• Cele Yatkwat
    ပရိသတ်အားပေးမှုပိုရတဲ့ ဇာတ်လမ်းတွဲကို ပြောလာတဲ့ ပိုးကြာဖြူခင်
Sabal Thwin
[Unicode Version]

မိုးကောင်းကင်အိမ်မက်ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ဆိုင်းမိုင်ဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပရိသတ်အားပေးမှု အများ ကြီး ရရှိလာတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်က သူ့ရဲ့ အောင်မြင်မှုအတွက် ကျေနပ်ပီတိဖြစ်လို့ နေပါတယ်။ ဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့ပေမယ့်လည်း ဒီရုပ်သံဇာတ်လမ်းတွဲက သူ့အတွက်အောင်မြင်မှုအရှိဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

25348767_135234973810277_2558751366496704904_n.jpg

Photo: Poe Kyar Phyu Khain Facebook

 

မိုးကောင်းကင်အိမ်မက်ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ဆိုင်းမိုင်ဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုအများကြီးရရှိလာတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်က သူ့ရဲ့ အောင်မြင်မှုအတွက် ကျေနပ်ပီတိဖြစ်လို့နေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း သူလေးစားအားကျရတဲ့ အကယ်ဒမီထက်ထက်မိုးဦးနဲ့ အတူတွဲသရုပ်ဆောင်ခွင့်ရတဲ့ ခံစားချက်ကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။

'' အရင်တုန်းကဆိုရင် မထက်ကို  ကြော်ငြာတွေထဲကနေ အရမ်းကိုအားကျခဲ့ရတာပေါ့၊ အသက်အရွယ်အရ ကြီးတယ်ဆိုပေမယ့်လည်း ကိုယ့် စိတ်ထဲမှာ ကလေး လေးလိုပဲ စကားပြောတာကအစ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေးနဲ့ ဒီဇာတ်လမ်းတွဲမှာလည်း သူက အမေခန်း သရုပ် ဆောင် ရပေမယ့် သူ့အိုက်တင်လေးက ချစ်စရာကောင်းတယ်၊ ဘယ်လိုကြည့်ကြည့် သူ့ကို ကလေးလို့ပဲ မြင်တယ်'' လို့ ဆိုပါတယ်။

38137306_1067176880124316_8058119822875033600_n.jpg

Photo: Poe Kyar Phyu Khain Facebook

 

ပိုးကြာဖြူခင်ကို ဇာတ်လမ်းတွဲမင်းသမီးလို့တောင် ခေါ်လို့ရပါတယ်။ ဇာတ်လမ်းတွဲတော်တော်များများ ရိုက်ကူးခဲ့ပေမယ့်လည်း ''မိုးကောင်း ကင် အိမ်မက်'' ရုပ်သံဇာတ်လမ်းတွဲကတော့ သူ့အတွက်အောင်မြင်မှုအရှိဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်လို့ သြဂုတ်လ ၄ ရက် နေ့က Aroma Fashion Show ပွဲမှာ Duwun Media ကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ဇာတ်လမ်းတွဲ လွှင့်တိုင်း လွှင့်တိုင်းမှာ ပရိသတ်တွေက ကိုယ့်ကို ဇာတ်ကောင်နာမည်လေးတွေပဲ ခေါ်ကြတာများတယ်။ ဒါကလည်း ဇာတ်လမ်းတွဲတွေအပေါ် သူတို့ရဲ့ စီးမျောနေမှုပေါ့နော်။ အခုရိုက်နေတဲ့ မိုးအောင်ကင်အိမ်မက် ဇာတ်လမ်းတွဲဆိုရင် ညီမ ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ အားပေးမှုအများဆုံး ဇာတ်လမ်းတွဲလို့ ညီမထင်တယ်'' လို့  သူကဆိုပါတယ်။

36946085_1147937298694578_8463506581760245760_n.jpg

Photo: Poe Kyar Phyu Khain Facebook

 

ထက်ထက်မိုးဦး အတွက် အမှတ်တရစကားဆိုလိုက်တဲ့ စိုးမြတ်သူဇာ 

ဇာတ်လမ်းတွဲတွေကတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ ပိုးကြာဖြူခင်က မိုးကောင်ကင် အိမ်မက် ရုပ်သံဇာတ်လမ်းတွဲက နေစပြီး ပရိသတ် အားပေးမှုလည်း ပိုမိုပိုင်ဆိုင်လာပြီဖြစ်ပါတယ်။ အဲ့ဒီနောက် ရိုက်ကူးရေးတွေလည်း ပိုမိုကမ်းလှမ်းလာတာတွေရှိတယ်လို့ Duwun Media ကို ပြောပြလာပါတယ်။

'' ဒီဇာတ်လမ်းတွဲစရိုက်စဉ်ကတည်းက ညီမအတွက် ကံကောင်းစေမယ့် ဇာတ်လမ်းတွဲလေးဖြစ်လိမ့်မယ်လို့လည်း ညီမယုံကြည်ထားတယ်။ ညီမကိုယ်တိုင်လည်း ကြိုးစားထားပါတယ်။ ဒီကြိုးစားမှုအတွက် ပရိသတ်ကြီးက အသိအမှတ်ပြုပေးကြတဲ့ အတွက်လည်း အရမ်းကို ပီတဖြစ်မိပါတယ်'' လို့ သူကဆိုပါတယ်။

38482575_1073872482788089_3085396744716943360_n.jpg

Photo: Poe Kyar Phyu Khain Facebook

 

ပိုးကြာဖြူခင်ကိုတော့ ဝက္င်္ကပါစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိ ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

 

[Zawgyi Version]

မုိးေကာင္းကင္အိမ္မက္ရုပ္သံဇာတ္လမ္းတြဲကေနတဆင့္ ဆုိင္းမုိင္ဆုိတဲ့ ေကာင္မေလး ကာရုိက္တာနဲ႔ ပရိသတ္အားေပးမႈ အမ်ား ႀကီး ရရွိလာတဲ့ သရုပ္ေဆာင္ ပုိးၾကာျဖဴခင္က သူ႔ရဲ႕ ေအာင္ျမင္မႈအတြက္ ေက်နပ္ပီတိျဖစ္လုိ႔ ေနပါတယ္။ ဇာတ္လမ္းတြဲေတြ ရုိက္ကူးခဲ့ေပမယ့္လည္း ဒီရုပ္သံဇာတ္လမ္းတြဲက သူ႔အတြက္ေအာင္ျမင္မႈအရွိဆုံးဇာတ္လမ္းတြဲတစ္ခုျဖစ္တယ္လုိ႔ ဆုိပါတယ္။

Photo: Poe Kyar Phyu Khain Facebook

 

မုိးေကာင္းကင္အိမ္မက္ရုပ္သံဇာတ္လမ္းတြဲကေနတဆင့္ ဆုိင္းမုိင္ဆုိတဲ့ ေကာင္မေလး ကာရုိက္တာနဲ႔ ပရိသတ္အားေပးမႈအမ်ားႀကီးရရွိလာတဲ့ သရုပ္ေဆာင္ ပုိးၾကာျဖဴခင္က သူ႔ရဲ႕ ေအာင္ျမင္မႈအတြက္ ေက်နပ္ပီတိျဖစ္လုိ႔ေနပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာလည္း သူေလးစားအားက်ရတဲ့ အကယ္ဒမီထက္ထက္မိုးဦးနဲ႔ အတူတြဲသရုပ္ေဆာင္ခြင့္ရတဲ့ ခံစားခ်က္ကုိလည္း Duwun Media ကေန ေျပာျပလာပါတယ္။

'' အရင္တုန္းကဆုိရင္ မထက္ကုိ  ေၾကာ္ျငာေတြထဲကေန အရမ္းကုိအားက်ခဲ့ရတာေပါ့၊ အသက္အရြယ္အရ ႀကီးတယ္ဆုိေပမယ့္လည္း ကုိယ့္ စိတ္ထဲမွာ ကေလး ေလးလုိပဲ စကားေျပာတာကအစ ႏူးႏူးညံ့ညံ့ သိမ္သိမ္ေမြ႔ေမြ႔ေလးနဲ႔ ဒီဇာတ္လမ္းတြဲမွာလည္း သူက အေမခန္း သရုပ္ ေဆာင္ ရေပမယ့္ သူ႔အိုက္တင္ေလးက ခ်စ္စရာေကာင္းတယ္၊ ဘယ္လုိၾကည့္ၾကည့္ သူ႔ကုိ ကေလးလုိ႔ပဲ ျမင္တယ္'' လုိ႔ ဆုိပါတယ္။

Photo: Poe Kyar Phyu Khain Facebook

 

ပိုးၾကာျဖဴခင္ကုိ ဇာတ္လမ္းတြဲမင္းသမီးလုိ႔ေတာင္ ေခၚလုိ႔ရပါတယ္။ ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ား ရုိက္ကူးခဲ့ေပမယ့္လည္း ''မုိးေကာင္း ကင္ အိမ္မက္'' ရုပ္သံဇာတ္လမ္းတြဲကေတာ့ သူ႔အတြက္ေအာင္ျမင္မႈအရွိဆုံးဇာတ္လမ္းတြဲတစ္ခုျဖစ္တယ္လုိ႔ ၾသဂုတ္လ ၄ ရက္ ေန႔က Aroma Fashion Show ပြဲမွာ Duwun Media ကုိ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

'' ဇာတ္လမ္းတြဲ လႊင့္တုိင္း လႊင့္တုိင္းမွာ ပရိသတ္ေတြက ကုိယ့္ကုိ ဇာတ္ေကာင္နာမည္ေလးေတြပဲ ေခၚၾကတာမ်ားတယ္။ ဒါကလည္း ဇာတ္လမ္းတြဲေတြအေပၚ သူတုိ႔ရဲ႔ စီးေမ်ာေနမႈေပါ့ေနာ္။ အခုရုိက္ေနတဲ့ မုိးေအာင္ကင္အိမ္မက္ ဇာတ္လမ္းတြဲဆိုရင္ ညီမ ရိုက္ခဲ့ဖူးတဲ့ ဇာတ္လမ္းတြဲေတြထဲမွာ အားေပးမႈအမ်ားဆုံး ဇာတ္လမ္းတြဲလို႔ ညီမထင္တယ္'' လုိ႔  သူကဆုိပါတယ္။

Photo: Poe Kyar Phyu Khain Facebook

 

ထက္ထက္မုိးဦး အတြက္ အမွတ္တရစကားဆုိလုိက္တဲ့ စုိးျမတ္သူဇာ 

ဇာတ္လမ္းတြဲေတြကတဆင့္ ပရိသတ္အားေပးမႈရရွိလာတဲ့ ပုိးၾကာျဖဴခင္က မုိးေကာင္ကင္ အိမ္မက္ ရုပ္သံဇာတ္လမ္းတြဲက ေနစၿပီး ပရိသတ္ အားေပးမႈလည္း ပုိမုိပုိင္ဆိုင္လာၿပီျဖစ္ပါတယ္။ အဲ့ဒီေနာက္ ရုိက္ကူးေရးေတြလည္း ပုိမုိကမ္းလွမ္းလာတာေတြရွိတယ္လုိ႔ Duwun Media ကုိ ေျပာျပလာပါတယ္။

'' ဒီဇာတ္လမ္းတြဲစရုိက္စဥ္ကတည္းက ညီမအတြက္ ကံေကာင္းေစမယ့္ ဇာတ္လမ္းတြဲေလးျဖစ္လိမ့္မယ္လုိ႔လည္း ညီမယုံၾကည္ထားတယ္။ ညီမကုိယ္တုိင္လည္း ႀကိဳးစားထားပါတယ္။ ဒီႀကိဳးစားမႈအတြက္ ပရိသတ္ႀကီးက အသိအမွတ္ျပဳေပးၾကတဲ့ အတြက္လည္း အရမ္းကုိ ပီတျဖစ္မိပါတယ္'' လုိ႔ သူကဆုိပါတယ္။

Photo: Poe Kyar Phyu Khain Facebook

 

ပုိးၾကာျဖဴခင္ကုိေတာ့ ဝကၠၤပါစံအိမ္ ၊ မမသိမ့္နဲ႔ အေမြဆုိင္အိမ္၊ ဥယ်ာဥ္မွဴး ျဖစ္ဖူးခ်င္သည္ စတဲ့ ရုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ပရိသတ္ စတင္သိ ရွိခဲ့ၾကတာျဖစ္ပါတယ္။ အ့ဲဒီေနာက္ မုိးေကာင္ကင္အိမ္မက္ ရုပ္သံဇာတ္လမ္းတြဲကေန ပရိသတ္အားေပးမႈ ပုိမုိရရွိခဲ့ပါၿပီ။သူ႔ရဲ႕ အႏုပညာ လႈပ္ရွားမႈအေနနဲ႔ ေၾကာ္ၿငာရုိက္ကူးေရးေတြအျပင္ ဇာတ္လမ္းတြဲေတြလည္းရုိက္ကူးေနရတယ္လုိ႔ ဆုိပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs