• Cele Yatkwat
    သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်ခဲ့တဲ့ ဗီဗာဟိန်း
Ei Ei Myat
[Unicode Version]

ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဗီဗာဟိန်းက ဒီနေ့မှာ သီလရှင်ဝတ်သွားခဲ့ပါပြီ။ ၂၀၁၂ခုနှစ်ထဲက သီလရှင် ဝတ်ချင်ခဲ့တဲ့ သူမရဲ့ စိတ်ကူးအိမ်မက်ကို ဒီနေ့မှာ အကောင်အထည်ဖော်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

37779906_2227467217500845_316557807182675968_n.jpg

Photo : ဗီဗာဟိန်း FB

 

အသံဆူးဆူးလေးနဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဗီဗာဟိန်းက သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ခုနှစ်ထဲက သီလရှင် ဝတ်ချင်ခဲ့တဲ့ သူမဟာ ဒီနေ့(ဇူလိုင် ၂၆ရက်)မှာ မိဘနှစ်ပါးရဲ့ ခွင့်ပြုချက်နဲ့ သီလရှင်ဝတ်ခွင့်ရခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

37791697_2227463680834532_3993902247602814976_n.jpg

Photo : ဗီဗာဟိန်း FB

 

သီလရှင်လေးရဲ့ ဘွဲ့အမည်က ဆရာလေး ဒေါ်ပညာစာရီ ဆိုပြီး အမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဘွဲ့အမည် ဆရာလေးဒေါ် ပညာစာရီ မော်လမြိုင် ဖားအောက်တောရကျောင်းမှာဒီနေ့မနက် ကြာသပတေးနေ့ သာသနာ့ဘောင်သို့ မိဘနှစ်ပါးရဲ့ ခွင့်ပြုချက်နဲ့ ဝင်ခွင့်ရခဲ့ပြီ ၂၀၁၂ထဲကဝတ်ချင်တာခုမှသီလရှင်ဝတ်ခွင့်ရတော့တယ်။ ဘဝမှာအဖြစ်ချင်ဆုံးထဲက ဆန္ဒတစ်ခု လုပ်ခွင့်ရပြီ။ ကျေးဇူးပါတကာ ကြီးဦးဗိုလ်ဟိန်းနဲ့တကာမကြီး ဒေါ်ဘိုမ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ဘေးကင်းကြပါစေ ရေလိုအေးလို့ပန်းလိုလန်းပါစေ ။ နတ်လူသာဓုခေါ်စေသော် " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၆)ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။

37811299_2227458234168410_8134101028451647488_n.jpg

Photo : ဗီဗာဟိန်း FB

မနောနဲ့အတူ စုံတွဲသီချင်းဆိုဦးမယ်ဆိုတဲ့ ဗီဗာဟိန်း 

၂၀၀၉ ခုနှစ်ကတည်းက ဂီတလောကထဲကို ရောက်ရှိလာတဲ့ ဗီဗာဟိန်းဟာ ပရိသတ်တွေကို အမြင်တစ်မျိုးနဲ့ ဆွဲဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ "ဗူးသီးမှအရီးလာမတော်နဲ့၊တောင်ပြုံး၊ ဗျို့ဟေ့သံ၊စတဲ့သီချင်းများနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်လို့လည်း မနောနဲ့ တွဲဖက်ကာ သီချင်းခွေထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

37779901_2227459994168234_8833022250530635776_n.jpg

Photo : ဗီဗာဟိန်း FB

သူမဟာ ဂီတပိုင်းသာမက ဝါသနာပါတဲ့ သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ကိုင်နေသူ တစ်ယောက်ပါ။ ဗီဗာဟိန်းဟာ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဓနခ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဗီဒီယို ဇာတ်ကား တစ်ကား ပထမဆုံးအကြိမ် စတင်ရိုက်ကူးခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ''မျက်ခုံးပေါ်က လမ်းမ''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်ထဲမှာလည်း သရုပ်ဆောင်နေထူးနိုင်နဲ့အတူ ဇာတ်ကား ၂ကားရိုက်ခဲ့ပြီး သူကိုယ်တိုင်ရိုက်ကူထားတဲ့ ဘုတ်မ ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေး လည်း ရိုက်ကူးထားတယ်လို့ Duwun Mediaရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးဖူးခဲ့ပါတယ်။

[Zawgyi Version]

ခ်စ္စရာေကာင္းတဲ့ အဆိုေတာ္မေလး ဗီဗာဟိန္းက ဒီေန႕မွာ သီလရွင္ဝတ္သြားခဲ့ပါၿပီ။ ၂၀၁၂ခုနွစ္ထဲက သီလရွင္ ဝတ္ခ်င္ခဲ့တဲ့ သူမရဲ႕ စိတ္ကူးအိမ္မက္ကို ဒီေန႕မွာ အေကာင္အထည္ေဖာ္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။

Photo : ဗီဗာဟိန္း FB

 

အသံဆူးဆူးေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ အဆုိေတာ္မေလး ဗီဗာဟိန္းက သာသနာ့ေဘာင္ထဲ ခဏတာ ဝင္ေရာက္ခဲ့တယ္လို႕ သိရပါတယ္။ ၂၀၁၂ခုႏွစ္ထဲက သီလရွင္ ဝတ္ခ်င္ခဲ့တဲ့ သူမဟာ ဒီေန႕(ဇူလိုင္ ၂၆ရက္)မွာ မိဘႏွစ္ပါးရဲ႕ ခြင့္ျပဳခ်က္နဲ႕ သီလရွင္ဝတ္ခြင့္ရခဲ့တယ္လို႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

Photo : ဗီဗာဟိန္း FB

 

သီလရွင္ေလးရဲ႕ ဘြဲ႕အမည္က ဆရာေလး ေဒၚပညာစာရီ ဆိုၿပီး အမည္တြင္ခဲ့တယ္လို႕ ဆိုပါတယ္။

"ဘြဲ႕အမည္ ဆရာေလးေဒၚ ပညာစာရီ ေမာ္လၿမိဳင္ ဖားေအာက္ေတာရေက်ာင္းမွာဒီေန႔မနက္ ၾကာသပေတးေန႔ သာသနာ့ေဘာင္သို႔ မိဘႏွစ္ပါးရဲ႕ ခြင့္ျပဳခ်က္နဲ႔ ဝင္ခြင့္ရခဲ့ၿပီ ၂၀၁၂ထဲကဝတ္ခ်င္တာခုမွသီလရွင္ဝတ္ခြင့္ရေတာ့တယ္။ ဘဝမွာအျဖစ္ခ်င္ဆံုးထဲက ဆႏၵတစ္ခု လုပ္ခြင့္ရၿပီ။ ေက်းဇူးပါတကာ ႀကီးဦးဗိုလ္ဟိန္းနဲ႔တကာမႀကီး ေဒၚဘိုမ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ ေဘးကင္းၾကပါေစ ေရလိုေအးလို႔ပန္းလိုလန္းပါေစ ။ နတ္လူသာဓုေခၚေစေသာ္ " ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၂၆)ရက္ေန႕က ေရးသားထားတာ ေတြ႕ရပါတယ္။

Photo : ဗီဗာဟိန္း FB

မေနာနဲ႔အတူ စုံတြဲသီခ်င္းဆုိဦးမယ္ဆုိတ့ဲ ဗီဗာဟိန္း 

၂၀၀၉ ခုႏွစ္ကတည္းက ဂီတေလာကထဲကို ေရာက္ရွိလာတဲ့ ဗီဗာဟိန္းဟာ ပရိသတ္ေတြကို အျမင္တစ္မ်ိဳးနဲ႕ ဆြဲေဆာင္ႏုိင္ခဲ့သူလည္း ျဖစ္ပါတယ္။ "ဗူးသီးမွအရီးလာမေတာ္နဲ႕၊ေတာင္ၿပံဳး၊ ဗ်ိဳ႕ေဟ့သံ၊စတဲ့သီခ်ငး္မ်ားနဲ႕ ပရိသတ္ေတြရဲ႕ ရင္ထဲကို ေရာက္ရွိခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ ဂီတနဲ႕ ပတ္သက္လို႕လည္း မေနာနဲ႕ တြဲဖက္ကာ သီခ်ငး္ေခြထုတ္ဖို႕ ျပင္ဆင္ေနတယ္လို႕ သိရပါတယ္။

Photo : ဗီဗာဟိန္း FB

သူမဟာ ဂီတပိုင္းသာမက ဝါသနာပါတဲ့ သရုပ္ေဆာင္ပိုင္းကိုလည္း လုပ္ကိုင္ေနသူ တစ္ေယာက္ပါ။ ဗီဗာဟိန္းဟာ သရုပ္ေဆာင္ တစ္ေယာက္ အေနနဲ႔ ၂၀၁၁ ခုႏွစ္ကတည္းက ဓနခ ရုပ္ရွင္ထုတ္လုပ္ေရးနဲ႔အတူ ဗီဒီယို ဇာတ္ကား တစ္ကား ပထမဆုံးအႀကိမ္ စတင္ရုိက္ကူးခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ''မ်က္ခုံးေပၚက လမ္းမ''ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဒါရုိက္တာ ညိဳမင္းလြင္က ရုိက္ကူးၿပီး သရုပ္ေဆာင္ စုိင္းစုိင္းခမ္းလႈိင္၊ သက္မြန္ျမင့္တုိ႔နဲ႔ အတူ ပါဝင္သရုပ္ေဆာင္ခဲ့တယ္လုိ႕ သိရပါတယ္။

၂၀၁၇ ခုႏွစ္ထဲမွာလည္း သရုပ္ေဆာင္ေနထူးႏိုင္နဲ႔အတူ ဇာတ္ကား ၂ကားရုိက္ခဲ့ၿပီး သူကုိယ္တုိင္ရုိက္ကူထားတဲ့ ဘုတ္မ ဆုိုတဲ့ ဗီဒီယုိ ဇာတ္ကားေလး လည္း ရုိက္ကူးထားတယ္လုိ႔ Duwun Mediaရဲ႕ သီးသန္႕အင္တာဗ်ဴးမွာ ေျဖဆိုေပးဖူးခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs