• Cele Yatkwat
    မိဘစကား နားထောင်တတ်သူပါလို့ ဆိုလာတဲ့ မေမြတ်နိုး
Sabal Thwin
[Unicode Version]

ချစ်သူရည်းစား မထားတတ်တဲ့ မေမြတ်နိုးက မိဘစကား နားထောင်တဲ့ ကလေးတစ်ယောက်ပါလို့ ဆိုပါတယ်။ သူကိုယ်တိုင် ခံယူချက် ထား ထားတဲ့ အချစ်ရေးအကြောင်းတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။

42967042_1980194568735147_4597308705598341120_n.jpg 

သရုပ်ဆောင်မေမြတ်နိုး ဟာ မိဘစကားကို နားထောင်တတ်တဲ့ ကလေးတစ်ယောက်ပါလို့ဆိုပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိပေမယ့်လည်း ကိုယ့်ထက်အတွေ့အကြုံပေါင်းများစွာကို ဖြတ်သန်းလာခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ ဆုံးမစကားကို နားထောင်တာ များတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' မြတ်နိုးက မိဘစကားနားထောင်တဲ့ ကလေးပါ။ မိဘရဲ့ မေတ္တာမဆူးချင်ဘူး၊ မိဘစကားနားမထောင်တဲ့ကလေး တော်တော်များများကလည်း လမ်းမှားကိုရောက်တယ်။ အဲ့ဒါကိုကြောက်တယ်၊ အမေဆိုတာ ကိုယ့်ထက် အတွေ့အကြုံတွေအများကြီးရှိတဲ့သူ ဖြစ်တဲ့အတွက် အမေ့စကားကို နားထောင်ဖြစ်တာများပါတယ်"လို့ ဆိုပါတယ်။

42866692_1980194605401810_2328894828835766272_o.jpg 

မိဘစကား နားထောင်တတ်တဲ့ သမီးလေး မေမြတ်နိုးက အခုချိန်ထိ ချစ်သူ၊ ရည်းစားမထားသေးဘူးလို့ဆိုပါတယ်။ ဒါကလည်း မိဘတွေက ခွင့်ပြုချက်မပေးထားသလို သူကိုယ်တိုင်ကလည်း စိတ်ရှုပ်မခံတတ်တာကြောင့်ပါ ဆိုပြီးတော့ အောက်တိုဘာလ ၁ရက်နေ့က Clear ခေါင်းလျှော်ရည်သစ် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' Single is the best ပါ။ Single ဖြစ်တာတော့ ကြာပါပြီ။ မြတ်နိုးကို အမေက ရည်းစားထားခွင့်မပေးထားဘူး။ အဓိက ကတော့ အလုပ်လုပ်နေ ရတဲ့အတွက် ငယ်လည်း ငယ်သေးတဲ့အတွက်ကြောင့်ပါ။ ရည်းစားထားတယ် ဆိုရင် အပြည့်အဝအချိန်ပေးရတယ်လေ။ မပေးလည်းရပါတယ် လို့ပြောတဲ့သူတောင်မှ အချိန်လိုချင်တယ်ပေါ့ ကိုယ်တွေသူငယ်ချင်းတွေမှာ တွေ့နေရတယ်။ မက်ဆေ့ချ်မပို့လို့၊ ဖုန်းမဆက်လို့ ဆိုပြီးတော့ အာရုံနောက်တာကို မခံနိုင်လို့ပေါ့'' လို့ ဆိုပါတယ်။

နိုင်ငံခြား အေဂျင်စီတစ်ခုနဲ့ အလုပ်လုပ်နေတဲ့ မေမြတ်နိုး 

  39186568_918656835010192_8838412236918620160_n.jpg

အနုပညာအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေရတဲ့ မေမြတ်နိုးက သူ ခံယူထားတဲ့ အချစ်အကြောင်းကိုလည်း ဆက်လက်ပြောပြ လာပါတယ်။ ပူလောင်တဲ့ အချစ်မျိုးကိုလည်း မေမြတ်နိုးက မကြိုက်ဘူးလို့ ဆိုပါတယ်။

'' ရည်းစားထားတဲ့အချစ်က မြတ်နိုးမြင်တာက ရယူချင်တဲ့ အချစ်မျိုးပေါ့နော်။ အဲ့ဒီအချစ်မျိုးကို မြတ်နိုးမကြိုက်ဘူး။ ပူလောင်တယ်ပေါ့နော်။ ပရိသတ်တွေကို ချစ်ရတာကြိုက်တယ်၊ ပရိသတ်တွေက သူတို့ကလည်း ပျော်ပျော်ကြီးချစ်တာ၊ ကိုယ်ကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ပျော်ပျော်ကြီးလက်ခံပြီးချစ်တာ ဆိုတော့ အေးချမ်းတယ်၊ မေတ္တာပေါ့နော်'' လို့ သူကဆိုပါတယ်။

43084595_1980194632068474_4458169589322219520_o.jpg 

မေမြတ်နိုးဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျှက်ရှိတာကိုတွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မှာပါ။ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

 

[Zawgyi Version]

ခ်စ္သူရည္းစား မထားတတ္တဲ့ ေမျမတ္ႏုိးက မိဘစကား နားေထာင္တဲ့ ကေလးတစ္ေယာက္ပါလုိ႔ ဆုိပါတယ္။ သူကုိယ္တုိင္ ခံယူခ်က္ ထား ထားတဲ့ အခ်စ္ေရးအေၾကာင္းေတြကုိလည္း ဆက္လက္ေျပာျပလာပါတယ္။

သရုပ္ေဆာင္ေမျမတ္ႏုိး ဟာ မိဘစကားကုိ နားေထာင္တတ္တဲ့ ကေလးတစ္ေယာက္ပါလုိ႔ဆုိပါတယ္။ ကုိယ္ပုိင္ဆုံးျဖတ္ခ်က္ ရွိေပမယ့္လည္း ကုိယ့္ထက္အေတြ႔အႀကံဳေပါင္းမ်ားစြာကုိ ျဖတ္သန္းလာခဲ့ရတဲ့ မိခင္ျဖစ္သူရဲ႕ ဆုံးမစကားကုိ နားေထာင္တာ မ်ားတယ္လုိ႔ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ျမတ္ႏုိးက မိဘစကားနားေထာင္တဲ့ ကေလးပါ။ မိဘရဲ႕ ေမတၱာမဆူးခ်င္ဘူး၊ မိဘစကားနားမေထာင္တဲ့ကေလး ေတာ္ေတာ္မ်ားမ်ားကလည္း လမ္းမွားကုိေရာက္တယ္။ အဲ့ဒါကုိေၾကာက္တယ္၊ အေမဆုိတာ ကုိယ့္ထက္ အေတြ႔အႀကဳံေတြအမ်ားႀကီးရွိတဲ့သူ ျဖစ္တဲ့အတြက္ အေမ့စကားကုိ နားေထာင္ျဖစ္တာမ်ားပါတယ္"လုိ႔ ဆုိပါတယ္။

မိဘစကား နားေထာင္တတ္တဲ့ သမီးေလး ေမျမတ္ႏုိးက အခုခ်ိန္ထိ ခ်စ္သူ၊ ရည္းစားမထားေသးဘူးလုိ႔ဆုိပါတယ္။ ဒါကလည္း မိဘေတြက ခြင့္ျပဳခ်က္မေပးထားသလို သူကုိယ္တုိင္ကလည္း စိတ္ရႈပ္မခံတတ္တာေၾကာင့္ပါ ဆုိၿပီးေတာ့ ေအာက္တုိဘာလ ၁ရက္ေန႔က Clear ေခါင္းေလွ်ာ္ရည္သစ္ မိတ္ဆက္ပြဲမွာ ေျဖဆုိခဲ့တာပါ။

'' Single is the best ပါ။ Single ျဖစ္တာေတာ့ ၾကာပါၿပီ။ ျမတ္ႏုိးကုိ အေမက ရည္းစားထားခြင့္မေပးထားဘူး။ အဓိက ကေတာ့ အလုပ္လုပ္ေန ရတဲ့အတြက္ ငယ္လည္း ငယ္ေသးတဲ့အတြက္ေၾကာင့္ပါ။ ရည္းစားထားတယ္ ဆုိရင္ အျပည့္အဝအခ်ိန္ေပးရတယ္ေလ။ မေပးလည္းရပါတယ္ လုိ႔ေျပာတဲ့သူေတာင္မွ အခ်ိန္လုိခ်င္တယ္ေပါ့ ကုိယ္ေတြသူငယ္ခ်င္းေတြမွာ ေတြ႔ေနရတယ္။ မက္ေဆ့ခ်္မပုိ႔လုိ႔၊ ဖုန္းမဆက္လုိ႔ ဆုိၿပီးေတာ့ အာရုံေနာက္တာကို မခံႏုိင္လုိ႔ေပါ့'' လုိ႔ ဆုိပါတယ္။

ႏုိင္ငံျခား ေအဂ်င္စီတစ္ခုနဲ႔ အလုပ္လုပ္ေနတဲ့ ေမျမတ္ႏုိး 

  39186568_918656835010192_8838412236918620160_n.jpg

အႏုပညာအလုပ္ေတြ ဆက္တုိက္ ေဆာင္ရြက္ေနရတဲ့ ေမျမတ္ႏုိးက သူ ခံယူထားတဲ့ အခ်စ္အေၾကာင္းကုိလည္း ဆက္လက္ေျပာျပ လာပါတယ္။ ပူေလာင္တဲ့ အခ်စ္မ်ဳိးကုိလည္း ေမျမတ္ႏုိးက မႀကိဳက္ဘူးလုိ႔ ဆုိပါတယ္။

'' ရည္းစားထားတဲ့အခ်စ္က ျမတ္ႏုိးျမင္တာက ရယူခ်င္တဲ့ အခ်စ္မ်ဳိးေပါ့ေနာ္။ အဲ့ဒီအခ်စ္မ်ဳိးကုိ ျမတ္ႏုိးမႀကိဳက္ဘူး။ ပူေလာင္တယ္ေပါ့ေနာ္။ ပရိသတ္ေတြကုိ ခ်စ္ရတာႀကိဳက္တယ္၊ ပရိသတ္ေတြက သူတုိ႔ကလည္း ေပ်ာ္ေပ်ာ္ႀကီးခ်စ္တာ၊ ကုိယ္ကလည္း ပရိသတ္ေတြရဲ႕ အားေပးမႈကုိ ေပ်ာ္ေပ်ာ္ႀကီးလက္ခံၿပီးခ်စ္တာ ဆုိေတာ့ ေအးခ်မ္းတယ္၊ ေမတၱာေပါ့ေနာ္'' လုိ႔ သူကဆုိပါတယ္။

ေမျမတ္ႏုိးဟာ လက္ရွ္ိမွာ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးလွ်က္ရွိတာကုိေတြ႔ရပါတယ္။ သူပါဝင္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း မၾကာခင္ ပရိသတ္အေရွ႕ကုိ ေရာက္လာေတာ့မွာပါ။ သူ႔အေနနဲ႔ ျမန္မာႏုိင္ငံတြင္းသာမက ျပည္ပမွာပါ အႏုပညာလႈပ္ရွားမႈေတြလုပ္ႏိုင္ဖို႔ ႀကိဳးစားေနသူ ျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs