• Cele Yatkwat
    သားလေးအသံ စကြားတဲ့အချိန်မှာ မျက်ရည်တောင်ကျမိတယ်ဆိုတဲ့ မြင့်မြတ်
Ei Ei Myat
[Unicode Version]
သရုပ်ဆောင်မြင့်မြတ်တစ်ယောက် သူ့ရဲ့ ဘဝထဲကို မွေးနေ့တူတဲ့ သားလေးတစ်ယောက် ရောက်ရှိလာပြီဖြစ်လို့ အရမ်းကို ပျော်လို့ နေပါတယ်။ သားလေးရဲ့ အသံကို စကြားရတဲ့အချိန်မှာ ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့ ဇနီးရော သူပါ မျက်ရည် တွေတောင် ကျခဲ့မိတယ်တဲ့။
9.jpg 
သရုပ်ဆောင် မြင့်မြတ်တစ်ယောက် သူ့ရဲ့ ဘဝထဲကို မွေးနေ့တူတဲ့ သားလေးတစ်ယောက် ရောက်ရှိလာပြီဖြစ်လို့ အရမ်းကို ပျော်လို့နေပါ တယ်။ မြင့်မြတ်ရဲ့ သားလေးကို ဒီနေ့ သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
38612542_876752942513629_5156523291602583552_n.jpg 
သားလေးရဲ့ အသံကို စကြားရတဲ့အချိန်မှာ ဘာမှန်းမသိတဲ့ ခံစားချက်တွေနဲ့ ဇနီးရော သူပါ မျက်ရည်တွေ ကျခဲ့မိတယ်တဲ့။
"မွေးခါနည်း မိန်းမကြောက်မှာစိုးလို့ မိန်းမကို အားပေးနေတာနဲ့ပဲ ဆရာမက ကလေးထွက်လာပြီပေ့ါနော်။ အဲ့ဒါ သူ့အသံကို စကြားရတာပဲ။ အဲ့ဒီအချိန်မှာ ကျွန်တော့မိန်းမကော ကျွန်တော်ကော ဘာမှန်းမသိတဲ့ ခံစားချက်လေးတွေ ဖြစ်ပြီး မျက်ရည်တွေတောင်ကျမိပါတယ်။ သားလေး က (၅)ပေါင်နဲ့(၈)အောင်စရှိတယ်။ အင်္ဂါသားလေးပေ့ါ"လို့ သူက ဆိုပါတယ်။
38614918_876813039174286_2323291159234871296_n.jpg
သားလေးမွေးလာရင်လည်း ဝိုင်းချစ်ပေးကြပါဦးလို့ ဆိုလာတဲ့ မြင့်မြတ် 
သားလေးမွေးခါနည်းမှာလည်း မြင့်မြတ်ဟာ အင်္ဂုလိမာလသုတ်တွေ ရွတ်တတ်သလောက် ရွတ်ခဲ့တယ်တဲ့။ ဒါပေမယ့် သူရွတ်တာ အဆင်မပြေ တာကြောင့် တရားခွေပဲ ဖွင့်ထားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ မွေးရက်တူတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်ရဲ့ ခံစားချက်လေးကို လည်း ယခုလို ပြောပြခဲ့ပါသေးတယ်။
"မွေးရက်တူတဲ့ သားလေးရတဲ့အတွက် ပျော်တာပေ့ါ။ ကိုယ်နဲကလည်း စိတ်တူကိုယ်တူကို ဖြစ်မယ်ထင်ပါတတယ်။အဲ့အတွက် အရမ်းကျေနပ် တယ်။ မွေးခါစတော့ သူ့အမေနဲ့တူတယ်။ အခုကျတော့လည်း ကျွန်တော်နဲ့ ပြန်တူနေသလိုပဲ အခုတော့ ရုပ်နည်းနည်းပြောင်း နေတယ်။ အဲ့လိုသဘောဖြစ်နေတယ်။ နာမည်ပေးဖို့ကတော့ ကျွန်တော်နဲ့ နေ့နံတူတယ်ဆိုရင်တော့ တစ်မျိုးပေ့ါနော်။ အခုဟာက သူက အင်္ဂါသားဖြစ် နေတော့ဘာပေးရမှန်းမသိဘူးဖြစ်နေတာ ကလေးအတွက် ဗေဒင်ဆရာနဲ့ သေချာတိုင်ပင်ပြီး တော့မှပဲ ပေးမှာပါ။ " ဆိုပြီး သြဂုတ်လ(၇) ရက်နေ့ ကလေးမွေးမွေးပြီးချင်း မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
38634422_876812849174305_1314950722101444608_n.jpg 
သူ့ဘဝထဲရောက်ရှိလာတဲ့ သားလေးရဲ့ ပုံကိုလည်း တတ်တူးထိုးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။သားလေးပုံကို တက်တူးထိုးဖို့ကိုလည်း ညာဘက်ချိုင်းအောက်မှာ ထိုးဖို့ နေရာချန်ထားတယ်လို့ မြင့်မြတ်က ဆိုပါတယ်။ မြင့်မြတ်ရဲ့ သားလေးကိုတော့ ပရိသတ်တွေကရော အနုပညာမောင်နှမတွေကပါ ဂျင်းကောင်အသေးစားလေးလို့ ခေါ်နေကြတာကိုလည်းတွေ့ရပါတယ်။
သြဂုတ်လ(၇) ရက်နေ့မှာ ကျရောက်မယ့် မြင့်မြတ်ရဲ့  မွေးနေ့အတွက်ကိုလည်း သူ့ရဲ့ Fan တွေက သြဂုတ်လ(၆) ရက်နေ့ မနက်က နေတိုးရဲ့ Story Book Studio မှာ မွေးနေ့အကြိုပွဲလေး ပြုလုပ်ပေးခဲ့ပါသေးတယ်။
38614803_10204784197081896_5876419063780999168_n.jpg 
မြင့်မြတ်ကတော့ ချစ်သူကောင်မလေးဖြစ်တဲ့ ခင်သူအောင်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲ ကို ဖေဖော်ဝါရီ(၁၅) ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက်နေ့ညနေက အောင်မြေသာ ဇံမြို့နယ်၊ ၈၅×၈၆လမ်းကြား၊ ၁၀×၁၁ကြားရှိ ဗုဒ္ဓဘာသာမင်းတဲ့စာသင်ကျောင်းမှာ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။
[Zawgyi Version]
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs