• Cele Yatkwat
    အွန်လိုင်းပေါ်မှာ ဆဲနေသူတွေအကြောင်းပြောပြလာတဲ့ ဖြိုးကြီး
Sabal Thwin
[Unicode Version]

ဆိုရှယ်မီဒီယာမှာ ရိုင်းစိုင်းတဲ့အပြောအဆိုတွေ comment တွေနဲ့ တခြားသူတွေကို စိတ်အနှောက်အယှက်ပေးနေတဲ့သူတွေ ဒုနဲ့ ဒေးပါ။ အပြောအဆိုရိုင်းတာချင်းတူပေမဲ့ မတူညီတဲ့ ရည်ရွယ်ချက်အမျိုးမျိုး ရှိနိုင်ကြောင်း ဖြိုးကြီးက ဆိုပါတယ်။

1.jpg 

အဆိုတော်ဖြိုးကြီး အနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်တဲ့ အချိန်မှာလည်း အွန်လိုင်းပေါ်ကနေ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ် သွားခြင်းမရှိပါဘူးလို့ သိရပါတယ်။ သူဟာ ကိုယ်တိုင်ကလည်း ဖေ့စ်ဘွတ်အသုံးပြုနေသူဖြစ်ပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ  ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေကြသူတွေအပေါ် သူ့ရဲ့ သုံးသပ်ချက်တွေကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' အစ်ကိုကတော့ ဘာမှမပြောချင်တော့ဘူး၊ ပြောပြန်ရင်လည်း ထပ်ဆဲနေကြဦးမှာပဲလေ။ ဒါပေမယ့် ဆဲနေတာတွေထဲကမှ ကောင်းတာ ပြောတဲ့ သူတွေအများကြီးရှိတယ်လေ။ ဥပမာ ကိုယ်အနေအထိုင်မတတ်လို့၊ အပြောအဆိုမတတ်လို့ ဆဲနေတာတွေလည်း ဖြစ်ရင် ဖြစ်မယ်။ ဘလိုင်းကြီးဆဲကြတာလည်း ရှိရင် ရှိမယ်။ အမျိုးမျိုးပေါ့နော်'' လို့ သူကဆိုပါတယ်။

3.jpg

ရေဗက္ကာ၊ ခင်ဘုဏ်း၊ မေစံပယ်ညို နဲ့ယုဇနတို့ ပုံဖော်ထားတဲ့ သီချင်းသစ် 

ဖြိုးကြီးဟာ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ဆဲရေးတိုင်းထွာမှု အမျိုးမျိုးကို တွေ့မြင်နေရသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလို ဆဲတတ်တဲ့ သူတွေ ဟာ ဘဝနေထိုင်မှု အခြေအနေအမျိုးမျိုးကြောင်း စိတ်ထွက်ပေါက် တစ်ခုအနေနဲ့လည်း ပြောကြ ဆိုကြတာဖြစ်တဲ့အကြောင်း အခုလို ပြောပြခဲ့ပါတယ်။

'' တချို့ကလည်း အဖိနှိပ်ခံ၊ နှိမ့်ချခံရတဲ့ ဘဝကနေ လာခဲ့ရတဲ့သူတွေအတွက် သူတို့မှာ စိတ်အနာတရတွေ ရှိကောင်းရှိမှာပဲလေ။ သူတို့တွေ ဒါလေးပြောလိုက်ရလို့ စိတ်ခံစားချက် ပေါ့ပါးသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ တချို့ကျတော့လည်း Hater တွေရှိတာပေါ့။ ဥပမာ မူးနေတဲ့အချိန် အပြင်မှာရန်ဖြစ်တာမျိုး၊ ဖေ့စ်ဘွတ်ပေါ်တက်ရေးတာမျိုးတွေလည်း ရှိကောင်းရှိနိုင်တာပေါ့''

2.jpg 

ဖေ့စ်ဘွတ်အသုံးပြုနေရင်းကနေ ရရှိလာတဲ့ အကျိုးတရားတွေထဲကမှ ကိုယ်ကိုယ်တိုင် ပြောင်းလဲသွားမိတာမျိုးတော့ မရှိဘူးလို့ အဆိုတော်ဖြိုး ကြီးက ပြောပါတယ်။ လူတစ်ယောက်ဖြစ်တဲ့အတွက်  ကိုယ့်ကိုယ်တိုင် သင်ယူရမယ့် အရာတွေချည်းပဲ ဆိုတာကို သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက လှည်းတန်းစင်တာမှာပြုလုပ်တဲ့ မိုးရာသီ ဂီတပွဲတော်မှာ Duwun Media ရဲ့ အင်တာဗျူးကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' လူဆိုတာ လူလိုသိလို့ရှိရင် လူလိုအသိဉာဏ်ရှိပြီးသားပါပဲ။ ဘဝထဲမှာ ဒီလိုပဲ ဖြတ်သန်းနေရင်းနဲ့ ဘဝက သင်သွားတာတွေချည်းပါပဲ။ တကူးတကသင်စရာမလိုဘူး လူတိုင်းကိုယ့်ကိုယ်ကို လေ့လာသင်ယူတတ်ပါတယ်။ ဒါတွေကိုလည်း ကိုယ့်ကိုယ်ကို သေချာမသိကြလို့ပါ'' လို့ သူကဆိုပါတယ်။

4.jpg 

အဆိုတော်ဖြိုးကြီးဟာ ပရိသတ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေပေမယ့် နယ်ဖျော်ဖြေပွဲတွေကိုတော့ သီဆိုနေရဆဲ အဆိုတော်တစ်ဦးဖြစ် ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်တေးစီးရီးအသစ်ဖြစ်တဲ့ '' ငါ့ရဲ့ အရာရာ'' ဆိုတဲ့ တေးစီးရီးကို သြဂုတ်လ ၅ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံး ကိုဖြန့်ချီလိုက်ပါပြီ။

 

[Zawgyi Version]

ဆုိရွယ္မီဒီယာမွာ ႐ိုင္းစိုင္းတဲ့အေျပာအဆုိေတြ comment ေတြနဲ႔ တျခားသူေတြကုိ စိတ္အေႏွာက္အယွက္ေပးေနတဲ့သူေတြ ဒုနဲ႔ ေဒးပါ။ အေျပာအဆုိ႐ိုင္းတာခ်င္းတူေပမဲ့ မတူညီတဲ့ ရည္ရြယ္ခ်က္အမ်ဳိးမ်ဳိး ရွိႏိုင္ေၾကာင္း ၿဖိဳးႀကီးက ဆုိပါတယ္။

အဆုိေတာ္ၿဖဳိးႀကီး အႏုပညာ အလုပ္ေတြ သိပ္မလုပ္ျဖစ္တဲ့ အခ်ိန္မွာလည္း အြန္လိုင္းေပၚကေန ပရိသတ္ေတြနဲ႔ အဆက္အသြယ္ျပတ္ သြားျခင္းမရွိပါဘူးလုိ႔ သိရပါတယ္။ သူဟာ ကုိယ္တုိင္ကလည္း ေဖ့စ္ဘြတ္အသုံးျပဳေနသူျဖစ္ၿပီး ေဖ့စ္ဘြတ္စာမ်က္ႏွာေတြမွာ  ႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာဆုိေနၾကသူေတြအေပၚ သူ႔ရဲ႕ သုံးသပ္ခ်က္ေတြကို Duwun Media ကေန ေျပာျပခဲ့ပါတယ္။

'' အစ္ကုိကေတာ့ ဘာမွမေျပာခ်င္ေတာ့ဘူး၊ ေျပာျပန္ရင္လည္း ထပ္ဆဲေနၾကဦးမွာပဲေလ။ ဒါေပမယ့္ ဆဲေနတာေတြထဲကမွ ေကာင္းတာ ေျပာတဲ့ သူေတြအမ်ားႀကီးရွိတယ္ေလ။ ဥပမာ ကုိယ္အေနအထုိင္မတတ္လုိ႔၊ အေျပာအဆုိမတတ္လုိ႔ ဆဲေနတာေတြလည္း ျဖစ္ရင္ ျဖစ္မယ္။ ဘလုိင္းႀကီးဆဲၾကတာလည္း ရွိရင္ ရွိမယ္။ အမ်ဳိးမ်ဳိးေပါ့ေနာ္'' လုိ႔ သူကဆုိပါတယ္။

ေရဗကၠာ၊ ခင္ဘုဏ္း၊ ေမစံပယ္ညိဳ နဲ႕ယုဇနတို႕ ပံုေဖာ္ထားတဲ့ သီခ်င္းသစ္ 

ၿဖဳိးႀကီးဟာ ေဖ့စ္ဘြတ္စာမ်က္နွာေပၚကေန ဆဲေရးတုိင္းထြာမႈ အမ်ိဳးမ်ဳိးကုိ ေတြ႔ျမင္ေနရသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဒီလုိ ဆဲတတ္တဲ့ သူေတြ ဟာ ဘဝေနထုိင္မႈ အေျခအေနအမ်ိဳးမ်ဳိးေၾကာင္း စိတ္ထြက္ေပါက္ တစ္ခုအေနနဲ႔လည္း ေျပာၾက ဆုိၾကတာျဖစ္တဲ့အေၾကာင္း အခုလုိ ေျပာျပခဲ့ပါတယ္။

'' တခ်ဳိ႕ကလည္း အဖိႏွိပ္ခံ၊ ႏွိမ့္ခ်ခံရတဲ့ ဘဝကေန လာခဲ့ရတဲ့သူေတြအတြက္ သူတုိ႔မွာ စိတ္အနာတရေတြ ရွိေကာင္းရွိမွာပဲေလ။ သူတုိ႔ေတြ ဒါေလးေျပာလိုက္ရလုိ႔ စိတ္ခံစားခ်က္ ေပါ့ပါးသြားတာမ်ဳိးလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တာေပါ့။ တခ်ဳိ႕က်ေတာ့လည္း Hater ေတြရွိတာေပါ့။ ဥပမာ မူးေနတဲ့အခ်ိန္ အျပင္မွာရန္ျဖစ္တာမ်ိဳး၊ ေဖ့စ္ဘြတ္ေပၚတက္ေရးတာမ်ဳိးေတြလည္း ရွိေကာင္းရွိႏုိင္တာေပါ့''

ေဖ့စ္ဘြတ္အသုံးျပဳေနရင္းကေန ရရွိလာတဲ့ အက်ဳိးတရားေတြထဲကမွ ကိုယ္ကုိယ္တုိင္ ေျပာင္းလဲသြားမိတာမ်ဳိးေတာ့ မရွိဘူးလုိ႔ အဆုိေတာ္ၿဖဳိး ႀကီးက ေျပာပါတယ္။ လူတစ္ေယာက္ျဖစ္တဲ့အတြက္  ကုိယ့္ကုိယ္တုိင္ သင္ယူရမယ့္ အရာေတြခ်ည္းပဲ ဆုိတာကုိ ၾသဂုတ္လ ၅ ရက္ေန႔ ညေနပုိင္းက လွည္းတန္းစင္တာမွာျပဳလုပ္တဲ့ မုိးရာသီ ဂီတပြဲေတာ္မွာ Duwun Media ရဲ႕ အင္တာဗ်ဴးကုိ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

'' လူဆိုတာ လူလုိသိလုိ႔ရွိရင္ လူလုိအသိဥာဏ္ရွိၿပီးသားပါပဲ။ ဘဝထဲမွာ ဒီလုိပဲ ျဖတ္သန္းေနရင္းနဲ႔ ဘဝက သင္သြားတာေတြခ်ည္းပါပဲ။ တကူးတကသင္စရာမလုိဘူး လူတုိင္းကုိယ့္ကုိယ္ကုိ ေလ့လာသင္ယူတတ္ပါတယ္။ ဒါေတြကုိလည္း ကုိယ့္ကုိယ္ကုိ ေသခ်ာမသိၾကလုိ႔ပါ'' လုိ႔ သူကဆုိပါတယ္။

အဆုိေတာ္ၿဖဳိးႀကီးဟာ ပရိသတ္ေတြနဲ႔ အနည္းငယ္အလွမ္းေဝးေနေပမယ့္ နယ္ေဖ်ာ္္ေျဖပြဲေတြကုိေတာ့ သီဆုိေနရဆဲ အဆုိေတာ္တစ္ဦးျဖစ္ ပါတယ္။ သူ႔ရဲ႕ တစ္ကုိယ္ေတာ္ေတးစီးရီးအသစ္ျဖစ္တဲ့ '' ငါ့့ရဲ႕ အရာရာ'' ဆုိတဲ့ ေတးစီးရီးကုိ ၾသဂုတ္လ ၅ ရက္ေန႔က စၿပီး ျမန္မာတစ္ႏိုင္ငံလုံး ကုိျဖန္႔ခ်ီလိုက္ပါၿပီ။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs