• Cele Yatkwat
    ဝင်ငွေအခြေအနေကြောင့် ခြွေတာစုဆောင်းတတ်လာပြီဆိုတဲ့ ယွန်းရွှေရည်
Sabal Thwin
[Unicode Version]

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ယွန်းရွှေရည်က ဗီဒီယိုဈေးကွက်ပျက်ပြီးတဲ့နောက်မှ တစ်လကို ရုပ်ရှင်တစ်ကားပဲ ရိုက်ကူးနေရ တာ ဖြစ်တဲ့ အတွက် ဝင်ငွေလျှော့နည်းသွားလို့ ကိုယ်ပိုင်စီးပွားရေးတောင် မလုပ်နိုင်ပါဘူးတဲ့။ နယ်မှာရှိတဲ့ ဖျော်ဖြေပွဲတွေကနေ သီချင်းဆိုလို့ ရလာတဲ့ အနုပညာကြေးနဲ့ပဲ သုံးစွဲနေရတာပါတဲ့။

38195871_1894616087292996_7460265048196251648_n.jpg 

ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ သိပ်မတွေ့ရတော့တဲ့ ယွန်းရွှေရည်က ငွေကြေးအရင်းအနှီးမရှိလို့ ကိုယ်ပိုင်စီးပွားရေးမလုပ်နိုင်သေး ဘူးလို့ပြောပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတဲ့ အချိန်မှာလည်း ဝင်ငွေက လျှော့နည်းခဲ့တယ်လို့ သြဂုတ်လ ၂ ရက်နေ့ညက က္ကုတ္ထိယရုပ်ရှင်အထူးပြသပွဲက မီဒီယာတွေကို ပြောပြလာပါတယ်။

'' ကိုယ်ပိုင်စီးပွားရေးကတော့ လုပ်ချင်တာပေါ့၊ အလုပ်တစ်ခုလုပ်တယ်ဆိုတာ အရင်းအနှီးမတည်နိုင်မှ အဆင်ပြေတာလေ။ ဇာတ်ကားရိုက်ကူး မှုနည်းသွားတော့လည်း ဝင်ငွေနည်းသွားတာပေါ့။ အရင်တုန်းကဆို ညီမက မနှမြောတတ်ဘူး။ လက်လည်းဖွာတယ် တအားပဲ။ အရင်တုန်းက ဆိုရင် အဖေလည်းရှိသေးတော့ အဖေ့ကိုလည်းထောက်ပံ့နိုင်တယ်'' လို့ သူကဆိုပါတယ်။

11204424_1699152470394045_9075436846196190484_n.jpg

Photo:Yoon Su facebook

 

ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ရတာ နည်းသွားတဲ့ ယွန်းရွှေရည်က ဗီဒီယိုဇာတ်ကားတွေ ဆက်မပြတ်ရိုက်ကူးနေရချိန်တုန်းက အသုံးအစွဲကြီး ခဲ့ဖူးတယ်လို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဝင်ငွေနည်းသွားချိန်မှာတော့ ခြွေခြွေတာတာ သုံးစွဲတတ်လာပြီလို့ ယွန်းရွှေရည်က ပြောပါတယ်။

'' အဆင်ပြေတုန်းကဆိုရင် အဖေ့ကိုရော၊ တူမလေးတွေကိုရော၊ ကိုယ့်အစ်မတွေကိုရော ထောက်ပံ့ပေးနိုင်တယ်။ အခုနောက်ပိုင်း ကားရိုက် နည်းလာတဲ့အခါကျတော့ ဘာလေးပဲဖြစ်ဖြစ် ဝယ်လိုက်ရမှကို ကျေနပ်တာ။ အခုတော့ ခြွေတာတတ်လာပြီ ကိုယ်အရမ်းကြိုက်တယ်ဆိုရင် တောင်မှ ငါ့အတွက်မလိုသေးပါဘူးလေဆိုပြီးတော့ ထားလိုက်တယ်'' လို့ ဆိုပါတယ်။

ဟာသဇာတ်ကားလည်း အနုပညာအလုပ်ပါပဲလို့ ဆိုတဲ့ ယွန်းရွှေရည် 

15977723_1622304814745478_186879930849413536_n.jpg

Photo:Yoon Su facebook

 

ှဗီဒီယိုဈေးကွက်ပျက်စီးသွားတဲ့နောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို တစ်လမှာ တစ်ကားပဲ ရိုက်ခွင့်ရတော့တယ်လို့ ယွန်းရွှေရည်က ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေထက် နယ်ဖျော်ဖြေရေးသွားရတဲ့ အနုပညာကြေးတွေကြောင့် အဆင်ပြေပြေနေနိုင်တဲ့အကြောင်း ကိုလည်းပြောပြ ခဲ့ပါသေးတယ်။

'' ရုပ်ရှင်တွေကိုလည်း ဗီဒီယိုမရှိကတည်းကဆိုတော့ တစ်လမှ တစ်ကားပဲရိုက်ရတာလေ။ ရတဲ့ဝင်ငွေကလည်း ကိုယ်ပါဝင်ရတဲ့ကာရိုက်တာ နဲ့ အနုပညာကြေးရတာက ဝတ်ရစားရဖို့ ဝယ်ရခြမ်းရတာနဲ့ ဘယ်လောက်မှ မကာမိဘူး။ နယ်မှာ သီချင်းဆိုရတဲ့ပိုက်ဆံနဲ့ပဲ ကားဝယ်နိုင်တယ်။ ဒါကလည်း ညီမအတွက်လိုအပ်လို့ သုံးရတဲ့ ပိုက်ဆံပေါ့နော်'' လို့ သူကဆိုပါတယ်။

38264094_1894616070626331_3126142601237889024_n.jpg 

ယွန်းရွှေရည်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်လကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာရိုက်ကူးနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

 

[Zawgyi Version]

ဇာတ္ပုိ႔ဇာတ္ရံ သရုပ္ေဆာင္ယြန္းေရႊရည္က ဗီဒီယုိေစ်းကြက္ပ်က္ၿပီးတဲ့ေနာက္မွ တစ္လကုိ ရုပ္ရွင္တစ္ကားပဲ ရုိက္ကူးေနရ တာ ျဖစ္တဲ့ အတြက္ ဝင္ေငြေလ်ွာ့နည္းသြားလုိ႔ ကိုယ္ပုိင္စီးပြားေရးေတာင္ မလုပ္ႏုိင္ပါဘူးတဲ့။ နယ္မွာရွိတဲ့ ေဖ်ာ္ေျဖပြဲေတြကေန သီခ်င္းဆုိလုိ႔ ရလာတဲ့ အႏုပညာေၾကးနဲ႔ပဲ သုံးစြဲေနရတာပါတဲ့။

ရုပ္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ သိပ္မေတြ႔ရေတာ့တဲ့ ယြန္းေရႊရည္က ေငြေၾကးအရင္းအႏွီးမရွိလို႔ ကုိယ္ပုိင္စီးပြားေရးမလုပ္ႏုိင္ေသး ဘူးလုိ႔ေျပာပါတယ္။ ဇာတ္ကားရုိက္ကူးမႈေတြ နည္းသြားတဲ့ အခ်ိန္မွာလည္း ဝင္ေငြက ေလွ်ာ့နည္းခဲ့တယ္လုိ႔ ၾသဂုတ္လ ၂ ရက္ေန႔ညက ကၠုတၳိယရုပ္ရွင္အထူးျပသပြဲက မီဒီယာေတြကုိ ေျပာျပလာပါတယ္။

'' ကိုယ္ပုိင္စီးပြားေရးကေတာ့ လုပ္ခ်င္တာေပါ့၊ အလုပ္တစ္ခုလုပ္တယ္ဆုိတာ အရင္းအႏွီးမတည္ႏုိင္မွ အဆင္ေျပတာေလ။ ဇာတ္ကားရုိက္ကူး မႈနည္းသြားေတာ့လည္း ဝင္ေငြနည္းသြားတာေပါ့။ အရင္တုန္းကဆုိ ညီမက မႏွေျမာတတ္ဘူး။ လက္လည္းဖြာတယ္ တအားပဲ။ အရင္တုန္းက ဆုိရင္ အေဖလည္းရွိေသးေတာ့ အေဖ့ကုိလည္းေထာက္ပ့ံႏုိင္တယ္'' လုိ႔ သူကဆုိပါတယ္။

Photo:Yoon Su facebook

 

ရုပ္ရွင္ဇာတ္ကားႀကီးေတြရုိက္ရတာ နည္းသြားတဲ့ ယြန္းေရႊရည္က ဗီဒီယုိဇာတ္ကားေတြ ဆက္မျပတ္ရုိက္ကူးေနရခ်ိန္တုန္းက အသုံးအစြဲႀကီး ခဲ့ဖူးတယ္လုိ႔ ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။ ဝင္ေငြနည္းသြားခ်ိန္မွာေတာ့ ေျခြေျခြတာတာ သုံးစြဲတတ္လာၿပီလို႔ ယြန္းေရႊရည္က ေျပာပါတယ္။

'' အဆင္ေျပတုန္းကဆုိရင္ အေဖ့ကုိေရာ၊ တူမေလးေတြကုိေရာ၊ ကုိယ့္အစ္မေတြကုိေရာ ေထာက္ပံ့ေပးႏုိင္တယ္။ အခုေနာက္ပုိင္း ကားရုိက္ နည္းလာတဲ့အခါက်ေတာ့ ဘာေလးပဲျဖစ္ျဖစ္ ဝယ္လုိက္ရမွကုိ ေက်နပ္တာ။ အခုေတာ့ ေျခြတာတတ္လာၿပီ ကုိယ္အရမ္းႀကိဳက္တယ္ဆုိရင္ ေတာင္မွ ငါ့အတြက္မလိုေသးပါဘူးေလဆုိၿပီးေတာ့ ထားလုိက္တယ္'' လုိ႔ ဆုိပါတယ္။

ဟာသဇာတ္ကားလည္း အႏုပညာအလုပ္ပါပဲလို႔ ဆိုတဲ့ ယြန္းေ႐ႊရည္ 

Photo:Yoon Su facebook

 

ွဗီဒီယုိေစ်းကြက္ပ်က္စီးသြားတဲ့ေနာက္မွာေတာ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကုိ တစ္လမွာ တစ္ကားပဲ ရုိက္ခြင့္ရေတာ့တယ္လုိ႔ ယြန္းေရႊရည္က ေျပာပါတယ္။ ဇာတ္ကား ရုိက္ကူးမႈေတြထက္ နယ္ေဖ်ာ္ေျဖေရးသြားရတဲ့ အႏုပညာေၾကးေတြေၾကာင့္ အဆင္ေျပေျပေနႏုိင္တဲ့အေၾကာင္း ကုိလည္းေျပာျပ ခဲ့ပါေသးတယ္။

'' ရုပ္ရွင္ေတြကုိလည္း ဗီဒီယုိမရွိကတည္းကဆုိေတာ့ တစ္လမွ တစ္ကားပဲရုိက္ရတာေလ။ ရတဲ့ဝင္ေငြကလည္း ကုိယ္ပါဝင္ရတဲ့ကာရုိက္တာ နဲ႔ အႏုပညာေၾကးရတာက ဝတ္ရစားရဖုိ႔ ဝယ္ရျခမ္းရတာနဲ႔ ဘယ္ေလာက္မွ မကာမိဘူး။ နယ္မွာ သီခ်င္းဆုိရတဲ့ပုိက္ဆံနဲ႔ပဲ ကားဝယ္ႏုိင္တယ္။ ဒါကလည္း ညီမအတြက္လုိအပ္လုိ႔ သုံးရတဲ့ ပုိက္ဆံေပါ့ေနာ္'' လုိ႔ သူကဆုိပါတယ္။

ယြန္းေရႊရည္ကုိေတာ့ ဗီဒီယုိဇာတ္ကားေတြကေနတဆင့္ ဇာတ္ပုိ႔ဇာတ္ရံသရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပး ခ်စ္ခင္မႈကုိ ရရွိလာတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ တစ္လကုိ ရုပ္ရွင္ဇာတ္ကားႀကီး တစ္ကားသာရုိက္ကူးေနတာျဖစ္တယ္လုိ႔ သူကေျပာပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs