• Cele Yatkwat
    ကြိုးကြိုးစားစား တည်ဆောက်ခဲ့တဲ့ အိမ်လေးအကြောင်းပြောလာတဲ့ ကြာစိ
Sabal Thwin
[Unicode Version]

ကြာစိ တစ်ယောက် လက်ရှိမှာ ချစ်ဇနီး ဆုဟန်နီဖြိုး နဲ့ အတူတူနေထိုင်တဲ့ အိမ်လေးအကြောင်းကို ပြောပြလာပါတယ်။ ချစ်ဇနီး ရဲ့ မွေးနေ့မှာ မွေး နေ့လက်ဆောင်ပေးခဲ့တဲ့ အိမ်လေးကို သူကိုယ်တိုင် ကြိုးစားပြင်ဆင်တည်ဆောက်ထားတာလို့ ဆိုပါတယ်။

41454212_511845655947993_6559840161205583872_o.jpg

Photo: ကြာစိ ဖေ့စ်ဘွတ်

 

ဟာသသရုပ်ဆောင် လူရွှင်တော် ကြာစိက လက်ရှိမှာ သူချစ်ရတဲ့မိသားစုနဲ့ အတူတူ နေထိုင်တဲ့ အိမ်လေးအကြောင်းတွေ ပြောပြလာပါတယ်။ ဒီအိမ်လေးကို သူကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင် တည်ဆောက်ထားတာလို့ သိရပါတယ်။ အိမ်လေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

'' ကိုယ်တိုင်ပြင်တယ်၊ ကိုယ်တိုင်လုပ်တယ် ဆိုတာက တကယ်တော့ ပိုက်ဆံမတတ်နိုင်လို့ပါ ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံရှိတဲ့လူတွေ က ဟိုအပ်လိုက်၊ ဒီအပ်လိုက်နဲ့ပေါ့။ အစ်ကို ကိုယ်တိုင်လုပ်တယ်ဆိုတာ သက်လည်း သက်သာတယ်။ ကိုယ့်စိတ်တိုင်းကျလည်းဖြစ်တယ်။ ကိုယ် တိုင် Wallpaper ကပ်၊ ကိုယ်တိုင် ဆောက်ထားတာ'' လို့ဆိုပါတယ်။

38600451_482875608844998_3732696767750209536_n.jpg

Photo: ကြာစိ ဖေ့စ်ဘွတ်

တာဝန်ကျေလွန်းတဲ့ ခင်ပွန်းကို ချီးကျူးစကားဆိုလိုက်တဲ့ ကြာစိရဲ့ ဇနီးသည် 

ကြာစိကိုယ်တိုင် ပြင်ဆင်ထားတဲ့ အိမ်ကတော့ ဇနီးဖြစ်သူရဲ့ မွေးရပ်မြေဖြစ်တဲ့ တောင်ကြီးမှာပဲ ဖြစ်ပါတယ်။ ဒီအိမ်လေးကို ဇနီးရဲ့ စိတ်ကြိုက် ဖြစ်အောင် ဖန်တီးပေးခဲ့တာဖြစ်ပြီး မွေးနေ့လက်ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

'' ကျွမ်းကျွမ်းကျင်ကျင်ကြီးတော့ မဟုတ်ပါဘူး၊ မတောက် တစ်ခေါက်လေးတွေလောက်ပါ။ တစ်ခါတစ်လေ ပန်းရံဆရာတွေ လာပြီဆိုရင် ဘေးကနေ ကိုယ်က ဝိုင်းကူလုပ်ပေးတာလောက်ပါပဲ။ Wallpaper တွေကိုတော့ တစ်အိမ်လုံး ကိုယ်တိုင်ပဲ ကပ်ထားတာ'' လို့ အောက် တို ဘာ လ ၁၄ ရက်နေ့က Aroma 7years Anniversary မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

42361340_518333098632582_2298387809276264448_n.jpg

Photo: ကြာစိ ဖေ့စ်ဘွတ်

 

အိမ်အတွင်း အပြင်အဆင်တွေကိုလည်း ကြာစိနဲ့ အတူ ချစ်ဇနီး ဆုဟန်နီဖြိုးတို့ တိုင်ပင်ပြီး ချစ်စရာကောင်းအောင် ပြင်ဆင်ခဲ့တယ်လို့ သိရပါ တယ်။ ချစ်စရာကောင်းတဲ့ နေချင်စဖွယ် အိမ်လေးဖြစ်လာနိုင်အောင် ကြိုးစားခဲ့တဲ့ ကြာစိရဲ့ ခံစားချက်တွေကိုလည်း အခုလို ပြောပြလာ ပါတယ်။

''ကျွန်တော်ကတော့ ဘုရားခန်းရယ်၊ ဧည့်ခန်းရယ်ကိုတော့ ကျွန်တော့် စိတ်ကြိုက်၊ သူကတော့ အိပ်ခန်းလေးကိုပဲ သူ့စိတ်ကြိုက်၊ သူ့ဘာသာသူ ပြင်တယ် ပန်းရောင်လေးတွေပေါ့။ အိမ်က ကိုယ်တိုင်လုပ်တယ်၊ ကိုယ်တိုင် ပစ္စည်းတွေ ဝယ်တာဆိုတော့ အလုပ်သမားခလည်း သက်သာ တယ်။ ဒါပေမယ့် ပင်ပန်းတယ် ဗျာ'' လို့ ဆက်လက်ဖြေဆိုခဲ့တာပါ။

43694591_527115664420992_7599457748484358144_n.jpg

Photo: ကြာစိ ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

 

[Zawgyi Version]

ၾကာစိ တစ္ေယာက္ လက္ရွိမွာ ခ်စ္ဇနီး ဆုဟန္နီျဖဳိး နဲ႔ အတူတူေနထုိင္တဲ့ အိမ္ေလးအေၾကာင္းကုိ ေျပာျပလာပါတယ္။ ခ်စ္ဇနီး ရဲ႔ ေမြးေန႔မွာ ေမြး ေန႔လက္ေဆာင္ေပးခဲ့တဲ့ အိမ္ေလးကုိ သူကုိယ္တုိင္ ႀကိဳးစားျပင္ဆင္တည္ေဆာက္ထားတာလုိ႔ ဆုိပါတယ္။

Photo: ၾကာစိ ေဖ့စ္ဘြတ္

 

ဟာသသရုပ္ေဆာင္ လူရႊင္ေတာ္ ၾကာစိက လက္ရွိမွာ သူခ်စ္ရတဲ့မိသားစုနဲ႔ အတူတူ ေနထုိင္တဲ့ အိမ္ေလးအေၾကာင္းေတြ ေျပာျပလာပါတယ္။ ဒီအိမ္ေလးကုိ သူကုိယ္တုိင္ စိတ္တုိင္္းက် ျပင္ဆင္ တည္ေဆာက္ထားတာလုိ႔ သိရပါတယ္။ အိမ္ေလးနဲ႔ ပတ္သက္တဲ့ အမွတ္တရေတြကုိ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာေျဖဆိုခဲ့ပါတယ္။

'' ကုိယ္တုိင္ျပင္တယ္၊ ကုိယ္တုိင္လုပ္တယ္ ဆုိတာက တကယ္ေတာ့ ပုိက္ဆံမတတ္ႏုိင္လုိ႔ပါ ခင္ဗ်။ ဘာေၾကာင့္လဲဆိုေတာ့ ပုိက္ဆံရွိတဲ့လူေတြ က ဟုိအပ္လုိက္၊ ဒီအပ္လုိက္နဲ႔ေပါ့။ အစ္ကုိ ကုိယ္တုိင္လုပ္တယ္ဆုိတာ သက္လည္း သက္သာတယ္။ ကုိယ့္စိတ္တုိင္းက်လည္းျဖစ္တယ္။ ကုိယ္ တုိင္ Wallpaper ကပ္၊ ကုိယ္တိုင္ ေဆာက္ထားတာ'' လုိ႔ဆုိပါတယ္။

Photo: ၾကာစိ ေဖ့စ္ဘြတ္

တာဝန္ေက်လြန္းတဲ့ ခင္ပြန္းကို ခ်ီးက်ဴးစကားဆိုလိုက္တဲ့ ၾကာစိရဲ႕ ဇနီးသည္ 

ၾကာစိကုိယ္တုိင္ ျပင္ဆင္ထားတဲ့ အိမ္ကေတာ့ ဇနီးျဖစ္သူရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ေတာင္ႀကီးမွာပဲ ျဖစ္ပါတယ္။ ဒီအိမ္ေလးကုိ ဇနီးရဲ႕ စိတ္ႀကိဳက္ ျဖစ္ေအာင္ ဖန္တီးေပးခဲ့တာျဖစ္ၿပီး ေမြးေန႔လက္ေဆာင္ေပးခဲ့တာလုိ႔ သိရပါတယ္။

'' ကၽြမ္းကၽြမ္းက်င္က်င္ႀကီးေတာ့ မဟုတ္ပါဘူး၊ မေတာက္ တစ္ေခါက္ေလးေတြေလာက္ပါ။ တစ္ခါတစ္ေလ ပန္းရံဆရာေတြ လာၿပီဆုိရင္ ေဘးကေန ကုိယ္က ဝုိင္းကူလုပ္ေပးတာေလာက္ပါပဲ။ Wallpaper ေတြကုိေတာ့ တစ္အိမ္လုံး ကုိယ္တုိင္ပဲ ကပ္ထားတာ'' လုိ႔ ေအာက္ တုိ ဘာ လ ၁၄ ရက္ေန႔က Aroma 7years Anniversary မွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

Photo: ၾကာစိ ေဖ့စ္ဘြတ္

 

အိမ္အတြင္း အျပင္အဆင္ေတြကုိလည္း ၾကာစိနဲ႔ အတူ ခ်စ္ဇနီး ဆုဟန္နီၿဖိဳးတုိ႔ တုိင္ပင္ၿပီး ခ်စ္စရာေကာင္းေအာင္ ျပင္ဆင္ခဲ့တယ္လုိ႔ သိရပါ တယ္။ ခ်စ္စရာေကာင္းတဲ့ ေနခ်င္စဖြယ္ အိမ္ေလးျဖစ္လာႏုိင္ေအာင္ ႀကိဳးစားခဲ့တဲ့ ၾကာစိရဲ႕ ခံစားခ်က္ေတြကုိလည္း အခုလုိ ေျပာျပလာ ပါတယ္။

''ကၽြန္ေတာ္ကေတာ့ ဘုရားခန္းရယ္၊ ဧည့္ခန္းရယ္ကုိေတာ့ ကၽြန္ေတာ့္ စိတ္ႀကိဳက္၊ သူကေတာ့ အိပ္ခန္းေလးကုိပဲ သူ႔စိတ္ႀကိဳက္၊ သူ႔ဘာသာသူ ျပင္တယ္ ပန္းေရာင္ေလးေတြေပါ့။ အိမ္က ကုိယ္တုိင္လုပ္တယ္၊ ကုိယ္တုိင္ ပစၥည္းေတြ ဝယ္တာဆုိေတာ့ အလုပ္သမားခလည္း သက္သာ တယ္။ ဒါေပမယ့္ ပင္ပန္းတယ္ ဗ်ာ'' လုိ႔ ဆက္လက္ေျဖဆုိခဲ့တာပါ။

Photo: ၾကာစိ ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ၾကာစိနဲ႔ ဇနီးျဖစ္သူ ဆုဟန္နီျဖဳိး တုိ႔က ခ်စ္သူသက္တမ္း(၂)ႏွစ္ေက်ာ္မွာ အိမ္ေထာင္ျပဳခဲ့တာပါ။ လူရႊင္ေတာ္ 5 Star အဖဲြ႕ဝင္ ၾကာစိကေတာ့ ပရိသတ္အားေပးမႈ ရရွိထားတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ၾကာစိရဲ႕ ဘဝအေၾကာင္းကို ေရးစပ္ထားတဲ့ သီခ်င္းဟာလည္း ပရိသတ္ေတြၾကား ေတာ္ေတာ္ေအာင္ျမင္ခဲ့ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs