• Cele Yatkwat
    ကလေးယူဖို့ စဉ်းစားနေတုန်းပဲ ဆိုတဲ့ ရေဗက္ကာဝင်း
Sabal Thwin
[Unicode Version]

ရေဗက္ကာဝင်းတို့ ဇနီးမောင်နှံဟာ အခုဆိုရင် အိမ်ထောင်သက်တမ်း ၇ နှစ်ကျော်လာခဲ့ပါပြီ။ အိမ်ထောင်သက်တမ်း ကြာလာ ပေမယ့် ရင်သွေးယူဖို့ စဉ်းစားတုန်းပါပဲတဲ့။ အနုပညာအလုပ်တွေကို တဖြည်းဖြည်းချင်းဆောင်ရွက်လာတဲ့ ရေဗက္ကာဝင်းက သြဂုတ်လအတွင်းမှာ အွန်လိုင်း ပေါ်ကနေ သီချင်းအသစ်တစ်ပုဒ်တင်ပေးဦးမယ်လို့ပြောပါတယ်။

2 (1).jpg 

အဆိုတော် ရေဗက္ကာဝင်းတို့ ဇနီးမောင်နှံဟာ အခုဆိုရင် အိမ်ထောင်သက်တမ်း ၇ နှစ်ကျော်ခဲ့ပါပြီ။ အိမ်ထောင်သက်တမ်းကြာပြီဆိုပေမယ့် ရင်သွေး မယူဖြစ်သေးပကြာင်းကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' အစ်မရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အမျိုးသားကလည်း ပံ့ပိုးပေးတာတွေရှိပါတယ်။ ဒါပေမယ့် အစ်မကိုယ်တိုင်က အနုပညာအလုပ် ထက် မိသားစုကို ပိုပြီးတော့ အချိန်ပေးတာများပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်ပေမယ့် သားသမီးမယူဖြစ်သေးပါဘူး။ ဘာကြောင့် လဲဆိုတော့ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးနေချင်သေးလို့ပါ'' လို့ ဆိုပါတယ်။

22552730_1448861355211403_1071223470313134009_n.jpg

Photo: ရေဗက္ကာဝင်းဖေ့စ်ဘွတ်

ကျွန်မဟာ သာမန်လူသားတစ်ယောက်ပါလို့ ဆိုလိုက်တဲ့ ရေဗက္ကာဝင်း 

သူတို့ ဇနီးမောင်နှံဟာ ၂၀၁၃ ခုနှစ် မေလ ၁ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ကလေးမယူဖြစ်သေးပေမဲ့ သူများ မိသားစုတွေ မြင်ရင် အားကျတယ်လို့ ရေဗက္ကာဝင်းက ဖွင့်ဟပါတယ်။

'' ဒါပေမယ့် ကလေးယူဖို့ကိုတော့ စဉ်းစားထားပါတယ်။ သူများ မိသားစုလေးတွေမြင်ရင်လည်း အားကျတယ်။ သူများကလေးတွေမြင်ရင် အရမ်းလည်းချစ်တယ် ဒါပေမယ့် ကိုယ်ကိုယ်တိုင် ကလေးယူဖို့တော့ နည်းနည်း စဉ်းစားနေပါသေးတယ်'' ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ က အလှမယ် ဟန်တီရဲ့ မွေးနေ့အလှူကိုတက်ရောက်ရင်း  ဖြေဆိုခဲ့တာပါ။

27867187_1560676074029930_2256822402464555793_n.jpg

Photo: ရေဗက္ကာဝင်းဖေ့စ်ဘွတ်

 

ရေဗက္ကာဝင်းက သြဂုတ်လအတွင်းမှာ ခင်ဘုဏ်း၊ ယုဇန နဲ့ မေစံပယ်ညို တို့ ပေါင်းပြီး အွန်လိုင်းပေါ်ကနေ Solo တစ်ပုဒ် အွန်လိုင်းကနေ ဖြန့်ဖို့ရှိတယ်လို့ ဆိုပါတယ်။ သီချင်းလေးကတော့ အရင်တုန်းက အောင်မြင်ခဲ့တဲ့ သီချင်းကို ပြန်လည် စုစည်း ထားတာပါတဲ့။ သူ့ရဲ့ ပရိသတ် တွေအတွက် တစ်ကိုယ်တော်အခွေ ထွက်နိုင်ဖို့လည်း ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

'' တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတုန်းပါ။ အရင်ခေတ်ကနဲ့ မတူတော့တဲ့ ဂီတရေစီးကြောင်းပေါ်မှာ ပရိသတ်တွေက ဘယ်လိုသီချင်းပုံစံလေးတွေကို နားထောင်ဖြစ်သလဲ ဆိုတာကို ကြည့်ပြီး သီချင်းအသစ်လေးတွေ ဖန်တီးမယ်။ အရင်တုန်းက သီချင်းပုံစံတွေ ကိုကြိုက်တဲ့ ပရိသတ်တွေရှိနေရင်လည်း မျှမျှတတလေးဖြစ်အောင် ကြိုးစားသွားမှာပါ'' လို့ ဆိုပါတယ်။

37639520_10156773459269260_5748108036799463424_n.jpg

Photo: ရေဗက္ကာဝင်းဖေ့စ်ဘွတ်

 

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ အဆိုတော်ရေဗက္ကာဝင်းက Maka ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ကချင်ဘာသာစကားနဲ့သီဆိုကာ ဖေဖော်ဝါရီလအတွင်းက ဖြန့်ချိခဲ့ပါတယ်။

[Zawgyi Version]

ေရဗကၠာဝင္းတုိ႔ ဇနီးေမာင္ႏွံဟာ အခုဆုိရင္ အိမ္ေထာင္သက္တမ္း ၇ ႏွစ္ေက်ာ္လာခဲ့ပါၿပီ။ အိမ္ေထာင္သက္တမ္း ၾကာလာ ေပမယ့္ ရင္ေသြးယူဖုိ႔ စဥ္းစားတုန္းပါပဲတဲ့။ အႏုပညာအလုပ္ေတြကုိ တျဖည္းျဖည္းခ်င္းေဆာင္ရြက္လာတဲ့ ေရဗကၠာဝင္းက ၾသဂုတ္လအတြင္းမွာ အြန္လုိင္း ေပၚကေန သီခ်င္းအသစ္တစ္ပုဒ္တင္ေပးဦးမယ္လုိ႔ေျပာပါတယ္။

အဆုိေတာ္ ေရဗကၠာဝင္းတုိ႔ ဇနီးေမာင္ႏွံဟာ အခုဆုိရင္ အိမ္ေထာင္သက္တမ္း ၇ ႏွစ္ေက်ာ္ခဲ့ပါၿပီ။ အိမ္ေထာင္သက္တမ္းၾကာၿပီဆုိေပမယ့္ ရင္ေသြး မယူျဖစ္ေသးပၾကာင္းကုိ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

'' အစ္မရဲ႕ အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး အမ်ဳိးသားကလည္း ပ့ံပုိးေပးတာေတြရွိပါတယ္။ ဒါေပမယ့္ အစ္မကုိယ္တုိင္က အႏုပညာအလုပ္ ထက္ မိသားစုကုိ ပုိၿပီးေတာ့ အခ်ိန္ေပးတာမ်ားပါတယ္။ အိမ္ေထာင္သက္တမ္းၾကာၿပီျဖစ္ေပမယ့္ သားသမီးမယူျဖစ္ေသးပါဘူး။ ဘာေၾကာင့္ လဲဆုိေတာ့ လြတ္လြတ္လပ္လပ္ ေအးေအးေဆးေဆးေနခ်င္ေသးလုိ႔ပါ'' လုိ႔ ဆုိပါတယ္။

Photo: ေရဗကၠာဝင္းေဖ့စ္ဘြတ္

ကၽြန္မဟာ သာမန္လူသားတစ္ေယာက္ပါလို႕ ဆုိလုိက္တဲ့ ေရဗကၠာဝင္း 

သူတုိ႔ ဇနီးေမာင္ႏွံဟာ ၂၀၁၃ ခုႏွစ္ ေမလ ၁ရက္ေန႔မွာ မဂၤလာေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။ ကေလးမယူျဖစ္ေသးေပမဲ့ သူမ်ား မိသားစုေတြ ျမင္ရင္ အားက်တယ္လို႔ ေရဗကၠာဝင္းက ဖြင့္ဟပါတယ္။

'' ဒါေပမယ့္ ကေလးယူဖုိ႔ကုိေတာ့ စဥ္းစားထားပါတယ္။ သူမ်ား မိသားစုေလးေတြျမင္ရင္လည္း အားက်တယ္။ သူမ်ားကေလးေတြျမင္ရင္ အရမ္းလည္းခ်စ္တယ္ ဒါေပမယ့္ ကုိယ္ကုိယ္တုိင္ ကေလးယူဖုိ႔ေတာ့ နည္းနည္း စဥ္းစားေနပါေသးတယ္'' ဆုိၿပီးေတာ့ ဇူလုိင္လ ၂၀ ရက္ေန႔ က အလွမယ္ ဟန္တီရဲ႕ ေမြးေန႔အလွဴကုိတက္ေရာက္ရင္း  ေျဖဆုိခဲ့တာပါ။

Photo: ေရဗကၠာဝင္းေဖ့စ္ဘြတ္

 

ေရဗကၠာဝင္းက ၾသဂုတ္လအတြင္းမွာ ခင္ဘုဏ္း၊ ယုဇန နဲ႔ ေမစံပယ္ညိဳ တုိ႔ ေပါင္းၿပီး အြန္လုိင္းေပၚကေန Solo တစ္ပုဒ္ အြန္လိုင္းကေန ျဖန္႔ဖုိ႔ရွိတယ္လုိ႔ ဆုိပါတယ္။ သီခ်င္းေလးကေတာ့ အရင္တုန္းက ေအာင္ျမင္ခဲ့တဲ့ သီခ်င္းကုိ ျပန္လည္ စုစည္း ထားတာပါတဲ့။ သူ႔ရဲ႕ ပရိသတ္ ေတြအတြက္ တစ္ကုိယ္ေတာ္အေခြ ထြက္ႏုိင္ဖုိ႔လည္း ႀကဳိးစားေနပါတယ္လုိ႔ ေျပာပါတယ္။

'' တစ္ကုိယ္ေတာ္အေခြထြက္ႏုိင္ဖုိ႔ကုိလည္း ႀကိဳးစားေနတုန္းပါ။ အရင္ေခတ္ကန႔ဲ မတူေတာ့တဲ့ ဂီတေရစီးေၾကာင္းေပၚမွာ ပရိသတ္ေတြက ဘယ္လုိသီခ်င္းပုံစံေလးေတြကုိ နားေထာင္ျဖစ္သလဲ ဆိုတာကုိ ၾကည့္ၿပီး သီခ်င္းအသစ္ေလးေတြ ဖန္တီးမယ္။ အရင္တုန္းက သီခ်င္းပုံစံေတြ ကုိႀကိဳက္တဲ့ ပရိသတ္ေတြရွိေနရင္လည္း မွ်မွ်တတေလးျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ'' လုိ႔ ဆုိပါတယ္။

Photo: ေရဗကၠာဝင္းေဖ့စ္ဘြတ္

 

အႏုပညာအလုပ္ေတြနဲ႔ အလွမ္းေဝးေနတဲ့ အဆုိေတာ္ေရဗကၠာဝင္းက Maka ဆုိတဲ့ တစ္ကုိယ္ေတာ္အေခြကုိ ကခ်င္ဘာသာစကားနဲ႔သီဆုိကာ ေဖေဖာ္ဝါရီလအတြင္းက ျဖန္႔ခ်ိခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs