• Cele Yatkwat
    စင်ကာပူနိုင်ငံမှာ သွားရောက်ပြသတော့မယ့် Dimensions ရုပ်ရှင်ကား
Sabal Thwin
[Unicode Version]

မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင်ကားဖြစ်တဲ့  Dimensions ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ စင်ကာပူ နိုင်ငံမှာ သွားရောက်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ကုန်ကျစားရိတ်ကတော့ သာမန်ရုပ်ရှင် ဇာတ်ကားတွေထက် ၃ ဆ လောက် ကုန်ကျခဲ့ပါတယ်တဲ့။

1.jpg 

မြန်မာနိုင်ငံရဲ့ ပထမဆုံးသိပ္ပံ ရုပ်ရှင်ကားဖြစ်တဲ့ Dimensions ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံမှာ သွားရောက်ပြသမယ့် အကြောင်း  ကို ဇူလိုင်လ ၂၇ ရက်နေ့မနက်ပိုင်းက Junction City မှာရှိတဲ့ Gloria Jean's Coffee ဆိုင်မှာ စာနယ်ဇင်းအသိပေးပွဲ ပြုလုပ်ခဲ့ပါတယ်။ Dimensions ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးတုန်းက အားထုတ်ကြိုးပမ်းခဲ့ရတာတွေကို နိုရာကိုက Duwun Media ကနေပြောပြလာပါတယ်။

''တချို့ဇာတ်ကားတွေဆိုရင် ၇ ရက်နဲ့ရိုက်တဲ့ ဇာတ်ကား၊ ၁၂ ရက်နဲ့ရိုက်လို့ပြီးတဲ့ ဇာတ်ကားတွေလည်းရှိတယ်။ အစ်မတို့ ထုတ်လုပ်ရေး က ကျတော့ မရိုက်ခင် ကြိုတင်ပြင်ဆင်မှုတွေက အရမ်း ကြာတယ်၊ ပြီးတော့ ၁၅ ရက်၊ ရက် ၂၀ လောက်ကြာရမယ့် ဇာတ်ကားက ၃ လလောက် ကြာသွားတယ်ဆိုတော့ စားရိတ်က ၃ ဆ လောက်ကျသွားတယ်၊ နိုရာတို့က ထုတ်လုပ်ရေးစားရိတ်ကို များများသုံးဖြစ်တယ်'' လို့ ဆိုပါတယ်။

6.jpg

စင်ကာပူနိုင်ငံမှာရှိတဲ့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကိုလည်း သရုပ်ဆောင် ခါရာက ရင်ခုန်စွာ စောင့်မျှော်နေပါတယ်တဲ့။ သူပါဝင်ထားတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးကို ပြည်ပနိုင်ငံအထိ ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး နောက်ထပ် အိမ်နီးချင်းနိုင်ငံတွေကိုလည်း သွား ရောက်ပြသချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

'' စင်ကာပူနိုင်ငံကနေ စပြီးတော့ ကျွန်တော်တို့ လမ်းပွင့်သွားတာပေါ့။ နောက်ပိုင်းကျရင်တော့ International ဘက်အထိရောက်နိုင်ဖို့ ကြိုးစား သွားမယ်။ ဒါပေမယ့် ကျွန်တော်တို့ အများကြီး ကြိုးစားဖို့တော့ လိုအပ်ပါသေးတယ်။ ဖြစ်နိုင်ရင်တော့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရှိမယ့် နေရာတွေကို သွားပြနိုင်ဖို့ ရည်ရွယ်ထားတယ်'' လို့ သူကပြောပါတယ်။

11.jpg

Dimensions ရုပ်ရှင်ကို ၇၅ ရာခိုင်နှုန်း သဘောကျမိတယ်ဆိုတဲ့ မထက် 

စင်ကာပူနိုင်ငံမှာ ရုံတင်ပြသခွင့်ရလိုက်တဲ့ Dimensions ရုပ်ရှင်ဇာတ်ကားကြီးအတွက် အဲလစ်အုန်းကတော့ ပျော်ရွှင်မှုထက် ဂုဏ်ယူတဲ့ စိတ်က ပိုများနေပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ မင်းသားကို အရမ်းဂရုစိုက်တတ်တဲ့ ဒေါက်တာမလေး တစ်ယောက်နေရာကနေ ပါဝင်သရုပ် ဆောင်ထားတာဖြစ်ပါတယ်။

'' ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ရုံတင်ကတည်း ကအရမ်းကြီးကို ပီတိဖြစ်ပြီးတော့ ပျော်နေတယ်။ အဲ့ဒီပီတိနဲ့တင် အဲလစ်ရဲ့ ရင်ထဲမှာ လုံလောက်နေပြီ။ ဒါပေမယ့် စင်ကာပူနိုင်ငံမှာလည်း ပြသခွင့်ရတော့မှာဆိုတော့ ပိုပြီးပျော်လာတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ရင်ခုန်သံတွေက တစပြီးတစ များလာတာ ပြီးတော့ ဂုဏ်ယူတယ်'' လို့ အဲလစ်အုန်းက ပြောပါတယ်။

12.jpg 

Dimensions ရုပ်ရှင်ဇာတ်ကားကို Bonanza production က ထုတ်လုပ်ကာ ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးပြီး ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ၊ ဦးဝင်းမြိုင်၊ ကောင်းစစ်သွေး၊ ဆုရွှေရည်ထူး၊ သီဟ၊ ဟန်ထူးနိုင်နဲ့ ရဲမွန်တို့က ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကို စင်္ကာပူနိုင်ငံမှာရှိတဲ့ Carnivla  အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ သြဂုတ်လ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ ရုံတင်ပြသသွား မှာဖြစ်ပါတယ်။

[Zawgyi Version]

ျမန္မာႏုိင္ငံရဲ႕ ပထမဆုံး သိပၸံရုပ္ရွင္ကားျဖစ္တဲ့  Dimensions ရုပ္ရွင္ဇာတ္ကားႀကီးကုိ ၾသဂုတ္လ ၉ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ စင္ကာပူ ႏုိင္ငံမွာ သြားေရာက္ျပသေတာ့မွာျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ႕ ကုန္က်စားရိတ္ကေတာ့ သာမန္ရုပ္ရွင္ ဇာတ္ကားေတြထက္ ၃ ဆ ေလာက္ ကုန္က်ခဲ့ပါတယ္တဲ့။

 

ျမန္မာႏုိင္ငံရဲ႕ ပထမဆုံးသိပၸံ ရုပ္ရွင္ကားျဖစ္တဲ့ Dimensions ရုပ္ရွင္ဇာတ္ကားႀကီးကုိ စင္ကာပူႏုိင္ငံမွာ သြားေရာက္ျပသမယ့္ အေၾကာင္း  ကုိ ဇူလုိင္လ ၂၇ ရက္ေန႔မနက္ပုိင္းက Junction City မွာရွိတဲ့ Gloria Jean's Coffee ဆုိင္မွာ စာနယ္ဇင္းအသိေပးပြဲ ျပဳလုပ္ခဲ့ပါတယ္။ Dimensions ရုပ္ရွင္ဇာတ္ကားႀကီး႐ိုက္ကူးတုန္းက အားထုတ္ႀကိဳးပမ္းခဲ့ရတာေတြကို ႏုိရာကုိက Duwun Media ကေနေျပာျပလာပါတယ္။

''တခ်ဳိ႔ဇာတ္ကားေတြဆုိရင္ ၇ ရက္နဲ႔ရုိက္တဲ့ ဇာတ္ကား၊ ၁၂ ရက္နဲ႔ရုိက္လုိ႔ၿပီးတဲ့ ဇာတ္ကားေတြလည္းရွိတယ္။ အစ္မတို႔ ထုတ္လုပ္ေရး က က်ေတာ့ မရုိက္ခင္ ႀကိဳတင္ျပင္ဆင္မႈေတြက အရမ္း ၾကာတယ္၊ ၿပီးေတာ့ ၁၅ ရက္၊ ရက္ ၂၀ ေလာက္ၾကာရမယ့္ ဇာတ္ကားက ၃ လေလာက္ ၾကာသြားတယ္ဆုိေတာ့ စားရိတ္က ၃ ဆ ေလာက္က်သြားတယ္၊ ႏုိရာတုိ႔က ထုတ္လုပ္ေရးစားရိတ္ကုိ မ်ားမ်ားသုံးျဖစ္တယ္'' လုိ႔ ဆုိပါတယ္။

စင္ကာပူႏုိင္ငံမွာရွိတဲ့ ပရိသတ္ေတြရဲ႕ တုံ႔ျပန္မႈေတြကုိလည္း သရုပ္ေဆာင္ ခါရာက ရင္ခုန္စြာ ေစာင့္ေမွ်ာ္ေနပါတယ္တဲ့။ သူပါဝင္ထားတဲ့ ပထမဆုံး ရုပ္ရွင္ဇာတ္ကားႀကီးကုိ ျပည္ပႏုိင္ငံအထိ ထုိးေဖာက္ႏုိင္ဖုိ႔ ရည္ရြယ္ထားတာျဖစ္ၿပီး ေနာက္ထပ္ အိမ္နီးခ်င္းႏုိင္ငံေတြကုိလည္း သြား ေရာက္ျပသခ်င္တဲ့ ဆႏၵရွိတယ္လုိ႔ ေျပာပါတယ္။

'' စင္ကာပူႏိုင္ငံကေန စၿပီးေတာ့ ကၽြန္ေတာ္တုိ႔ လမ္းပြင့္သြားတာေပါ့။ ေနာက္ပုိင္းက်ရင္ေတာ့ International ဘက္အထိေရာက္ႏုိင္ဖုိ႔ ႀကိဳးစား သြားမယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႔ အမ်ားႀကီး ႀကိဳးစားဖုိ႔ေတာ့ လုိအပ္ပါေသးတယ္။ ျဖစ္ႏုိင္ရင္ေတာ့ အိမ္နီးခ်င္းႏုိင္ငံေတြမွာ ကၽြန္ေတာ္တုိ႔ ျမန္မာႏုိင္ငံသားေတြရွိမယ့္ ေနရာေတြကုိ သြားျပႏုိင္ဖုိ႔ ရည္ရြယ္ထားတယ္'' လုိ႔ သူကေျပာပါတယ္။

Dimensions ရုပ္ရွင္ကို ၇၅ ရာခိုင္ႏႈန္း သေဘာက်မိတယ္ဆိုတဲ့ မထက္ 

စင္ကာပူႏုိင္ငံမွာ ရုံတင္ျပသခြင့္ရလုိက္တဲ့ Dimensions ရုပ္ရွင္ဇာတ္ကားႀကီးအတြက္ အဲလစ္အုန္းကေတာ့ ေပ်ာ္ရႊင္မႈထက္ ဂုဏ္ယူတဲ့ စိတ္က ပုိမ်ားေနပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားထဲမွာေတာ့ မင္းသားကုိ အရမ္းဂရုစုိက္တတ္တဲ့ ေဒါက္တာမေလး တစ္ေယာက္ေနရာကေန ပါဝင္သရုပ္ ေဆာင္ထားတာျဖစ္ပါတယ္။

'' ဒီဇာတ္ကားကုိ ျမန္မာႏုိင္ငံမွာ ရုံတင္ကတည္း ကအရမ္းႀကီးကုိ ပီတိျဖစ္ၿပီးေတာ့ ေပ်ာ္ေနတယ္။ အဲ့ဒီပီတိနဲ႔တင္ အဲလစ္ရဲ႕ ရင္ထဲမွာ လုံေလာက္ေနၿပီ။ ဒါေပမယ့္ စင္ကာပူႏုိင္ငံမွာလည္း ျပသခြင့္ရေတာ့မွာဆုိေတာ့ ပုိၿပီးေပ်ာ္လာတယ္။ ဘာပဲျဖစ္ျဖစ္ ကုိယ့္ရဲ႕ ရင္ခုန္သံေတြက တစၿပီးတစ မ်ားလာတာ ၿပီးေတာ့ ဂုဏ္ယူတယ္'' လုိ႔ အဲလစ္အုန္းက ေျပာပါတယ္။

 

Dimensions ရုပ္ရွင္ဇာတ္ကားကို Bonanza production က ထုတ္လုပ္ကာ ဒါရိုက္တာ ဥာဏ္ထင္က ရိုက္ကူးၿပီး ခါရာ၊ အဲလစ္အုန္း၊ ဂ်ာဆုိင္းအိန္၊ မင္းျမတ္စုိးစံ၊ ဦးဝင္းၿမိဳင္၊ ေကာင္းစစ္ေသြး၊ ဆုေရႊရည္ထူး၊ သီဟ၊ ဟန္ထူးႏုိင္နဲ႔ ရဲမြန္တုိ႔က ပါဝင္သရုပ္ေဆာင္ထားတာပါ။ ဒီဇာတ္ကားကုိ စကၤာပူႏုိင္ငံမွာရွိတဲ့ Carnivla  အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ၾသဂုတ္လ ၉ ရက္ေန႔ကေန ၁၂ ရက္ေန႔ အထိ ရုံတင္ျပသသြား မွာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs