• Cele Yatkwat
    ရတဲ့ဝင်ငွေလေးနဲ့ မိသားစု (၈) ယောက်ကို လုပ်ကျွေးနေရတဲ့ ရဲလေးမ
Sabal Thwin
[Unicode Version]

ဇာတ်ပို့သရုပ်ဆောင် ရဲလေးမဟာ သူ့ရဲ့ဝင်ငွေနဲ့ မိသားစု (၈) ယောက်ကို လုပ်ကျွေးနေရသူ တစ်ဦးပါ။ ပင်စင်ယူထား တဲ့ ဖခင်ရယ်၊ လေဖြတ်နေတဲ့ အစ်ကိုရယ်၊ ဆင်းရဲတဲ့ အစ်မနဲ့ တက္ကသိုလ်တက်နေကြတဲ့ တူ၊ တူမလေးတွေရဲ့ ပညာရေး၊ စားဝတ်နေရေး ထောက်ပံ့မှုတွေကိုလည်း တက်နိုင်သလောက်ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

Y 2.jpg 

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်ရဲလေးမဟာ သူ့ရဲ့ ဝင်ငွေနဲ့ မိသားစု တစ်စုလုံးကို လုပ်ကိုင်ကျွေး မွေးနေသူ တစ်ဦးပါ။ မိသားစု (၈) ယောက်ကို သူ့ရဲ့ ဝင်ငွေလေးနဲ့  ကြည့်ရှုနေရပေမယ့်လည်း ဒါတွေကို အပူကြီးတစ်ခုလို မသတ်မှတ်ဘူးလို့ ဆိုပါတယ်။

''အိမ်မှာက အစ်ကို ဦးဆောင်နေရတဲ့ အတွက်လည်း စားဝတ်နေရေးကအစ အကိုပဲ ကြည့်ရတယ်။ ဒီတစ်လ ဆိုရင် တစ်လ လုံး ရှုတင်မရှိဘူး အဲ့ဒီတော့ ပိုက်ဆံ မရှိတော့ တူမလေးတွေရဲ့ ကျောင်းစာရိတ်ကအစ ပြန်စဉ်းစားတယ်။ ဒါပေမယ့် ဒါကြီးကိုတော့ အပူကြီးတစ်ခုလို့ မသတ်မှတ်ဘူး။ ရအောင် ဖြေရှင်းပေးတယ်။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်အောင် ကြိုးစားတယ်'' လို့ သူကဆိုပါတယ်။

Y 1.jpg

မိန်းမလျာ ဇာတ်ရုပ်ကို ရိုက်ရလို့ ဝမ်းသာမိတယ်ဆိုတဲ့ ရဲလေးမ 

ပင်စင်ယူထားတဲ့ အဖေရယ်၊ လေဖြတ်နေတဲ့ အစ်ကိုရယ်၊ ဆင်းရဲတဲ့ အစ်မ နဲ့အတူ တက္ကသိုလ်တက်နေကြတဲ့ တူမလေးတွေ၊ ဆယ်တန်းတက် နေတဲ့ တူလေး အပြင် နောက်ထပ် အနုပညာအလုပ်  ကြိုးစားနေတဲ့ ညီတွေလည်းရှိတယ်လို့ ရဲလေးမကဆိုပါတယ်။

'' အစ်ကို့ အိမ်မှာ အတူနေတဲ့အစ်မက ဆင်းရဲတယ် သူတို့ ကလေးတွေအပေါ်မှာ အများကြီး မထောက်ပံ့နိုင်ဘူး၊ အစ်ကိုကလည်း ချမ်းသာတာ တော့ မဟုတ်ဘူး ဇာတ်ကားတစ်ကားရိုက်ပြီး တစ်လ လောက်ဖြတ်သန်းရတာပါ။ ဒါပေမယ့် ဝင်ငွေအကောင်းဆုံးက အစ်ကိုဖြစ်နေတယ်။ အစ်ကိုက ဆယ်တန်းမအောင်ခဲ့ပေမယ့် တူမလေးတွေ တူလေးတွေရဲ့ ပညာရေးအတွက် မြေတောင်မြှောက်ပေးတယ်'' လို့ ဆိုပါတယ်။

Y 3.jpg 

မပြေလည်တဲ့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းပေးနေရတဲ့ ရဲလေးမက သူတို့ရဲ့ ဘဝရပ်တည်မှုနဲ့ ပတ်သက်ပြီး စိတ်ညစ်ခြင်း၊ စိတ်ဆင်း ရဲ ခြင်းဆိုတာတွေကို မတွေးမိဘူးလို့ ပြောပါတယ်။ မိသားစုကိုလည်း ကျွေးမွေးပြုစုသင့်လို့ ကျွေးမွေးတာလို့ ခံယူထားတယ်ဆိုတာကို ဇူလိုင်လ ၂၄ရက်နေ့ က ဒါရိုက်တာကျော်ဇောလင်းရဲ့ မွေးနေ့အလှူကို တက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' စိတ်ညစ်လားလို့မေးရင် စိတ်တော့ မညစ်တတ်ဘူး။ ဒါပေမယ့် ကျွေးသင့်ကျွေးထိုက်တာကို ကျွေးရတယ်။ ဒါကလည်း ကိုယ့်အဖေအမေတွေ က ကိုယ့်အတွက် ရှာကျွေးခဲ့လို့ ကိုယ်က ပြန်လုပ်ကျွေးခွင့်ရတယ်။ ဒါကိုလည်း အလှူတစ်ခုပဲလို့ ကျွန်တော်ထင်တယ်။ ဒါကြီးကို စိတ်ထိုင်ညစ် နေမယ့်အထဲမှာတော့ အစ်ကိုမပါဘူး'' လို့ သူကပြောပါတယ်။

2.jpg 

ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို  ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရ တာလည်း ဖြစ်ပါတယ်။

 

[Zawgyi Version]

ဇာတ္ပုိ႔သရုပ္ေဆာင္ ရဲေလးမဟာ သူ႔ရဲ႔ဝင္ေငြနဲ႔ မိသားစု (၈) ေယာက္ကုိ လုပ္ေကၽြးေနရသူ တစ္ဦးပါ။ ပင္စင္ယူထား တဲ့ ဖခင္ရယ္၊ ေလျဖတ္ေနတဲ့ အစ္ကုိရယ္၊ ဆင္းရဲတဲ့ အစ္မနဲ႔ တကၠသုိလ္တက္ေနၾကတဲ့ တူ၊ တူမေလးေတြရဲ႕ ပညာေရး၊ စားဝတ္ေနေရး ေထာက္ပံ့မႈေတြကုိလည္း တက္ႏုိင္သေလာက္ေထာက္ပ့ံေပးထားတယ္လုိ႔ ဆုိပါတယ္။

ဇာတ္ပုိ႔သရုပ္ေဆာင္တစ္ဦးအျဖစ္ ပရိသတ္ေတြရဲ႕ အားေပးမႈ ရရွိထားတဲ့ သရုပ္ေဆာင္ရဲေလးမဟာ သူ႔ရဲ႕ ဝင္ေငြနဲ႔ မိသားစု တစ္စုလုံးကုိ လုပ္ကုိင္ေကၽြး ေမြးေနသူ တစ္ဦးပါ။ မိသားစု (၈) ေယာက္ကို သူ႕ရဲ႕ ဝင္ေငြေလးနဲ႕  ၾကည့္ရႈေနရေပမယ့္လည္း ဒါေတြကို အပူႀကီးတစ္ခုလို မသတ္မွတ္ဘူးလို႕ ဆုိပါတယ္။

''အိမ္မွာက အစ္ကုိ ဦးေဆာင္ေနရတဲ့ အတြက္လည္း စားဝတ္ေနေရးကအစ အကိုပဲ ၾကည့္ရတယ္။ ဒီတစ္လ ဆုိရင္ တစ္လ လုံး ရႈတင္မရွိဘူး အဲ့ဒီေတာ့ ပုိက္ဆံ မရွိေတာ့ တူမေလးေတြရဲ႕ ေက်ာင္းစာရိတ္ကအစ ျပန္စဥ္းစားတယ္။ ဒါေပမယ့္ ဒါႀကီးကုိေတာ့ အပူႀကီးတစ္ခုလုိ႔ မသတ္မွတ္ဘူး။ ရေအာင္ ေျဖရွင္းေပးတယ္။ ရွိတာေလးနဲ႔ ေရာင့္ရဲတင္းတိမ္ေအာင္ ႀကိဳးစားတယ္'' လုိ႔ သူကဆုိပါတယ္။

မိန္းမလ်ာ ဇာတ္ရုပ္ကို ရိုက္ရလို႕ ဝမ္းသာမိတယ္ဆိုတဲ့ ရဲေလးမ 

ပင္စင္ယူထားတဲ့ အေဖရယ္၊ ေလျဖတ္ေနတဲ့ အစ္ကုိရယ္၊ ဆင္းရဲတဲ့ အစ္မ နဲ႔အတူ တကၠသုိလ္တက္ေနၾကတဲ့ တူမေလးေတြ၊ ဆယ္တန္းတက္ ေနတဲ့ တူေလး အျပင္ ေနာက္ထပ္ အႏုပညာအလုပ္  ႀကိဳးစားေနတဲ့ ညီေတြလည္းရွိတယ္လုိ႕ ရဲေလးမကဆိုပါတယ္။

'' အစ္ကုိ႔ အိမ္မွာ အတူေနတဲ့အစ္မက ဆင္းရဲတယ္ သူတုိ႔ ကေလးေတြအေပၚမွာ အမ်ားႀကီး မေထာက္ပ့ံႏုိင္ဘူး၊ အစ္ကုိကလည္း ခ်မ္းသာတာ ေတာ့ မဟုတ္ဘူး ဇာတ္ကားတစ္ကားရုိက္ၿပီး တစ္လ ေလာက္ျဖတ္သန္းရတာပါ။ ဒါေပမယ့္ ဝင္ေငြအေကာင္းဆုံးက အစ္ကုိျဖစ္ေနတယ္။ အစ္ကုိက ဆယ္တန္းမေအာင္ခဲ့ေပမယ့္ တူမေလးေတြ တူေလးေတြရဲ႕ ပညာေရးအတြက္ ေျမေတာင္ေျမွာက္ေပးတယ္'' လုိ႔ ဆုိပါတယ္။

မေျပလည္တဲ့ မိသားစု စားဝတ္ေနေရးကို ေျဖရွင္းေပးေနရတဲ့ ရဲေလးမက သူတုိ႔ရဲ႕ ဘဝရပ္တည္မႈနဲ႔ ပတ္သက္ၿပီး စိတ္ညစ္ျခင္း၊ စိတ္ဆင္း ရဲ ျခင္းဆုိတာေတြကို မေတြးမိဘူးလုိ႔ ေျပာပါတယ္။ မိသားစုကုိလည္း ေကၽြးေမြးျပဳစုသင့္လုိ႔ ေကၽြးေမြးတာလုိ႔ ခံယူထားတယ္ဆုိတာကုိ ဇူလုိင္လ ၂၄ရက္ေန႔ က ဒါရုိက္တာေက်ာ္ေဇာလင္းရဲ႕ ေမြးေန႔အလွဴကုိ တက္ေရာက္ရင္း Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

'' စိတ္ညစ္လားလို႔ေမးရင္ စိတ္ေတာ့ မညစ္တတ္ဘူး။ ဒါေပမယ့္ ေကၽြးသင့္ေကၽြးထုိက္တာကုိ ေကၽြးရတယ္။ ဒါကလည္း ကုိယ့္အေဖအေမေတြ က ကုိယ့္အတြက္ ရွာေကၽြးခဲ့လုိ႔ ကုိယ္က ျပန္လုပ္ေကၽြးခြင့္ရတယ္။ ဒါကုိလည္း အလွဴတစ္ခုပဲလို႔ ကၽြန္ေတာ္ထင္တယ္။ ဒါႀကီးကုိ စိတ္ထုိင္ညစ္ ေနမယ့္အထဲမွာေတာ့ အစ္ကုိမပါဘူး'' လုိ႔ သူကေျပာပါတယ္။

ရဲေလးမကုိေတာ့ ဇာတ္ပုိ႔ဇာတ္ရံတစ္ဦးအျဖစ္ ပရိသတ္ေတြ သတိထားမိမွာပါ။ ခ်စ္စရာေကာင္းတဲ့ အေျခာက္ဇာတ္ရုပ္ေတြ ပီျပင္လြန္းတာ ေၾကာင့္လည္း ပရိသတ္အခ်စ္ကုိ  ရရွိပုိင္ဆုိင္ေနတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဗီဒီယုိဇာတ္ကား ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေနရ တာလည္း ျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs