• Cele Yatkwat
    အတွဲတွေ မြင်တော့လည်း အားကျတာပေ့ါလို့ ဆိုလာတဲ့ နွေးနွေးချစ်ဖွယ်
Ei Ei Myat
[Unicode Version]

တစ်ခါတစ်လေ သူများအတွဲတွေကို မြင်ပြီး အားကျမိတာတွေ ရှိတယ်တဲ့။ ဒါပေမယ့်လည်း တစ်ယောက်တည်းနေတဲ့ အားသာ ချက် ကတော့ တဖြည်းဖြည်းနဲ့ Strong ဖြစ်လာတယ်လို့ ဆိုပါတယ်။

37564213_1117180348439258_2625805552936026112_n.jpg

Photo : နွေးနွေးချစ်ဖွယ် FB

 

လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ယောက်တည်းဖြစ်နေတဲ့ နွေးနွေးချစ်ဖွယ်က အတွဲတွေ မြင်တော့လည်း အားကျမိတာပေါ့တဲ့။ ဒါပေမယ့် တစ်ယောက်တည်း နေတဲ့ အားသာချက်ကတော့တဖြည်းဖြည်းနဲ့ Strong ဖြစ်လာတယ်လို့ သူမက ဆိုပါတယ်။

"တစ်ယောက်တည်းဖြစ်တော့ပိုပြီး စိတ်ချမ်းသာတယ်လို့ ထင်တယ်။ တစ်ခါတစ်လေ သူများအတွဲတွေ မြင်ပြီးတော့လည်း အားကျတော့ပေါ။ တစ်ယောက်တည်းနေတဲ့ အားသာချက်ကတော့ တဖြည်းဖြည်းနဲ့ Strong ဖြစ်လာ တယ်။ ငယ်ငယ်က အားငယ်တဲ့စိတ်တွေက အချိန်ကြာ လာတာနဲ့ အမျှ အားတွေဖြစ်လာတယ်။ကာင်လေးတွေကို မြင်တဲ့အမြင်ကတော့ ချောတယ် ချစ်စရာကောင်းတယ်လေ Six Pack နဲ့ကိတ်ခြောက် လေးတွေရော မကိတ်မခြောက်တွေရော မိုက်တယ်လေ" ဆိုုပြီး  ဇူလိုင်လ ၁၄ ရက်နေ့ညက Cele Club ဆိုင်သစ်ဖွင့်ပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

36784790_1741716842583024_5396141952292880384_n.jpg

Photo : နွေးနွေးချစ်ဖွယ် FB

 

မိသားစုအတွက် စိတ်ညစ်စရာတွေ ရှိနေတတ်ပေမယ့် ပျော်ပျော်ပဲ နေတတ်တဲ့ သူမဟာ စိတ်ညစ်စရာတွေကို  လိုက်ခံစားနေရင် ကိုယ့်ရဲ့ တက်လမ်းတွေရော ပျော်ရွှင်စရာအချိန်တွေအတွက် နှမြောစရာ ကောင်းတယ်လို့ ဆိုပါတယ်။

'' နွေးက ပျော်ပျော်ပဲနေတယ်၊ မိသားစုတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ညစ်စရာလေးတွေက ရှိနေတယ်။ ခေါင်းထဲမှာ ကြာကြာ သိပ်မထားဘူး။ အမြဲတမ်းပျော်နေတယ်၊ ပြုံးနေတယ်။ ဒီစိတ်ညစ်စရာကြီးကို လိုက်ပြီးခံစားပြီးနေရင် ကိုယ့်ရဲ့ တက်လမ်းတွေရော၊ ကိုယ့်ရဲ့ အချိန်တွေရော၊ နှမြောစရာကောင်းတယ်။ဒါပေမယ့် အခုတော့ ပြန်အဆင်ပြေသွားပြီ ဖေဖေ နဲ့လည်း ပြန်ခေါ်သွားပြီ''လို့ ဆိုပါတယ်။

29511128-1028261230664504-6358239368386629751-n.jpg

Photo : နွေးနွေးချစ်ဖွယ် FB

၄ လသမီးကတည်းက ဖခင်နဲ့ အတူတူမနေခဲ့ရဘူးဆိုတဲ့ နွေးနွေးချစ်ဖွယ် 

နွေးနွေးချစ်ဖွယ်ဟာ လူရွှင်တော်၊ ဟာသသရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ဖခင်မေတ္တာကို လိုအပ်လာ ခဲ့သူ တစ်ယောက်အနေနဲ့ သူ့ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။ မိသားစုအတူတူမနေရပေမယ့် ပျော်ရွှင်နေနေရကြောင်းကို ဇူလိုင်လ ၁၄ ရက်နေ့ညက Cele Club ဆိုင်သစ်ဖွင့်ပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ဖေဖေ နဲ့ကတော့ နွေး ငယ်ငယ်လေးကတည်းက အဖေနဲ့ အမေနဲ့က ကွဲနေတာလေ။ နွေး ၄ လသမီးလောက်မှာ ကွဲကြတယ် ဒါကလည်း နွေးရဲ့ ဘဝပေးကုသိုလ်ကံပေါ့။ လောလောဆယ်တော့ နွေးက အမေနဲ့ အတူနေတာပါ။  မေမေကလည်း နွေးကို စိတ်ချမ်းသာ အောင် ထားတယ်။ တစ်ခုကတော့ မိသားစု စုံစုံညီညီမနေရတာလေး တစ်ခုပါပဲ'' လို့ ဆိုပါတယ်။

30222152-1037265216430772-2582198128599328599-n.jpg

Photo : နွေးနွေးချစ်ဖွယ် FB

 

ဖခင်ဖြစ်သူကလည်း အနုပညာသမားတစ်ယောက်ဖြစ်သလို နွေးနွေးချစ်ဖွယ်ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာ အလုပ်တွေ လုပ်တဲ့အခါ အတူတူ လက်တွဲအလုပ်လုပ်ဖြစ်တယ်လို့ပြောပါတယ်။ ဒါတွေကလည်း သူ့အတွက် အမှတ်တရတွေဖြစ်ခဲ့တယ် ဆိုတာကို ပြောပြခဲ့ပါတယ်။

'' အဖေနဲ့ ပထမဦးဆုံးအတူတူလုပ်ဖြစ်တဲ့ အရာကတော့ သီချင်းတွေ သွားဆိုဖြစ်တယ်။ နယ်တွေ ခရီးထွက်ဖြစ်ကြတယ်။ သင်္ကြန်တစ်နှစ်မှ အတူတူ မကျဖူးတဲ့ နှစ်ယောက်က ဒီနှစ်သင်္ကြန်မှာ သီချင်းတွေ အတူတူဆိုဖြစ်တယ်။ အကယ်ဒမီပွဲလည်း အတူတူ တက်ဖြစ်တယ်။ ကိုယ်ကတော့ တစ်ခါမှ မတက်ဖြစ်ပါဘူး။ အဖေနဲ့အတူတူဆုံတိုင်းက အမှတ်တရတွေချည်းပါပဲ''လို့ နွေးနွေးချစ်ဖွယ်က ပြောပါတယ်။

36315723-1093055734185053-5378618434185592832-n.jpg

Photo : နွေးနွေးချစ်ဖွယ် FB

 

မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်သူ အဆိုတော် နွေးနွေးချစ်ဖွယ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါ တယ်။ နွေးနွေးချစ်ဖွယ်ဟာ အဆိုတော်ယုန်လေးနဲ့ အတူတွဲဆိုခဲ့တဲ့ '' မင်းရဲ့ စိတ်နဲ့'' ဆိုတဲ့ သီချင်းနဲ့လည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါ သေးတယ်။

[Zawgyi Version]

တစ္ခါတစ္ေလ သူမ်ားအတြဲေတြကို ျမင္ၿပီး အားက်မိတာေတြ ရွိတယ္တဲ့။ ဒါေပမယ့္လည္း တစ္ေယာက္တည္းေနတဲ့ အားသာ ခ်က္ ကေတာ့ တျဖည္းျဖည္းနဲ႕ Strong ျဖစ္လာတယ္လို႕ ဆုိပါတယ္။

Photo : ေႏြးေႏြးခ်စ္ဖြယ္ FB

 

လက္ရွိအခ်စ္ေရးနဲ႕ ပတ္သက္ၿပီး တစ္ေယာက္တည္းျဖစ္ေနတဲ့ ေႏြးေႏြးခ်စ္ဖြယ္က အတြဲေတြ ျမင္ေတာ့လည္း အားက်မိတာေပါ့တဲ့။ ဒါေပမယ့္ တစ္ေယာက္တည္း ေနတဲ့ အားသာခ်က္ကေတာ့တျဖည္းျဖည္းနဲ႕ Strong ျဖစ္လာတယ္လို႕ သူမက ဆိုပါတယ္။

"တစ္ေယာက္တည္းျဖစ္ေတာ့ပိုၿပီး စိတ္ခ်မ္းသာတယ္လို႕ ထင္တယ္။ တစ္ခါတစ္ေလ သူမ်ားအတြဲေတြ ျမင္ၿပီးေတာ့လည္း အားက်ေတာ့ေပါ။ တစ္ေယာက္တည္းေနတဲ့ အားသာခ်က္ကေတာ့ တျဖည္းျဖည္းနဲ႕ Strong ျဖစ္လာ တယ္။ ငယ္ငယ္က အားငယ္တဲ့စိတ္ေတြက အခ်ိန္ၾကာ လာတာနဲ႕ အမွ် အားေတြျဖစ္လာတယ္။ကာင္ေလးေတြကို ျမင္တဲ့အျမင္ကေတာ့ ေခ်ာတယ္ ခ်စ္စရာေကာင္းတယ္ေလ Six Pack နဲ႕ကိတ္ေျခာက္ ေလးေတြေရာ မကိတ္မေျခာက္ေတြေရာ မိုက္တယ္ေလ" ဆိုုၿပီး  ဇူလုိင္လ ၁၄ ရက္ေန႔ညက Cele Club ဆုိင္သစ္ဖြင့္ပြဲက Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

Photo : ေႏြးေႏြးခ်စ္ဖြယ္ FB

 

မိသားစုအတြက္ စိတ္ညစ္စရာေတြ ရွိေနတတ္ေပမယ့္ ေပ်ာ္ေပ်ာ္ပဲ ေနတတ္တဲ့ သူမဟာ စိတ္ညစ္စရာေတြကို  လိုက္ခံစားေနရင္ ကိုယ့္ရဲ႕ တက္လမ္းေတြေရာ ေပ်ာ္ရႊင္စရာအခ်ိန္ေတြအတြက္ ႏွေျမာစရာ ေကာင္းတယ္လို႕ ဆုိပါတယ္။

'' ေႏြးက ေပ်ာ္ေပ်ာ္ပဲေနတယ္၊ မိသားစုေတြနဲ႔ ပတ္သက္ၿပီးေတာ့ စိတ္ညစ္စရာေလးေတြက ရွိေနတယ္။ ေခါင္းထဲမွာ ၾကာၾကာ သိပ္မထားဘူး။ အျမဲတမ္းေပ်ာ္ေနတယ္၊ ၿပဳံးေနတယ္။ ဒီစိတ္ညစ္စရာႀကီးကုိ လုိက္ၿပီးခံစားၿပီးေနရင္ ကုိယ့္ရဲ႕ တက္လမ္းေတြေရာ၊ ကုိယ့္ရဲ႕ အခ်ိန္ေတြေရာ၊ ႏွေျမာစရာေကာင္းတယ္။ဒါေပမယ့္ အခုေတာ့ ျပန္အဆင္ေျပသြားၿပီ ေဖေဖ နဲ႔လည္း ျပန္ေခၚသြားၿပီ''လုိ႔ ဆုိပါတယ္။

Photo : ေႏြးေႏြးခ်စ္ဖြယ္ FB

၄ လသမီးကတည္းက ဖခင္နဲ႔ အတူတူမေနခဲ့ရဘူးဆုိတဲ့ ေႏြးေႏြးခ်စ္ဖြယ္ 

ေႏြးေႏြးခ်စ္ဖြယ္ဟာ လူရႊင္ေတာ္၊ ဟာသသရုပ္ေဆာင္ ၿမိဳ႕ေတာ္ခ်စ္ဖြယ္ရဲ႕ သမီးျဖစ္ပါတယ္။ ငယ္ငယ္ကတည္းက ဖခင္ေမတၱာကုိ လုိအပ္လာ ခဲ့သူ တစ္ေယာက္အေနနဲ႔ သူ႔ရင္ထဲက ခံစားခ်က္ေတြကုိ ရင္ဖြင့္လာခဲ့ပါတယ္။ မိသားစုအတူတူမေနရေပမယ့္ ေပ်ာ္ရႊင္ေနေနရေၾကာင္းကုိ ဇူလုိင္လ ၁၄ ရက္ေန႔ညက Cele Club ဆုိင္သစ္ဖြင့္ပြဲက Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာပါ။

'' ေဖေဖ နဲ႔ကေတာ့ ေႏြး ငယ္ငယ္ေလးကတည္းက အေဖနဲ႔ အေမနဲ႔က ကြဲေနတာေလ။ ေႏြး ၄ လသမီးေလာက္မွာ ကြဲၾကတယ္ ဒါကလည္း ေႏြးရဲ႕ ဘဝေပးကုသုိလ္ကံေပါ့။ ေလာေလာဆယ္ေတာ့ ေႏြးက အေမနဲ႔ အတူေနတာပါ။  ေမေမကလည္း ေႏြးကုိ စိတ္ခ်မ္းသာ ေအာင္ ထားတယ္။ တစ္ခုကေတာ့ မိသားစု စုံစုံညီညီမေနရတာေလး တစ္ခုပါပဲ'' လုိ႔ ဆုိပါတယ္။

Photo : ေႏြးေႏြးခ်စ္ဖြယ္ FB

 

ဖခင္ျဖစ္သူကလည္း အႏုပညာသမားတစ္ေယာက္ျဖစ္သလုိ ေႏြးေႏြးခ်စ္ဖြယ္ကလည္း အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ အႏုပညာ အလုပ္ေတြ လုပ္တဲ့အခါ အတူတူ လက္တြဲအလုပ္လုပ္ျဖစ္တယ္လုိ႔ေျပာပါတယ္။ ဒါေတြကလည္း သူ႔အတြက္ အမွတ္တရေတြျဖစ္ခဲ့တယ္ ဆုိတာကုိ ေျပာျပခဲ့ပါတယ္။

'' အေဖနဲ႔ ပထမဦးဆုံးအတူတူလုပ္ျဖစ္တဲ့ အရာကေတာ့ သီခ်င္းေတြ သြားဆုိျဖစ္တယ္။ နယ္ေတြ ခရီးထြက္ျဖစ္ၾကတယ္။ သႀကၤန္တစ္ႏွစ္မွ အတူတူ မက်ဖူးတဲ့ ႏွစ္ေယာက္က ဒီႏွစ္သႀကၤန္မွာ သီခ်င္းေတြ အတူတူဆုိျဖစ္တယ္။ အကယ္ဒမီပြဲလည္း အတူတူ တက္ျဖစ္တယ္။ ကုိယ္ကေတာ့ တစ္ခါမွ မတက္ျဖစ္ပါဘူး။ အေဖနဲ႔အတူတူဆုံတုိင္းက အမွတ္တရေတြခ်ည္းပါပဲ''လို႔ ေႏြးေႏြးခ်စ္ဖြယ္က ေျပာပါတယ္။

Photo : ေႏြးေႏြးခ်စ္ဖြယ္ FB

 

ၿမိဳ႕ေတာ္ခ်စ္ဖြယ္ရဲ႕ သမီးျဖစ္သူ အဆုိေတာ္ ေႏြးေႏြးခ်စ္ဖြယ္ကေတာ့ တစ္ေခတ္တစ္ခါက ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ အဆုိေတာ္ တစ္ဦးျဖစ္ပါ တယ္။ ေႏြးေႏြးခ်စ္ဖြယ္ဟာ အဆုိေတာ္ယုန္ေလးနဲ႔ အတူတြဲဆုိခဲ့တဲ့ '' မင္းရဲ႕ စိတ္နဲ႔'' ဆုိတဲ့ သီခ်င္းနဲ႔လည္း လူငယ္ေတြၾကားမွာ ေရပန္းစားခဲ့ပါ ေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs