• Cele Yatkwat
    ဖခင်နဲ့ ယှဉ်ပြီး ဝေဖန်မှုတွေ ခံနေရတယ်ဆိုတဲ့ မင်းထိုက်
Sabal Thwin
[Unicode Version]

နေမျိုးအောင်ရဲ့ သားဖြစ်တဲ့ မင်းထိုက်က အခုဆိုရင် တက်သစ်စအနုပညာရှင်တစ်ယောက်အနေနဲ့ ဇာတ်ကား တော်တော် များများ ရိုက်ကူးနေ တာဖြစ်ပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူနဲ့ ယှဉ်ပြီး ရုပ်ရည်အပိုင်းမှာသာမက အနုပညာအပိုင်းတွေမှာလည်း နှိုင်းယှဉ်ပြီးတော့ ဝေဖန်တာတွေ ခံနေရတယ်လို့ ပြောပါတယ်။

Nay 3.jpg 

သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားဖြစ်တဲ့ မင်းထိုက်ဟာ အခုဆိုရင် မြင်းဖြူရှင်နဲ့ မြင်းသည်တော် ဖိုးအေးရုပ်ရှင်ကားမှာ ဖခင်ဖြစ်သူနဲ့ ပါဝင် သရုပ်ဆောင်နေပါတယ်။ သရုပ်ဆောင်တစ်ယောက်ရဲ့ သားဖြစ်လို့ အခွင့်အရေးတွေ အများကြီးရှိပေမယ့်လည်း အနုပညာအရည်အချင်း နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ကြုံခဲ့ရတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' သရုပ်ဆောင် တစ်ယောက်ရဲ့ သားဆိုတော့ အခွင့်အလမ်းတွေ ကတော့ အများကြီးရှိတယ်။သရုပ်ဆောင်အပိုင်းမှာ ကျတော့ လူပြောစရာ တော့ ရှိတာပေါ့။သရုပ်ဆောင်တာ မကောင်းရင် နေမျိုးအောင်ရဲ့ သားဖြစ်ပြီးတော့ ဒီလောက်လေးတောင် မလုပ်တတ်ဘူး တို့ အပြောခံရ မယ်။ အသင့်အတင့်ရှိရင်လည်းသူ့အဖေက နေမျိုးအောင်ပဲ ဒီလောက်တော့ လုပ်တတ်မှာပေါ့ ဆိုပြီးတော့ အပြောခံရမှာပဲ''လို့ ဆိုပါတယ်။

22489684_314341155701810_181521225762263728_n.jpg

Photo: Min Htike Fb

 

သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားဆိုပေမယ့် ဖခင်ဖြစ်သူရဲ့ ရုပ်ရည်အပိုင်းမှာရော၊ သရုပ်ဆောင်အပိုင်းမှာရော မမှီဘူးဆိုပြီး ပရိသတ်တွေ ဝေဖန်ပြောဆိုခံရတာတွေရှိကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ မြင်းဖြူရှင်နဲ့ မြင်း သည်တော် ဖိုးအေး ဇာတ်ကားကန်တော့ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' အဖေ့လောက်တောင် မချောဘူး၊ မခန့်ဘူး၊ အဖေ့လောက်တောင် အိုက်တင် မကောင်းဘူး ဆိုပြီးတော့ အပြောခံနေရတာတော့ အများကြီး ပဲ။  ဒါပေမယ့် စိတ်ထဲတော့ တစ်မျိုးဖြစ်တာပေါ့ သားအဖချင်းဆိုတော့ ဘာမှမဖြစ်ပါဘူး။ အဖေ့သားပဲလေ ဒီမျက်နှာက ကျွန်တော် လည်း ဖန်ဆင်းလာတာမဟုတ်ဘူး။ ဘုရားက ဖန်ဆင်းပေးလိုက်တာ ဆိုတော့ ပြောချင်သလိုသာ ပြောကြပါတော့'' လို့ သူက ရယ်မောရင်း ဆိုပါတယ်။

မင်းသားရဲ့သားဖြစ်လို့ မင်းသားဖြစ်မလာဘူးဆိုတဲ့ နေမျိုးအောင် 

မင်းထိုက်ဟာ ဒါရိုက်တာစတီး(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာလည်း နေရဲ၊ သိန်းလင်း တို့နဲ့ တွဲပြီး ပါဝင် သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အနုပညာကို ဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် အရင်ကတည်းက ဖခင်ဖြစ်တဲ့ နေမျိုးအောင်နဲ့ တွဲပြီး သားနေရာ၊ တူနေရာ၊ ညီတစ်ယောက် အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

23244063_324051124730813_354956436065463748_n.jpg

Photo: Min Htike Fb

 

သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားတစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိလာတဲ့ မင်းထိုက်ဟာ အခုဆိုရင်တော့ အသက် ၂၁ နှစ်သာ ရှိပါ သေးတယ်။ အနုပညာလောကမှာလည်း တက်သစ်စ တစ်ယောက်ဖြစ်တာကြောင့် အောင်မြင်မှုရရှိဖို့ ကြိုးစားနေတာပါ။ ဖခင်နဲ့နှိုင်းပြီး ကောင်း စေချင်လို့ ဝေဖန်လာတဲ့ ပရိသတ်တွေအတွက်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ မင်းထိုက်က ပြောခဲ့ပါတယ်။

 

[Zawgyi Version]

ေနမ်ဳိးေအာင္ရဲ႕ သားျဖစ္တဲ့ မင္းထုိက္က အခုဆုိရင္ တက္သစ္စအႏုပညာရွင္တစ္ေယာက္အေနနဲ႔ ဇာတ္ကား ေတာ္ေတာ္ မ်ားမ်ား ရုိက္ကူးေန တာျဖစ္ပါတယ္။ ဒါေပမယ့္ ဖခင္ျဖစ္သူနဲ႔ ယွဥ္ၿပီး ရုပ္ရည္အပုိင္းမွာသာမက အႏုပညာအပုိင္းေတြမွာလည္း ႏႈိင္းယွဥ္ၿပီးေတာ့ ေဝဖန္တာေတြ ခံေနရတယ္လုိ႔ ေျပာပါတယ္။

သရုပ္ေဆာင္ေနမ်ဳိးေအာင္ရဲ႕ သားျဖစ္တဲ့ မင္းထုိက္ဟာ အခုဆုိရင္ ျမင္းျဖဴရွင္နဲ႔ ျမင္းသည္ေတာ္ ဖုိးေအးရုပ္ရွင္ကားမွာ ဖခင္ျဖစ္သူနဲ႔ ပါဝင္ သရုပ္ေဆာင္ေနပါတယ္။ သရုပ္ေဆာင္တစ္ေယာက္ရဲ႕ သားျဖစ္လုိ႔ အခြင့္အေရးေတြ အမ်ားႀကီးရွိေပမယ့္လည္း အႏုပညာအရည္အခ်င္း နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတယ္လုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။

'' သရုပ္ေဆာင္ တစ္ေယာက္ရဲ႕ သားဆုိေတာ့ အခြင့္အလမ္းေတြ ကေတာ့ အမ်ားႀကီးရွိတယ္။သရုပ္ေဆာင္အပုိင္းမွာ က်ေတာ့ လူေျပာစရာ ေတာ့ ရွိတာေပါ့။သရုပ္ေဆာင္တာ မေကာင္းရင္ ေနမ်ဳိးေအာင္ရဲ႕ သားျဖစ္ၿပီးေတာ့ ဒီေလာက္ေလးေတာင္ မလုပ္တတ္ဘူး တုိ႔ အေျပာခံရ မယ္။ အသင့္အတင့္ရွိရင္လည္းသူ႔အေဖက ေနမ်ဳိးေအာင္ပဲ ဒီေလာက္ေတာ့ လုပ္တတ္မွာေပါ့ ဆုိၿပီးေတာ့ အေျပာခံရမွာပဲ''လုိ႔ ဆုိပါတယ္။

Photo: Min Htike Fb

 

သရုပ္ေဆာင္ေနမ်ဳိးေအာင္ရဲ႕ သားဆုိေပမယ့္ ဖခင္ျဖစ္သူရဲ႕ ရုပ္ရည္အပုိင္းမွာေရာ၊ သရုပ္ေဆာင္အပုိင္းမွာေရာ မမွီဘူးဆိုၿပီး ပရိသတ္ေတြ ေ၀ဖန္ေျပာဆုိခံရတာေတြရွိေၾကာင္း ဇူလုိင္လ ၂၁ ရက္ေန႔က ျပဳလုပ္တဲ့ ျမင္းျဖဴရွင္နဲ႔ ျမင္း သည္ေတာ္ ဖုိးေအး ဇာတ္ကားကန္ေတာ့ပြဲက မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

'' အေဖ့ေလာက္ေတာင္ မေခ်ာဘူး၊ မခန္႔ဘူး၊ အေဖ့ေလာက္ေတာင္ အုိက္တင္ မေကာင္းဘူး ဆုိၿပီးေတာ့ အေျပာခံေနရတာေတာ့ အမ်ားႀကီး ပဲ။  ဒါေပမယ့္ စိတ္ထဲေတာ့ တစ္မ်ဳိးျဖစ္တာေပါ့ သားအဖခ်င္းဆုိေတာ့ ဘာမွမျဖစ္ပါဘူး။ အေဖ့သားပဲေလ ဒီမ်က္ႏွာက ကၽြန္ေတာ္ လည္း ဖန္ဆင္းလာတာမဟုတ္ဘူး။ ဘုရားက ဖန္ဆင္းေပးလုိက္တာ ဆုိေတာ့ ေျပာခ်င္သလုိသာ ေျပာၾကပါေတာ့'' လုိ႔ သူက ရယ္ေမာရင္း ဆုိပါတယ္။

မင္းသားရဲ႕သားျဖစ္လုိ႔ မင္းသားျဖစ္မလာဘူးဆုိတဲ့ ေနမ်ဳိးေအာင္ 

မင္းထုိက္ဟာ ဒါရုိက္တာစတီး(ေဒြးေမတၱာ) ရုိက္ကူးတဲ့ ရုပ္ရွင္ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားမွာလည္း ေနရဲ၊ သိန္းလင္း တုိ႔နဲ႔ တြဲၿပီး ပါဝင္ သရုပ္ေဆာင္ခဲ့တယ္လုိ႔ သိရပါတယ္။ အႏုပညာကို ဝါသနာပါသူတစ္ေယာက္ျဖစ္တာေၾကာင့္ အရင္ကတည္းက ဖခင္ျဖစ္တဲ့ ေနမ်ဳိးေအာင္နဲ႔ တြဲၿပီး သားေနရာ၊ တူေနရာ၊ ညီတစ္ေယာက္ အျဖစ္နဲ႔ ပါဝင္သရုပ္ေဆာင္ခဲ့ပါတယ္။

Photo: Min Htike Fb

 

သရုပ္ေဆာင္ေနမ်ဳိးေအာင္ရဲ႕ သားတစ္ေယာက္အျဖစ္ ပရိသတ္ေတြ သိရွိလာတဲ့ မင္းထုိက္ဟာ အခုဆုိရင္ေတာ့ အသက္ ၂၁ ႏွစ္သာ ရွိပါ ေသးတယ္။ အႏုပညာေလာကမွာလည္း တက္သစ္စ တစ္ေယာက္ျဖစ္တာေၾကာင့္ ေအာင္ျမင္မႈရရွိဖုိ႔ ႀကိဳးစားေနတာပါ။ ဖခင္နဲ႔ႏႈိင္းၿပီး ေကာင္း ေစခ်င္လုိ႔ ေဝဖန္လာတဲ့ ပရိသတ္ေတြအတြက္လည္း အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားမယ္လို႔ မင္းထိုက္က ေျပာခဲ့ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs