• Cele Yatkwat
    အလုပ်လုပ်လာတဲ့အတွေ့အကြုံက ရင့်ကျက်စေခဲ့တယ်ဆိုတဲ့ ဝါဆိုမိုးဦး
Sabal Thwin
[Unicode Version]

ငယ်ငယ်လေးကတည်းက လူကြီးလို နေတတ်တဲ့ ဝါဆိုက အသက် ၂၄ နှစ်အတွင်းမှာ အလုပ်ကနေ ရရှိလာတဲ့ ရင့်ကျက်မှု တွေကြောင့် အပျော်အပါးတွေလည်း မမက်တော့ဘူးလို့ပြောပါတယ်။ ဝါဆိုနဲ့ တွေ့မှ ပြင်သင့်တာတွေ ပြင်လာတယ် ဆိုတဲ့ ဖြိုးလေး ကလည်း အမှတ်တရ ပြောပြလာပါတယ်။

37892052_1884237324997539_9198403948854116352_n.jpg 

သရုပ်ဆောင်ဝါဆိုမိုးဦးက ဇူလိုင်လ ၂၇ ရက်နေ့က ကျရောက်တဲ့ သူ့ရဲ့ အသက် ၂၄ နှစ်ပြည့်မွေးနေ့ကို ဟယ်ပင် ကလေးဆေးရုံ ကြီးမှာ အလှူ ပြုလုပ်ခဲ့ပါတယ်။ ဝါဆိုမိုးဦးဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်လာတာဖြစ်တဲ့အတွက် သက်တမ်း ကြာလာတာနဲ့ အမျှ ပိုပြီးတော့ ရင့်ကျက်လာတဲ့အကြောင်း Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ဝါဆိုက ငယ်ငယ်လေးကတည်းက အလုပ်လုပ်လာတာဆိုတော့ အလုပ်လုပ်တဲ့ အတွေ့အကြုံတွေက ဝါဆို့အတွက် ရင့်ကျက်စေတယ်လို့ ထင်တယ်။ အရင်တုန်းကတည်းကလည်း ကလေးလိုမနေဘူး လူကြီးလိုနေတာများတယ်။ ဒါပေမယ့် ကိုယ်လိုချင်တာရှိလို့ ပူဆာရင်တော့ ဆိုးသင့်သလောက်တော့ ဆိုးပါတယ်'' လို့ သူကဆိုပါတယ်။

37952732_1884237311664207_2570284489225797632_n.jpg 

ငယ်ငယ်ကတည်းက စိတ်ဆိုးစိတ်ကောက်တတ်တဲ့ အကျင့်ကတော့ မပျောက်သေးဘူးလို့လည်း ဝါဆိုမိုးဦးက ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ်မှာ ရင့်ကျက်မှုတွေပိုရှိလာတဲ့ သူ့အနေနဲ့ အပျော်အပါးဆိုတာထက် အလှူအတန်းတွေ လုပ်ရတာပို နှစ်သက်တဲ့အကြောင်းကို ဇူလိုင်လ ၂၇ ရက်နေ့က မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' အခုချိန်ထိ စိတ်ကောက်တာတော့ မလျော့ဘူး။ အခုနောက်ပိုင်းမှာလည်း အပျော်အပါးတွေ သိပ်ပြီးတော့ မမက်မောတော့ပါဘူး။ ကိုယ့်အလုပ်တွေပဲ ကိုယ်အေးအေးဆေးဆေးလုပ်မယ်။ မိသားစုနဲ့ပျော်မယ်၊ အလှူအတန်းတွေ လုပ်ရင်းနဲ့ ဝါဆို ပျော်ပျော်နေမယ်။ ဒါလေး တစ်ခုကတော့ ဝါဆို လုပ်ဖြစ်နေတာလေးပေါ့'' လို့ပြောပါတယ်။

အချစ်ရေး ပြန်အဆင်ပြေသွားကြပြီဆိုတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး 

ချစ်သူ သက်တမ်း ၂ နှစ်ကျော်လာပြီဖြစ်တဲ့ အဆိုတော်ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲကတော့ တကယ်ကို ပရိသတ်အားကျစရာ စုံတွဲဖြစ် ခဲ့ပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဒီစုံတွဲမှာလည်း ဝါဆို စိတ်ကောက်တိုင်း မချော့တတ် ချော့တတ်နဲ့ ချော့ခဲ့ရတဲ့ ဖြိုးလေးကလည်း အမှတ်တရအကြောင်းတွေ ပြောပြခဲ့ပါတယ်။

'' သိပ်ပြီးမချော့တတ်ဘူး၊ သည်းမခံတတ်ဘူးပေါ့နော် ဒါပေမယ့် သူ့ကိုတော့ သည်းခံတယ်၊ ချော့တယ် ဆိုတာကို သူက မယုံဘူး။ စိတ်ကောက် ရင်လည်းချော့၊ အကုန်လုံးနီးပါးပေါ့နော် ကျွန်တော်လည်း သူနဲ့တွေ့မှ ပြင်တဲ့ဟာလေးတွေ ပြင်လိုက်တယ်။ အဲ့ဒါတွေကိုလည်း သူသိအောင် ပြောပြဖြစ်တယ်'' လို့ ဆိုပါတယ်။

37860006_1884237144997557_6635241717995929600_n.jpg 

Rap အဆိုတော် Snare အဖွဲ့ဝင် ဖြိုးလေးနဲ့ သရုပ်ဆောင်ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးက အမှတ်တရနေ့ရက်တိုင်းမှာ တစ်ယောက်နဲ့ တစ် ယောက် Suprise လုပ်ရင်းဖြတ်သန်းလေ့ရှိပါတယ်။ အရမ်းချစ်ကြတဲ့  အနုပညာရှင်စုံတွဲဖြစ်တာကြောင့်လည်း သူတို့ နှစ်ဦးစလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံထားရတာဖြစ်ပါတယ်။

 

[Zawgyi Version]

ငယ္ငယ္ေလးကတည္းက လူႀကီးလုိ ေနတတ္တဲ့ ဝါဆုိက အသက္ ၂၄ ႏွစ္အတြင္းမွာ အလုပ္ကေန ရရွိလာတဲ့ ရင့္က်က္မႈ ေတြေၾကာင့္ အေပ်ာ္အပါးေတြလည္း မမက္ေတာ့ဘူးလုိ႔ေျပာပါတယ္။ ဝါဆုိနဲ႔ ေတြ႔မွ ျပင္သင့္တာေတြ ျပင္လာတယ္ ဆုိတဲ့ ၿဖဳိးေလး ကလည္း အမွတ္တရ ေျပာျပလာပါတယ္။

သရုပ္ေဆာင္ဝါဆုိမုိးဦးက ဇူလုိင္လ ၂၇ ရက္ေန႔က က်ေရာက္တဲ့ သူ႔ရဲ႕ အသက္ ၂၄ ႏွစ္ျပည့္ေမြးေန႔ကုိ ဟယ္ပင္ ကေလးေဆးရုံ ႀကီးမွာ အလွဴ ျပဳလုပ္ခဲ့ပါတယ္။ ဝါဆုိမုိးဦးဟာ ငယ္ငယ္ေလးကတည္းက အႏုပညာအလုပ္ေတြ ေဆာင္ရြက္လာတာျဖစ္တဲ့အတြက္ သက္တမ္း ၾကာလာတာနဲ႔ အမွ် ပုိၿပီးေတာ့ ရင့္က်က္လာတဲ့အေၾကာင္း Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' ဝါဆုိက ငယ္ငယ္ေလးကတည္းက အလုပ္လုပ္လာတာဆုိေတာ့ အလုပ္လုပ္တဲ့ အေတြ႔အႀကဳံေတြက ဝါဆုိ႔အတြက္ ရင့္က်က္ေစတယ္လုိ႔ ထင္တယ္။ အရင္တုန္းကတည္းကလည္း ကေလးလုိမေနဘူး လူႀကီးလုိေနတာမ်ားတယ္။ ဒါေပမယ့္ ကုိယ္လုိခ်င္တာရွိလုိ႔ ပူဆာရင္ေတာ့ ဆုိးသင့္သေလာက္ေတာ့ ဆိုးပါတယ္'' လို႔ သူကဆုိပါတယ္။

ငယ္ငယ္ကတည္းက စိတ္ဆုိးစိတ္ေကာက္တတ္တဲ့ အက်င့္ကေတာ့ မေပ်ာက္ေသးဘူးလုိ႔လည္း ဝါဆုိမုိးဦးက ေျပာပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္မွာ ရင့္က်က္မႈေတြပုိရွိလာတဲ့ သူ႔အေနနဲ႔ အေပ်ာ္အပါးဆုိတာထက္ အလွဴအတန္းေတြ လုပ္ရတာပုိ ႏွစ္သက္တဲ့အေၾကာင္းကုိ ဇူလုိင္လ ၂၇ ရက္ေန႔က ေမြးေန႔အလွဴမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

'' အခုခ်ိန္ထိ စိတ္ေကာက္တာေတာ့ မေလ်ာ့ဘူး။ အခုေနာက္ပုိင္းမွာလည္း အေပ်ာ္အပါးေတြ သိပ္ၿပီးေတာ့ မမက္ေမာေတာ့ပါဘူး။ ကုိယ့္အလုပ္ေတြပဲ ကုိယ္ေအးေအးေဆးေဆးလုပ္မယ္။ မိသားစုနဲ႔ေပ်ာ္မယ္၊ အလွဴအတန္းေတြ လုပ္ရင္းနဲ႔ ဝါဆုိ ေပ်ာ္ေပ်ာ္ေနမယ္။ ဒါေလး တစ္ခုကေတာ့ ဝါဆုိ လုပ္ျဖစ္ေနတာေလးေပါ့'' လုိ႔ေျပာပါတယ္။

အခ်စ္ေရး ျပန္အဆင္ေျပသြားၾကၿပီဆုိတဲ့ ၿဖဳိးေလးနဲ႔ ဝါဆုိမုိးဦး 

ခ်စ္သူ သက္တမ္း ၂ ႏွစ္ေက်ာ္လာၿပီျဖစ္တဲ့ အဆုိေတာ္ၿဖဳိးေလးနဲ႔ ဝါဆုိမုိးဦးတုိ႔ စုံတြဲကေတာ့ တကယ္ကုိ ပရိသတ္အားက်စရာ စုံတြဲျဖစ္ ခဲ့ပါတယ္။ ရန္ျဖစ္လုိက္ ျပန္ခ်စ္လုိက္ ဒီစုံတြဲမွာလည္း ဝါဆုိ စိတ္ေကာက္တုိင္း မေခ်ာ့တတ္ ေခ်ာ့တတ္နဲ႔ ေခ်ာ့ခဲ့ရတဲ့ ၿဖဳိးေလးကလည္း အမွတ္တရအေၾကာင္းေတြ ေျပာျပခဲ့ပါတယ္။

'' သိပ္ၿပီးမေခ်ာ့တတ္ဘူး၊ သည္းမခံတတ္ဘူးေပါ့ေနာ္ ဒါေပမယ့္ သူ႔ကုိေတာ့ သည္းခံတယ္၊ ေခ်ာ့တယ္ ဆုိတာကုိ သူက မယုံဘူး။ စိတ္ေကာက္ ရင္လည္းေခ်ာ့၊ အကုန္လုံးနီးပါးေပါ့ေနာ္ ကၽြန္ေတာ္လည္း သူနဲ႔ေတြ႔မွ ျပင္တဲ့ဟာေလးေတြ ျပင္လုိက္တယ္။ အဲ့ဒါေတြကုိလည္း သူသိေအာင္ ေျပာျပျဖစ္တယ္'' လုိ႔ ဆိုပါတယ္။

Rap အဆုိေတာ္ Snare အဖြဲ႕ဝင္ ၿဖဳိးေလးနဲ႔ သရုပ္ေဆာင္ဝါဆုိမုိးဦးတုိ႔ ခ်စ္သူႏွစ္ဦးက အမွတ္တရေန႔ရက္တုိင္းမွာ တစ္ေယာက္နဲ႔ တစ္ ေယာက္ Suprise လုပ္ရင္းျဖတ္သန္းေလ့ရွိပါတယ္။ အရမ္းခ်စ္ၾကတဲ့  အႏုပညာရွင္စုံတြဲျဖစ္တာေၾကာင့္လည္း သူတုိ႔ ႏွစ္ဦးစလုံးမွာရွိတဲ့ ပရိသတ္ေတြရဲ႕ အားက်ျခင္းကုိလည္း ခံထားရတာျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs