• Cele Yatkwat
    ခင်ပွန်းဖြစ်သူကိုပါ ဘာသာရေးကိုင်းရှိုင်းအောင် ပြုလုပ်နိုင်တဲ့ ဆုပန်ထွာ
Sabal Thwin
[Unicode Version]

သရုပ်ဆောင်ဆုပန်ထွာတစ်ယောက် ဘာသာတရား ကိုင်းရှိုင်းတဲ့ အကြောင်းကို ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်က ပြောပြ လာတာဖြစ်ပါတယ်။ ဘာသာရေးကို ဦးစားပေးဆောင်ရွက်တတ်တဲ့ ဆုပန်ထွာက ခင်ပွန်းဖြစ်သူကိုလည်း ဘုရား၊ တရားမမေ့ အောင် အမြဲ တိုက်တွန်း ခဲ့ တယ် လို့ ဆိုပါတယ်။

O 9.jpg 

ဆုပန်ထွာဟာ မိသားစုအရေးအတွက် တာဝန်ယူဆောင်ရွက်နေရတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ မိသားစု တာဝန်တွေ လည်း ထမ်းဆောင် နေရတဲ့ သူ့အတွက် ဘာသာရေး ကိုလည်း မပြတ်မကွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သူလည်း ဘာသာရေးလိုက်စား သလို ခင်ပွန်းကိုလည်း ဘုရားတရား မမေ့အောင် တိုက်တွန်းလေ့ရှိ တယ်လို့ ဆုပန်ထွာက ပြောပါတယ်။

'' သူ့ကို နေ့တိုင်းဘုရားရှိခိုးဖြစ်အောင် ပြီးတော့ မဟာသမယသုတ်လေး ရွတ်ဖြစ်အောင် ပန်ပန်အမြဲတမ်းတိုက်တွန်းတယ်။ ပန်ပန် ဆိုရင် လည်း နစ္စဓူဝ ကိုယ့်အိမ်ထောင်ကိစ္စတွေရှိတယ်၊ အစ်ကို့ကိစ္စတွေ၊ သားလေးကိစ္စတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ့ အတွက် မဟာသမယသုတ်တော့ ရွတ်မှဖြစ်မယ်ဆိုပြီး ရတဲ့အချိန်မှာ ပုတီးအပတ် ၃၀ ပြည့်အောင်စိတ်တယ်'' လို့ ဆုပန်ထွာက ပြောပါတယ်။

O 2.jpg 

ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော်က သြဂုတ်လ ၆ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့ကစလို့ သာသနာ့ဘောင်ကို ၇ ရက်ဝင်မှာ ဖြစ်ပါ တယ်။ သင်္ကန်း ၇ ရက်ဝတ်နေချိန်မှာလည်း သက်သတ်လွတ်စားရမှာဖြစ်ပြီး ဘုရား၊ တရား လုပ်လွန်းတဲ့ ဇနီးဖြစ်သူ ဆုပန်ထွာကလည်း ဝတ်နည်း သိက္ခာနဲ့ ညီအောင် ကြိုးစားပြီး နေထိုင် ဖို့ မှာထားတယ်လို့  ကိုဥက္ကာကျော်က ပြောပါတယ်။

'' သူ အသက်ကြီးသွားရင် မယ်သီလရှင်မဝတ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့။ နောက်တာပါ။ သူ ဘုရားတရားကိုင်းရှိုင်းလို့လည်း အစ်ကိုတို့ ဆိုးဆိုးရွားရွားကြီး မဖြစ်သွားဘဲနဲ့ကောင်းကောင်းမွန်မွန်၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တယ်လို့ ထင်ပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ မနက်က ကိုဥက္ကာကျော်ရဲ့ မွေးနေ့ပွဲမှာ သရုပ်ဆောင် ဆုပန်ထွာနဲ့အတူ Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

O 3.jpg

Roar Roar လေးရဲ့ ငယ်ငယ်ကပစ္စည်းတွေကို ပြန်လှူခဲ့တဲ့ ဆုပန်ထွာ

မွေးနေ့မှာ သင်္ကန်းဝတ်ခွင့်ရတဲ့အတွက်ရော၊ မတွေ့တာကြာပြီဖြစ်တဲ့ မိခင်ကလည်း လာရောက်ကုသိုလ်ပြုမှာဖြစ်တဲ့အတွက် အရမ်းကို ပျော် ရွှင်နေတယ်လို့ ကိုဥက္ကာကျော်က ပြောပါတယ်။ မွေးနေ့ အမှတ်တရအဖြစ် သာသနာ့ဘောင် ဝင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြခဲ့ပါတယ်။

'' ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေကလည်း ကိုယ်နဲ့အတူတူပါသွားမယ့် ကောင်းမှုကုသိုလ်၊ အကုသိုလ်တွေဖြစ်တဲ့အတွက်ကြောင့် ကုသိုလ် ဘက်ကို လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်စိတ်သဘောထားနဲ့ ကိုယ်လုပ်တာပါ။ သင်္ကန်းစည်းတဲ့အချိန်မှာလည်း ဝိနည်းနဲ့အညီ မှန်မှန် ကန်ကန် လုပ်သင့်တာတွေကို လုပ်သွားပါမယ်'' လို့ သူကဆိုပါတယ်။

O 6.jpg 

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။

 

[Zawgyi Version]

သရုပ္ေဆာင္ဆုပန္ထြာတစ္ေယာက္ ဘာသာတရား ကုိင္းရႈိင္းတဲ့ အေၾကာင္းကုိ ခင္ပြန္းျဖစ္တဲ့ ကုိဥကၠာေက်ာ္က ေျပာျပ လာတာျဖစ္ပါတယ္။ ဘာသာေရးကုိ ဦးစားေပးေဆာင္ရြက္တတ္တဲ့ ဆုပန္ထြာက ခင္ပြန္းျဖစ္သူကုိလည္း ဘုရား၊ တရားမေမ့ ေအာင္ အျမဲ တုိက္တြန္း ခဲ့ တယ္ လုိ႔ ဆုိပါတယ္။

ဆုပန္ထြာဟာ မိသားစုအေရးအတြက္ တာဝန္ယူေဆာင္ရြက္ေနရတဲ့ အိမ္ရွင္မတစ္ေယာက္ပါ။ မိသားစု တာဝန္ေတြ လည္း ထမ္းေဆာင္ ေနရတဲ့ သူ႔အတြက္ ဘာသာေရး ကုိလည္း မျပတ္မကြက္ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။ သူလည္း ဘာသာေရးလုိက္စား သလုိ ခင္ပြန္းကုိလည္း ဘုရားတရား မေမ့ေအာင္ တုိက္တြန္းေလ့ရွိ တယ္လုိ႔ ဆုပန္ထြာက ေျပာပါတယ္။

'' သူ႔ကုိ ေန႔တုိင္းဘုရားရွိခုိးျဖစ္ေအာင္ ၿပီးေတာ့ မဟာသမယသုတ္ေလး ရြတ္ျဖစ္ေအာင္ ပန္ပန္အျမဲတမ္းတုိက္တြန္းတယ္။ ပန္ပန္ ဆုိရင္ လည္း နစၥဓူဝ ကုိယ့္အိမ္ေထာင္ကိစၥေတြရွိတယ္၊ အစ္ကုိ႔ကိစၥေတြ၊ သားေလးကိစၥေတြရွိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန႔ေတာ့ ငါ့ အတြက္ မဟာသမယသုတ္ေတာ့ ရြတ္မွျဖစ္မယ္ဆိုၿပီး ရတဲ့အခ်ိန္မွာ ပုတီးအပတ္ ၃၀ ျပည့္ေအာင္စိတ္တယ္'' လုိ႔ ဆုပန္ထြာက ေျပာပါတယ္။

ဆုပန္ထြာရဲ႕ ခင္ပြန္း ကိုဥကၠာေက်ာ္က ၾသဂုတ္လ ၆ ရက္ေန႔မွာ က်ေရာက္တဲ့ သူ႔ရဲ႕ေမြးေန႔ကစလို႔ သာသနာ့ေဘာင္ကို ၇ ရက္ဝင္မွာ ျဖစ္ပါ တယ္။ သကၤန္း ၇ ရက္ဝတ္ေနခ်ိန္မွာလည္း သက္သတ္လြတ္စားရမွာျဖစ္ၿပီး ဘုရား၊ တရား လုပ္လြန္းတဲ့ ဇနီးျဖစ္သူ ဆုပန္ထြာကလည္း ဝတ္နည္း သိကၡာနဲ႔ ညီေအာင္ ႀကိဳးစားၿပီး ေနထုိင္ ဖုိ႔ မွာထားတယ္လုိ႔  ကုိဥကၠာေက်ာ္က ေျပာပါတယ္။

'' သူ အသက္ႀကီးသြားရင္ မယ္သီလရွင္မဝတ္ပါေစနဲ႔လုိ႔ပဲ ဆုေတာင္းရမွာေပါ့။ ေနာက္တာပါ။ သူ ဘုရားတရားကုိင္းရႈိင္းလုိ႔လည္း အစ္ကုိတုိ႔ ဆုိးဆုိးရြားရြားႀကီး မျဖစ္သြားဘဲနဲ႔ေကာင္းေကာင္းမြန္မြန္၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထုိင္ႏုိင္တယ္လုိ႔ ထင္ပါတယ္'' ဆုိၿပီးေတာ့ ၾသဂုတ္လ ၅ ရက္ေန႔ မနက္က ကုိဥကၠာေက်ာ္ရဲ႕ ေမြးေန႔ပြဲမွာ သရုပ္ေဆာင္ ဆုပန္ထြာနဲ႔အတူ Duwun Media ကုိ ေျဖဆိုခဲ့ပါတယ္။

Roar Roar ေလးရဲ႕ ငယ္ငယ္ကပစၥည္းေတြကို ျပန္လွဴခဲ့တဲ့ ဆုပန္ထြာ

ေမြးေန႔မွာ သကၤန္းဝတ္ခြင့္ရတဲ့အတြက္ေရာ၊ မေတြ႔တာၾကာၿပီျဖစ္တဲ့ မိခင္ကလည္း လာေရာက္ကုသိုလ္ျပဳမွာျဖစ္တဲ့အတြက္ အရမ္းကုိ ေပ်ာ္ ရႊင္ေနတယ္လုိ႔ ကုိဥကၠာေက်ာ္က ေျပာပါတယ္။ ေမြးေန႔ အမွတ္တရအျဖစ္ သာသနာ့ေဘာင္ ဝင္ျဖစ္ခဲ့တဲ့ အေၾကာင္းကုိလည္း ဆက္လက္ ေျပာျပခဲ့ပါတယ္။

'' ဘာျဖစ္လို႔လဲဆုိေတာ့ ဒီဟာေတြကလည္း ကုိယ္နဲ႔အတူတူပါသြားမယ့္ ေကာင္းမႈကုသုိလ္၊ အကုသိုလ္ေတြျဖစ္တဲ့အတြက္ေၾကာင့္ ကုသုိလ္ ဘက္ကုိ လုပ္ခ်င္တဲ့အတြက္ေၾကာင့္မုိ႔လုိ႔ ကုိယ့္စိတ္သေဘာထားနဲ႔ ကုိယ္လုပ္တာပါ။ သကၤန္းစည္းတဲ့အခ်ိန္မွာလည္း ဝိနည္းနဲ႔အညီ မွန္မွန္ ကန္ကန္ လုပ္သင့္တာေတြကုိ လုပ္သြားပါမယ္'' လုိ႔ သူကဆုိပါတယ္။

ဆုပန္ထြာဟာ သူ႔ရဲ႕ ဘဝမွာ ခင္ပြန္းျဖစ္တဲ့ ကုိဥကၠာေက်ာ္ရဲ႕ ခ်စ္ျခင္းတစ္ခုတည္းနဲ႔တင္ ျပည့္စုံေနၿပီလုိ႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ဖူးပါတယ္။ သာယာေပ်ာ္ရႊြင္တဲ့ မိသားစု ဘဝတစ္ခုကုိ ဦးေဆာင္ တည္ေဆာက္ေပးတဲ့ ခင္ပြန္းျဖစ္တာေၾကာင့္လည္း သူ႔ရဲ႕ ဘဝမွာ အစစအရာရာ ျပည့္စုံခဲ့တယ္လုိ႔ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာဖြင့္ေျပာျပခဲ့ဖူးပါေသးတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs