• Cele Yatkwat
    မင်္ဂလာဆောင်တော့မယ်လို့ ကြေညာလိုက်တဲ့ ရွှေထူးနဲ့ ရွှေမှုံ
Ei Ei Myat
[Unicode Version]

မကြာသေးမီကမှ ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ အဆိုတော် သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ဟာ ဒီလ (နိုဝင်ဘာလ) ၁၁ ရက်မှာပဲ မင်္ဂလာဆောင်တော့မယ့်အကြောင်း ကြေညာလိုက်ပါပြီ။

shwe 4.jpg

ရွှေထူး FB

 

အဆိုတော် သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီက မင်္ဂလာဆောင်တော့မယ့်အကြောင်းကို အတိအလင်းကြေညာလိုက်တာဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံက ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ သူ့ရဲ့ဖေ့စ်ဘွတ်ကနေ (11.11.2018) Our Day လို့ ရေးသားပြီး ပြိုင်တူကြေညာလိုက်တာ ဖြစ်ပါတယ်။

shwe 6.JPGshwe 7.JPG 

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ စေ့စပ်ကြောင်းလမ်းခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမဲ့ နှစ်ဦးစလုံးက အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ယခုမင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး Duwun Media က ဖုန်းဆက်မေးမြန်းရာမှာတော့ ရွှေထူးရဲ့ဖုန်းက စက်ပိတ်ထားပြီး ရွှေမှုံရတီက ဒီအကြောင်းနဲ့ ပတ်သက်ပြီး မဖြေပါဘူးလို့ ဆိုပါတယ်။

Shwe 2.jpg

ရွှေမှုံရတီ FB

 

သူတို့နှစ်ဦးက မင်္ဂလာဖိတ်စာတွေကိုလည်း ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှာ တင်ထားကြတာကို မြင်တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံတို့က နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၊ Inya Late Hotel (Pool Side Lawn) မှာ မင်္ဂလာပွဲ ကျင်းပမယ်လို့ သိရပါတယ်။

Shwe 3.jpg

ရွှေထူး FB

 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

[Zawgyi Version]

မၾကာေသးမီကမွ ခ်စ္သူေတြျဖစ္သြားခဲ့ၾကတဲ့ အဆုိေတာ္ သ႐ုပ္ေဆာင္ ေရႊထူးနဲ႔ သ႐ုပ္ေဆာင္ ေရႊမႈံရတီတုိ႔ဟာ ဒီလ (ႏိုဝင္ဘာလ) ၁၁ ရက္မွာပဲ မဂၤလာေဆာင္ေတာ့မယ့္အေၾကာင္း ေၾကညာလိုက္ပါၿပီ။

ေရႊထူး FB

 

အဆုိေတာ္ သ႐ုပ္ေဆာင္ ေရႊထူးနဲ႔ သ႐ုပ္ေဆာင္ ေရႊမႈံရတီက မဂၤလာေဆာင္ေတာ့မယ့္အေၾကာင္းကို အတိအလင္းေၾကညာလိုက္တာျဖစ္ပါတယ္။

ေရႊထူးနဲ႔ ေရႊမႈံက ဒီကေန႔ ႏိုဝင္ဘာလ ၂ ရက္ေန႔မွာ သူ႔ရဲ႕ေဖ့စ္ဘြတ္ကေန (11.11.2018) Our Day လို႔ ေရးသားၿပီး ၿပိဳင္တူေၾကညာလိုက္တာ ျဖစ္ပါတယ္။

သူတုိ႔ႏွစ္ဦးဟာ လြန္ခဲ့တဲ့ရက္ပိုင္းက ေနျပည္ေတာ္မွာ ေစ့စပ္ေၾကာင္းလမ္းခဲ့တယ္လို႔ သတင္းေတြ ထြက္လာခဲ့ေပမဲ့ ႏွစ္ဦးစလံုးက အဲဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး မီဒီယာေတြကို ေျဖၾကားျခင္း မရွိိခဲ့ပါဘူး။

ယခုမဂၤလာသတင္းနဲ႔ ပတ္သက္ၿပီး Duwun Media က ဖုန္းဆက္ေမးျမန္းရာမွာေတာ့ ေရႊထူးရဲ႕ဖုန္းက စက္ပိတ္ထားၿပီး ေရႊမႈံရတီက ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး မေျဖပါဘူးလို႔ ဆုိပါတယ္။

ေရႊမႈံရတီ FB

 

သူတုိ႕ႏွစ္ဦးက မဂၤလာဖိတ္စာေတြကိုလည္း ဓာတ္ပံု႐ိုက္ကာ ဆုိရွယ္မီဒီယာမွာ တင္ထားၾကတာကို ျမင္ေတြ႕ရပါတယ္။

ေရႊထူးနဲ႔ ေရႊမႈံတို႔က ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ညေန ၊ Inya Late Hotel (Pool Side Lawn) မွာ မဂၤလာပြဲ က်င္းပမယ္လို႔ သိရပါတယ္။

ေရႊထူး FB

 

သူတို႕ႏွစ္ေယာက္ဟာ ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္ ရိုက္ထားတဲ့ "ဧည့္သည္" ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာလည္း အတူတြဲၿပီး ရိုက္ကူးရင္းနဲ႕ ခ်စ္သူေတြ ျဖစ္သြားခဲ့ၾကတာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs