• Cele Yatkwat
    ခင်ပွန်းလောင်းရဲ့ နားလည်သိတတ်မှုတွေကိုပြောလာတဲ့ ပိုင်ဖြိုးသု
Sabal Thwin
[Unicode Version]

မကြာခင်က စေ့စပ်ကြောင်းလမ်းခဲ့ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ စုံတွဲကတော့ ပရိသတ်အများကြီးရဲ့ အချစ်ကို ပိုင်ဆိုင် နိုင်ခဲ့တာပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုနဲ့ ပတ်သက်လာရင် အသေးစိတ်ဂရုစိုက်တတ်တဲ့ ဒါရိုက်တာဏကြီးရဲ့ အကြောင်း တွေကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

5.jpg 

မကြာခင်က စေ့စပ်ကြောင်းလမ်းခဲ့ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ စုံတွဲကတော့ ပရိသတ်အများကြီးရဲ့ အချစ်ကို ပိုင်ဆိုင် နိုင်ခဲ့တာပဲဖြစ်ပါတယ်။ စေ့စပ်ပွဲကျင်းပပြီးနောက် ပရိသတ်တွေက ပိုပြီးအားပေးခဲ့ကြလို့လည်း ဝမ်းသာပီတိဖြစ်ရတဲ့  အကြောင်း မီဒီယာ တွေရဲ့ အင်တာဗျူးမှာ ပိုင်ဖြိုးသုက ဖြေဆိုခဲ့ပါတယ်။

'' ပရိသတ်တွေ အားပေးကြတယ်ဆိုတာ သုတို့ အနုပညာရှင်တွေကလည်း လူထဲက လူတွေဖြစ်တဲ့အတွက် အချိန်တန်အရွယ်ရောက်လာတဲ့ အခါမှာ ပရိသတ်တွေက လက်ခံပေးကြတယ်။ နားလည်ပေးလာကြတဲ့အတွက်လည်း ပရိသတ်ကို အများကြီးကျေးဇူးတင်ပါတယ်။ ကိုဏကြီး ကလည်း အနေအေးတယ်၊ သုအပေါ်မှာလည်း အစ်ကိုတစ်ယောက်လို နားလည်ခွင့်လွှတ်နိုင်သူပါ'' လို့ သူကပြောပါတယ်။

36725188_10211077442761282_4977023620321640448_n.jpg

Photo: Paing Phyo Thu Fb

 

အခုနောက်ပိုင်းမှာတော့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ စုံတွဲကိုတော့ ပွဲ အခမ်းအနားတွေမှာ အမြဲလိုလို တွေ့နေရတတ် ပါတယ်။ စုံတွဲလိုက် အတူတူပွဲတက်ရတဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' သု က ပွဲတတ်ရင် လူကြောက်တတ်တဲ့ Type ပေါ့နော်။ သူပါတော့ နည်းနည်းအားပိုရှိတယ်။ အရင်တုန်းကကျတော့ မေမေပါတယ် မေမေ နဲ့ ဆိုရင်လည်းပိုအားရှိပါတယ်။ မေမေမလိုက်နိုင်တဲ့ ပွဲတွေဆိုရင်တော့ သူနဲ့ အတူ တက်ဖြစ်ပါတယ်'' ဆိုပြီးတော့ ဇူလိုင်လ ၂၈ ရက်နေ့ က  Revlon နဲ့ Lush Magazine တို့ ပူးပေါင်းကျင်းပတဲ့ Luscious Party ကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

2.jpg 

နှစ်ယောက်အတူတူ ပွဲတက်ဝတ်စုံတွေကလည်း ပရိသတ်တွေ သတိထားမိအောင် အရမ်းကို လိုက်ဖက်ကြတာကိုလည်းတွေ့ရပါတယ်။ ပိုင်ဖြိုးသုနဲ့ ပတ်သက်လာရင် အသေးစိတ်ဂရုစိုက်တတ်တဲ့ ဒါရိုက်တာဏကြီးရဲ့ အကြောင်းတွေကိုလည်း ပိုင်ဖြိုးသုက မီဒီယာတွေ ကနေ တဆင့် သဘောကျရယ်မောရင်းပြောပြခဲ့ပါသေးတယ်။

'' ဖက်ရှင်တွေကတော့ ကိုဏကြီးက သိပ်စိတ်ဝင်စားတာမျိူးလည်းမရှိဘူး။ ဘာဝတ်ဝတ်ကို သူက လှတယ်ချည်းပြောနေတာ ။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ Stylelist နဲ့ပဲ တိုင်ပင်ဖြစ်တယ်။ ဒါပေမယ့်လည်း သုရဲ့ Shoe Size တို့ အကျီၤဆိုရင်လည်း USA Size ဆိုရင် ဘယ်လိုဝတ်တယ်ပေါ့နော် အဲ့ဒီလိုလေးတွေ မှတ်ထားတတ်တယ်'' လို့ သူကဆိုပါတယ်။

29542079_1945351262203854_3603056228572813097_n.jpg

Photo: Paing Phyo Thu Fb

 

ဒါရိုက်တာ ဏကြီးနဲ့ ဇွန်လအတွင်းက စေ့စပ်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာကာ ယခုဆိုရင် အကယ်ဒမီဆုတစ်ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။ ဒေါက်တာမလေး ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

[Zawgyi Version]

မၾကာခင္က ေစ့စပ္ေၾကာင္းလမ္းခဲ့ၾကတဲ့ ဒါရုိက္တာဏႀကီးနဲ႔ သရုပ္ေဆာင္ပုိင္ၿဖဳိးသုတုိ႔ စုံတြဲကေတာ့ ပရိသတ္အမ်ားႀကီးရဲ႕ အခ်စ္ကုိ ပုိင္ဆုိင္ ႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ပုိင္ၿဖဳိးသုနဲ႔ ပတ္သက္လာရင္ အေသးစိတ္ဂရုစုိက္တတ္တဲ့ ဒါရုိက္တာဏႀကီးရဲ႕ အေၾကာင္း ေတြကုိလည္း အခုလုိ ေျပာျပခဲ့ပါေသးတယ္။

 

မၾကာခင္က ေစ့စပ္ေၾကာင္းလမ္းခဲ့ၾကတဲ့ ဒါရုိက္တာဏႀကီးနဲ႔ သရုပ္ေဆာင္ပုိင္ၿဖဳိးသုတုိ႔ စုံတြဲကေတာ့ ပရိသတ္အမ်ားႀကီးရဲ႕ အခ်စ္ကုိ ပုိင္ဆုိင္ ႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ ေစ့စပ္ပြဲက်င္းပၿပီးေနာက္ ပရိသတ္ေတြက ပုိၿပီးအားေပးခဲ့ၾကလုိ႔လည္း ဝမ္းသာပီတိျဖစ္ရတဲ့  အေၾကာင္း မီဒီယာ ေတြရဲ႕ အင္တာဗ်ဴးမွာ ပိုင္ၿဖဳိးသုက ေျဖဆုိခဲ့ပါတယ္။

'' ပရိသတ္ေတြ အားေပးၾကတယ္ဆုိတာ သုတုိ႔ အႏုပညာရွင္ေတြကလည္း လူထဲက လူေတြျဖစ္တဲ့အတြက္ အခ်ိန္တန္အရြယ္ေရာက္လာတဲ့ အခါမွာ ပရိသတ္ေတြက လက္ခံေပးၾကတယ္။ နားလည္ေပးလာၾကတဲ့အတြက္လည္း ပရိသတ္ကုိ အမ်ားႀကီးေက်းဇူးတင္ပါတယ္။ ကုိဏႀကီး ကလည္း အေနေအးတယ္၊ သုအေပၚမွာလည္း အစ္ကိုတစ္ေယာက္လုိ နားလည္ခြင့္လႊတ္ႏုိင္သူပါ'' လုိ႔ သူကေျပာပါတယ္။

Photo: Paing Phyo Thu Fb

 

အခုေနာက္ပုိင္းမွာေတာ့ ဒါရုိက္တာ ဏႀကီးနဲ႔ သရုပ္ေဆာင္ပုိင္ၿဖဳိးသုတုိ႔ စုံတြဲကုိေတာ့ ပြဲ အခမ္းအနားေတြမွာ အျမဲလုိလုိ ေတြ႔ေနရတတ္ ပါတယ္။ စုံတြဲလုိက္ အတူတူပြဲတက္ရတဲ့ ခံစားခ်က္ကုိလည္း အခုလုိေျပာျပခဲ့ပါေသးတယ္။

'' သု က ပြဲတတ္ရင္ လူေၾကာက္တတ္တဲ့ Type ေပါ့ေနာ္။ သူပါေတာ့ နည္းနည္းအားပုိရွိတယ္။ အရင္တုန္းကက်ေတာ့ ေမေမပါတယ္ ေမေမ နဲ႔ ဆုိရင္လည္းပုိအားရွိပါတယ္။ ေမေမမလုိက္ႏုိင္တဲ့ ပြဲေတြဆုိရင္ေတာ့ သူနဲ႔ အတူ တက္ျဖစ္ပါတယ္'' ဆုိၿပီးေတာ့ ဇူလိုင္လ ၂၈ ရက္ေန႔ က  Revlon နဲ႔ Lush Magazine တုိ႔ ပူးေပါင္းက်င္းပတဲ့ Luscious Party ကို တက္ေရာက္လာရင္း မီဒီယာေတြကို ေျဖၾကားခဲ့ပါတယ္။

 

ႏွစ္ေယာက္အတူတူ ပြဲတက္ဝတ္စုံေတြကလည္း ပရိသတ္ေတြ သတိထားမိေအာင္ အရမ္းကုိ လုိက္ဖက္ၾကတာကုိလည္းေတြ႔ရပါတယ္။ ပုိင္ၿဖဳိးသုနဲ႔ ပတ္သက္လာရင္ အေသးစိတ္ဂရုစုိက္တတ္တဲ့ ဒါရုိက္တာဏႀကီးရဲ႕ အေၾကာင္းေတြကုိလည္း ပုိင္ၿဖဳိးသုက မီဒီယာေတြ ကေန တဆင့္ သေဘာက်ရယ္ေမာရင္းေျပာျပခဲ့ပါေသးတယ္။

'' ဖက္ရွင္ေတြကေတာ့ ကုိဏႀကီးက သိပ္စိတ္ဝင္စားတာမ်ဴိးလည္းမရွိဘူး။ ဘာဝတ္ဝတ္ကုိ သူက လွတယ္ခ်ည္းေျပာေနတာ ။ အဲ့ဒါေၾကာင့္ ကုိယ့္ရဲ႕ Stylelist နဲ႔ပဲ တုိင္ပင္ျဖစ္တယ္။ ဒါေပမယ့္လည္း သုရဲ႕ Shoe Size တုိ႔ အက်ီၤဆုိရင္လည္း USA Size ဆုိရင္ ဘယ္လုိဝတ္တယ္ေပါ့ေနာ္ အဲ့ဒီလုိေလးေတြ မွတ္ထားတတ္တယ္'' လုိ႔ သူကဆုိပါတယ္။

Photo: Paing Phyo Thu Fb

 

ဒါ႐ိုက္တာ ဏႀကီးနဲ႔ ဇြန္လအတြင္းက ေစ့စပ္ခဲ့တဲ့ ပိုင္ၿဖိဳးသုဟာ ေဆးေက်ာင္းတစ္ဖက္နဲ႕ သရုပ္ေဆာင္ဘက္ကို ႀကိဳးစားလာကာ ယခုဆိုရင္ အကယ္ဒမီဆုတစ္ဆုကိုလည္း ပိုင္ဆုိင္ထားႏိုင္ၿပီျဖစ္ပါတယ္။ ေဒါက္တာမေလး ပုိင္ၿဖဳိးသုက ဇူလုိင္လ ၂၉ ရက္ေန႔ မွာ ရန္ကုန္တုိင္း က်န္းမာေရးသံတမန္အျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs