• Cele Yatkwat
    ကြေညာထားတဲ့အတိုင်း ဆက်လက်ကျင်းပသွားမယ့် Myanmar Idol Grand Final
Ei Ei Myat
[Unicode Version]

Myanmar Idol Season 3 Grand Final ပြိုင်ပွဲကြီးအား ပရိသတ်တွေကို ကြေညာထားတဲ့အတိုင်း သြဂုတ်လ(၁၁) ရက်နေ့ ည(၇)နာရီခွဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အကယ်၍သာ ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲကို လာရောက်မယှဉ်ပြိုင်နိုင်ဘူးဆိုရင် Winner ကို တစ်ခါတည်း ကြေညာသွားမှာ ဖြစ်ပါတယ်တဲ့။

2.jpg 

Myanmar Idol Season 3 Grand Final ပြိုင်ပွဲကြီးအား ပရိသတ်တွေကို ကြေညာထားတဲ့အတိုင်း သြဂုတ်လ(၁၁) ရက်နေ့ ည(၇)နာရီခွဲမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်းစာမျက်နှာပေါ်မှာ ပြိုင်ပွဲဝင်တွေ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် Myanmar Idol Grand Final ပွဲကို  ရက်ရွှေ့ဆိုုင်းတယ်ဆိုတဲ့ သတင်းတွေ ပြန့်နေခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲကြီး ဆက်လက်ကျင်းပဖြစ်ကြောင်း ဒီနေ့ (သြဂုတ်လ၁၀ရက်) ည(၆) နာရီမှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ သတင်း စာရှင်းလင်းပွဲလုပ်ပြီး မီဒီယာတွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

3.jpg 

ဆေးကုသမှု ခံယူနေရတဲ့ ချမ်းမြေ့မောင်ချို 

"နှစ်ယောက်စလုံးကို ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ပြန်လွှတ်ပြီး ပြန်လာချိန်မှာ နှစ်ယောက်စလုံး နေမကောင်းဖြစ် လာကြတယ်။ ချမ်းမြေ့ မောင်ချို က (၉) ရက်နေ့က ဆေးရုံတင်ရတယ်။ အခုဆရာဝန်တွေ စောင့်ကြည့်နေရတဲ့အချိန်ပေ့ါ။ဖြိုးမြတ်အောင်လည်း အဲ့လိုပဲ နေမ ကောင်းဖြစ်တယ်။ သူကတော့ အခု ပြန်ကျန်းမာလာပြီ။ ဒါပေမယ့် မနက်ဖြန် Grand Final ကိုဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ မောင်ချိုကိုလည်း လာပြိုင်ဖို့ မျှော်လင့်မိပါတယ်။မနေ့ကထက်စာရင် သူ့ကျန်းမာရေး ကောင်းလာပါပြီ။သူကလည်း ပြိုင်ချင်တယ်လို့ သိထားပါတယ်။ပွဲကတော့ လုပ်မြဲအတိုင်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ " ဆိုပြီး ဒီနေ့မှာ ပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲတွင် Myanmar Idol ရဲ့ Executive Manager စိုင်းဇွမ်ဖာ့က ဆိုပါတယ်။

38771781-2141158739485874-5845937268564426752-n.jpg

Photo : Myanmar idol FB

 

ပြိုင်ပွဲမှာလည်း ချမ်းမြေ့မောင်ချိုကို နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အကယ်၍ ချမ်းမြေ့မောင်ချို

အနေနဲ့ ရောက်ရှိလာနိုင်ခြင်းမရှိပါက Winner အဖြစ် ဖြိုးမြတ်အောင်က ရရှိသွားမှာဖြစ်ပြီး Voting စနစ်လည်း ရှိတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ Myanmar Idol Season 3 ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို  တော်တော်ရရှိနေတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဘယ်သူဟာ Myanmar Idol Season 3 ရဲ့ Winner ဖြစ်မလဲဆိုတာကတော့ ပရိသတ်တွေ အရမ်းကို ရင်ခုန်နေကြပါပြီ။Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ ဟာဆိုရင် သြဂုတ်လ(၁၁) ရက်နေ့ ည(၇)ခွဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။ Myanmar idol Season 3 မှာတော့ နာမည်ကြီး အဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့တင်ဇာမော် တို့မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ် ပါဝင်ဆောင်ရွက် နေတာဖြစ်ပါတယ်။

[Zawgyi Version]

Myanmar Idol Season 3 Grand Final ၿပိဳင္ပြဲႀကီးအား ပရိသတ္ေတြကို ေၾကညာထားတဲ့အတိုင္း ၾသဂုတ္လ(၁၁) ရက္ေန႕ ည(၇)နာရီခြဲမွာ က်င္းပသြားမွာ ျဖစ္ပါတယ္။ အကယ္၍သာ ခ်မ္းေျမ႕ေမာင္ခ်ိဳဟာ ၿပိဳင္ပြဲကို လာေရာက္မယွဥ္ၿပိဳင္ႏိုင္ဘူးဆိုရင္ Winner ကို တစ္ခါတည္း ေၾကညာသြားမွာ ျဖစ္ပါတယ္တဲ့။

2.jpg 

Myanmar Idol Season 3 Grand Final ၿပိဳင္ပြဲႀကီးအား ပရိသတ္ေတြကို ေၾကညာထားတဲ့အတိုင္း ၾသဂုတ္လ(၁၁) ရက္ေန႕ ည(၇)နာရီခြဲမွာ က်င္းပသြားမွာ ျဖစ္တယ္လို႕ သိရပါတယ္။ အြန္လိုင္းစာမ်က္ႏွာေပၚမွာ ၿပိဳင္ပြဲဝင္ေတြ က်န္းမာေရးအေျခအေန မေကာင္းတာေၾကာင့္ Myanmar Idol Grand Final ပြဲကို  ရက္ေရႊ႕ဆိုုင္းတယ္ဆိုတဲ့ သတင္းေတြ ျပန္႕ေနခဲ့ပါေသးတယ္။

ဒါေပမယ့္လည္း ၿပိဳင္ပြဲႀကီး ဆက္လက္က်င္းပျဖစ္ေၾကာင္း ဒီေန႕ (ၾသဂုတ္လ၁၀ရက္) ည(၆) နာရီမွာ ရန္ကုန္ၿမိဳ႕ ေရႊထြဋ္တင္ကြင္းမွာ သတင္း စာရွင္းလင္းပြဲလုပ္ၿပီး မီဒီယာေတြကို အသိေပးခဲ့တာျဖစ္ပါတယ္။

ေဆးကုသမႈ ခံယူေနရတဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳ 

"ႏွစ္ေယာက္စလံုးကို ပရိသတ္ေတြနဲ႕ ေတြ႕ဆံုဖို႕ ျပန္လႊတ္ၿပီး ျပန္လာခ်ိန္မွာ ႏွစ္ေယာက္စလံုး ေနမေကာင္းျဖစ္ လာၾကတယ္။ ခ်မ္းေျမ႕ ေမာင္ခ်ိဳ က (၉) ရက္ေန႕က ေဆးရံုတင္ရတယ္။ အခုဆရာဝန္ေတြ ေစာင့္ၾကည့္ေနရတဲ့အခ်ိန္ေပ့ါ။ၿဖိဳးျမတ္ေအာင္လည္း အဲ့လိုပဲ ေနမ ေကာင္းျဖစ္တယ္။ သူကေတာ့ အခု ျပန္က်န္းမာလာၿပီ။ ဒါေပမယ့္ မနက္ျဖန္ Grand Final ကိုဆက္လက္က်င္းပသြားမွာ ျဖစ္ပါတယ္။ ေမာင္ခ်ိဳကိုလည္း လာၿပိဳင္ဖို႕ ေမွ်ာ္လင့္မိပါတယ္။မေန႕ကထက္စာရင္ သူ႕က်န္းမာေရး ေကာင္းလာပါၿပီ။သူကလည္း ၿပိဳင္ခ်င္တယ္လို႕ သိထားပါတယ္။ပြဲကေတာ့ လုပ္ၿမဲအတိုင္း ဆက္လုပ္သြားမွာ ျဖစ္ပါတယ္။ " ဆိုၿပီး ဒီေန႕မွာ ျပဳလုပ္တဲ့  သတင္းစာရွင္းလင္းပြဲတြင္ Myanmar Idol ရဲ႕ Executive Manager စိုင္းဇြမ္ဖာ့က ဆုိပါတယ္။

Photo : Myanmar idol FB

 

ၿပိဳင္ပြဲမွာလည္း ခ်မ္းေျမ႕ေမာင္ခ်ိဳကို ေနာက္ဆံုးအခ်ိန္ထိ ေစာင့္ဆိုင္းေပးသြားမွာ ျဖစ္တယ္လို႕ သိရပါတယ္။ အကယ္၍ ခ်မ္းေျမ႕ေမာင္ခ်ဳိ

အေနနဲ႔ ေရာက္ရိွလာႏိုင္ျခင္းမရိွပါက Winner အျဖစ္ ၿဖိဳးျမတ္ေအာင္က ရရိွသြားမွာျဖစ္ၿပီး Voting စနစ္လည္း ရိွေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။ Myanmar Idol Season 3 ၿပိဳင္ပြဲႀကီးကေတာ့ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို  ေတာ္ေတာ္ရရွိိေနတဲ့ ပြဲလည္း ျဖစ္ပါတယ္။

ဘယ္သူဟာ Myanmar Idol Season 3 ရဲ႕ Winner ျဖစ္မလဲဆိုတာကေတာ့ ပရိသတ္ေတြ အရမ္းကို ရင္ခုန္ေနၾကပါၿပီ။Myanmar Idol Season 3 သီခ်င္းဆုိၿပိဳင္ပြဲ ဟာဆုိရင္ ၾသဂုတ္လ(၁၁) ရက္ေန႔ ည(၇)ခြဲမွာ က်င္းပမွာ ျဖစ္ပါတယ္။ Myanmar idol Season 3 မွာေတာ့ နာမည္ၾကီး အဆုိေတာ္မ်ားျဖစ္တဲ့ ျမန္မာျပည္သိန္းတန္ ၊ ရန္ေအာင္ ၊ မ်ိဳးေက်ာ့ျမိဳင္နဲ ့တင္ဇာေမာ္ တို ့မွ အကဲျဖတ္ ဒိုင္လူၾကီးမ်ားအျဖစ္ ပါဝင္ေဆာင္ရြက္ ေနတာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs