• Cele Yatkwat
    ပြင်းပြင်းထန်ထန်ဝိတ်ချဖို့ ဆန္ဒမရှိဘူးဆိုတဲ့ မိစန္ဒီ
Sabal Thwin
[Unicode Version]

ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဝေဖန်ခံရတာရှိပေမယ့် ကိုယ့်ခန္ဓာကိုယ်အပေါ် ယုံကြည်မှုအပြည့်ရှိတယ်လို့ မိစန္ဒီက ပြောပါတယ်။ သူငယ်ငယ်တုန်း ကလည်း ဒီလို  ဝဝ လုံးလုံးလေးပါပဲတဲ့။

27545718_10211814437856673_2888441422654920975_n.jpg

Photo: မိစန္ဒီဖေ့စ်ဘွတ်

 

မိစန္ဒီက သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး ယုံကြည်မှုအပြည့်အဝရှိတယ်လို့ ဆိုပါတယ်။ သူ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝ တယ်လို့ ပြော ကြဆိုကြတာတွေလည်း ခံရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိစန္ဒီကတော့ အလုပ်အတွက်အမောခံနိုင်အောင်သာ အားကစားလုပ်ပေမယ့် ဝိတ်ကျဖို့အတွက် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမလုပ်ဘူးလို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ကိုယ့်ဘဝမှာ ပြင်းပြင်းထန်ထန် ဝိတ်လျှော့မယ်ဆိုတဲ့ ဆန္ဒ လုံးဝမရှိပါဘူး။ လူဆိုတာ ဆုံးဖြတ်ချက် ခိုင်မာရင်တော့ လုပ်လို့ရတယ်။ မိစန္ဒီက ငယ်ငယ်ကတည်းက လှချင်တဲ့စိတ်မရှိဘူးပေါ့နော်။ ဝိတ်ချရမယ်၊ ဝိတ်ချသင့်တယ်ဆိုတာလည်း သိတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ် နေတဲ့အလုပ်ရှိမယ်။ မိစန္ဒီ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ယုံကြည်မှုရှိတယ်။ မိတ်ကပ်မပါပဲနဲ့ အပြင်ထွက်ရဲတယ်'' လို့ သူကဆိုပါတယ်။

17021888_10212214551139255_6076322133386703261_n.jpg

Photo: မိစန္ဒီဖေ့စ်ဘွတ်

 

မိစန္ဒီဟာ ငယ်ငယ်ကတည်းက ဝဝကစ်ကစ်လုံးလုံးလေးနဲ့ ချစ်စရာကောင်းတဲ့သူပါ။ စာ တစ်ခုတည်းကိုပဲ အရမ်းကြိုးစားတတ်တဲ့ သူ ဖြစ်ပြီး မိန်းမဆန်ဆန်မနေတတ်သူပါ ဆိုပြီးတော့ သူ့ရဲ့ ငယ်ငယ်က ပုံစံလေးကို အောက်တိုဘာလ ၆ ရက်နေ့က Wacoal Exclusive Fashion ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။

'' ငယ်ငယ်တုန်းကလည်း ဒီလိုပဲ လုံးတယ်။ ဒါပေမယ့် အဲ့လောက်ထိတော့ မဝဘူးပေါ့နော်။ အခုက ပိုပြီးတော့လုံးလာတယ်။ ပိုပြီးလည်း စားတာပေါ့နော်။ မိစန္ဒီက ငယ်ငယ်တုန်းကတည်းက အလှအပလည်း သိပ်စိတ်မဝင်စားဘူး။ မိန်းမလည်း အရမ်းမဆန်ဘူး အဲ့ဒီလိုမျိုးပေါ့။ ပျော်ပျော်နေတတ်တယ်။ စာအရမ်းလုပ်တဲ့ စာဂျပိုးမကြီးပေါ့ ကြီးလာမှ စာကသိပ်မလုပ်တော့ဘူး'' လို့ သူကဆိုပါတယ်။

36436353_10212758525058263_5012400428420169728_n.jpg

Photo: မိစန္ဒီဖေ့စ်ဘွတ်

အသဲကွဲခံ ကုန်ကြမ်းတွေရှာပြီး သီချင်းတွေ ရေးနေတယ်ဆိုတဲ့ မိစန္ဒီ 

ခန္ဓာကိုယ်ဝတဲ့အတွက်  ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့ သူငယ်ချင်းတွေလည်း မိစန္ဒီရဲ့ ပတ်ဝန်းကျင်မှာရှိတယ်လို့ဆိုပါတယ်။ မိစန္ဒီက သူကိုယ်တိုင်ကလည်း ငယ်ငယ်လေးကတည်းက Body Shaming အလုပ်ခံခဲ့ရတာပါလို့ ရင်ဖွင့်ပြောပြလာပါတယ်။

''ဒါပေမယ့် ငယ်သေးတော့ ဒါကို Body Shaming အလုပ်ခံနေရတယ်ဆိုတာလည်း မသိကြဘူး။ ကြီးလာ တော့ ကိုယ်လည်း အပြောခံရတယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ့်သူငယ်ချင်းတွေကအစ အပြင်မထွက်ရဲဘူး၊ ပွဲမသွားချင်ဘူး။ ငါအရမ်း ဝနေတယ်၊ ငါဘာဝတ်ဝတ် အဆင် မပြေဘူး ဆိုပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး'' ဆိုပါတယ်။

42887282_10213332634370637_8765975354318782464_n.jpg

Photo: မိစန္ဒီဖေ့စ်ဘွတ်

 

လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့လူငယ်အဆိုတော်မလေး မိစန္ဒီဟာ  မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။သူမဟာ ဂီတပိုင်းမှာသာမက စီးပွားရေးအနေနဲ့လည်း  My Boo အမှတ်တံဆိပ် အဝတ်အထည်များကိုု အရေအတွက်အကန့်အသတ်နဲ့ ရောင်းချခဲ့ပါသေးတယ်။

 

[Zawgyi Version]

ခႏၶာကုိယ္နဲ႔ပတ္သက္ၿပီး ေဝဖန္ခံရတာရွိေပမယ့္ ကုိယ့္ခႏၶာကုိယ္အေပၚ ယုံၾကည္မႈအျပည့္ရွိတယ္လုိ႔ မိစႏၵီက ေျပာပါတယ္။ သူငယ္ငယ္တုန္း ကလည္း ဒီလုိ  ဝဝ လုံးလုံးေလးပါပဲတဲ့။

Photo: မိစႏၵီေဖ့စ္ဘြတ္

 

မိစႏၵီက သူ႔ရဲ႕ ခႏၶာကုိယ္အခ်ဳိးအစားနဲ႔ပတ္သက္ၿပီး ယုံၾကည္မႈအျပည့္အဝရွိတယ္လုိ႔ ဆုိပါတယ္။ သူ႔ခႏၶာကုိယ္နဲ႔ ပတ္သက္ၿပီး ဝ တယ္လုိ႔ ေျပာ ၾကဆုိၾကတာေတြလည္း ခံရတယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ မိစႏၵီကေတာ့ အလုပ္အတြက္အေမာခံႏုိင္ေအာင္သာ အားကစားလုပ္ေပမယ့္ ဝိတ္က်ဖို႔အတြက္ ျပင္းျပင္းထန္ထန္ေလ့က်င့္ခန္းမလုပ္ဘူးလုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပလာပါတယ္။

'' ကုိယ့္ဘဝမွာ ျပင္းျပင္းထန္ထန္ ဝိတ္ေလွ်ာ့မယ္ဆုိတဲ့ ဆႏၵ လုံးဝမရွိပါဘူး။ လူဆုိတာ ဆုံးျဖတ္ခ်က္ ခုိင္မာရင္ေတာ့ လုပ္လုိ႔ရတယ္။ မိစႏၵီက ငယ္ငယ္ကတည္းက လွခ်င္တဲ့စိတ္မရွိဘူးေပါ့ေနာ္။ ဝိတ္ခ်ရမယ္၊ ဝိတ္ခ်သင့္တယ္ဆိုတာလည္း သိတယ္၊ ဘာျဖစ္လုိ႔လည္းဆုိေတာ့ ကုိယ္လုပ္ ေနတဲ့အလုပ္ရွိမယ္။ မိစႏၵီ ခႏၶာကုိယ္နဲ႔ ပတ္သက္ၿပီး ယုံၾကည္မႈရွိတယ္။ မိတ္ကပ္မပါပဲနဲ႔ အျပင္ထြက္ရဲတယ္'' လုိ႔ သူကဆုိပါတယ္။

Photo: မိစႏၵီေဖ့စ္ဘြတ္

 

မိစႏၵီဟာ ငယ္ငယ္ကတည္းက ဝဝကစ္ကစ္လုံးလုံးေလးနဲ႔ ခ်စ္စရာေကာင္းတဲ့သူပါ။ စာ တစ္ခုတည္းကုိပဲ အရမ္းႀကိဳးစားတတ္တ့ဲ သူ ျဖစ္ၿပီး မိန္းမဆန္ဆန္မေနတတ္သူပါ ဆုိၿပီးေတာ့ သူ႔ရဲ႕ ငယ္ငယ္က ပုံစံေလးကုိ ေအာက္တုိဘာလ ၆ ရက္ေန႔က Wacoal Exclusive Fashion ပြဲကုိ တက္ေရာက္ရင္းေျဖဆုိခဲ့ပါတယ္။

'' ငယ္ငယ္တုန္းကလည္း ဒီလုိပဲ လုံးတယ္။ ဒါေပမယ့္ အဲ့ေလာက္ထိေတာ့ မဝဘူးေပါ့ေနာ္။ အခုက ပုိၿပီးေတာ့လုံးလာတယ္။ ပုိၿပီးလည္း စားတာေပါ့ေနာ္။ မိစႏၵီက ငယ္ငယ္တုန္းကတည္းက အလွအပလည္း သိပ္စိတ္မဝင္စားဘူး။ မိန္းမလည္း အရမ္းမဆန္ဘူး အဲ့ဒီလုိမ်ဳိးေပါ့။ ေပ်ာ္ေပ်ာ္ေနတတ္တယ္။ စာအရမ္းလုပ္တဲ့ စာဂ်ပုိးမႀကီးေပါ့ ႀကီးလာမွ စာကသိပ္မလုပ္ေတာ့ဘူး'' လုိ႔ သူကဆုိပါတယ္။

Photo: မိစႏၵီေဖ့စ္ဘြတ္

အသဲကြဲခံ ကုန္ၾကမ္းေတြရွာၿပီး သီခ်င္းေတြ ေရးေနတယ္ဆိုတဲ့ မိစႏၵီ 

ခႏၶာကုိယ္ဝတဲ့အတြက္  ကိုယ့္ကုိယ္ကို ယုံၾကည္မႈ မရွိတဲ့ သူငယ္ခ်င္းေတြလည္း မိစႏၵီရဲ႕ ပတ္ဝန္းက်င္မွာရွိတယ္လုိ႔ဆုိပါတယ္။ မိစႏၵီက သူကုိယ္တုိင္ကလည္း ငယ္ငယ္ေလးကတည္းက Body Shaming အလုပ္ခံခဲ့ရတာပါလုိ႔ ရင္ဖြင့္ေျပာျပလာပါတယ္။

''ဒါေပမယ့္ ငယ္ေသးေတာ့ ဒါကုိ Body Shaming အလုပ္ခံေနရတယ္ဆုိတာလည္း မသိၾကဘူး။ ႀကီးလာ ေတာ့ ကုိယ္လည္း အေျပာခံရတယ္၊ ကုိယ့္ပတ္ဝန္းက်င္မွာလည္း ကုိယ့္သူငယ္ခ်င္းေတြကအစ အျပင္မထြက္ရဲဘူး၊ ပြဲမသြားခ်င္ဘူး။ ငါအရမ္း ဝေနတယ္၊ ငါဘာဝတ္ဝတ္ အဆင္ မေျပဘူး ဆုိၿပီးေတာ့ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈမရွိဘူး'' ဆုိပါတယ္။

Photo: မိစႏၵီေဖ့စ္ဘြတ္

 

လူငယ္ေတြၾကားထဲမွာ ေရပန္းစားေအာင္ျမင္ေနတဲ့လူငယ္အဆုိေတာ္မေလး မိစႏၵီဟာ  မိုလိုပိုလီ၊ ပစ္တိုင္းေထာင္၊ အသဲေလး စတဲ့ စီးရီးေတြကို ထြက္ရွိထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။သူမဟာ ဂီတပုိင္းမွာသာမက စီးပြားေရးအေနနဲ႕လည္း  My Boo အမွတ္တံဆိပ္ အဝတ္အထည္မ်ားကိုု အေရအတြက္အကန္႕အသတ္နဲ႕ ေရာင္းခ်ခဲ့ပါေသးတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs