္ဖုိ႔ ကမ္းလွမ္းလာတာမ်ဳိးေတြ မရွိေသးဘူးလုိ႔ ေျပာပါတယ္။ တကယ္လုိ႔ လာ ကမ္းလွမ္းရင္လည္း လုပ္ခုိင္းမွာမဟုတ္ဘူးလုိ႔ ဆုိပါတယ္။

'' ကေလးေတြကလည္း ဘာကုိ ဝါသနာပါလည္း မသိရေသးဘူး။ ကေလးေတြကုိလည္း သရုပ္ေဆာင္ဖုိ႔ လာကမ္းလွမ္းတာမ်ဳိးေတာ့ မရွိေသး ဘူး။ ကေလးေတြက အရမ္းလည္း ငယ္ေသးတယ္၊ သူတုိ႔ကုိ ပညာေရးပဲ အဓိက လုပ္ခုိင္းထားပါတယ္။ ကေလးသရုပ္ေဆာင္ဖုိ႔ လာ ေျပာရင္ လည္း ဘယ္ေတာ့မွ မခုိင္းပါဘူး။ ပင္ပန္းပါတယ္။ ဒီအခ်ိန္မွာ ကေလးေတြကုိ လမ္းေၾကာင္းမမွားေစခ်င္ဘူး'' လုိ႔ ေျပာပါတယ္။

Photo: K Nyi Fb

 

သရုပ္ေဆာင္ေကညီကေတာ့ သားႏွစ္ေယာက္ရဲ႕ဖခင္ျဖစ္တဲ့ အတြက္ပုခုံးေတြ ေကာင္းေအာင္ ျပင္ဆင္ထားတယ္၊ မိသားစုကုိ ျမင့္မားတဲ့ ဘဝမ်ဳိးထားႏုိင္ေအာင္ ႀကိဳးစားမယ္လုိ႔လည္း Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။ သားေလး ႏွစ္ေယာက္အတြက္ အရင္က ထက္ပိုႀကိဳးစားမယ္လုိ႔ေျပာပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs