• Cele Yatkwat

    ရင်ဘတ်နဲ့ရေးတဲ့ စာအုပ်လေး ထုတ်ဖို့ ပြင်ဆင်နေတဲ့ ဗေလုဝ

Sabal Thwin
[Unicode Version]

အသက်ကြီးလာလေလေ နှလုံးသားက နုလာလို့ထင်တယ် အချစ်အကြောင်း စာပေလေးတွေ ရေးချင်တယ်။ ပြီးတော့ ဘဝအကြောင်း ပညာ ပေးတဲ့ စာပေလေးတွေလည်း ရေးချင်သေးတယ်လို့ ဗေလုဝက ပြောပါတယ်။

BB .jpg 

သရုပ်ဆောင်တစ်ဦးလည်းဖြစ် စာရေးဆရာတစ်ယောက်အဖြစ်နဲ့လည်း အောင်မြင်မှုရှိတဲ့ ဗေလုဝဟာ အနုပညာအလုပ်တွေ ခဏနားထားတဲ့ အချိန်က စာတွေရေးဖြစ်တယ်လို့ပြောပါတယ်။ သူရေးတဲ့ စာတွေဟာ အချစ်အကြောင်း၊ ဘဝအကြောင်း တွေကို ရေးဖြစ်နေတယ်ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

''အချစ်အကြောင်းတွေ ရေးဖြစ်တာကလည်း အသက်ကြီးလာတော့ နှလုံးသားက နုနေတာလား မသိဘူး အဲ့ဒါလေးတွေရေးဖြစ်တယ်။ ဘဝ အကြောင်းတွေကျတော့ ရင့်ကျက်မှုတွေ ဖြတ်သန်းမှုတွေလည်းပါတယ်။ ယဉ်ကျေးမှုတွေရော၊ စောင့်ထိန်းရမယ့် အရာတွေ မြောက်များစွာ ပါလာတာတဲ့အခါကျတော့ သန့်ပြန့်တဲ့ အချစ်တစ်ခုဖြစ်သွားပြီ'' လို့ ဆိုပါတယ်။

B 2.jpg 

ဗေလုဝ အနုပညာအလုပ်မလုပ်ခင်ကတည်းက စာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တာပါ။သူ့အနေနဲ့ နိုင်ငံရေးစာပေ၊ ရသ စာပေ၊ ကဗျာ စတာတွေကို ရေးသားခဲ့ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာ သူကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ မြင်းဖြူရှင်နဲ့ မြင်း သည်တော် ဖိုးအေး ဇာတ်ကားကန်တော့ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ငယ်စဉ်အခါတုန်းက ရေးခဲ့ဖူးတဲ့ စာသားလေးတွေလိုတော့ မဟုတ်ဘူး။ အရောင်လေးတွေ နည်းနည်းတော့ ပါမယ်ပေါ့။ ရင်ဘတ်နဲ့ ရေးထား တာဆိုတော့ အဲ့ဒီစာအုပ်လေး ထုတ်ဖြစ်ဖို့ ကြိုးစားနေတယ်။ အမြဲတမ်း ကဗျာဆရာတွေ ပြောသလိုပါပဲ ခေတ်ဟာ မစိမ်းလန်းရင် အချစ်ဟာလည်း မငြိမ်းချမ်းပါဘူး'' လို့ ဆိုပါတယ်။

B 3.jpg 

ဗေလုဝဟာ စာပေလောကမှာလည်း အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်လျှက်ရှိပါတယ်။ မြို့၊ ရွာတွေမှာရှိတဲ့ စာပေဟောပြော ပွဲ တွေမှာလည်း တစ်တပ်တစ်အားပါဝင်ဆောင်ရွက်နေတာကြောင့် အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေတာပါ။ ဒါပေမယ့် ဇူလိုင်လ ၂၅ ရက်နေ့မှာ စတင်ရိုက်ကူးမယ့် မြင်းဖြူရှင်နဲ့ မြင်းသည်တော် ဖိုးအေး ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဗေလုဝ ဦးဆောင်တဲ့ သံချပ်အဖွဲ့ရဲ့ စာသားအချို့ ဆင်ဆာဖြတ်ခံရ 

မြင်းဖြူရှင်နဲ့ မြင်းသည်တော် ဖိုးအေးရုပ်ရှင်ကားကို ဒါရိုက်တာ စတီးလ်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တော့ နာမည် ကျော်အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဗေလုဝဟာ ဤအရာကို အချစ်လို့ခေါ်သလား ရုပ်ရှင်ဇာတ်ကားကြီးတွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

[Zawgyi Version]

အသက္ႀကီးလာေလေလ ႏွလုံးသားက ႏုလာလုိ႔ထင္တယ္ အခ်စ္အေၾကာင္း စာေပေလးေတြ ေရးခ်င္တယ္။ ၿပီးေတာ့ ဘဝအေၾကာင္း ပညာ ေပးတဲ့ စာေပေလးေတြလည္း ေရးခ်င္ေသးတယ္လုိ႔ ေဗလုဝက ေျပာပါတယ္။

 

သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ စာေရးဆရာတစ္ေယာက္အျဖစ္နဲ႔လည္း ေအာင္ျမင္မႈရွိတဲ့ ေဗလုဝဟာ အႏုပညာအလုပ္ေတြ ခဏနားထားတဲ့ အခ်ိန္က စာေတြေရးျဖစ္တယ္လုိ႔ေျပာပါတယ္။ သူေရးတဲ့ စာေတြဟာ အခ်စ္အေၾကာင္း၊ ဘဝအေၾကာင္း ေတြကို ေရးျဖစ္ေနတယ္ဆုိတာကုိ Duwun Media ကေနေျပာျပခဲ့ပါတယ္။

''အခ်စ္အေၾကာင္းေတြ ေရးျဖစ္တာကလည္း အသက္ႀကီးလာေတာ့ ႏွလုံးသားက ႏုေနတာလား မသိဘူး အဲ့ဒါေလးေတြေရးျဖစ္တယ္။ ဘဝ အေၾကာင္းေတြက်ေတာ့ ရင့္က်က္မႈေတြ ျဖတ္သန္းမႈေတြလည္းပါတယ္။ ယဥ္ေက်းမႈေတြေရာ၊ ေစာင့္ထိန္းရမယ့္ အရာေတြ ေျမာက္မ်ားစြာ ပါလာတာတ့ဲအခါက်ေတာ့ သန္႔ျပန္႔တ့ဲ အခ်စ္တစ္ခုျဖစ္သြားၿပီ'' လုိ႔ ဆုိပါတယ္။

 

ေဗလုဝ အႏုပညာအလုပ္မလုပ္ခင္ကတည္းက စာေရးဆရာတစ္ေယာက္အျဖစ္ရပ္တည္ခဲ့တာပါ။သူ႔အေနနဲ႔ ႏုိင္ငံေရးစာေပ၊ ရသ စာေပ၊ ကဗ်ာ စတာေတြကုိ ေရးသားခဲ့ဖူးတယ္လုိ႔ သိရပါတယ္။ လက္ရွိမွာ သူကုိယ္တုိင္ေရးသားထားတဲ့ စာအုပ္ထုတ္ဖို႔ ႀကိဳးစားေနတယ္လုိ႔ ဇူလုိင္လ ၂၁ ရက္ေန႔က ျပဳလုပ္တဲ့ ျမင္းျဖဴရွင္နဲ႔ ျမင္း သည္ေတာ္ ဖုိးေအး ဇာတ္ကားကန္ေတာ့ပြဲက မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

'' ငယ္စဥ္အခါတုန္းက ေရးခဲ့ဖူးတဲ့ စာသားေလးေတြလုိေတာ့ မဟုတ္ဘူး။ အေရာင္ေလးေတြ နည္းနည္းေတာ့ ပါမယ္ေပါ့။ ရင္ဘတ္နဲ႔ ေရးထား တာဆုိေတာ့ အဲ့ဒီစာအုပ္ေလး ထုတ္ျဖစ္ဖုိ႔ ႀကိဳးစားေနတယ္။ အၿမဲတမ္း ကဗ်ာဆရာေတြ ေျပာသလုိပါပဲ ေခတ္ဟာ မစိမ္းလန္းရင္ အခ်စ္ဟာလည္း မျငိမ္းခ်မ္းပါဘူး'' လုိ႔ ဆုိပါတယ္။

 

ေဗလုဝဟာ စာေပေလာကမွာလည္း ေအာင္ျမင္တဲ့သူတစ္ေယာက္အျဖစ္ ရပ္တည္လွ်က္ရွိပါတယ္။ ၿမိဳ႔၊ ရြာေတြမွာရွိတဲ့ စာေပေဟာေျပာ ပြဲ ေတြမွာလည္း တစ္တပ္တစ္အားပါဝင္ေဆာင္ရြက္ေနတာေၾကာင့္ အႏုပညာအလုပ္ေတြနဲ႔ အနည္းငယ္ေဝးကြာေနတာပါ။ ဒါေပမယ့္ ဇူလုိင္လ ၂၅ ရက္ေန႕မွာ စတင္ရုိက္ကူးမယ့္ ျမင္းျဖဴရွင္နဲ႔ ျမင္းသည္ေတာ္ ဖုိးေအး ရုပ္ရွင္ကားမွာ ပါဝင္သရုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ေဗလုဝ ဦးေဆာင္တဲ့ သံခ်ပ္အဖြဲ႕ရဲ႕ စာသားအခ်ိဳ႕ ဆင္ဆာျဖတ္ခံရ 

ျမင္းျဖဴရွင္နဲ႔ ျမင္းသည္ေတာ္ ဖုိးေအးရုပ္ရွင္ကားကုိ ဒါရုိက္တာ စတီးလ္က ပုံေဖာ္ရုိက္ကူးသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ေတာ့ နာမည္ ေက်ာ္အႏုပညာရွင္မ်ားစြာက ပါဝင္သရုပ္ေဆာင္သြားမွာပါ။ ေဗလုဝဟာ ဤအရာကို အခ်စ္လို႕ေခၚသလား ရုပ္ရွင္ဇာတ္ကားႀကီးတြင္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ပို႕ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ရုပ္ရွင္ဇာတ္ကားမ်ားစြာမွာ ပါဝင္သရုပ္ေဆာင္ထားတဲ့ သရုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs