• Cele Yatkwat
    နေခြည့်အတွက် အားပေးဖော်တစ်ယောက်ဖြစ်လာတဲ့ စင်ဒီ
Sabal Thwin
[Unicode Version]

မြန်မာ၊ ထိုင်းနဲ့ ကိုရီးယားမလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Rose Quartz အဖွဲ့ထဲမှာ နေခြည်နဲ့ Cindy  က မြန်မာအချင်းချင်းမို့ ရင်းနှီးမှုလည်း ပိုတဲ့သူတွေပါ။ ဝေဖန်တိုက်ခိုက်ခံရတာတွေ ရှိနေတဲ့ နေခြည့်ကို အသက်တစ်နှစ်တိတိ ပိုကြီးတဲ့ Cindy က အားပေးနှစ်သိမ့်ရတာတွေလည်း ရှိနေပါတယ်။

R 4.jpg 

မိန်းမချောလေး ၅ ယောက်ဖွဲ့စည်းထားတဲ့ Rose Quartz  အဖွဲ့မှာဆိုရင် မြန်မာမိန်းကလေး နှစ်ယောက်ဖြစ်တဲ့ စင်ဒီနဲ့ နေခြည်တို့ ပါဝင်ပါ တယ်။ မြန်မာလူမျိုးအချင်းချင်းလည်းဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ဖော်တိုင်ပင်ဖက်လည်းဖြစ်သလို အားပေးဖော် အားပေးဖက်လည်း ဖြစ်တဲ့အကြောင်း ကို စင်ဒီနဲ့ နေခြည်က Duwun Media ကနေပြောပြလာပါတယ်။

'' တကယ်လို့ ပွဲတစ်ပွဲ ရှိမယ်ဆိုရင် အမြဲတမ်း အဆိုးဘက်ကနေ စတွေးတယ်။  အောက်မှာရှိနေတဲ့ ပရိသတ်တွေထဲမှာ ကိုယ့်ကို အားပေးတဲ့သူ မရှိလောက်ဘူးပေါ့ အဆိုးဆုံးကနေ စတွေးတယ်။ အဲ့ဒီအခါကျတော့ အောက်ကနေပြီး နေခြည်၊ နေခြည်လို့ ခေါ်သံတွေ ကြားတော့လည်း ပျော်ရတယ်။ အခုချိန်ထိလည်း ညီမကို အားပေးတဲ့သူတွေရှိသလို ဝေဖန်တဲ့ သူတွေလည်း ရှိကြပါတယ်'' လို့ နေခြည်က ပြောပါတယ်။

R 1.jpg 

နေခြည်ဟာ Rose Quartz အဖွဲ့ဝင်တစ်ယောက်စဖြစ်ကတည်းက ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်မှုကို အများဆုံး ခံခဲ့ရသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိလည်း ဝေဖန်တိုက်ခိုက်သူတွေရှိနေသေးတာကြောင့် အားငယ်ရတဲ့ အချိန်တွေမှာ ဆိုရင်  စင်ဒီက အားပေးတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

'' ညီမကို ဝေဖန်တဲ့ အချိန်မှာ စစချင်းတုန်းကတော့ စိတ်မကောင်းဖြစ်တာပေါ့နော်။ အမြဲတမ်း ငိုရတယ်။ နောက်ပိုင်းကျတော့ တစ်ခုခုဆိုရင် အစ်မ စင်ဒီကလည်း ဘေးနားမှာရှိတော့ အားပေးတယ်ပေါ့နော်။ ပရိသတ်တွေ မကြိုက်တဲ့ အရာတွေကိုလည်း ကြိုးစားပြုပြင်နေတာ ဆိုတော့ အဆင်ပြေပါတယ်'' လို့ နေခြည်က ဇူလိုင်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ Korean MICE Night Yangon ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

R3.jpg

K-pop ပရိသတ်တွေကို တောင်းပန်စကားဆိုလိုက်တဲ့ နေခြည် 

Comment ကနေတဆင့် အားပေးတဲ့ ပရိသတ်၊ ဝေဖန်တဲ့ ပရိသတ်တွေရဲ့ စကားသံကို အမြဲတမ်း အာရုံစိုက်တတ်တဲ့ နေခြည့်အကြောင်းကို စင်ဒီက အခုလိုပြောပြခဲ့ပါတယ်။

''  သူကလည်း Comment တွေ မဖတ်ဘဲ မနေနိုင်ဘူး။ တစ်ချိန်လုံး လိုက်ကြည့်နေတာ မကြည့်နဲ့ပေါ့ ပိုဆိုးမယ်ပေါ့လို့ပြောလည်း မရဘူး။ Comment တွေကြည့်တယ် ပြီးရင် သူ့ကို ဘယ်လိုတွေပြောတယ်ပေါ့။ ဒါတွေကိုလည်း စိတ်ထဲမထားနဲ့ ခဏပဲ ပြီးရင် ပြီးသွားမှာ လူတွေက ချီးမွန်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ဆိုတော့ စိတ်ထဲမထားနဲ့ ဆိုပြီးတော့ အားပေးဖြစ်ပါတယ်'' လို့ ဆိုပါတယ်။

R 2.jpg 

Rose Quartz အဖွဲ့မှာ အဖွဲ့ဝင် ၅ ဦးပါဝင်ပြီး Sung Shin ဆိုတဲ့ ကိုရီးယားမလေးတစ်ဦး၊ ထိုင်းမလေးတွေဖြစ်တဲ့ EARN နဲ့ EING မြန်မာမလေးတွေဖြစ်တဲ့ Cindy နဲ့ နေခြည်တို့ ပါဝင်ပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံက ပရိသတ်တွေသာမက ထိုင်းနိုင်ငံမှာပါ ရှိတဲ့ ပရိသတ်တွေ အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။

 

[Zawgyi Version]

ျမန္မာ၊ ထိုင္းနဲ႔ ကိုရီးယားမေလးေတြနဲ႔ ဖြဲ႕စည္းထားတဲ့ Rose Quartz အဖြဲ႕ထဲမွာ ေနျခည္နဲ႔ Cindy  က ျမန္မာအခ်င္းခ်င္းမို႔ ရင္းႏွီးမႈလည္း ပိုတဲ့သူေတြပါ။ ေဝဖန္တိုက္ခိုက္ခံရတာေတြ ရွိေနတဲ့ ေနျခည့္ကို အသက္တစ္ႏွစ္တိတိ ပိုႀကီးတဲ့ Cindy က အားေပးႏွစ္သိမ့္ရတာေတြလည္း ရွိေနပါတယ္။

မိန္းမေခ်ာေလး ၅ ေယာက္ဖြဲ႕စည္းထားတဲ့ Rose Quartz  အဖြဲ႕မွာဆုိရင္ ျမန္မာမိန္းကေလး ႏွစ္ေယာက္ျဖစ္တဲ့ စင္ဒီနဲ႔ ေနျခည္တုိ႔ ပါဝင္ပါ တယ္။ ျမန္မာလူမ်ဳိးအခ်င္းခ်င္းလည္းျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ တုိင္ပင္ေဖာ္တုိင္ပင္ဖက္လည္းျဖစ္သလုိ အားေပးေဖာ္ အားေပးဖက္လည္း ျဖစ္တဲ့အေၾကာင္း ကုိ စင္ဒီနဲ႔ ေနျခည္က Duwun Media ကေနေျပာျပလာပါတယ္။

'' တကယ္လုိ႔ ပြဲတစ္ပြဲ ရွိမယ္ဆုိရင္ အျမဲတမ္း အဆုိးဘက္ကေန စေတြးတယ္။  ေအာက္မွာရွိေနတဲ့ ပရိသတ္ေတြထဲမွာ ကုိယ့္ကုိ အားေပးတဲ့သူ မရွိေလာက္ဘူးေပါ့ အဆိုးဆုံးကေန စေတြးတယ္။ အဲ့ဒီအခါက်ေတာ့ ေအာက္ကေနၿပီး ေနျခည္၊ ေနျခည္လုိ႔ ေခၚသံေတြ ၾကားေတာ့လည္း ေပ်ာ္ရတယ္။ အခုခ်ိန္ထိလည္း ညီမကုိ အားေပးတဲ့သူေတြရွိသလို ေဝဖန္တဲ့ သူေတြလည္း ရွိၾကပါတယ္'' လုိ႔ ေနျခည္က ေျပာပါတယ္။

ေနျခည္ဟာ Rose Quartz အဖြဲ႕ဝင္တစ္ေယာက္စျဖစ္ကတည္းက ပရိသတ္ေတြရဲ႕ ေဝဖန္တုိက္ခုိက္မႈကုိ အမ်ားဆုံး ခံခဲ့ရသူတစ္ေယာက္ပါ။ ဒီေန႔အခ်ိန္ထိလည္း ေဝဖန္တုိက္ခုိက္သူေတြရွိေနေသးတာေၾကာင့္ အားငယ္ရတဲ့ အခ်ိန္ေတြမွာ ဆုိရင္  စင္ဒီက အားေပးတဲ့အေၾကာင္းကုိ ေျပာျပခဲ့ပါတယ္။

'' ညီမကုိ ေဝဖန္တဲ့ အခ်ိန္မွာ စစခ်င္းတုန္းကေတာ့ စိတ္မေကာင္းျဖစ္တာေပါ့ေနာ္။ အျမဲတမ္း ငုိရတယ္။ ေနာက္ပုိင္းက်ေတာ့ တစ္ခုခုဆုိရင္ အစ္မ စင္ဒီကလည္း ေဘးနားမွာရွိေတာ့ အားေပးတယ္ေပါ့ေနာ္။ ပရိသတ္ေတြ မႀကိဳက္တဲ့ အရာေတြကုိလည္း ႀကိဳးစားျပဳျပင္ေနတာ ဆုိေတာ့ အဆင္ေျပပါတယ္'' လို႔ ေနျခည္က ဇူလုိင္လ ၂၀ ရက္ေန႔က ျပဳလုပ္တဲ့ Korean MICE Night Yangon ပြဲမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

K-pop ပရိသတ္ေတြကုိ ေတာင္းပန္စကားဆုိလုိက္တဲ့ ေနျခည္ 

Comment ကေနတဆင့္ အားေပးတဲ့ ပရိသတ္၊ ေဝဖန္တဲ့ ပရိသတ္ေတြရဲ႕ စကားသံကုိ အျမဲတမ္း အာရုံစုိက္တတ္တဲ့ ေနျခည့္အေၾကာင္းကုိ စင္ဒီက အခုလုိေျပာျပခဲ့ပါတယ္။

''  သူကလည္း Comment ေတြ မဖတ္ဘဲ မေနႏုိင္ဘူး။ တစ္ခ်ိန္လုံး လုိက္ၾကည့္ေနတာ မၾကည့္နဲ႔ေပါ့ ပုိဆုိးမယ္ေပါ့လို႔ေျပာလည္း မရဘူး။ Comment ေတြၾကည့္တယ္ ၿပီးရင္ သူ႔ကို ဘယ္လုိေတြေျပာတယ္ေပါ့။ ဒါေတြကုိလည္း စိတ္ထဲမထားနဲ႔ ခဏပဲ ၿပီးရင္ ၿပီးသြားမွာ လူေတြက ခ်ီးမြန္း ၇ ရက္၊ ကဲ့ရဲ႕ ၇ ရက္ဆုိေတာ့ စိတ္ထဲမထားနဲ႔ ဆုိၿပီးေတာ့ အားေပးျဖစ္ပါတယ္'' လုိ႔ ဆုိပါတယ္။

Rose Quartz အဖြဲ႕မွာ အဖြဲ႕ဝင္ ၅ ဦးပါဝင္ၿပီး Sung Shin ဆုိတဲ့ ကိုရီးယားမေလးတစ္ဦး၊ ထိုင္းမေလးေတြျဖစ္တဲ့ EARN နဲ႔ EING ျမန္မာမေလးေတြျဖစ္တဲ့ Cindy နဲ႔ ေနျခည္တုိ႔ ပါဝင္ပါတယ္။ အခုဆုိရင္ေတာ့ ျမန္မာႏုိင္ငံက ပရိသတ္ေတြသာမက ထုိင္းႏုိင္ငံမွာပါ ရွိတဲ့ ပရိသတ္ေတြ အခုိင္အမာရရွိေနၿပီျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs