• Cele Yatkwat
    နာမည်ကျော်အနုပညာရှင်တွေပါဝင်တဲ့ ပြန်ပေးရုပ်ရှင်ကားအကြောင်း
Sabal Thwin
[Unicode Version]

ခန့်စည်သူ၊ လူမင်း၊ ခိုင်သင်းကြည် နဲ့ မိုးဟေကို တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ပြန်ပေးရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ် လ ၃ ရက်နေ့ ကစပြီး ရန်ကုန်မှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

P 3.jpg 

နာမည်ကျော်အနုပညာရှင်များစွာပါဝင်တဲ့ ပြန်ပေး ရုပ်ရှင်ကားကြီး အထူးပြပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ သရုပ်ဆောင်လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်းကြည်နဲ့ မိုးဟေကို တို့က တက်ရောက်ခဲ့ကြပါတယ်။ မကြာခင် ရုံတင်တော့မယ့် ပြန်ပေး ဇာတ်ကားအပေါ် သူတို့ရဲ့ အမြင်ကိုလည်း မီဒီယာအင်တာဗျူးတွေမှာ ပြောပြခဲ့ပါသေးတယ်။

'' ဆရာကြီးသော်တာဆွေရဲ့ ဝတ္ထုမှာ ပလော့လေးတွေကအစ၊ ဇာတ်ကောင်လေးတွေကိုလည်း ဂျမောင်ဖုန်းတို့ ထုံးမောင်လှတို့ အစရှိတဲ့ နာ မည်လေးတွေပေးထားတာပေါ့။ ကာရိုက်တာနဲ့လိုက်ဖက်တဲ့ ပလော့လေးတွေအတိုင်းသွားတာပေါ့။ သူ့ရဲ့ ဝတ္ထုကိုက ကောင်းပြီးသားပါ'' လို့ လူမင်းက ပြောပါတယ်။

36527016_1670414636406213_4755608968062042112_n.jpg

Photo: ပြန်ပေး Page

 

ပြန်ပေးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ထုံးမောင်လှ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာကတော့ ခန့်စည်သူဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြား ချက် က ကတုံးကို တစ်ဝက်ပြောင်အောင်ရိတ်ထားပြီး အရှေ့ဆံပင်တွေကို အရှည်ထားကာ ကျစ်ဆံမြီးကျစ်ထားတဲ့ ဆံပင်စတိုင်လ် လေးအကြောင်းကိုလည်း သူကပြောပြခဲ့ပါတယ်။

'' ဇာတ်ကောင်ရဲ့ ဆံပင်ပုံစံကလည်း ကျစ်ဆံမြီးဖြစ်အောင် ဆံပင်ကို ဆက်ထားရတာပေါ့နော်။ တောက်လျှောက်ဆံပင်ဆက်ထားရတာဖြစ် တဲ့အတွက် သံကွင်းနဲ့ စွပ်ပြီးတော့ ကျစ်လိုက်ရတာဆိုတော့ ၁၅ ရက်လောက်က တော်တော်ဒုက္ခရောက်တယ်။ ဆံပင်ကို စောင့်ဆွဲထားသလို ဖြစ်နေတာပေါ့'' လို့ အကယ်ဒမီ ခန့်စည်သူကပြောပါတယ်။

36561584_1670414936406183_1121932435097911296_n.jpg

Photo: ပြန်ပေး Page

ဆင်းရဲနွမ်းပါးကလေးတွေကိုပညာရေးထောက်ပံ့ငွေပေးလှူခဲ့တဲ့ခန့်စည်သူ 

ကပ်စေးနဲပြီး နှပ်ချေး မိမိ အဖြစ်သရုပ်ဆောင်ထားတဲ့ ခိုင်သင်းကြည်ကတော့ ဒီဇာတ်ကားလေးအပေါ် သဘောကျ ကြိုက်နှစ်သက်ပြီး ဇာတ်ဝင်ခန်းရဲ့ ဒိုင်ယာလော့ လေးတွေက ခေတ်မနောက်ကျတဲ့အတွက် စိတ်ကျေနပ်မှုအပြည့်အဝ ရတယ်လို့ ဆိုပါတယ်။

'' ဒီဇာတ်ကားကတော့ ရိုက်ထားတာကြာပြီ။နယ်ကားလည်း ဖြစ်နေတဲ့အခါကျတော့ မခိုင်တို့ အဝတ်အစားပိုင်းတွေကတော့ ဘာမှ ခေတ်နောက်ကျ ကျန်ခဲ့တာတို့တော့ မရှိပါဘူး။ ကိုဇော်(အရုဏ်ဦး) ကလည်း အခုခေတ်ဖြစ်နေတဲ့ ပလော့တွေကို ကြိုမြင်ပြီး ရိုက်ထားတဲ့ အတွက် ကွက်တိဖြစ်နေတယ်ပေါ့နော်'' လို့ ခိုင်သင်းကြည်က ပြောပါတယ်။

36627610_1670409296406747_538859700901380096_n.jpg

Photo: ပြန်ပေး Page

 

ပြန်ပေးရုပ်ရှင်ဇာတ်ကားကို မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ရန်အောင်၊ လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်းကြည်နဲ့ မိုးဟေကို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကြီးကို သြဂုတ်လ ၃ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

[Zawgyi Version]

ခန္႔စည္သူ၊ လူမင္း၊ ခုိင္သင္းၾကည္ နဲ႔ မုိးေဟကုိ တုိ႔ အဓိက ပါဝင္သရုပ္ေဆာင္ထားတဲ့ ျပန္ေပးရုပ္ရွင္ဇာတ္ကားႀကီးကုိ ၾသဂုတ္ လ ၃ ရက္ေန႔ ကစၿပီး ရန္ကုန္မွာရွိတဲ့ ရုပ္ရွင္ရုံေတြမွာ စတင္ျပသသြားမွာျဖစ္ပါတယ္။

နာမည္ေက်ာ္အႏုပညာရွင္မ်ားစြာပါဝင္တဲ့ ျပန္ေပး ရုပ္ရွင္ကားႀကီး အထူးျပပြဲကုိ ဇူလုိင္လ ၂၉ ရက္ေန႔ မနက္ပုိင္းက သမၼတရုပ္ရွင္ရုံမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီပြဲကုိေတာ့ သရုပ္ေဆာင္လူမင္း၊ ခန္႔စည္သူ၊ ခုိင္သင္းၾကည္နဲ႔ မုိးေဟကုိ တုိ႔က တက္ေရာက္ခဲ့ၾကပါတယ္။ မၾကာခင္ ရုံတင္ေတာ့မယ့္ ျပန္ေပး ဇာတ္ကားအေပၚ သူတုိ႔ရဲ႕ အျမင္ကုိလည္း မီဒီယာအင္တာဗ်ဴးေတြမွာ ေျပာျပခဲ့ပါေသးတယ္။

'' ဆရာႀကီးေသာ္တာေဆြရဲ႕ ဝတၳဳမွာ ပေလာ့ေလးေတြကအစ၊ ဇာတ္ေကာင္ေလးေတြကုိလည္း ဂ်ေမာင္ဖုန္းတုိ႔ ထုံးေမာင္လွတုိ႔ အစရွိတဲ့ နာ မည္ေလးေတြေပးထားတာေပါ့။ ကာရုိက္တာနဲ႔လုိက္ဖက္တဲ့ ပေလာ့ေလးေတြအတုိင္းသြားတာေပါ့။ သူ႔ရဲ႕ ဝတၳဳကုိက ေကာင္းၿပီးသားပါ'' လုိ႔ လူမင္းက ေျပာပါတယ္။

Photo: ျပန္ေပး Page

 

ျပန္ေပးရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ထုံးေမာင္လွ ကာရုိက္တာနဲ႔ ပါဝင္သရုပ္ေဆာင္ထားတာကေတာ့ ခန္႔စည္သူျဖစ္ပါတယ္။ သူ႔ရဲ႕ ထူးျခား ခ်က္ က ကတုံးကုိ တစ္ဝက္ေျပာင္ေအာင္ရိတ္ထားၿပီး အေရွ႕ဆံပင္ေတြကုိ အရွည္ထားကာ က်စ္ဆံျမီးက်စ္ထားတဲ့ ဆံပင္စတုိင္လ္ ေလးအေၾကာင္းကုိလည္း သူကေျပာျပခဲ့ပါတယ္။

'' ဇာတ္ေကာင္ရဲ႕ ဆံပင္ပုံစံကလည္း က်စ္ဆံျမီးျဖစ္ေအာင္ ဆံပင္ကုိ ဆက္ထားရတာေပါ့ေနာ္။ ေတာက္ေလွ်ာက္ဆံပင္ဆက္ထားရတာျဖစ္ တဲ့အတြက္ သံကြင္းနဲ႔ စြပ္ၿပီးေတာ့ က်စ္လုိက္ရတာဆုိေတာ့ ၁၅ ရက္ေလာက္က ေတာ္ေတာ္ဒုကၡေရာက္တယ္။ ဆံပင္ကုိ ေစာင့္ဆြဲထားသလုိ ျဖစ္ေနတာေပါ့'' လုိ႔ အကယ္ဒမီ ခန္႔စည္သူကေျပာပါတယ္။

Photo: ျပန္ေပး Page

ဆင္းရဲႏြမ္းပါးကေလးေတြကုိပညာေရးေထာက္ပ့ံေငြေပးလွဴခဲ့တဲ့ခန္႔စည္သူ 

ကပ္ေစးနဲၿပီး ႏွပ္ေခ်း မိမိ အျဖစ္သရုပ္ေဆာင္ထားတဲ့ ခုိင္သင္းၾကည္ကေတာ့ ဒီဇာတ္ကားေလးအေပၚ သေဘာက် ႀကိဳက္ႏွစ္သက္ၿပီး ဇာတ္ဝင္ခန္းရဲ႕ ဒုိင္ယာေလာ့ ေလးေတြက ေခတ္မေနာက္က်တဲ့အတြက္ စိတ္ေက်နပ္မႈအျပည့္အဝ ရတယ္လုိ႔ ဆုိပါတယ္။

'' ဒီဇာတ္ကားကေတာ့ ရုိက္ထားတာၾကာၿပီ။နယ္ကားလည္း ျဖစ္ေနတဲ့အခါက်ေတာ့ မခုိင္တုိ႔ အဝတ္အစားပုိင္းေတြကေတာ့ ဘာမွ ေခတ္ေနာက္က် က်န္ခဲ့တာတုိ႔ေတာ့ မရွိပါဘူး။ ကုိေဇာ္(အရုဏ္ဦး) ကလည္း အခုေခတ္ျဖစ္ေနတဲ့ ပေလာ့ေတြကုိ ႀကိဳျမင္ၿပီး ရုိက္ထားတဲ့ အတြက္ ကြက္တိျဖစ္ေနတယ္ေပါ့ေနာ္'' လုိ႔ ခုိင္သင္းၾကည္က ေျပာပါတယ္။

Photo: ျပန္ေပး Page

 

ျပန္ေပးရုပ္ရွင္ဇာတ္ကားကုိ မ်က္ျခယ္ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီး ဒါရုိက္တာကိုေဇာ္(အရုဏ္ဦး)က ရုိက္ကူးထားတာျဖစ္ပါတယ္။ ဇာတ္ကားထဲမွာ ရန္ေအာင္၊ လူမင္း၊ ခန္႔စည္သူ၊ ခုိင္သင္းၾကည္နဲ႔ မုိးေဟကုိ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားႀကီးကုိ ၾသဂုတ္လ ၃ ရက္ေန႔က စၿပီး ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမယ္လို႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs