• Cele Yatkwat
    ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုတိုးလာတယ်ဆိုတဲ့ နေခြည်ဦး
Sabal Thwin
[Unicode Version]

Beauty Blogger မလေး နေခြည်ဦးက တောင်ကိုရီးယားနိုင်ငံမှာ မကြာသေးခင်က မျက်စိနဲ့ နှာခေါင်းခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ကို ဝေဖန်သူတွေကပါ လှကြောင်း၊ ချောကြောင်းပြောလာကြတဲ့အတွက် အရမ်းကျေနပ် ပါတယ်တဲ့။

N 1.jpg 

မကြာခင်က တောင်ကိုရီးယားနိုင်ငံမှာနှာခေါင်းနဲ့ မျက်စိ ခွဲစိတ်မှုတွေ ပြုလုပ်လာခဲ့တဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ ပိုပြီးတော့ တောင်လှလာပါသေးတယ်။သူ့ကို ဝေဖန်ပြောဆိုကြသူတွေကလည်း  ပလပ်စတစ်ဆာဂျရီ လုပ်ပြီး ဒီလို ပြောင်းလဲလို့ရတယ်ဆိုတာကို လက်ခံလာတဲ့အတွက် ကျေနပ်တယ်လို့ Duwun media ကနေပြော ပြခဲ့ပါတယ်။ 

'' ပလပ်စတစ် ဆာဂျရီလုပ်တဲ့အပေါ် ဝေဖန်ကြတဲ့ သူတွေအတွက်လည်း လုပ်ရကျိုးနပ်တယ်။ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းကြီးပြောဖို့ဆိုတာ နေခြည့်ယူထားရတဲ့ Rate တွေက အရမ်းများတယ်။ ပလပ်စတစ်ဆာဂျရီလုပ်ချင်တဲ့ သူတွေအတွက် တကယ့်စိတ်ရင်း စေတနာအရင်းနဲ့ ပြောပြမယ်ဆိုတဲ့ စိတ်နဲ့ နေခြည်လုပ်ခဲ့တယ်။ ပြန်ရတဲ့ Feed Back ကလည်း အရမ်းကောင်းတယ်'' လို့ ဆိုပါတယ်။

N-3.jpg 

တစ်ပတ်အကြာခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရတဲ့ နေခြည်ဦးက သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေခဲ့ပါသေးတယ်။ ဝန်ဆောင်မှုကလည်း အရမ်း ကောင်းသလို အချိန်ပေးရကျိုးနပ်တဲ့ ဒီခွဲစိတ်မှုက သူ့အတွက်  ကျေနပ်စရာကောင်းတဲ့အကြောင်း ဇူလိုင်လ ၂၈ ရက်နေ့  ညနေက Revlon ပွဲကို တက်ရောက်ရင်း အင်တာဗျူးဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' နာတာကလေ ၁ ကနေ ၁၀ အထိရေတွက်ရင်တောင် ၂ လောက်အထိပဲ နာတယ်။ အရောင်ကျတာကလည်း ၆ ရက်မြောက်နေ့မှာ အရောင်ကျ သွားတယ်။ ချုပ်ရိုးဖြည်ပြီးတော့ ရန်ကုန် ပြန်လာနိုင်ပြီ။ ၈ ရက်နေ့မှာ နေခြည် ပွဲတစ်ပွဲစတက်တယ်။ အချိန်ပေးရတာနဲ့ တော်တော်လေး အဆင်ပြေပါတယ်။ လို့ သူကဆိုပါတယ်။

ဘဝမှာ တစ်ခါမှ ချောတယ်လို့ အပြောမခံခဲ့ရဖူးဘူးဆိုတဲ့ နေခြည်ဦး 

  N 4.JPG

နှာခေါင်းနဲ့ မျက်စိ ခွဲစိတ်မှုတွေ ပြုပြင်ပြီးတဲ့နောက်မျာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတဲ့ အကြောင်းကိုလည်း နေခြည်ဦးက ဆက်လက် ပြောပြခဲ့ပါသေးတယ်။ လှပတဲ့ နှာတံစင်းစင်းလေးနဲ့ သဘာဝကျတဲ့ မျက်ရစ်လေးတွေကြောင့် အရမ်းကို ကျေနပ်ခဲ့တယ်လို့ သူကပြောပါတယ်။

'' ယုံကြည်မှုရှိတာကတော့ နေခြည့် နှာခေါင်းပေါ့နော် အရင်တုန်းက နေခြည်က Filter တွေ အရမ်းထိုးတော့ နှာခေါင်းက ကြီးလာတယ်၊ နှာ ခေါင်း ထိပ်လေးတွေက လုံးလာတယ်။ အဲ့ဒါတွေ အကုန်လုံးကို သူက ပြန်ပြင်ပြီးတော့ ဆီလီကွန်ထည့်လိုက်တဲ့အချိန်မှာ နှာခေါင်းလေးက စင်း သွားပြီးတော့ အရမ်းကို ကျေနပ်သွားတယ်။ ပြီးတော့ မျက်ရစ်ကလည်း အရမ်းကို သဘာဝကျလို့ ယုံကြည်မှု ပိုရှိလာပါတယ်'' လို့ဆိုပါတယ်။

37353472-1775093515945244-6697945384364277760-n.jpg

Photo: Nay Chi Oo fb

 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်ခဲ့ရကြောင်း၊ ခွဲစိတ်ပြီးတဲ့နောက် တွေ့တဲ့ သူတိုင်းက ချောကြောင်း၊ လှကြောင်း ပြောကြတဲ့အတွက် အရမ်းကိုပီတိဖြစ်ရပါတယ်လို့ ဆိုပါတယ်။

 

[Zawgyi Version]

Beauty Blogger မေလး ေနျခည္ဦးက ေတာင္ကုိရီးယားႏုိင္ငံမွာ မၾကာေသးခင္က မ်က္စိနဲ႔ ႏွာေခါင္းခြဲစိတ္ျပဳျပင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူ႔ကုိ ေဝဖန္သူေတြကပါ လွေၾကာင္း၊ ေခ်ာေၾကာင္းေျပာလာၾကတဲ့အတြက္ အရမ္းေက်နပ္ ပါတယ္တဲ့။

မၾကာခင္က ေတာင္ကုိရီးယားႏုိင္ငံမွာႏွာေခါင္းနဲ႔ မ်က္စိ ခြဲစိတ္မႈေတြ ျပဳလုပ္လာခဲ့တဲ့ Beauty Blogger မေလး ေနျခည္ဦးကေတာ့ ပုိၿပီးေတာ့ ေတာင္လွလာပါေသးတယ္။သူ႔ကုိ ေဝဖန္ေျပာဆုိၾကသူေတြကလည္း  ပလပ္စတစ္ဆာဂ်ရီ လုပ္ၿပီး ဒီလုိ ေျပာင္းလဲလုိ႔ရတယ္ဆုိတာကုိ လက္ခံလာတဲ့အတြက္ ေက်နပ္တယ္လုိ႔ Duwun media ကေနေျပာ ျပခဲ့ပါတယ္။ 

'' ပလပ္စတစ္ ဆာဂ်ရီလုပ္တဲ့အေပၚ ေဝဖန္ၾကတဲ့ သူေတြအတြက္လည္း လုပ္ရက်ိဳးနပ္တယ္။ ဒီကိစၥကုိ ပြင့္ပြင့္လင္းလင္းႀကီးေျပာဖုိ႔ဆုိတာ ေနျခည့္ယူထားရတဲ့ Rate ေတြက အရမ္းမ်ားတယ္။ ပလပ္စတစ္ဆာဂ်ရီလုပ္ခ်င္တဲ့ သူေတြအတြက္ တကယ့္စိတ္ရင္း ေစတနာအရင္းနဲ႔ ေျပာျပမယ္ဆုိတဲ့ စိတ္နဲ႔ ေနျခည္လုပ္ခဲ့တယ္။ ျပန္ရတဲ့ Feed Back ကလည္း အရမ္းေကာင္းတယ္'' လုိ႔ ဆုိပါတယ္။

တစ္ပတ္အၾကာခြဲစိတ္မႈေတြ ျပဳလုပ္ခဲ့ရတဲ့ ေနျခည္ဦးက သူ႔ရဲ႕ အေတြ႔အႀကဳံေတြကုိလည္း မွ်ေဝခဲ့ပါေသးတယ္။ ဝန္ေဆာင္မႈကလည္း အရမ္း ေကာင္းသလုိ အခ်ိန္ေပးရက်ိဳးနပ္တဲ့ ဒီခြဲစိတ္မႈက သူ႔အတြက္  ေက်နပ္စရာေကာင္းတဲ့အေၾကာင္း ဇူလုိင္လ ၂၈ ရက္ေန႔  ညေနက Revlon ပြဲကို တက္ေရာက္ရင္း အင္တာဗ်ဴးေျဖဆုိခဲ့တာျဖစ္ပါတယ္။

'' နာတာကေလ ၁ ကေန ၁၀ အထိေရတြက္ရင္ေတာင္ ၂ ေလာက္အထိပဲ နာတယ္။ အေရာင္က်တာကလည္း ၆ ရက္ေျမာက္ေန႔မွာ အေရာင္က် သြားတယ္။ ခ်ဳပ္ရုိးျဖည္ၿပီးေတာ့ ရန္ကုန္ ျပန္လာႏုိင္ၿပီ။ ၈ ရက္ေန႔မွာ ေနျခည္ ပြဲတစ္ပြဲစတက္တယ္။ အခ်ိန္ေပးရတာနဲ႔ ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။ လုိ႔ သူကဆုိပါတယ္။

ဘဝမွာ တစ္ခါမွ ေခ်ာတယ္လုိ႔ အေျပာမခံခဲ့ရဖူးဘူးဆုိတဲ့ ေနျခည္ဦး 

  N 4.JPG

ႏွာေခါင္းနဲ႔ မ်က္စိ ခြဲစိတ္မႈေတြ ျပဳျပင္ၿပီးတဲ့ေနာက္မ်ာ ကုိယ့္ကိုယ္ကုိ ယုံၾကည္မႈ ပုိရွိလာတဲ့ အေၾကာင္းကုိလည္း ေနျခည္ဦးက ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ လွပတဲ့ ႏွာတံစင္းစင္းေလးနဲ႔ သဘာဝက်တဲ့ မ်က္ရစ္ေလးေတြေၾကာင့္ အရမ္းကုိ ေက်နပ္ခဲ့တယ္လုိ႔ သူကေျပာပါတယ္။

'' ယုံၾကည္မႈရွိတာကေတာ့ ေနျခည့္ ႏွာေခါင္းေပါ့ေနာ္ အရင္တုန္းက ေနျခည္က Filter ေတြ အရမ္းထုိးေတာ့ ႏွာေခါင္းက ႀကီးလာတယ္၊ ႏွာ ေခါင္း ထိပ္ေလးေတြက လုံးလာတယ္။ အဲ့ဒါေတြ အကုန္လုံးကုိ သူက ျပန္ျပင္ၿပီးေတာ့ ဆီလီကြန္ထည့္လုိက္တဲ့အခ်ိန္မွာ ႏွာေခါင္းေလးက စင္း သြားၿပီးေတာ့ အရမ္းကုိ ေက်နပ္သြားတယ္။ ၿပီးေတာ့ မ်က္ရစ္ကလည္း အရမ္းကုိ သဘာဝက်လုိ႔ ယုံၾကည္မႈ ပုိရွိလာပါတယ္'' လုိ႔ဆုိပါတယ္။

Photo: Nay Chi Oo fb

 

ေနျခည္ဦးဟာ ႏွာေခါင္းနဲ႔ မ်က္လုံး ခြဲစိတ္လုိက္တာေၾကာင့္ ကုိယ့္ကုိယ္ကို လွသြားတယ္ဆုိတာထက္ ကုိယ္လုပ္ခ်င္တာကုိ လုပ္ခြင့္ရလုိက္တဲ့ ဆႏၵေၾကာင့္ ပုိၿပီးေတာ့ ေပ်ာ္ရႊင္ခဲ့ရေၾကာင္း၊ ခြဲစိတ္ၿပီးတဲ့ေနာက္ ေတြ႔တဲ့ သူတုိင္းက ေခ်ာေၾကာင္း၊ လွေၾကာင္း ေျပာၾကတဲ့အတြက္ အရမ္းကုိပီတိျဖစ္ရပါတယ္လုိ႔ ဆုိပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs