• Cele Yatkwat
    လူရွှင်တော် သက်ကြီးပူဇော်ပွဲအတွက် ဦးဖြိုးမင်းသိန်းက သိန်း(၁၀၀) မတည်
Ei Ei Myat
[Unicode Version]

မကြာခင် ကျင်းပတော့မယ့် လူရွှင်တော် သက်ကြီး ပူဇော်ပွဲအတွက် လူရွှင်တော်အသင်းက တာဝန်ရှိသူများနဲ့ ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေပွဲ ပြုလုပ်မှာ ဖြစ်ပြီး အဲ့ဒီအတွက် ဦးဖြိုးမင်းသိန်းက သိန်း(၁၀၀) မတည်ပေးခဲ့တယ်လို့ သိရပါတယ်။

38495657_2089328431141402_3988176802794176512_n.jpg

Photo : ဦးဖြိုးမင်းသိန်း FB Page

 

နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိတဲ့ လူရွှင်တော် သက်ကြီးပူဇော်ပွဲကိုလည်း ဒီနှစ်မှာ ပြုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒီနေ့(သြဂုတ်လ၆ရက်)မှာလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လူရွှင်တော်အသင်းမှ တာဝန်ရှိသူများဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ပြီး သက်ကြီးပူဇော်ပွဲအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

38512045_2089328467808065_6818954863863398400_n.jpg

Photo : ဦးဖြိုးမင်းသိန်း FB Page

သားလေးမျက်နှာကို အရမ်းတွေ့ချင်နေပြီဆိုတဲ့ မြင့်မြတ် 

လူရွှင်တော်အသင်းမှ ပြုလုပ်မယ့် သက်ကြီးပူဇော်ပွဲအတွက် ဦးဖြိုးမင်းသိန်းက သိန်း(၁၀၀) မတည်ပေးတယ်လို့ လူရွှင်တော်အသင်းရဲ့ စာရင်းစစ် ဦးငြိမ်းချမ်းက ဆိုပါတယ်။

"ဦးတို့အသင်းက သက်ကြီး ပူဇော်ပွဲလုပ်ဖို့ ရန်ပုံငွေပွဲအနေနဲ့ ဘောလုံးပွဲလုပ်ချင်တယ်။ ဘောလုံးကန်ချင်တယ်လို့ ပြောတော့ ဦးဖြိုးမင်းသိန်း က အောင်ဆန်းကွင်းပေးတယ်။အလှူငွေ သိန်း(၁၀၀)ထည့်တယ်။ လှူဖို့အလှူရှင်တွေလည်း ဖိတ်ပေးမယ်ပေ့ါ။ ပွဲကမယ်ဆိုလည်း ပွဲမိန့်တွေ ရဖို့ သူစီစဉ်ပေးမယ်လို့ ပြောတယ်။ အဲ့ပွဲကိုလည်း သူကိုယ်တိုင်တက်ပြီး တော့ချီးမြှင့်ပေးမယ်လို့ ပြောပါတယ်" ဆိုပြီး ဦးငြိမ်းချမ်းက ဒီနေ့ ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့တာလေးကို Duwun Media သို့ ပြန်လည်ပြောပြခဲ့တာ ဖြစ်ပါတယ်။

38515506_2089328454474733_1531758455000399872_n.jpg

Photo : ဦးဖြိုးမင်းသိန်း FB Page

 

လူရွှင်တော် သက်ကြီးပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း (၉)လပိုင်း (၉)ရက်နေ့မှာ ပြုလုပ်ဖြစ်ပေမယ့် ဒီနှစ်သက်ကြီးပူဇော်ပွဲကိုတော့ ကျင်းပဖို့ ရက်အတိအကျ မသိရသေးဘူးလို့ ဦးငြိမ်းချမ်းကဆိုပါတယ်။ အရင်ဆုံး သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေပွဲတွေ ပြုလုပ်ပြီးမှသာ သက်ကြီး ပူဇော်ပွဲ ကျင်းပမယ့်  ရက်အတိအကျကို အစည်းအဝေးလုပ်ပြီး အတည်ပြုပေးမယ်လို့ ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

လူရွှင်တော်အသင်းရဲ့ ပထမဆုံး သက်ကြီးပူဇော်ပွဲကို ၂၀၁၄ခုနှစ် ဇွန်လ(၂၆) ရက်နေ့က ရန်ကုန်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

မၾကာခင္ က်င္းပေတာ့မယ့္ လူရႊင္ေတာ္ သက္ႀကီး ပူေဇာ္ပြဲအတြက္ လူရႊင္ေတာ္အသင္းက တာဝန္ရွိသူမ်ားနဲ႕ ရန္ကုန္တိုင္းဝန္ ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတုိ႕ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကပါတယ္။ သက္ႀကီးပူေဇာ္ပဲြအတြက္ ရန္ပံုေငြပြဲ ျပဳလုပ္မွာ ျဖစ္ၿပီး အဲ့ဒီအတြက္ ဦးၿဖိဳးမင္းသိန္းက သိန္း(၁၀၀) မတည္ေပးခဲ့တယ္လို႕ သိရပါတယ္။

Photo : ဦးၿဖိဳးမင္းသိန္း FB Page

 

ႏွစ္စဥ္ႏွစ္တိုင္း ျပဳလုပ္လ်က္ရွိတဲ့ လူရႊင္ေတာ္ သက္ႀကီးပူေဇာ္ပြဲကိုလည္း ဒီႏွစ္မွာ ျပဳလုပ္ဖို႕ ျပင္ဆင္ေနၾကပါၿပီ။ ဒီေန႕(ၾသဂုတ္လ၆ရက္)မွာလည္း ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႕ လူရႊင္ေတာ္အသင္းမွ တာဝန္ရွိသူမ်ားဟာ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရံုးမွာ ေတြ႕ဆံုခဲ့ၿပီး သက္ႀကီးပူေဇာ္ပြဲအတြက္ ေဆြးေႏြးခဲ့တယ္လို႕ သိရပါတယ္။

Photo : ဦးၿဖိဳးမင္းသိန္း FB Page

သားေလးမ်က္ႏွာကို အရမ္းေတြ႕ခ်င္ေနၿပီဆိုတဲ့ ျမင့္ျမတ္ 

လူရႊင္ေတာ္အသင္းမွ ျပဳလုပ္မယ့္ သက္ႀကီးပူေဇာ္ပြဲအတြက္ ဦးၿဖိဳးမင္းသိန္းက သိန္း(၁၀၀) မတည္ေပးတယ္လို႕ လူရႊင္ေတာ္အသင္းရဲ႕ စာရင္းစစ္ ဦးၿငိမ္းခ်မ္းက ဆိုပါတယ္။

"ဦးတို႕အသင္းက သက္ႀကီး ပူေဇာ္ပြဲလုပ္ဖို႕ ရန္ပံုေငြပြဲအေနနဲ႕ ေဘာလံုးပြဲလုပ္ခ်င္တယ္။ ေဘာလံုးကန္ခ်င္တယ္လို႕ ေျပာေတာ့ ဦးၿဖိဳးမင္းသိန္း က ေအာင္ဆန္းကြင္းေပးတယ္။အလွဴေငြ သိန္း(၁၀၀)ထည့္တယ္။ လွဴဖို႕အလွဴရွင္ေတြလည္း ဖိတ္ေပးမယ္ေပ့ါ။ ပြဲကမယ္ဆိုလည္း ပြဲမိန္႕ေတြ ရဖို႕ သူစီစဥ္ေပးမယ္လို႕ ေျပာတယ္။ အဲ့ပြဲကိုလည္း သူကိုယ္တိုင္တက္ၿပီး ေတာ့ခ်ီးျမွင့္ေပးမယ္လို႕ ေျပာပါတယ္" ဆိုၿပီး ဦးၿငိမ္းခ်မ္းက ဒီေန႕ ဦးၿဖိဳးမင္းသိန္းနဲ႕ ေတြ႕ဆံုၿပီး ေဆြးေႏြးခဲ့တာေလးကို Duwun Media သုိ႕ ျပန္လည္ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Photo : ဦးၿဖိဳးမင္းသိန္း FB Page

 

လူရႊင္ေတာ္ သက္ႀကီးပူေဇာ္ပြဲကို ႏွစ္စဥ္ႏွစ္တိုင္း (၉)လပိုင္း (၉)ရက္ေန႕မွာ ျပဳလုပ္ျဖစ္ေပမယ့္ ဒီႏွစ္သက္ႀကီးပူေဇာ္ပြဲကိုေတာ့ က်င္းပဖို႕ ရက္အတိအက် မသိရေသးဘူးလို႕ ဦးၿငိမ္းခ်မ္းကဆိုပါတယ္။ အရင္ဆံုး သက္ႀကီးပူေဇာ္ပြဲအတြက္ ရန္ပံုေငြပြဲေတြ ျပဳလုပ္ၿပီးမွသာ သက္ႀကီး ပူေဇာ္ပြဲ က်င္းပမယ့္  ရက္အတိအက်ကို အစည္းအေဝးလုပ္ၿပီး အတည္ျပဳေပးမယ္လို႕ ဆက္လက္ေျဖဆိုေပးခဲ့ပါတယ္။

လူရႊင္ေတာ္အသင္းရဲ႕ ပထမဆံုး သက္ႀကီးပူေဇာ္ပြဲကို ၂၀၁၄ခုႏွစ္ ဇြန္လ(၂၆) ရက္ေန႕က ရန္ကုန္မွာ စတင္က်င္းပခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs