• Cele Yatkwat
    ကျန်းမာရေးသိပ်မကောင်းဘူးလို့ ပြောလာတဲ့ အစ္စဏီ
Ei Ei Mar
[Unicode Version]

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော်အစ္စဏီကို ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ တာမွေတရားရုံးတွင် ၁၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ နေမကောင်းတဲ့ ပုံစံဖြစ်နေတဲ့ အစ္စဏီဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပရိသတ်ကို သူပြောချင်တဲ့ စကားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

d2.jpg 

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ စွပ်စွဲ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီဟာ ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ၁၁ ကြိမ်မြောက် ရုံးချိန်းကို တက်ရောက်ခဲ့ရပါတယ်။  အချုပ်ကားထဲက လက်ထိတ်တန်းလန်းနဲ့ ကားပေါ်ကဆင်းကတည်းက မျက်လုံးကို စုံမှိတ်ထားတဲ့ အစ္စဏီရဲ့ နားထင်မှာလည်း ခေါင်းကပ်ပလာစတာ ကပ်ထားပါတယ်။

သူ ကျန်းမာရေးမကောင်းကြောင်း၊ ခေါင်းမူးခေါင်းကိုက်လောက်ဖြစ်တာဖြစ်ကြောင်း သတင်းမေးမြန်းလာတဲ့ Duwun Media ကို အစ္စဏီက ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကို သတိရတယ်၊ အပြင်က သတင်းတွေကိုလည်း ပြန်ကြားရပါတယ်လို့ အစ္စဏီက ပြောပြခဲ့ပါတယ်။ အနည်းငယ် ပိန်သွယ်သွားပြီး နုံးချိချိဖြစ်နေတဲ့ အစ္စဏီက ပရိသတ်တွေအားပေးမှုကြောင့် ဒီလောက်အထိ ခံနိုင်ရည်ရှိတာလို့လည်း  ဆိုပါတယ်။

d3.jpg 

ရုံးပြောင်းစစ်ဆေးဖို့  လျှောက်ထားတဲ့ တရားလို စူးရှထက်က ဒီနေ့ ရုံးချိန်းကို တက်ရောက်လာခြင်းမရှိပါဘူး။ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားမှုကို လက်ခံမခံကို  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ သြဂုတ်လ ၃ ရက်နေ့ကျရင် အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်

[Zawgyi Version]

ရည္းစားေဟာင္းကို အဓမၼက်င့္ႏွိပ္စက္မႈနဲ႔ တရားစြဲဆုိခဲ့ထားရတဲ့ အဆုိေတာ္အစၥဏီကို ဒီေန႔ ဇူလိုင္လ ၃၀ ရက္ေန႔မွာ တာေမြတရား႐ံုးတြင္ ၁၁ ႀကိမ္ေျမာက္ ႐ံုးထုတ္စစ္ေဆးခဲ့ပါတယ္။ ေနမေကာင္းတဲ့ ပံုစံျဖစ္ေနတဲ့ အစၥဏီဟာ သူ႔ရဲ႕က်န္းမာေရးအေျခအေနနဲ႔ ပရိသတ္ကို သူေျပာခ်င္တဲ့ စကားေတြကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ရည္းစားေဟာင္းကို အဓမၼက်င့္ႏွိပ္စက္မႈနဲ႔ စြပ္စြဲ တရားစြဲဆုိခံထားရတဲ့ အဆုိေတာ္ အစၥဏီဟာ ဒီေန႔ ဇူလုိင္လ ၃၀ ရက္ေန႔မွာ ၁၁ ႀကိမ္ေျမာက္ ႐ံုးခ်ိန္းကို တက္ေရာက္ခဲ့ရပါတယ္။  အခ်ဳပ္ကားထဲက လက္ထိတ္တန္းလန္းနဲ႔ ကားေပၚကဆင္းကတည္းက မ်က္လံုးကို စံုမွိတ္ထားတဲ့ အစၥဏီရဲ႕ နားထင္မွာလည္း ေခါင္းကပ္ပလာစတာ ကပ္ထားပါတယ္။

သူ က်န္းမာေရးမေကာင္းေၾကာင္း၊ ေခါင္းမူးေခါင္းကိုက္ေလာက္ျဖစ္တာျဖစ္ေၾကာင္း သတင္းေမးျမန္းလာတဲ့ Duwun Media ကို အစၥဏီက ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြကို သတိရတယ္၊ အျပင္က သတင္းေတြကိုလည္း ျပန္ၾကားရပါတယ္လို႔ အစၥဏီက ေျပာျပခဲ့ပါတယ္။ အနည္းငယ္ ပိန္သြယ္သြားၿပီး ႏံုးခ်ိခ်ိျဖစ္ေနတဲ့ အစၥဏီက ပရိသတ္ေတြအားေပးမႈေၾကာင့္ ဒီေလာက္အထိ ခံႏိုင္ရည္ရွိတာလို႔လည္း  ဆိုပါတယ္။

႐ံုးေျပာင္းစစ္ေဆးဖို႔  ေလွ်ာက္ထားတဲ့ တရားလို စူးရွထက္က ဒီေန႔ ႐ံုးခ်ိန္းကို တက္ေရာက္လာျခင္းမရွိပါဘူး။ ႐ံုးေျပာင္းစစ္ေဆးဖုိ႔ ေလွ်ာက္ထားမႈကို လက္ခံမခံကို  ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးမွာ ၾသဂုတ္လ ၃ ရက္ေန႔က်ရင္ အမိန္႔ခ်မွတ္မယ္လို႔ သိရပါတယ္။

ဧၿပီလ ၁၂ ရက္ေန႔က အဆို္ေတာ္အစၥဏီက ရည္းစားေဟာင္း ေမာ္ဒယ္အမ်ိဳးသမီးကုိ အလုိမတူဘဲ အဓမၼျပဳက်င့္ခဲ့တဲ့အျပင္ ကုိယ္လက္ အဂါၤေတြကိုလည္း နာက်င္ေအာင္ ရိုက္ႏွက္ခဲ့တာေတြ ျပဳလုပ္ခဲ့လို႔ ေမာ္ဒယ္စူးရွထက္က အမႈဖြင့္ တုိင္ၾကားထားေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

 

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အဆိုေတာ္အစၥဏီကုိ တာေမြၿမိဳ႕မရဲစခန္းကေန (ပ) ၃၆၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမႈ၊ တံုးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ၊ ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈတိုနဲ႔ အမႈဖြင့္အေရးယူခဲ့ၿပီး ေမလ ၁၀ ရက္ေန႔မွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs