• Cele Yatkwat

    လိုချင်တဲ့ မိသားစုဘဝလေးရရှိလာတဲ့ ဖော်ကာရဲ့ ခံစားချက်

Sabal Thwin
[Unicode Version]

အောင်မြင်တဲ့ Rocker အဆိုတော်ကြီး ဖော်ကာက သြဂုတ်လ ၃ ရက်နေ့ကစပြီး ကလေးအဖေတစ်ယောက်ဖြစ်သွားပါပြီ။ သူ့ဇနီး မပွင့် ဖြူအောင် က သားဖြစ်သူ အိမ်ခေါ်နာမည် ဂျက်ရှည်လေးကို မွေးဖွားပေးလိုက်တာဖြစ်ပါတယ်။ သားလေးနဲ့ ပတ်သက်တဲ့ အကြောင်းကိုလည်း သီချင်းလေးရေးဦးမယ်လို့ပြောပါတယ်။

F 2.jpg 

အောင်မြင်တဲ့ Rocker အဆိုတော်ကြီး ဖော်ကာက သြဂုတ်လ ၃ ရက်နေ့ကစပြီး ကလေးအဖေတစ်ယောက်ဖြစ်သွားပါပြီ။ သူ့ဇနီး မပွင့်ဖြူ အောင် က သားဖြစ်သူ အိမ်ခေါ်နာမည် ဂျက်ရှည်လေးကို မွေးဖွားပေးလိုက်တာဖြစ်ပါတယ်။ ဖခင်တစ်ယောက်ဖြစ်လာတဲ့ သူ့ရင်ထဲက စကားသံကိုလည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့တာပါ။

'' ကျွန်တော် မပြောပြတတ်ဘူး၊ အရင်နဲ့လုံးဝ မတူဘူးလေ ဒီခံစားချက်က အရင်တုန်းကလည်း ဒီလိုကြုံခဲ့ဖူးတာမျိုးမရှိဘူးလေ။ ရုပ်ရှင်ကြည့် မယ်၊ စာတွေဖတ်တယ် ဒီလိုတွေပဲ မှတ်သားခဲ့ဖူးတာပေါ့။ အခု ကိုယ်တိုင်ကျတော့ စိတ်ထဲမှာ ဘယ်လိုလည်း မသိဘူး ကျွန်တော် ချရေးလို့ မရသေးဘူး။ ထူးတော့ တော်တော်ထူးဆန်းတယ်'' လို့ ဆိုပါတယ်။

F 4.jpg 

ဖော်ကာဟာ ပထမဦးဆုံးဖခင်တစ်ယောက်ဖြစ်လာချိန်မှာတော့ အရင်တုန်းကနဲ့ မတူတဲ့ ခံစားချက်တွေ၊ ဆုံးဖြတ်ချက်တွေက ရင့်ကျက် လာပြီလို့ ဆိုပါတယ်။ အဲ့ဒီနောက် သူ့ရဲ့သားလေးနဲ့ ပတ်သက်တဲ့ သီချင်းလေးတစ်ပုဒ်ကိုလည်း ရေးဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရင်သွေးလေး ၂ ယောက်လိုချင်တယ်လို့လည်း သူကပြောခဲ့ပါသေးတယ်။

'' ရင့်ကျက်တာတော့ တော်တော်ရင့်ကျက်လာပါတယ်။ မထင်မှတ်ပဲ မျှော်လင့်ထားတဲ့အရာလည်း မဟုတ်တော့ ကျွန်တော်ကလည်း ကလေး အရမ်းချစ်တတ်တော့ ဒီလိုမိသားစုဘဝလေးကို လိုချင်လို့ ကိုယ်တိုင်ဖန်တီးခဲ့တာဆိုတော့ ထွေထွေထူးထူးခံစားရတာတော့ မဟုတ်ပါဘူး။ အစ ကတည်းက ကြိုစဉ်းစားထားတဲ့အရာဆိုတော့လေ'' လို့ ဖော်ကာက ပြောပါတယ်။

F 3.jpg

ဖော်ကာ ကလေးအဖေ ဖြစ်သွားပြီ 

ဇနီးဖြစ်သူက ကိုယ်ဝန်လွယ်ထားရချိန်မှာတော့ ချဉ်ခြင်းတတ်တာ ထွေထွေထူးထူးမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူအရမ်းကြိုက်တဲ့ Sea Food တော့ မစားတော့ဘူးလို့လည်း ဖော်ကာ က ပြောပါတယ်။

'' သူ ချဉ်ခြင်းတက်တာကတော့ သူက အရင်ကဆို ပုဇွန်တွေ၊ Sea Food တွေအရမ်းကြိုက်တာ။ ကျွန်တော်က ပင်လယ်က လာပြီး ပင်လယ်စာ မစားဘူး။ ဝက်သားတို့၊ ကြက်ဥတို့ ဘဲဥတို့ပဲ အရမ်းကြိုက်တာ။ နောက်ပိုင်းကျတော့ သူပဲ အဲ့ဒါတွေကြိုက်တော့တာ ပုဇွန်တွေဆိုလည်း အနံ့ တောင် မခံနိုင်တော့ဘူး၊ နွားနို့တွေဆိုလည်း ကျွန်တော်ပဲ သောက်တယ် ပြောင်းပြန်တွေဖြစ်ကုန်တာ'' လို့ ဖော်ကာက ပြောပါတယ်။

F 1.jpg 

ဖော်ကာနဲ့ပွင့်ဖြူအောင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ အောက်တိုဘာ(၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါ တယ်။ သူတို့ဟာ ၂၀၁၂ခုနှစ်ဒီဇင်ဘာလမှာ ချစ်သူနဲ့ စတွေ့ခဲ့တာ ဖြစ်ပြီး ယခုဆိုရင်တော့ ချစ်သူသက်တမ်း လေးနှစ်ခွဲကြာမှာ လက်ထပ်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။

 

[Zawgyi Version]

ေအာင္ျမင္တဲ့ Rocker အဆုိေတာ္ႀကီး ေဖာ္ကာက ၾသဂုတ္လ ၃ ရက္ေန႔ကစၿပီး ကေလးအေဖတစ္ေယာက္ျဖစ္သြားပါၿပီ။ သူ႔ဇနီး မပြင့္ ျဖဴေအာင္ က သားျဖစ္သူ အိမ္ေခၚနာမည္ ဂ်က္ရွည္ေလးကုိ ေမြးဖြားေပးလုိက္တာျဖစ္ပါတယ္။ သားေလးနဲ႔ ပတ္သက္တဲ့ အေၾကာင္းကုိလည္း သီခ်င္းေလးေရးဦးမယ္လုိ႔ေျပာပါတယ္။

 

ေအာင္ျမင္တဲ့ Rocker အဆုိေတာ္ႀကီး ေဖာ္ကာက ၾသဂုတ္လ ၃ ရက္ေန႔ကစၿပီး ကေလးအေဖတစ္ေယာက္ျဖစ္သြားပါၿပီ။ သူ႔ဇနီး မပြင့္ျဖဴ ေအာင္ က သားျဖစ္သူ အိမ္ေခၚနာမည္ ဂ်က္ရွည္ေလးကုိ ေမြးဖြားေပးလုိက္တာျဖစ္ပါတယ္။ ဖခင္တစ္ေယာက္ျဖစ္လာတဲ့ သူ႔ရင္ထဲက စကားသံကုိလည္း Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာေျဖဆုိခဲ့တာပါ။

'' ကၽြန္ေတာ္ မေျပာျပတတ္ဘူး၊ အရင္နဲ႔လုံးဝ မတူဘူးေလ ဒီခံစားခ်က္က အရင္တုန္းကလည္း ဒီလုိႀကဳံခ့ဲဖူးတာမ်ဳိးမရွိဘူးေလ။ ရုပ္ရွင္ၾကည့္ မယ္၊ စာေတြဖတ္တယ္ ဒီလုိေတြပဲ မွတ္သားခဲ့ဖူးတာေပါ့။ အခု ကုိယ္တုိင္က်ေတာ့ စိတ္ထဲမွာ ဘယ္လုိလည္း မသိဘူး ကၽြန္ေတာ္ ခ်ေရးလုိ႔ မရေသးဘူး။ ထူးေတာ့ ေတာ္ေတာ္ထူးဆန္းတယ္'' လုိ႔ ဆုိပါတယ္။

 

ေဖာ္ကာဟာ ပထမဦးဆုံးဖခင္တစ္ေယာက္ျဖစ္လာခ်ိန္မွာေတာ့ အရင္တုန္းကနဲ႔ မတူတဲ့ ခံစားခ်က္ေတြ၊ ဆုံးျဖတ္ခ်က္ေတြက ရင့္က်က္ လာၿပီလုိ႔ ဆုိပါတယ္။ အဲ့ဒီေနာက္ သူ႔ရဲ႕သားေလးနဲ႔ ပတ္သက္တဲ့ သီခ်င္းေလးတစ္ပုဒ္ကုိလည္း ေရးဖုိ႔ ျပင္ဆင္ေနတာျဖစ္ၿပီး ရင္ေသြးေလး ၂ ေယာက္လုိခ်င္တယ္လုိ႔လည္း သူကေျပာခဲ့ပါေသးတယ္။

'' ရင့္က်က္တာေတာ့ ေတာ္ေတာ္ရင့္က်က္လာပါတယ္။ မထင္မွတ္ပဲ ေမွ်ာ္လင့္ထားတ့ဲအရာလည္း မဟုတ္ေတာ့ ကၽြန္ေတာ္ကလည္း ကေလး အရမ္းခ်စ္တတ္ေတာ့ ဒီလုိမိသားစုဘဝေလးကုိ လုိခ်င္လုိ႔ ကုိယ္တုိင္ဖန္တီးခဲ့တာဆုိေတာ့ ေထြေထြထူးထူးခံစားရတာေတာ့ မဟုတ္ပါဘူး။ အစ ကတည္းက ႀကိဳစဥ္းစားထားတဲ့အရာဆုိေတာ့ေလ'' လုိ႔ ေဖာ္ကာက ေျပာပါတယ္။

ေဖာ္ကာ ကေလးအေဖ ျဖစ္သြားၿပီ 

ဇနီးျဖစ္သူက ကုိယ္ဝန္လြယ္ထားရခ်ိန္မွာေတာ့ ခ်ဥ္ျခင္းတတ္တာ ေထြေထြထူးထူးမရွိဘူးလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သူအရမ္းႀကိဳက္တဲ့ Sea Food ေတာ့ မစားေတာ့ဘူးလုိ႔လည္း ေဖာ္ကာ က ေျပာပါတယ္။

'' သူ ခ်ဥ္ျခင္းတက္တာကေတာ့ သူက အရင္ကဆုိ ပုဇြန္ေတြ၊ Sea Food ေတြအရမ္းႀကိဳက္တာ။ ကၽြန္ေတာ္က ပင္လယ္က လာၿပီး ပင္လယ္စာ မစားဘူး။ ဝက္သားတုိ႔၊ ၾကက္ဥတို႔ ဘဲဥတုိ႔ပဲ အရမ္းႀကိဳက္တာ။ ေနာက္ပုိင္းက်ေတာ့ သူပဲ အဲ့ဒါေတြႀကိဳက္ေတာ့တာ ပုဇြန္ေတြဆုိလည္း အန႔ံ ေတာင္ မခံႏုိင္ေတာ့ဘူး၊ ႏြားႏုိ႕ေတြဆုိလည္း ကၽြန္ေတာ္ပဲ ေသာက္တယ္ ေျပာင္းျပန္ေတြျဖစ္ကုန္တာ'' လုိ႔ ေဖာ္ကာက ေျပာပါတယ္။

 

ေဖာ္ကာနဲ႔ပြင့္ျဖဴေအာင္တို႕ရဲ႕ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးပြဲကိုေတာ့ ေအာက္တိုဘာ(၅)ရက္ေန႕က က်င္းပျပဳလုပ္ခဲ့ပါ တယ္။ သူတို႕ဟာ ၂၀၁၂ခုႏွစ္ဒီဇင္ဘာလမွာ ခ်စ္သူနဲ႕ စေတြ႕ခဲ့တာ ျဖစ္ၿပီး ယခုဆိုရင္ေတာ့ ခ်စ္သူသက္တမ္း ေလးႏွစ္ခြဲၾကာမွာ လက္ထပ္ခဲ့ၾက တာလည္း ျဖစ္ပါတယ္။

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs