• Cele Yatkwat
    မင်းသွေးက သူငယ်ချင်းကောင်းဖြစ်ခဲ့ပါတယ်ဆိုတဲ့ ကျော်ကျော်
Sabal Thwin
[Unicode Version]

ကျော်ကျော် တစ်ယောက် သူငယ်ချင်းဖြစ်သူ မင်းသွေး ကွယ်လွန်ခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ အများ ကြီး ရခဲ့တယ်လို့ ဆိုပါတယ်။ မင်းသွေး သေဆုံးတဲ့အချိန်မှာ အစ်ကိုဖြစ်တဲ့ နေတိုးကို အိပ်မက်လာပေးတယ်လို့ ဆက်လက် ပြော ပြ လာပါတယ်။

21034696_470786863292377_652758517830527813_n.jpg

Photo: ကျော်ကျော်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ကျော်ကျော်က သူငယ်ချင်းဖြစ်သူ မင်းသွေး ရုတ်တရက်ကွယ်လွန်သွားတဲ့ ဖြစ်ရပ်အပေါ်မှာ သင်ခန်းစာတွေအများကြီးရတယ် လို့ဆိုပါတယ်။ သူ့ စိတ်ထဲကနေ ရရှိခဲ့တဲ့ သင်ခန်းစာအနေနဲ့ အမုန်းတရား၊ မာန်မာန နဲ့ တိုက်ခိုက်မှုတွေ မရှိအောင် ချစ်ချစ်ခင်ခင် နေထိုင်ရမယ်ဆိုတာကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' သင်ခန်းစာကတော့ အများကြီးရပါတယ်။ အကျဉ်းချုပ်ပြီးတော့ လိုအပ်တာပြောရရင်တော့ ကျွန်တော့်သူငယ်ချင်း ကျွန်တော်တို့ကို ပေးသွား တဲ့ သင်ခန်းစာက မင်းတို့တွေ မဟုတ်တဲ့နေရာတွေမှာ မာန်မာနတွေ၊ အမုန်းတရားတွေ၊ တိုက်ခိုက်တာတွေ မလုပ်ပဲနဲ့ အတတ်နိုင်ဆုံးရှိတဲ့ အချိန်မှာ ချစ်ချစ်ခင်ခင်နေသွားကြပါ။ သေခြင်းတရားဆိုတာ လက်တစ်ကမ်းမှာပဲ ရှိတယ် ဆိုပြီးတော့ သိလိုက်ရတယ်'' လို့ဆိုပါတယ်။

20620953_462869260750804_8767748714638482593_n.jpg

Photo: ကျော်ကျော်ဖေ့စ်ဘွတ်

 

မင်းသွေးရဲ့ ရုပ်အလောင်းကို ၅ ရက်ထားဖြစ်တဲ့ အကြောင်းကိုလည်း ကျော်ကျော်က ဆက်လက်ပြောပြလာပါတယ်။ ဒါကလည်း ကိုနေတိုးကို မင်းသွေးက အိပ်မက်လာပေးတာကြောင့် ထားဖြစ်သွားတာဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ညက '' တော်တော်ဖြစ်နေလား'' ရုပ်ရှင် အထူးပြသပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

'' ကိုနေတိုးကတော့ အိပ်မက် မက်တယ်လို့ပြောတယ် ခင်ဗျ။ အဲ့ဒါကြောင့် မင်းသွေးကို စောစော မသဂြိုဟ်ဘဲ ၅ ရက်လောက် ထားပြီးတော့ မှ သဂြိုဟ်တယ်လို့ ကျွန်တော်တို့ သိထားတယ်။ ဆုံးတဲ့နေ့ကတော့ အစ်ကို့ကို အိပ်မက်လာပေးတယ်တဲ့ သူ့ကို ၅ ရက်လောက်ကထားပါဆို ပြီး တော့ အိပ်မက်ပေးတဲ့ အတွက်ကြောင့်မို့လို့ အဲ့ဒီလို ထားဖြစ်တာပါ'' လို့ သူကဆိုပါတယ်။

ဘောလုံးကို ချစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲ 

21728119_478221775882219_5745746309761514645_n.jpg

Photo: ကျော်ကျော်ဖေ့စ်ဘွတ်

 

ကျော်ကျော်ဟာ သူငယ်ချင်းမင်းသွေး သေဆုံးသွားပြီးတဲ့အချိန် အွန်လိိုင်းစာမျက်နှာပေါ်မှာ တက်လာတဲ့ အပြောင်အပျက်လုပ်ထားတဲ့ ပုံတွေ တွေ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မင်းသွေးက မသေခင်မှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တဲ့ အကျိုးတွေကြောင့် သူ့အတွက်တော့ သူငယ် ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

'' Troll ထားတာတွေ တွေ့ပါတယ်။ မင်းသွေးတင်ထားတဲ့ ဓာတ်ပုံတွေဆို Like နည်းနည်းပဲရတယ်။ သေဆုံးသွားတော့မှ Like အများကြီးရတယ် ဆိုပြီးတော့ ပရိသတ်တွေဝန်းရံကြတော့ ဖေ့စ်ဘွတ်ဆိုတာရှိနေကြလို့ ဒါဟာ အပေါ်ယံပဲ။ အဓိက က သူ့အသက် ၃၃ နှစ်အတွင်းမှာ သူဘာ တွေ လုပ်ခဲ့သလဲ။ တကယ်သိချင်တဲ့သူလည်း သိမယ်။ မသိချင်တဲ့ သူလည်း မသိဘူး။ သူလုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားပြီးတော့မှ ကျွန်တော်တို့ကို ကျောခိုင်းသွားတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ ခံယူပါတယ်''လို့ ပြောပါတယ်။

19399818_441763009528096_2526209163615135299_n.jpg

Photo:ကြောက် ကြောက် ကြောက် ဖေ့စ်ဘွတ်

 

ကျော်ကျော် နဲ့ မင်းသွေးတို့က ကြောက် ကြောက် ကြောက် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ နောက် ဇာတ်ကားတော်တော်များများလည်း အတူတူ ရိုက်ကူးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒါအပြင် Actor FC ဆိုတဲ့ ဘောလုံးအသင်း မှာလည်း အတွဲညီညီ ပါဝင်ကစားခဲ့ကြသေးတယ်လို့ သိရပါတယ်။

 

[Zawgyi Version]

ေက်ာ္ေက်ာ္ တစ္ေယာက္ သူငယ္ခ်င္းျဖစ္သူ မင္းေသြး ကြယ္လြန္ခဲ့တဲ့အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး သင္ခန္းစာေတြ အမ်ား ႀကီး ရခဲ့တယ္လုိ႔ ဆုိပါတယ္။ မင္းေသြး ေသဆုံးတဲ့အခ်ိန္မွာ အစ္ကုိျဖစ္တဲ့ ေနတုိးကုိ အိပ္မက္လာေပးတယ္လုိ႔ ဆက္လက္ ေျပာ ျပ လာပါတယ္။

Photo: ေက်ာ္ေက်ာ္ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ ေက်ာ္ေက်ာ္က သူငယ္ခ်င္းျဖစ္သူ မင္းေသြး ရုတ္တရက္ကြယ္လြန္သြားတဲ့ ျဖစ္ရပ္အေပၚမွာ သင္ခန္းစာေတြအမ်ားႀကီးရတယ္ လုိ႔ဆုိပါတယ္။ သူ႔ စိတ္ထဲကေန ရရွိခဲ့တဲ့ သင္ခန္းစာအေနနဲ႔ အမုန္းတရား၊ မာန္မာန နဲ႔ တုိက္ခုိက္မႈေတြ မရွိေအာင္ ခ်စ္ခ်စ္ခင္ခင္ ေနထုိင္ရမယ္ဆုိတာကုိ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' သင္ခန္းစာကေတာ့ အမ်ားႀကီးရပါတယ္။ အက်ဥ္းခ်ဳပ္ၿပီးေတာ့ လုိအပ္တာေျပာရရင္ေတာ့ ကၽြန္ေတာ့္သူငယ္ခ်င္း ကၽြန္ေတာ္တုိ႔ကုိ ေပးသြား တဲ့ သင္ခန္းစာက မင္းတုိ႔ေတြ မဟုတ္တဲ့ေနရာေတြမွာ မာန္မာနေတြ၊ အမုန္းတရားေတြ၊ တုိက္ခုိက္တာေတြ မလုပ္ပဲနဲ႔ အတတ္ႏုိင္ဆုံးရွိတဲ့ အခ်ိန္မွာ ခ်စ္ခ်စ္ခင္ခင္ေနသြားၾကပါ။ ေသျခင္းတရားဆုိတာ လက္တစ္ကမ္းမွာပဲ ရွိတယ္ ဆိုၿပီးေတာ့ သိလုိက္ရတယ္'' လုိ႔ဆုိပါတယ္။

Photo: ေက်ာ္ေက်ာ္ေဖ့စ္ဘြတ္

 

မင္းေသြးရဲ႕ ရုပ္အေလာင္းကုိ ၅ ရက္ထားျဖစ္တဲ့ အေၾကာင္းကုိလည္း ေက်ာ္ေက်ာ္က ဆက္လက္ေျပာျပလာပါတယ္။ ဒါကလည္း ကုိေနတုိးကုိ မင္းေသြးက အိပ္မက္လာေပးတာေၾကာင့္ ထားျဖစ္သြားတာဆုိၿပီးေတာ့ ေအာက္တုိဘာလ ၁၁ ရက္ေန႔ညက '' ေတာ္ေတာ္ျဖစ္ေနလား'' ရုပ္ရွင္ အထူးျပသပြဲကုိ တက္ေရာက္လာရင္း ေျဖဆုိခဲ့တာပါ။

'' ကုိေနတုိးကေတာ့ အိပ္မက္ မက္တယ္လုိ႔ေျပာတယ္ ခင္ဗ်။ အ့ဲဒါေၾကာင့္ မင္းေသြးကုိ ေစာေစာ မသၿဂဳိဟ္ဘဲ ၅ ရက္ေလာက္ ထားၿပီးေတာ့ မွ သၿဂိဳဟ္တယ္လုိ႔ ကၽြန္ေတာ္တုိ႔ သိထားတယ္။ ဆုံးတဲ့ေန႔ကေတာ့ အစ္ကုိ႔ကို အိပ္မက္လာေပးတယ္တဲ့ သူ႔ကုိ ၅ ရက္ေလာက္ကထားပါဆုိ ၿပီး ေတာ့ အိပ္မက္ေပးတဲ့ အတြက္ေၾကာင့္မုိ႔လုိ႔ အဲ့ဒီလုိ ထားျဖစ္တာပါ'' လုိ႔ သူကဆုိပါတယ္။

ေဘာလံုးကို ခ်စ္တဲ့ မင္းေသြးအတြက္ ရည္စူးၿပီး ျပဳလုပ္ခဲ့တဲ့ ေဘာလံုးပြဲ 

Photo: ေက်ာ္ေက်ာ္ေဖ့စ္ဘြတ္

 

ေက်ာ္ေက်ာ္ဟာ သူငယ္ခ်င္းမင္းေသြး ေသဆုံးသြားၿပီးတဲ့အခ်ိန္ အြန္လုိိင္းစာမ်က္ႏွာေပၚမွာ တက္လာတဲ့ အေျပာင္အပ်က္လုပ္ထားတဲ့ ပုံေတြ ေတြ႔တယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ မင္းေသြးက မေသခင္မွာ လုပ္သင့္လုပ္ထုိက္တာကုိ လုပ္ခဲ့တဲ့ အက်ဳိးေတြေၾကာင့္ သူ႔အတြက္ေတာ့ သူငယ္ ခ်င္းေကာင္းတစ္ေယာက္ ျဖစ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

'' Troll ထားတာေတြ ေတြ႔ပါတယ္။ မင္းေသြးတင္ထားတဲ့ ဓာတ္ပုံေတြဆုိ Like နည္းနည္းပဲရတယ္။ ေသဆုံးသြားေတာ့မွ Like အမ်ားႀကီးရတယ္ ဆုိၿပီးေတာ့ ပရိသတ္ေတြဝန္းရံၾကေတာ့ ေဖ့စ္ဘြတ္ဆုိတာရွိေနၾကလုိ႔ ဒါဟာ အေပၚယံပဲ။ အဓိက က သူ႔အသက္ ၃၃ ႏွစ္အတြင္းမွာ သူဘာ ေတြ လုပ္ခဲ့သလဲ။ တကယ္သိခ်င္တဲ့သူလည္း သိမယ္။ မသိခ်င္တဲ့ သူလည္း မသိဘူး။ သူလုပ္သင့္လုပ္ထုိက္တာေတြ လုပ္သြားၿပီးေတာ့မွ ကၽြန္ေတာ္တုိ႔ကုိ ေက်ာခုိင္းသြားတဲ့ အတြက္ေၾကာင့္မုိ႔လုိ႔ ကၽြန္ေတာ္တို႔အတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ခဲ့တယ္လုိ႔ ခံယူပါတယ္''လုိ႔ ေျပာပါတယ္။

Photo:ေၾကာက္ ေၾကာက္ ေၾကာက္ ေဖ့စ္ဘြတ္

 

ေက်ာ္ေက်ာ္ နဲ႔ မင္းေသြးတုိ႔က ေၾကာက္ ေၾကာက္ ေၾကာက္ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အတူတူပါဝင္သရုပ္ေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။ အဲ့ဒီ ေနာက္ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားလည္း အတူတူ ရုိက္ကူးခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ အဲ့ဒါအျပင္ Actor FC ဆုိတဲ့ ေဘာလံုးအသင္း မွာလည္း အတြဲညီညီ ပါဝင္ကစားခဲ့ၾကေသးတယ္လုိ႔ သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs