• Cele Yatkwat

    ဂေးတစ်ယောက်ဖြစ်တာ ရှက်စရာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ လင်းအောင်ခေတ်

Sabal Thwin
[Unicode Version]

လင်းအောင်ခေတ်က သူကိုယ်တိုင် ဂေးတစ်ယောက် မဟုတ်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ ဒါပေမယ့် သူတို့ သူငယ်ချင်း တွေထဲမှာတော့ တစ်ခါတလေ စတတ် နောက်တတ်ကြတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

44402455_949902915213403_3607269055393693696_n.jpg

Photo: လင်းအောင်ခေတ် ဖေ့စ်ဘွတ်

 

သရုပ်ဆောင် လင်းအောင်ခေတ် က ဂေးတစ်ယောက် မဟုတ်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ဂေးတစ်ယောက် ဆိုတာက လည်း ရှက်စရာကောင်းတဲ့အရာ မဟုတ်တဲ့အတွက် ဝေဖန်ပြောဆိုကြတဲ့ သူတွေကိုလည်း စိတ်မဆိုးတဲ့အကြောင်းကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

'' ကျွန်တော့်ကို ယောက်ျားစစ်စစ်လား၊ ဂေးလား မေးရင်တော့  ကျွန်တော်က ယောကျ်ားစစ်စစ်လို့ ပြောချင်တာပေါ့နော်။ လိမ်လည်း မလိမ် ပါဘူး။ ကျွန်တော် အခြောက်ဆိုရင်လည်း ပရိသတ်ကို အမှန်အတိုင်းပြောမှာ ဒါရှက်စရာမဟုတ်ဘူး။ အဓိက က ရှက်စရာဆိုတာ အကျင့်မ ကောင်းတာ၊ ကိုယ့်ပတ်ဝန်းကျင်ကို အထောက်အကူမပြုနိုင်တာ ဆန်ကုန်မြေလေးတွေကမှ တကယ်ကို ရှက်စရာပါ'' လို့ ဆိုပါတယ်။

41188580_929423840594644_8710679875175841792_n.jpg

Photo: လင်းအောင်ခေတ် ဖေ့စ်ဘွတ်

သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားရိုက်ချင်တယ်ဆိုတဲ့ တိုင်ရွန် 

လင်းအောင်ခေတ်ဟာ သရုပ်ဆောင် အောင်လေး၊ တိုင်ရွန်၊ ပိုင်တံခွန်၊ ကျော်သက်ဝေ စတဲ့ သူငယ်ချင်းတွေနဲ့ အမြဲတမ်း တစ်တွဲတွဲ တွေ့ရလေ့ ရှိတဲ့သူဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း တစ်စုရဲ့ ဆက်ဆံရေးအကြောင်းကိုလည်း အောက်တိုဘာလ ၂၃ ရက်နေ့ညက တစ်ခုလပ် ရုပ်ရှင် ဇာတ်ကား အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

'' တစ်ယောက်နဲ့ တစ်ယောက် စနောက်ပြီးတော့ ဆေးထိုးနေတာကများတယ်။ တစ်ခါတလေကျရင်လည်း ဆဲကြတာမျိုးတွေ ရှိတယ်။ တစ် ယောက် နဲ့တစ်ယောက် စနောက်နေတဲ့ စကားတွေကတော့ အများကြီးရှိတာပေါ့နော်။ Chat Box ထဲမှာတော့ ဘာမှလည်း မပြောဘူး၊ ဘာမှလည်း မရှိဘူး၊ ကျွန်တော်ကတော့ ရှင်းတယ်'' လို့ သူကဆိုပါတယ်။

44692622_952052454998449_6612931622046007296_n.jpg

Photo: လင်းအောင်ခေတ် ဖေ့စ်ဘွတ်

 

လက်ရှိမှာလည်း သူ့သူငယ်ချင်းတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ခိုးယူခြင်း ခံနေရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လင်းအောင်ခေတ် ကတော့ သူ့အကောင့်ကိုလည်း Hacker တွေ မယူအောင် တောင်းပန်စကားဆိုခဲ့ပါတယ်။ သူဟာ စကားနည်းသူ ဖြစ်တာကြောင့်လည်း ဘာမှ ပြောထားတာ မရှိပါဘူးတဲ့။

'' ကျွန်တော်ကိုယ်တိုင်က စကားပြောနည်းတာ ဖေ့စ်ဘွတ်မှာ ပြောရတာကို သိပ်ပြီးတော့ အားမသန်ဘူးနဲ့တူတယ်။ ကိုယ်ပြောစရာရှိတယ်ဆို ရင် ဖုန်းဆက်လိုက်တယ်။ ကျွန်တော့် အကောင့်ကိုတော့ မ Hack ကြပါနဲ့လို့ ဒါလေးပဲရှိတာပါ။ ရှင်းတာတော့ ရှင်းတယ် ဒါပေမယ့် အကောင့် မဟက်ပါနဲ့လို့ တောင်းပန်ပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

40325476_923918314478530_2097539865611599872_n.jpg

Photo: လင်းအောင်ခေတ် ဖေ့စ်ဘွတ်

 

လင်းအောင်ခေတ်ဟာ မော်ဒယ်လောက ကနေတဆင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူဖြစ်ပါတယ်။ အခုရုံတင်ပြသနေတဲ့ တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း စီနီယာ သရုပ်ဆောင် ကြီးတွေနဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိပါတယ်။

 

[Zawgyi Version]

လင္းေအာင္ေခတ္က သူကုိယ္တုိင္ ေဂးတစ္ေယာက္ မဟုတ္တဲ့ အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာလာပါတယ္။ ဒါေပမယ့္ သူတုိ႔ သူငယ္ခ်င္း ေတြထဲမွာေတာ့ တစ္ခါတေလ စတတ္ ေနာက္တတ္ၾကတဲ့ အေၾကာင္းေလးေတြကုိလည္း ေျပာျပခဲ့ပါေသးတယ္။

Photo: လင္းေအာင္ေခတ္ ေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ လင္းေအာင္ေခတ္ က ေဂးတစ္ေယာက္ မဟုတ္ဘူးဆိုတာကုိ ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။ ေဂးတစ္ေယာက္ ဆုိတာက လည္း ရွက္စရာေကာင္းတဲ့အရာ မဟုတ္တဲ့အတြက္ ေဝဖန္ေျပာဆုိၾကတဲ့ သူေတြကုိလည္း စိတ္မဆုိးတဲ့အေၾကာင္းကုိ Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျပာျပခဲ့ပါတယ္။

'' ကၽြန္ေတာ့္ကုိ ေယာက္်ားစစ္စစ္လား၊ ေဂးလား ေမးရင္ေတာ့  ကၽြန္ေတာ္က ေယာက်္ားစစ္စစ္လုိ႔ ေျပာခ်င္တာေပါ့ေနာ္။ လိမ္လည္း မလိမ္ ပါဘူး။ ကၽြန္ေတာ္ အေျခာက္ဆုိရင္လည္း ပရိသတ္ကုိ အမွန္အတုိင္းေျပာမွာ ဒါရွက္စရာမဟုတ္ဘူး။ အဓိက က ရွက္စရာဆုိတာ အက်င့္မ ေကာင္းတာ၊ ကုိယ့္ပတ္ဝန္းက်င္ကုိ အေထာက္အကူမျပဳႏုိင္တာ ဆန္ကုန္ေျမေလးေတြကမွ တကယ္ကုိ ရွက္စရာပါ'' လုိ႔ ဆုိပါတယ္။

Photo: လင္းေအာင္ေခတ္ ေဖ့စ္ဘြတ္

သူငယ္ခ်င္းေတြနဲ႔အတူ ဇာတ္ကားရုိက္ခ်င္တယ္ဆုိတဲ့ တုိင္ရြန္ 

လင္းေအာင္ေခတ္ဟာ သရုပ္ေဆာင္ ေအာင္ေလး၊ တုိင္ရြန္၊ ပုိင္တံခြန္၊ ေက်ာ္သက္ေဝ စတဲ့ သူငယ္ခ်င္းေတြနဲ႔ အျမဲတမ္း တစ္တြဲတြဲ ေတြ႔ရေလ့ ရွိတဲ့သူျဖစ္ပါတယ္။ သူတုိ႔ သူငယ္ခ်င္း တစ္စုရဲ႕ ဆက္ဆံေရးအေၾကာင္းကုိလည္း ေအာက္တုိဘာလ ၂၃ ရက္ေန႔ညက တစ္ခုလပ္ ရုပ္ရွင္ ဇာတ္ကား အထူးပြဲမွာ ေျဖဆုိခဲ့တာပါ။

'' တစ္ေယာက္နဲ႔ တစ္ေယာက္ စေနာက္ၿပီးေတာ့ ေဆးထုိးေနတာကမ်ားတယ္။ တစ္ခါတေလက်ရင္လည္း ဆဲၾကတာမ်ဳိးေတြ ရွိတယ္။ တစ္ ေယာက္ နဲ႔တစ္ေယာက္ စေနာက္ေနတဲ့ စကားေတြကေတာ့ အမ်ားႀကီးရွိတာေပါ့ေနာ္။ Chat Box ထဲမွာေတာ့ ဘာမွလည္း မေျပာဘူး၊ ဘာမွလည္း မရွိဘူး၊ ကၽြန္ေတာ္ကေတာ့ ရွင္းတယ္'' လုိ႔ သူကဆိုပါတယ္။

Photo: လင္းေအာင္ေခတ္ ေဖ့စ္ဘြတ္

 

လက္ရွိမွာလည္း သူ႔သူငယ္ခ်င္းေတြရဲ႕ ေဖ့စ္ဘြတ္အေကာင့္ေတြ ခုိးယူျခင္း ခံေနရတယ္လုိ႔ဆုိပါတယ္။ ဒါေပမယ့္ လင္းေအာင္ေခတ္ ကေတာ့ သူ႔အေကာင့္ကုိလည္း Hacker ေတြ မယူေအာင္ ေတာင္းပန္စကားဆုိခဲ့ပါတယ္။ သူဟာ စကားနည္းသူ ျဖစ္တာေၾကာင့္လည္း ဘာမွ ေျပာထားတာ မရွိပါဘူးတဲ့။

'' ကၽြန္ေတာ္ကုိယ္တုိင္က စကားေျပာနည္းတာ ေဖ့စ္ဘြတ္မွာ ေျပာရတာကုိ သိပ္ၿပီးေတာ့ အားမသန္ဘူးနဲ႔တူတယ္။ ကုိယ္ေျပာစရာရွိတယ္ဆုိ ရင္ ဖုန္းဆက္လုိက္တယ္။ ကၽြန္ေတာ့္ အေကာင့္ကုိေတာ့ မ Hack ၾကပါနဲ႔လုိ႔ ဒါေလးပဲရွိတာပါ။ ရွင္းတာေတာ့ ရွင္းတယ္ ဒါေပမယ့္ အေကာင့္ မဟက္ပါနဲ႔လုိ႔ ေတာင္းပန္ပါတယ္'' လုိ႔ ဆက္လက္ေျပာျပလာပါတယ္။

Photo: လင္းေအာင္ေခတ္ ေဖ့စ္ဘြတ္

 

လင္းေအာင္ေခတ္ဟာ ေမာ္ဒယ္ေလာက ကေနတဆင့္ သရုပ္ေဆာင္ေလာကထဲကုိ ဝင္ေရာက္လာခဲ့သူျဖစ္ပါတယ္။ သူဟာ လက္ရွိမွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေနရသူျဖစ္ပါတယ္။ အခုရုံတင္ျပသေနတဲ့ တစ္ခုလပ္ ရုပ္ရွင္ဇာတ္ကားႀကီးမွာလည္း စီနီယာ သရုပ္ေဆာင္ ႀကီးေတြနဲ႔ အတူ ပါဝင္သရုပ္ေဆာင္ထားတယ္လုိ႔ သိပါတယ္။

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs