• Cele Yatkwat
    နေရယ်၊ လရယ်၊ အမှန်တရားရယ် အပိုင်း၃ ရိုက်ဦးမယ်ဆိုတဲ့ ဆွေဇင်ထိုက်
Sabal Thwin
[Unicode Version]

ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲကို အပိုင်း ၃ အနေနဲ့ ဆက်လက် ရိုက်ကူးနိုင်ဖို့ ကြိုးစားနေတယ်လို့ အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။ ဒီဇာတ်လမ်းတွဲ အပိုင်း ၃ ကနေ ပရိသတ်တွေ ရရှိစေနိုင်မယ့် သင်ခန်းစာ တွေကိုလည်း အခုလိုပြောပြထားပါတယ်။

43505788_337528420155861_7368398296190025728_n.jpg

Photo: ဆွေဇင်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်

 

သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီဆွေဇင်ထိုက်ဟာ '' နေရယ်၊ လရယ်၊ အမှန်တရားရယ်'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို Season 3 ရိုက်နိုင် ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ Season 3 မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်းအရာတွေကို ဖော်ပြသွားမယ် ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

'' Season 3  ကိုလည်း ကျွန်မရိုက်ပြဖို့ ခေါင်းထဲမှာ စဉ်းစားထားတာရှိပါတယ်။ တကယ်လို့ Season 3 သာရိုက်ဖြစ်ခဲ့မယ်ဆိုရင် အဂတိလိုက် စားမှု တိုက်ဖျက်ရေးကိုရိုက်မှာပဲ။ အခုရိုက်တဲ့ Season 2 ထဲမှာက အခုရိုးရိုးလူတွေရဲ့ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ရိုက်ပြတာ။ Season 3 ဆိုရင်တော့ ကျွန်မက Target တစ်ခုကိုထားမှာ။ လွှတ်တော်ထဲမှာ ဘယ်သူတွေ အဂတိလိုက်စားနေသလဲ။ တရားရုံးတွေမှာ အဂတိလိုက်စား မှုက ဘယ်လိုတွေဖြစ်နေလဲ အဲ့ဒီလိုတွေ ပြဖို့ စိတ်ကူးထားပါတယ်'' လို့ ဆိုပါတယ်။

43477888_337526980156005_4012619448790810624_n.jpg

Photo: ဆွေဇင်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်

 

'' နေရယ်၊ လရယ်၊ အမှန်တရားရယ်'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ Season 1 နဲ့ Season 2 တို့ကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်မှုရရှိထားတဲ့ ဇာတ်လမ်းတွဲ တွေ ဖြစ်တယ်လို့ သိရပါတယ်။ Season 3 မှာရိုက်မယ့် ဇာတ်လမ်းတွဲကနေ ပရိသတ်တွေကို ရစေချင်တဲ့ Message အကြောင်းကို ဆက်လက်ပြောပြလာပါတယ်။

'' ဒါက တာဝန်သိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူပြည်သားတွေကို စိတ်ကို အာဟာရပေးရတာ၊ အတွေးအခေါ်တွေ၊ ဦးနှောက်တွေကို အာဟာရပေးရတာဖြစ်ပါတယ်'' ဆိုပြီးတော့  သြဂုတ်လ ၃၁ ရက်နေ့က နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ကားအထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

43431475_337527056822664_7963407762409390080_n.jpg

Photo: ဆွေဇင်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်

ရဲရင့်အောင်ကို ဝင်းဦးပေါက်စလေးလို့ အန်တီဆွေဇင်ထိုက်က ညွှန်းဆို 

လူမှုဘဝတွေမှာတွေ့ကြုံခံစားနေရတဲ့ အနိမ့်၊အမြင့် အတက်၊အကျ တွေကို လက်တွေ့ဘဝနဲ့ နီးနီးစပ်စပ်ရိုက်ကူးပုံဖော်ပြသထားတဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲ အကြောင်းကိုလည်း အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။

'' ဇာတ်လမ်းရဲ့ Theme ကတော့ တရားဥပဒေစိုးမိုးရေးကို ပြောတာပေါ့နော်။ အဲ့ဒါကြောင့် တရားဥပဒေနဲ့ ညီညွှတ်တဲ့ အကြောင်းအရာတွေက ဘာတွေလည်းပေါ့ ကိုယ့်ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံရရင် တရားမျှတမှုစင်တာတွေမှာ သွားရောက်ပြီးတော့ အကာအကွယ် အခမဲ့ ရယူနိုင်ဖို့ အတွက်ကိုလည်း တိုက်တွန်းထားပါတယ်'' လို့ ဆိုပါတယ်။

43951049_338391473402889_8981775058393366528_n.jpg

Photo: ဆွေဇင်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်

 

နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူး ထုတ်လွှင့်မှုနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂက ပံ့ပိုးကူညီပြီး ဗြိတိသျှကောင်စီ က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ My Justice စီမံကိန်း၊ Pyoe Pin Institute ၊ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ရဲ့ Communication Services Group တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Yangon Film Services(YFS) ကတည်းဖြတ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်အခြေစိုက်ဥပဒေအကျိုးဆောင်လုပ်ငန်းတွေကို ဦးဆောင် ဆောင်ရွက် နေတဲ့ MLAW  အဖွဲ့ကလည်း မိတ်ဖက်အဖွဲ့အစည်းအဖြစ်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

 

[Zawgyi Version]

ပရိသတ္အားေပးမႈမ်ားစြာ ရရွိခဲ့တဲ့ ေနရယ္၊ လရယ္၊ အမွန္တရားရယ္ ရုပ္သံဇာတ္လမ္းတြဲကို အပုိင္း ၃ အေနနဲ႔ ဆက္လက္ ရုိက္ကူးႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လုိ႔ အကယ္ဒမီေဒၚေဆြဇင္ထုိက္က ေျပာပါတယ္။ ဒီဇာတ္လမ္းတြဲ အပုိင္း ၃ ကေန ပရိသတ္ေတြ ရရွိေစႏုိင္မယ့္ သင္ခန္းစာ ေတြကုိလည္း အခုလုိေျပာျပထားပါတယ္။

Photo: ေဆြဇင္ထုိက္ေဖ့စ္ဘြတ္ေပ့ခ်္

 

သရုပ္ေဆာင္ ဒါရုိက္တာ အကယ္ဒမီေဆြဇင္ထုိက္ဟာ '' ေနရယ္၊ လရယ္၊ အမွန္တရားရယ္'' ဆုိတဲ့ ရုပ္သံဇာတ္လမ္းတြဲကို Season 3 ရုိက္ႏုိင္ ဖုိ႔ ႀကိဳးစားေနတယ္လုိ႔ ဆုိပါတယ္။ Season 3 မွာေတာ့ အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးအေၾကာင္းအရာေတြကုိ ေဖာ္ျပသြားမယ္ ဆုိၿပီးေတာ့ Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာေျဖဆုိခဲ့ပါတယ္။

'' Season 3  ကုိလည္း ကၽြန္မရုိက္ျပဖုိ႔ ေခါင္းထဲမွာ စဥ္းစားထားတာရွိပါတယ္။ တကယ္လုိ႔ Season 3 သာရုိက္ျဖစ္ခဲ့မယ္ဆုိရင္ အဂတိလုိက္ စားမႈ တုိက္ဖ်က္ေရးကုိရုိက္မွာပဲ။ အခုရုိက္တဲ့ Season 2 ထဲမွာက အခုရုိးရုိးလူေတြရဲ႕ ျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြကုိ ရုိက္ျပတာ။ Season 3 ဆုိရင္ေတာ့ ကၽြန္မက Target တစ္ခုကိုထားမွာ။ လႊတ္ေတာ္ထဲမွာ ဘယ္သူေတြ အဂတိလုိက္စားေနသလဲ။ တရားရုံးေတြမွာ အဂတိလုိက္စား မႈက ဘယ္လုိေတြျဖစ္ေနလဲ အဲ့ဒီလုိေတြ ျပဖုိ႔ စိတ္ကူးထားပါတယ္'' လုိ႔ ဆိုပါတယ္။

Photo: ေဆြဇင္ထုိက္ေဖ့စ္ဘြတ္ေပ့ခ်္

 

'' ေနရယ္၊ လရယ္၊ အမွန္တရားရယ္'' ဆုိတဲ့ ရုပ္သံဇာတ္လမ္းတြဲ Season 1 နဲ႔ Season 2 တုိ႔ကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ၿပီး ေအာင္ျမင္မႈရရွိထားတဲ့ ဇာတ္လမ္းတြဲ ေတြ ျဖစ္တယ္လုိ႔ သိရပါတယ္။ Season 3 မွာရုိက္မယ့္ ဇာတ္လမ္းတြဲကေန ပရိသတ္ေတြကုိ ရေစခ်င္တဲ့ Message အေၾကာင္းကုိ ဆက္လက္ေျပာျပလာပါတယ္။

'' ဒါက တာဝန္သိတဲ့ ျပည္သူတစ္ေယာက္အေနနဲ႔ ျပည္သူျပည္သားေတြကုိ စိတ္ကုိ အာဟာရေပးရတာ၊ အေတြးအေခၚေတြ၊ ဦးေႏွာက္ေတြကုိ အာဟာရေပးရတာျဖစ္ပါတယ္'' ဆုိၿပီးေတာ့  ၾသဂုတ္လ ၃၁ ရက္ေန႔က ေနရယ္၊ လရယ္၊ အမွန္တရားရယ္ ဇာတ္ကားအထူးျပပြဲမွာ ေျဖဆုိခဲ့တာပါ။

Photo: ေဆြဇင္ထုိက္ေဖ့စ္ဘြတ္ေပ့ခ်္

ရဲရင့္ေအာင္ကို ဝင္းဦးေပါက္စေလးလို႔ အန္တီေဆြဇင္ထုိက္က ညႊန္းဆို 

လူမႈဘဝေတြမွာေတြ႕ၾကံဳခံစားေနရတဲ့ အနိမ့္၊အျမင့္ အတက္၊အက် ေတြကုိ လက္ေတြ႕ဘဝနဲ႔ နီးနီးစပ္စပ္ရိုက္ကူးပံုေဖာ္ျပသထားတဲ့ ေနရယ္၊ လရယ္၊ အမွန္တရားရယ္ ရုပ္သံဇာတ္လမ္းတြဲ အေၾကာင္းကုိလည္း အကယ္ဒမီ ေဒၚေဆြဇင္ထုိက္က ဆက္လက္ေျပာျပခဲ့ပါေသးတယ္။

'' ဇာတ္လမ္းရဲ႕ Theme ကေတာ့ တရားဥပေဒစုိးမုိးေရးကုိ ေျပာတာေပါ့ေနာ္။ အဲ့ဒါေၾကာင့္ တရားဥပေဒနဲ႔ ညီညႊတ္တဲ့ အေၾကာင္းအရာေတြက ဘာေတြလည္းေပါ့ ကုိယ့္ရဲ႕ အခြင့္အေရးေတြကုိ ခ်ဳိးေဖာက္ခံရရင္ တရားမွ်တမႈစင္တာေတြမွာ သြားေရာက္ၿပီးေတာ့ အကာအကြယ္ အခမဲ့ ရယူႏုိင္ဖုိ႔ အတြက္ကိုလည္း တုိက္တြန္းထားပါတယ္'' လုိ႔ ဆုိပါတယ္။

Photo: ေဆြဇင္ထုိက္ေဖ့စ္ဘြတ္ေပ့ခ်္

 

ေနရယ္၊ လရယ္၊ အမွန္တရားရယ္ ရုပ္သံဇာတ္လမ္းတြဲ ရုိက္ကူး ထုတ္လႊင့္မႈနဲ႔ ပတ္သက္ၿပီး ဥေရာပသမဂၢက ပံ့ပိုးကူညီျပီး ျဗိတိသွ်ေကာင္စီ က အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတဲ့ My Justice စီမံကိန္း၊ Pyoe Pin Institute ၊ အကယ္ဒမီ ေဒၚေဆြဇင္ထိုက္ရဲ႕ Communication Services Group တို႔က ပူးေပါင္းေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

Yangon Film Services(YFS) ကတည္းျဖတ္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ရန္ကုန္အေျခစိုက္ဥပေဒအက်ိဳးေဆာင္လုပ္ငန္းေတြကို ဦးေဆာင္ ေဆာင္ရြက္ ေနတဲ့ MLAW  အဖြဲ႕ကလည္း မိတ္ဖက္အဖြဲ႕အစည္းအျဖစ္ပါဝင္ခဲ့တယ္လုိ႔ သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs