• Cele Yatkwat
    အမြင့်ဆုံးကို မှန်းပြီး ကြိုးစားသင်ယူနေတဲ့ မေယုခတ္တာ
Sabal Thwin
[Unicode Version]

Miss Myanmar International 2018 မေယုခတ္တာက ဂျပန်နိုင်ငံမှာကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကြီးကို နိုဝင်ဘာလမှာ သွားပြိုင်ဖို့ လိုအပ်တာတွေကို ကြိုးစား သင်ယူနေပါတယ်။ ဂျပန်နိုင်ငံမှာကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် နိုင်ငံပေါင်း ၆၈ နိုင်ငံကအလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

37698552_1879397022148236_6198095497022930944_n.jpg 

မကြာခင်က Miss Myanmar International 2018 Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အလှမယ် မေယုခတ္တာက နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် Miss Internatonal 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေကိုတော့ အခုကတည်းက ကြိုးစားပြင်ဆင်နေပြီလို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

'' ပြိုင်ပွဲအတွက် ဘာသာစကားလေ့ကျင့်မှုတွေ လုပ်နေတယ်၊ ပြီးတော့ ညီမ ခန္ဓာကိုယ်အတွက် Gym ဆော့တယ်။ သိပ်မကြာခင်မှာလည်း ထိုင်းနိုင်ငံက ဆေးရုံမှာ ကျန်းမာရေးအတွက်ရော၊ ညီမရဲ့ အသားအရေအတွက်ကိုပါ သွားရောက်စစ်ဆေးမှုတွေ လုပ်ဖို့ရှိတယ်။ ဒီပြိုင်ပွဲမှာ ညီမနဲ့အတူ နိုင်ငံပေါင်း ၆၈ နိုင်ငံက အလှမယ်တွေက ပါဝင်ယှဉ်ပြိုင်သွားမှာပါ'' လို့ သူကဆိုပါတယ်။

37728701_1879396828814922_8537261113081856_n.jpg 

မေယုခတ္တာက Miss International 2018 ပြိုင်ပွဲကြီးအတွက် သူ့ရဲ့ အခက်အခဲက ကိုယ်တိုင် မိတ်ကပ်လိမ်းခြယ်မှုပါပဲတဲ့။ အဲ့ဒီအတွက်လည်း ကြိုးစားသင်ယူနေတာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဝတ်မယ့် ဝတ်စုံတွေကိုတော့ နာမည်ကျော်ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က စီစဉ်ပေးမယ်လို့ ပြောပါတယ်။

'' ပြိုင်ပွဲအတွက်  ဝတ်စုံတွေကိုတော့ Stellar Seven Entertainments နဲ့အတူ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် က  ညီမရဲ့ ဝတ်စုံတွေကို စီစဉ်ပေးမှာပါ။ ပြိုင်ပွဲအတွက် ညီမရဲ့ အခက်အခဲကတော့ ကိုယ်တိုင် မိတ်ကပ်လိမ်းခြယ်ရတာပါပဲ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှု တော့ရှိပါတယ်။ ဒါပေမယ့်အခုတော့ မိတ်ကပ်ဆရာ ရဲရဲက သင်ပေးနေတာကြောင့် ကြိုးစားသင်ယူဖြစ်နေပါတယ်'' လို့ ဆိုပါတယ်။

37730653_1879396815481590_2054188638979227648_n.jpg 

Miss Myanmar International 2018 ဆုရှင် မေယုခတ္တာဟာ မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်အဖြစ် နိုင်ငံပေါင်း ၆၈ နိုင်ငံနဲ့အတူ Miss International 2018 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ရည်မှန်းချက်ကိုလည်း အမြင့်ဆုံးရောက်အောင် ကြိုး စားမယ်လို့ပြောပါတယ်။

'' ပြိုင်ပွဲအတွက် Target ကတော့ ညီမအမြင့်ဆုံးရောက်အောင် မှန်းထားတယ်၊ အဲ့ဒီအတွက်လည်း ကြိုးစားနေတယ် ပြိုင်ပွဲကိုလည်း Confident ရှိရှိ လုပ်ဆောင်မယ်ပေါ့နော်။ ဆုရသည်မရသည်ကတော့ ညီမရဲ့ ကံတရားပေါ့နော် ညီမဘက်ကလည်း တာဝန်ကျေအောင် အမြင့်ဆုံးအထိကိုတော့ ရည်မှန်းထားပါတယ်'' လို့ သူကပြောပါတယ်။

Miss Myanmar International 2018 ဆုရှင် မေယုခတ္တာ

37734962_1879396868814918_6523253353445588992_n.jpg

 

အလှမယ် မေယုခတ္တာဟာ အခုလက်ရှိမှာတော့ ပြိုင်ပွဲကြီးအတွက် လိုအပ်တာတွေကို လေ့ကျင့် သင်ကြားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ သူမဟာ  နည်းပညာတက္ကသိုလ်(သန်လျှင်)မှာ တက်ရောက်ပညာသင်ကြားနေသူပါ။ နောက်ဆိုရင် အနုပညာအလုပ်တွေရော ပညာရေးကိုပါ မျှတအောင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

[Zawgyi Version]

Miss Myanmar International 2018 ေမယုခတၱာက ဂ်ပန္ႏုိင္ငံမွာက်င္းပမယ့္ Miss International 2018 ၿပိဳင္ပြဲႀကီးကုိ ႏုိဝင္ဘာလမွာ သြားၿပိဳင္ဖုိ႔ လုိအပ္တာေတြကုိ ႀကိဳးစား သင္ယူေနပါတယ္။ ဂ်ပန္ႏုိင္ငံမွာက်င္းပမယ့္ Miss International 2018 ၿပိဳင္ပြဲႀကီးမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအလွမယ္အျဖစ္ ႏုိင္ငံေပါင္း ၆၈ ႏုိင္ငံကအလွမယ္ေတြနဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

မၾကာခင္က Miss Myanmar International 2018 Winner ဆုကုိ ရရွိပုိင္ဆုိင္ခဲ့တဲ့ အလွမယ္ ေမယုခတၱာက ႏုိဝင္ဘာလအတြင္း ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕မွာ က်င္းပျပဳလုပ္မယ့္ Miss Internatonal 2018 ၿပိဳင္ပြဲႀကီးကုိ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲအတြက္ ေလ့က်င့္မႈေတြကုိေတာ့ အခုကတည္းက ႀကိဳးစားျပင္ဆင္ေနၿပီလုိ႔ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိထားပါတယ္။

'' ၿပိဳင္ပြဲအတြက္ ဘာသာစကားေလ့က်င့္မႈေတြ လုပ္ေနတယ္၊ ၿပီးေတာ့ ညီမ ခႏၶာကုိယ္အတြက္ Gym ေဆာ့တယ္။ သိပ္မၾကာခင္မွာလည္း ထုိင္းႏိုင္ငံက ေဆးရုံမွာ က်န္းမာေရးအတြက္ေရာ၊ ညီမရဲ႕ အသားအေရအတြက္ကုိပါ သြားေရာက္စစ္ေဆးမႈေတြ လုပ္ဖုိ႔ရွိတယ္။ ဒီၿပိဳင္ပြဲမွာ ညီမနဲ႔အတူ ႏုိင္ငံေပါင္း ၆၈ ႏုိင္ငံက အလွမယ္ေတြက ပါဝင္ယွဥ္ၿပိဳင္သြားမွာပါ'' လုိ႔ သူကဆုိပါတယ္။

ေမယုခတၱာက Miss International 2018 ၿပိဳင္ပြဲႀကီးအတြက္ သူ႔ရဲ႕ အခက္အခဲက ကုိယ္တုိင္ မိတ္ကပ္လိမ္းျခယ္မႈပါပဲတဲ့။ အဲ့ဒီအတြက္လည္း ႀကိဳးစားသင္ယူေနတာျဖစ္ပါတယ္။ ၿပိဳင္ပြဲမွာ ဝတ္မယ့္ ဝတ္စုံေတြကုိေတာ့ နာမည္ေက်ာ္ဒီဇုိင္နာ မုိးကုတ္ေပါက္ေပါက္က စီစဥ္ေပးမယ္လုိ႔ ေျပာပါတယ္။

'' ၿပိဳင္ပြဲအတြက္  ဝတ္စုံေတြကုိေတာ့ Stellar Seven Entertainments နဲ႔အတူ ဒီဇိုင္နာ မုိးကုတ္ေပါက္ေပါက္ က  ညီမရဲ႕ ဝတ္စုံေတြကုိ စီစဥ္ေပးမွာပါ။ ၿပိဳင္ပြဲအတြက္ ညီမရဲ႕ အခက္အခဲကေတာ့ ကိုယ္တုိင္ မိတ္ကပ္လိမ္းျခယ္ရတာပါပဲ အဲ့ဒါနဲ႔ ပတ္သက္ၿပီးေတာ့ စုိးရိမ္ပူပန္မႈ ေတာ့ရွိပါတယ္။ ဒါေပမယ့္အခုေတာ့ မိတ္ကပ္ဆရာ ရဲရဲက သင္ေပးေနတာေၾကာင့္ ႀကိဳးစားသင္ယူျဖစ္ေနပါတယ္'' လုိ႔ ဆိုပါတယ္။

Miss Myanmar International 2018 ဆုရွင္ ေမယုခတၱာဟာ ျမန္မာႏုိင္ငံကုိယ္စားျပဳတစ္ေယာက္အျဖစ္ ႏုိုင္ငံေပါင္း ၆၈ ႏုိင္ငံနဲ႔အတူ Miss International 2018 ၿပိဳင္ပြဲႀကီးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲအတြက္ ရည္မွန္းခ်က္ကုိလည္း အျမင့္ဆုံးေရာက္ေအာင္ ႀကိဳး စားမယ္လုိ႔ေျပာပါတယ္။

'' ၿပိဳင္ပြဲအတြက္ Target ကေတာ့ ညီမအျမင့္ဆုံးေရာက္ေအာင္ မွန္းထားတယ္၊ အဲ့ဒီအတြက္လည္း ႀကိဳးစားေနတယ္ ၿပိဳင္ပြဲကုိလည္း Confident ရွိရွိ လုပ္ေဆာင္မယ္ေပါ့ေနာ္။ ဆုရသည္မရသည္ကေတာ့ ညီမရဲ႕ ကံတရားေပါ့ေနာ္ ညီမဘက္ကလည္း တာဝန္ေက်ေအာင္ အျမင့္ဆုံးအထိကုိေတာ့ ရည္မွန္းထားပါတယ္'' လုိ႔ သူကေျပာပါတယ္။

Miss Myanmar International 2018 ဆုရွင္ ေမယုခတၱာ

 

အလွမယ္ ေမယုခတၱာဟာ အခုလက္ရွိမွာေတာ့ ၿပိဳင္ပြဲႀကီးအတြက္ လုိအပ္တာေတြကုိ ေလ့က်င့္ သင္ၾကားမႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။ သူမဟာ  နည္းပညာတကၠသုိလ္(သန္လွ်င္)မွာ တက္ေရာက္ပညာသင္ၾကားေနသူပါ။ ေနာက္ဆိုရင္ အႏုပညာအလုပ္ေတြေရာ ပညာေရးကိုပါ မွ်တေအာင္လုပ္ေဆာင္သြားမယ္လုိ႔ ဆိုပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs