• Cele Yatkwat
    မိခင်ရဲ့ကျန်းမာရေးကို ကိုယ်တိုင်ပြုစုပေးနေတယ် ဆိုတဲ့ မိုးဟေကို
Sabal Thwin
[Unicode Version]

မိုးဟေကို ဟာ မိခင်ရဲ့ ကျန်းမာရေးအတွက် အဓိကထား ပြုစုစောင့်ရှောက်နေတာကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တဲ့ အကြောင်း ပြောပြလာပါတယ်။ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း နားလည်ပေးမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

Moe.jpg 

သရုပ်ဆောင် မိုးဟေကို က အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးတွေကို လျှော့ချထားတယ်လို့ ဆိုပါတယ်။ ဒါကလည်း မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို ဦးစားပေးနေတဲ့အတွက်ကြောင့်ပါ ဆိုတာကို မီဒီယာတွေကနေ တဆင့် ပြောပြလာပါတယ်။

'' အမေ့ရဲ့ ကျန်းမာရေးကြောင့် အမေကို ဦးစားပေးတဲ့အနေနဲ့ မိုးရိုက်ကူးရေးတွေကို လျှော့လိုက်တာပါ။ အားလုံးလည်း နားလည်ပေးလိမ့်မယ် လို့ထင်ပါတယ်။ မိုးအမေရဲ့ ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် အစစအရာရာ လုပ်ပေးချင်တဲ့ အတွက်ကြောင့်ပါ။ ရိုက်ကူးရေးတွေ မလျှော့ချင် လည်း လျှော့ရမှာပဲ'' လို့ ဆိုပါတယ်။

44676697_273363320051442_4726729595078836224_n.jpg

Photo: Moe Hay KO Page

 

မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အနုပညာလှုပ်ရှားမှုတွေ ကျဲသွားတဲ့ မိုးဟေကို က တကယ်ကို သမီးလိမ္မာလေး တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ကောင်းမွန် လိမ္မာတဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်ကို တစ်နေ့ထက် တစ်နေ့ ပိုပြီး ပိုင်ဆိုင်လာတာကို တွေ့ရ ပါတယ်။

''ဘယ်သူမဆို ကိုယ့်မိဘဖြစ်လာတယ်။ ကိုယ့်မိသားစုဝင်ထဲက အသက်အရွယ်ကြီးတဲ့ မိခင်၊ ဖခင် ဘယ်သူဖြစ်ဖြစ် ပြုစုပေးရမှာ ကိုယ့်ရဲ့ တာ ဝန်၊ ဝတ္တရားတောင် မဟုတ်ပဲ စိတ်ကိုက အလိုလို လုပ်ပေးရမယ်ဆိုတာကို ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် အမေ့ကို ဦးစားပေးလိုက်တာပါ'' ဆိုတာကို အောက်တိုဘာလ ၂၁ ရက်နေ့က အမုန်းတွေ ခေါက်ထားလိုက် ရုပ်ရှင်အထူးပြသပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

44560347_273003280087446_8237987727472066560_n.jpg

Photo: Moe Hay KO Page

မိုးဟေကိုရဲ့ အသက် ၃၀ ကျော်အရွယ် ခံစားချက် 

မိုးဟေကို က သူ့အတွက် အရေးကြီးဆုံးဆိုတာ မိဘပဲ ရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဆက်လက်ပြောပြလာပါတယ်။ မိခင်ရဲ့ ကျန်းမာ ရေးကို အဓိက ထားလိုက်ရတာကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တဲ့အပေါ် ပရိသတ်တွေ နားလည်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

'' မိဘအရေးကြီးဆုံးလေ နော်၊ အမေက မွေးထုတ်ပေးလာလို့ မိုးဟေကို၊ ပြည်သူတွေချစ်တဲ့ မိုးဟေကို ဆိုတာ ဖြစ်လာတာလေ။ အမေ ကျန်းမာရေး ချို့တဲ့ချိန်မှာ ကိုယ်က ပစ်ထားလို့မရဘူးလေ။ မိုးရဲ့ ခံယူချက်ပေါ့ ဒါဟာ ရင်ထဲက ဖြစ်ပေါ်လာတာ ပရိသတ်တွေလည်း နား လည်ပေးမယ်လို့ ထင်တယ်။ အမေ့ကိုလည်း ကိုယ်တိုင်လုပ်ပေးချင်တဲ့အတွက်ကြောင့်ပါ'' လို့ သူကဆိုပါတယ်။

44563805_273362953384812_1558123210531143680_n.jpg

Photo: Moe Hay KO Page

 

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

မုိးေဟကုိ ဟာ မိခင္ရဲ႕ က်န္းမာေရးအတြက္ အဓိကထား ျပဳစုေစာင့္ေရွာက္ေနတာေၾကာင့္ ဇာတ္ကားေတြ သိပ္မရုိက္ျဖစ္တဲ့ အေၾကာင္း ေျပာျပလာပါတယ္။ သူ႔ကုိ ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြလည္း နားလည္ေပးမယ္လုိ႔ ယုံၾကည္တယ္လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ မုိးေဟကုိ က အခုလက္ရွိမွာေတာ့ ရုပ္ရွင္ဇာတ္ကားရုိက္ကူးေရးေတြကုိ ေလွ်ာ့ခ်ထားတယ္လုိ႔ ဆုိပါတယ္။ ဒါကလည္း မိခင္ျဖစ္သူရဲ႕ က်န္းမာေရးကုိ ဦးစားေပးေနတဲ့အတြက္ေၾကာင့္ပါ ဆုိတာကုိ မီဒီယာေတြကေန တဆင့္ ေျပာျပလာပါတယ္။

'' အေမ့ရဲ႕ က်န္းမာေရးေၾကာင့္ အေမကုိ ဦးစားေပးတဲ့အေနနဲ႔ မုိးရုိက္ကူးေရးေတြကုိ ေလွ်ာ့လုိက္တာပါ။ အားလုံးလည္း နားလည္ေပးလိမ့္မယ္ လုိ႔ထင္ပါတယ္။ မုိးအေမရဲ႕ က်န္းမာေရးကုိ ကုိယ္ကုိယ္တုိင္ အစစအရာရာ လုပ္ေပးခ်င္တဲ့ အတြက္ေၾကာင့္ပါ။ ရုိက္ကူးေရးေတြ မေလွ်ာ့ခ်င္ လည္း ေလွ်ာ့ရမွာပဲ'' လို႔ ဆိုပါတယ္။

Photo: Moe Hay KO Page

 

မိခင္ျဖစ္သူရဲ႕ က်န္းမာေရးေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြ က်ဲသြားတဲ့ မုိးေဟကုိ က တကယ္ကုိ သမီးလိမၼာေလး တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ ေကာင္းမြန္ လိမၼာတဲ့ စိတ္ထားေလးေတြေၾကာင့္လည္း ပရိသတ္ေတြရဲ႕ အခ်စ္ကုိ တစ္ေန႔ထက္ တစ္ေန႔ ပုိၿပီး ပုိင္ဆုိင္လာတာကုိ ေတြ႔ရ ပါတယ္။

''ဘယ္သူမဆုိ ကုိယ့္မိဘျဖစ္လာတယ္။ ကုိယ့္မိသားစုဝင္ထဲက အသက္အရြယ္ႀကီးတဲ့ မိခင္၊ ဖခင္ ဘယ္သူျဖစ္ျဖစ္ ျပဳစုေပးရမွာ ကုိယ့္ရဲ႕ တာ ဝန္၊ ဝတၱရားေတာင္ မဟုတ္ပဲ စိတ္ကုိက အလုိလုိ လုပ္ေပးရမယ္ဆုိတာကုိ ျဖစ္ေပၚေနတဲ့အတြက္ေၾကာင့္ အေမ့ကုိ ဦးစားေပးလုိက္တာပါ'' ဆုိတာကုိ ေအာက္တုိဘာလ ၂၁ ရက္ေန႔က အမုန္းေတြ ေခါက္ထားလုိက္ ရုပ္ရွင္အထူးျပသပြဲမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

Photo: Moe Hay KO Page

မိုးေဟကုိရဲ႕ အသက္ ၃၀ ေက်ာ္အရြယ္ ခံစားခ်က္ 

မုိးေဟကုိ က သူ႔အတြက္ အေရးႀကီးဆုံးဆုိတာ မိဘပဲ ရွိတယ္လုိ႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ဆက္လက္ေျပာျပလာပါတယ္။ မိခင္ရဲ႕ က်န္းမာ ေရးကုိ အဓိက ထားလုိက္ရတာေၾကာင့္ ဇာတ္ကားေတြ သိပ္မရုိက္ျဖစ္တဲ့အေပၚ ပရိသတ္ေတြ နားလည္ေပးႏုိင္မယ္လုိ႔ ယုံၾကည္တယ္လုိ႔ ဆုိပါတယ္။

'' မိဘအေရးႀကီးဆုံးေလ ေနာ္၊ အေမက ေမြးထုတ္ေပးလာလုိ႔ မုိးေဟကုိ၊ ျပည္သူေတြခ်စ္တဲ့ မုိးေဟကုိ ဆုိတာ ျဖစ္လာတာေလ။ အေမ က်န္းမာေရး ခ်ဳိ႕တဲ့ခ်ိန္မွာ ကုိယ္က ပစ္ထားလုိ႔မရဘူးေလ။ မုိးရဲ႕ ခံယူခ်က္ေပါ့ ဒါဟာ ရင္ထဲက ျဖစ္ေပၚလာတာ ပရိသတ္ေတြလည္း နား လည္ေပးမယ္လုိ႔ ထင္တယ္။ အေမ့ကုိလည္း ကုိယ္တုိင္လုပ္ေပးခ်င္တဲ့အတြက္ေၾကာင့္ပါ'' လုိ႔ သူကဆုိပါတယ္။

Photo: Moe Hay KO Page

 

မိုးေဟကုိဟာ အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး တီဗီေၾကာ္ျငာေတြပဲ ရိုက္ကူးေနရတာကုိ ေတြ႔ရပါတယ္။ သူ႔ရဲ႕ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရး ျဖစ္တဲ့ မုိးရုပ္ရွင္ထုတ္လုပ္ေရးကေန ဇာတ္ကားေကာင္းေတြ ထြက္ရွိႏုိင္ဖုိ႔ ႀကိဳးစားေနတယ္ လုိ႔ သိရပါတယ္။ ေနာက္ထပ္ ပုိးထည္ဆိုင္ဘက္မွာ လည္း ဦးေဆာင္ေနရတယ္လုိ႔ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs