• Cele Yatkwat
    အကဲဖြတ်ဒိုင်အချင်းချင်း အမြင်မတူဘူးဆိုတဲ့ မျိုးကျော့မြိုင်
Sabal Thwin
[Unicode Version]

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တွေ အကုန်လုံးက သီချင်းရွေးချယ်မှုတွေမှာ ဖြူဖြူစင်စင်ရှိကြလို့ အကုန်လုံးကို ချစ်တယ်လို့ မျိုးကျော့ မြိုင်ကပြောပါတယ်။ လက်ရှိ ပြိုင်ပွဲဝင်ရွေးချယ်တဲ့အခါမှာလည်း အကဲဖြတ်ဒိုင်တွေအနေနဲ့ တစ်ယောက် နဲ့ တစ်ယောက် အမြင်မတူတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

36457797_1825877010838404_870855561871097856_n.jpg

Photo: Myanmar Idol Page

 

Myanmar Idol Season 3 ရဲ့ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ မျိုးကျော့မြိုင်က ပြိုင်ပွဲဝင် ၁၁ ယောက်စလုံးကို အားပေးတယ်လို့ဆိုပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြူဖြူစင်စင်နဲ့ ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေဖြစ်တာကြောင့် အကုန်လုံးကိုလည်း ချစ်တဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' သူတို့က သီချင်းအပေါ်မှာဖြူစင်ကြတယ် သီချင်းဆို ကောင်းတာမကောင်းတာက နောက်မှ တကယ်ကို ဖြူစင် ကြတာပါ။ ဖြူဖြူစင်စင်နဲ့ အရှိကိုအရှိအတိုင်း ဆိုသွားတော့ ကျွန်တော်ကတော့ အကုန်လုံးကို ချစ်တာပေါ့။ သူတို့ အားနည်းသွားတာလေးတွေ၊ အားသာ သွားတာ လေးတွေကို အမြဲတမ်း စိတ်ပူနေရတာ'' လိ့ု သူကဆိုပါတယ်။

36338170_1061839330635540_1862011409651466240_n.jpg

Photo: Myanmar Idol Page

 

Myanmar idol သီချင်းဆိုပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ ဝါသနာရှင်တွေကလည်း နေရာဒေသမတူညီသလို နောက်ခံပံ့ပိုးနိုင်အားတွေ ကလည်း ကွဲပြားကြတယ်လို့ မျိုးကျော့မြိုင်ကပြောပါတယ်။ အနုပညာကို ချစ်တဲ့စိတ်နဲ့  ယှဉ်ပြိုင်ကြတဲ့ ဝါသနာရှင်တွေကို ရွေးချယ်ရတဲ့အခါ အကဲဖြတ်ဒိုင် တစ်ယောက်နဲ့ တစ်ယောက်ကလည်း အမြင်မတူတာလေးတွေရှိတယ်လို့ သူက ဆိုပါတယ်။

'' ဒိုင်တစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင်တော့ အရင်တုန်းက ကျွန်တော်တို့ရွေးလာခဲ့ကြတာအတူတူပါပဲ။ အခုနောက်ပိုင်းမှာကျတော့ အမြင်မတူတာလေးတွေ ရှိ ကောင်းရှိပါလိမ့်မယ်။ ကျွန်တော့်ထက် အသက်ကြီးတဲ့သူတွေအပေါ်မှာလည်း ကျွန်တော်က မိသားစုလိုပဲ သဘော ထားပါတယ်'' လို့ ဇူလိုင်လ ၂၅ ရက်နေ့ညက ဇာတိမြေအထူးပြသပွဲကို တက်ရောက်လာရင်းမီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာ ပါ။

ကျွန်တော်တို့အရွယ်က Judge လုပ်ရမယ့်အရွယ်ရောက်နေပြီဆိုတဲ့ မျိုးကျော့မြိုင် 

Myanmar Idol Season 3, Top Finalist ထဲမှာတော့ ပြိုင်ပွဲဝင် ၄ ယောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဝင် ၄ ယောက်က မတူညီတဲ့ သီချင်းအမျိုးအစားတွေနဲ့ ပါဝင်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ သူတု့ိကတော့ ပြိုင်ပွဲဝင် နေခန့်မင်းသစ်၊ ဖြိုးမြတ်အောင်၊ ဇော်ကြီး နဲ့ ချမ်းမြေ့မောင်ချိုတို့က ယှဉ်ပြိုင်ရမှာပါ။

31301780_1748987871860652_3485634924440977408_n.jpg

Photo: မျိုးကျော့မြိုင်ဖေ့စ်ဘွတ်

 

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ ဟာဆိုရင် သိပ်မကြာခင်မှာပဲ နောက်ဆုံးအနိုင်ရသူ တစ်ဦးကို ရွေးချယ်ဖို့ရက်က နီးကပ်လို့ လာပါပြီ။ Myanmar idol Season 3 မှာတော့ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော် တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ်ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

[Zawgyi Version]

Myanmar Idol Season 3 ရဲ႕ ၿပိဳင္ပြဲဝင္ေတြ အကုန္လုံးက သီခ်င္းေရြးခ်ယ္မႈေတြမွာ ျဖဴျဖဴစင္စင္ရွိၾကလုိ႔ အကုန္လုံးကုိ ခ်စ္တယ္လုိ႔ မ်ဳိးေက်ာ့ ၿမိဳင္ကေျပာပါတယ္။ လက္ရွိ ၿပိဳင္ပြဲဝင္ေရြးခ်ယ္တဲ့အခါမွာလည္း အကဲျဖတ္ဒုိင္ေတြအေနနဲ႔ တစ္ေယာက္ နဲ႔ တစ္ေယာက္ အျမင္မတူတာေတြလည္း ရွိတယ္လုိ႔ဆုိပါတယ္။

Photo: Myanmar Idol Page

 

Myanmar Idol Season 3 ရဲ႕ သီခ်င္းဆုိၿပိဳင္ပြဲႀကီးမွာ အကဲျဖတ္ဒုိင္လူႀကီးတစ္ေယာက္အျဖစ္ တာဝန္ယူေဆာင္ရြက္ေနတဲ့ မ်ဳိးေက်ာ့ၿမိဳင္က ၿပိဳင္ပြဲဝင္ ၁၁ ေယာက္စလုံးကို အားေပးတယ္လုိ႔ဆိုပါတယ္။ စိတ္ဓာတ္ပိုင္းဆုိင္ရာ ျဖဴျဖဴစင္စင္နဲ႔ ယွဥ္ၿပိဳင္ၾကတဲ့ ၿပိဳင္ပြဲဝင္ေတြျဖစ္တာေၾကာင့္ အကုန္လုံးကုိလည္း ခ်စ္တဲ့အေၾကာင္း မီဒီယာေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

'' သူတုိ႔က သီခ်င္းအေပၚမွာျဖဴစင္ၾကတယ္ သီခ်င္းဆုိ ေကာင္းတာမေကာင္းတာက ေနာက္မွ တကယ္ကုိ ျဖဴစင္ ၾကတာပါ။ ျဖဴျဖဴစင္စင္နဲ႔ အရွိကုိအရွိအတုိင္း ဆုိသြားေတာ့ ကၽြန္ေတာ္ကေတာ့ အကုန္လုံးကုိ ခ်စ္တာေပါ့။ သူတုိ႔ အားနည္းသြားတာေလးေတြ၊ အားသာ သြားတာ ေလးေတြကုိ အျမဲတမ္း စိတ္ပူေနရတာ'' လိ႔ု သူကဆုိပါတယ္။

Photo: Myanmar Idol Page

 

Myanmar idol သီခ်င္းဆိုၿပိဳင္ပြဲကုိ လာေရာက္ယွဥ္ၿပိဳင္ၾကတဲ့ ဝါသနာရွင္ေတြကလည္း ေနရာေဒသမတူညီသလို ေနာက္ခံပ့ံပုိးႏုိင္အားေတြ ကလည္း ကြဲျပားၾကတယ္လုိ႔ မ်ဳိးေက်ာ့ၿမိဳင္ကေျပာပါတယ္။ အႏုပညာကို ခ်စ္တဲ့စိတ္နဲ႔  ယွဥ္ၿပိဳင္ၾကတဲ့ ဝါသနာရွင္ေတြကုိ ေရြးခ်ယ္ရတဲ့အခါ အကဲျဖတ္ဒုိင္ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း အျမင္မတူတာေလးေတြရွိတယ္လုိ႔ သူက ဆုိပါတယ္။

'' ဒုိင္တစ္ေယာက္ အေနနဲ႔ ေျပာရမယ္ဆုိရင္ေတာ့ အရင္တုန္းက ကၽြန္ေတာ္တုိ႔ေရြးလာခဲ့ၾကတာအတူတူပါပဲ။ အခုေနာက္ပုိင္းမွာက်ေတာ့ အျမင္မတူတာေလးေတြ ရွိ ေကာင္းရွိပါလိမ့္မယ္။ ကၽြန္ေတာ့္ထက္ အသက္ႀကီးတဲ့သူေတြအေပၚမွာလည္း ကၽြန္ေတာ္က မိသားစုလုိပဲ သေဘာ ထားပါတယ္'' လုိ႔ ဇူလုိင္လ ၂၅ ရက္ေန႔ညက ဇာတိေျမအထူးျပသပြဲကုိ တက္ေရာက္လာရင္းမီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့တာ ပါ။

ကၽြန္ေတာ္တုိ႔အရြယ္က Judge လုပ္ရမယ့္အရြယ္ေရာက္ေနၿပီဆုိတဲ့ မ်ဳိးေက်ာ့ၿမိဳင္ 

Myanmar Idol Season 3, Top Finalist ထဲမွာေတာ့ ၿပိဳင္ပြဲဝင္ ၄ ေယာက္သာ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။ ဒီၿပဳိင္ပြဲဝင္ ၄ ေယာက္က မတူညီတဲ့ သီခ်င္းအမ်ဳိးအစားေတြနဲ႔ ပါဝင္ယွဥ္ၿပိဳင္ရဦးမွာျဖစ္ပါတယ္။ သူတု႔ိကေတာ့ ၿပိဳင္ပြဲဝင္ ေနခန္႔မင္းသစ္၊ ၿဖဳိးျမတ္ေအာင္၊ ေဇာ္ႀကီး နဲ႔ ခ်မ္းေျမ႔ေမာင္ခ်ဳိတုိ႔က ယွဥ္ၿပိဳင္ရမွာပါ။

Photo: မ်ဳိးေက်ာ့ၿမိဳင္ေဖ့စ္ဘြတ္

 

Myanmar Idol Season 3 သီခ်င္းဆုိၿပိဳင္ပြဲ ဟာဆုိရင္ သိပ္မၾကာခင္မွာပဲ ေနာက္ဆုံးအႏုိင္ရသူ တစ္ဦးကုိ ေရြးခ်ယ္ဖုိ႔ရက္က နီးကပ္လုိ႔ လာပါၿပီ။ Myanmar idol Season 3 မွာေတာ့ နာမည္ၾကီးအဆုိေတာ္မ်ားျဖစ္တဲ့ ျမန္မာျပည္သိန္းတန္ ၊ ရန္ေအာင္ ၊ မ်ိဳးေက်ာ့ျမိဳင္နဲ ့တင္ဇာေမာ္ တို ့မွ အကဲျဖတ္ ဒိုင္လူၾကီးမ်ားအျဖစ္ပါဝင္ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs