• Cele Yatkwat
    သားအတွက် ဖြစ်စေချင်တဲ့ အိပ်မက်ကိုပြောလာတဲ့ ခင်ဇာခြည်ကျော်
Sabal Thwin
[Unicode Version]

ခင်ဇာခြည်ကျော်ဟာ IGCSE  စာမေးပွဲကို ဘာသာစုံနှစ်ချင်းပေါက် ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ သားကြီး ဘုန်းမင်းနေလကို စင်ကာပူမှာ ကျောင်းထားမယ်လို့ဆိုပါတယ်။ သားအတွက် သူ့မှာ အိပ်မက်တွေ အများကြီးရှိတယ်လို့ဆိုပါတယ်။

41530655_1157945591048652_1377800842559619072_n.jpg

Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်က  သားဖြစ်သူ ဘုန်းမင်းနေလဟာ IGCSE  စာမေးပွဲကို ဘာသာစုံနှစ်ချင်းပေါက် ထူးထူးချွန်ချွန်အောင်မြင် ခဲ့တယ်လို့ သိရပါတယ်။ တက္ကသိုလ်တက်ရတော့မယ့် သားဖြစ်သူအတွက် ရင်ထဲက ဝမ်းသာပီတိစကားကိုလည်း မီဒီယာတွေကနေတဆင့် အခု လိုပြောပြခဲ့ပါတယ်။

'' သားသားက ယောကျ်ားလေးဆိုတော့ စာလုပ်အားနည်းတယ်လေ။ ဒါပေမယ့် သူဉာဏ်ကောင်းတယ်၊ စာလုပ်အားနည်းတယ်ဆိုပေမယ့် အမေက ဘေးကနေပြီးတော့ တဂျီဂျီနဲ့တွန်းနေရတဲ့ အခါမှာ သားက နှစ်ချင်းပေါက်အောင်တယ်၊ ပြီးတော့ အမှတ်ကလည်း မနည်းဘူးလေ သူ့ဟာလေးနဲ့သူ ကောင်းပြီးတော့ တက္ကသိုလ်တက်ရောက်တော့မယ့် သားတစ်ယောက်အတွက်ပျော်တာပေါ့နော်'' လို့ ဆိုပါတယ်။

36444388_1084988775011001_5342637186749562880_n.jpg

Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်

 

ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူ ဘုန်းမင်းနေလကို သြစတေးလျမှာ ကျောင်းထားချင်တဲ့ ဆန္ဒရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သားကလည်း မိခင်ကို ကြာကြာမခွဲနိုင်တာကြောင့် သားအမိတွေ မကြာခဏ သွားလည်ခွင့်ရအောင်လို့ စင်ကာပူမှာပဲ ကျောင်းထားပေးမယ်လို့ ဆက်လက် ပြောပြလာပါတယ်။

'' သူက အဝေးကြီးမသွားချင်ဘူးတဲ့။ အစ်မက သြစတေးလျလောက်သွားပါလား ဆိုတာကို သူက အမေနဲ့လည်း မခွဲနိုင်ဘူး သူကျောင်းသွား တက် ရင် တောင် မေမေက သားနဲ့ ၂ လလိုက်နေမှာ လား ၃ လလိုက်နေမှာလား မေးတယ်။ စင်ကာပူဆိုရင်တော့ အစ်မတို့လည်း ခဏခဏ သွားလို့ရတော့ အဲ့ဒါကြောင့် စင်ကာပူ မှာပဲ ကျောင်းထားဖို့ ဆုံးဖြတ်လိုက်တာပါ'' လို့ သူကဆိုပါတယ်။

သားဖြစ်သူကို ရုပ်ရှင်ရိုက်ခွင့်မပြုသေးဘူးဆိုတဲ့ ခင်ဇာခြည်ကျော် 

42369935_1163328310510380_3304918716558344192_n.jpg

Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်

 

သားကြီးဘုန်းမင်းနေလ အတွက် ခင်ဇာခြည်ကျော်မှာ အိပ်မက်တွေရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်ရတော့မယ့် သား တစ်ယောက်အတွက် မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို  သြဂုတ်လ ၃၁ ရက်နေ့က နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ကား အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

'' သားအတွက် အစ်မရဲ့ အိပ်မက်က ပညာတက်တစ်ယောက်ဖြစ်ရမယ်။ တကယ်လို့များ သူသည် အနုပညာသမားတစ်ယောက်ဖြစ်လာခဲ့မယ် ဆိုရင်လည်း အစ်မပျော်မှာပါ။ ဒါကလည်း ကောင်းသောခွဲခြင်းပါ သူတို့ရဲ့ ပညာရေးအတွက်၊ သူတို့ ပညာတက်တွေဖြစ်ဖို့အတွက် ခဏခွဲရ တာပဲလေ။ အဲ့ဒီအတွက် စိတ်တော့ဘယ်ကောင်းမလဲနော်။ ဒီသားအမိတွေပဲ ရှိတာကို လွမ်းတော့ လွမ်းနေမှာပေါ့'' လို့ ပြောပါတယ်။

42271868_1163328327177045_5807572765250682880_n.jpg

Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင် သစ္စာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသား တစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။

 

[Zawgyi Version]

ခင္ဇာျခည္ေက်ာ္ဟာ IGCSE  စာေမးပြဲကုိ ဘာသာစုံႏွစ္ခ်င္းေပါက္ ထူးထူးခၽြန္ခၽြန္ေအာင္ျမင္ခဲ့တဲ့ သားႀကီး ဘုန္းမင္းေနလကုိ စင္ကာပူမွာ ေက်ာင္းထားမယ္လုိ႔ဆုိပါတယ္။ သားအတြက္ သူ႔မွာ အိပ္မက္ေတြ အမ်ားႀကီးရွိတယ္လုိ႔ဆုိပါတယ္။

Photo: ခင္ဇာျခည္ေက်ာ္ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ခင္ဇာျခည္ေက်ာ္က  သားျဖစ္သူ ဘုန္းမင္းေနလဟာ IGCSE  စာေမးပြဲကုိ ဘာသာစုံႏွစ္ခ်င္းေပါက္ ထူးထူးခၽြန္ခၽြန္ေအာင္ျမင္ ခဲ့တယ္လုိ႔ သိရပါတယ္။ တကၠသိုလ္တက္ရေတာ့မယ့္ သားျဖစ္သူအတြက္ ရင္ထဲက ဝမ္းသာပီတိစကားကုိလည္း မီဒီယာေတြကေနတဆင့္ အခု လုိေျပာျပခဲ့ပါတယ္။

'' သားသားက ေယာက်္ားေလးဆိုေတာ့ စာလုပ္အားနည္းတယ္ေလ။ ဒါေပမယ့္ သူဥာဏ္ေကာင္းတယ္၊ စာလုပ္အားနည္းတယ္ဆုိေပမယ့္ အေမက ေဘးကေနၿပီးေတာ့ တဂ်ီဂ်ီနဲ႔တြန္းေနရတဲ့ အခါမွာ သားက ႏွစ္ခ်င္းေပါက္ေအာင္တယ္၊ ၿပီးေတာ့ အမွတ္ကလည္း မနည္းဘူးေလ သူ႔ဟာေလးနဲ႔သူ ေကာင္းၿပီးေတာ့ တကၠသုိလ္တက္ေရာက္ေတာ့မယ့္ သားတစ္ေယာက္အတြက္ေပ်ာ္တာေပါ့ေနာ္'' လုိ႔ ဆုိပါတယ္။

Photo: ခင္ဇာျခည္ေက်ာ္ေဖ့စ္ဘြတ္

 

ခင္ဇာျခည္ေက်ာ္ဟာ သားျဖစ္သူ ဘုန္းမင္းေနလကုိ ၾသစေတးလ်မွာ ေက်ာင္းထားခ်င္တဲ့ ဆႏၵရွိတယ္လုိ႔ဆုိပါတယ္။ ဒါေပမယ့္ သားကလည္း မိခင္ကုိ ၾကာၾကာမခြဲႏုိင္တာေၾကာင့္ သားအမိေတြ မၾကာခဏ သြားလည္ခြင့္ရေအာင္လုိ႔ စင္ကာပူမွာပဲ ေက်ာင္းထားေပးမယ္လုိ႔ ဆက္လက္ ေျပာျပလာပါတယ္။

'' သူက အေဝးႀကီးမသြားခ်င္ဘူးတဲ့။ အစ္မက ၾသစေတးလ်ေလာက္သြားပါလား ဆုိတာကုိ သူက အေမနဲ႔လည္း မခြဲႏုိင္ဘူး သူေက်ာင္းသြား တက္ ရင္ ေတာင္ ေမေမက သားနဲ႔ ၂ လလိုက္ေနမွာ လား ၃ လလုိက္ေနမွာလား ေမးတယ္။ စင္ကာပူဆုိရင္ေတာ့ အစ္မတို႔လည္း ခဏခဏ သြားလုိ႔ရေတာ့ အဲ့ဒါေၾကာင့္ စင္ကာပူ မွာပဲ ေက်ာင္းထားဖုိ႔ ဆုံးျဖတ္လုိက္တာပါ'' လုိ႔ သူကဆုိပါတယ္။

သားျဖစ္သူကို ရုပ္ရွင္ရိုက္ခြင့္မျပဳေသးဘူးဆိုတဲ့ ခင္ဇာျခည္ေက်ာ္ 

Photo: ခင္ဇာျခည္ေက်ာ္ေဖ့စ္ဘြတ္

 

သားႀကီးဘုန္းမင္းေနလ အတြက္ ခင္ဇာျခည္ေက်ာ္မွာ အိပ္မက္ေတြရွိတယ္လုိ႔ ဆုိပါတယ္။ ႏုိင္ငံျခားမွာ ေက်ာင္းသြားတက္ရေတာ့မယ့္ သား တစ္ေယာက္အတြက္ မိခင္တစ္ေယာက္ရဲ႔ ခံစားခ်က္ေတြကုိ  ၾသဂုတ္လ ၃၁ ရက္ေန႔က ေနရယ္၊ လရယ္၊ အမွန္တရားရယ္ ဇာတ္ကား အထူးျပပြဲမွာ ေျဖဆုိခဲ့တာပါ။

'' သားအတြက္ အစ္မရဲ႕ အိပ္မက္က ပညာတက္တစ္ေယာက္ျဖစ္ရမယ္။ တကယ္လုိ႔မ်ား သူသည္ အႏုပညာသမားတစ္ေယာက္ျဖစ္လာခဲ့မယ္ ဆုိရင္လည္း အစ္မေပ်ာ္မွာပါ။ ဒါကလည္း ေကာင္းေသာခြဲျခင္းပါ သူတုိ႔ရဲ႕ ပညာေရးအတြက္၊ သူတုိ႔ ပညာတက္ေတြျဖစ္ဖုိ႔အတြက္ ခဏခြဲရ တာပဲေလ။ အဲ့ဒီအတြက္ စိတ္ေတာ့ဘယ္ေကာင္းမလဲေနာ္။ ဒီသားအမိေတြပဲ ရွိတာကုိ လြမ္းေတာ့ လြမ္းေနမွာေပါ့'' လို႔ ေျပာပါတယ္။

Photo: ခင္ဇာျခည္ေက်ာ္ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ခင္ဇာျခည္ေက်ာ္မွာေတာ့ အရမ္းကုိေခ်ာေမာၿပီး ခ်စ္စရာေကာင္းလြန္းၾကတဲ့ သားႀကီး ဘုန္းမင္းေနလနဲ႔ သမီးငယ္ေလး ထင္ သစၥာ တုိ႔ကုိ ပုိင္ဆုိင္ထားပါတယ္။ သားႀကီး ဘုန္းမင္းေနလကေတာ့ ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးေတြ ရဲ႕ အသဲစြဲမင္းသား တစ္ေယာက္ ျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ မဂၢဇင္းဓာတ္ပုံေတြ ရုိက္ကူးေနရုံသာမက တီဗီေၾကာ္ျငာေတြလည္း ရုိက္ကူးေနရၿပီျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs