• Cele Yatkwat
    မင်းသွေးအတွက် တစ်လပြည့်ဆွမ်းကျွေးလုပ်မယ်ဆိုတဲ့ နေတိုး
Ei Ei Mar
[Unicode Version]

အခုဆိုရင် သရုပ်ဆောင် မင်းသွေးတစ်ယောက် လူ့လောကကက ထွက်ခွာသွားခဲ့တာ တစ်လပြည့်ဖို့ တစ်ရက်အလိုပါ။ သားငယ်အတွက် ခံစားနေရတဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကွယ်လွန်သူ မင်းသွေးအတွက် လုပ်ဆောင်ဖြစ်သွားမယ့်အစီအစဉ်တွေကို  အစ်ကိုဖြစ်တဲ့ နေတိုးက ပြောပြခဲ့တာ ဖြစ်ပါတယ်။

Nay Toe.jpg

"မီ" ရုပ်ရှင် အထူးပွဲက နေတိုးနဲ့ အခြားအနုပညာရှင်များ

နိုဝင်ဘာလ ၁ ရက်နေ့ညနေက သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်တဲ့ "မီ" ရုပ်ရှင်ကား အထူးပွဲကို တက်ရောက်လာတဲ့ နေတိုးက ညီလေးငယ်နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ဖြေကြားခဲ့ပါတယ်။

"မိသားစုကိစ္စကတော့ အများကြီးရှိပါတယ်။ အချိန်အခါကလည်း သိပ်မကြာသေးဘူးဆိုတော့လေ။ (အမေ့ကို) အရင်ထက်စာရင်တော့ ပိုပြီး ဂရုစိုက်နေရတဲ့သဘောတော့ ရှိတာပေါ့" လို့ နေတိုးက ဆိုပါတယ်။

naytoe.jpg 

မိခင်ဖြစ်သူက တချက်ချက် သွေးတိုးတတ်တဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်နေရတယ်လို့ နေတိုးက ပြောပြခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာ မင်းသွေး ကွယ်လွန်တာ တစ်လပြည့်ဖြစ်တဲ့အတွက် ဆွမ်းကျွေးပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

"၃ ရက်နေ့ကတော့ တစ်လပြည့်ဆွမ်းကျွေးမယ်ပေါ့နော်။ သူ့အနုပညာကိစ္စတွေရှိမယ်၊ သူ့သာသနာပြုလုပ်ငန်းလေးတွေ ရှိမယ်၊ ဘုရားကိစ္စလေးတွေရှိမယ်။ ဒါလေးတွေ လုပ်ပေးသွားဖို့ရှိပါတယ်" လို့ နေတိုးက ဖြေကြားခဲ့ပါတယ်။

Nay Toe.jpg

သီတင်းကျွတ်လပြည့်နေ့က မင်းသွေးအတွက် ရည်စူးကုသိုလ်ပြုတဲ့ တရားပွဲပြုလုပ်ရန် လာရောက်သည့် အရှင် ဆန္ဒာဓိကကို ထီးတော်မိုးပေးနေတဲ့ နေတိုး

 

မင်းသွေးအတွက် တစ်လပြည့်ဆွမ်းကျွေးကို နိုဝင်ဘာလ ၃ ရက်နေ့မနက်မှာ သာကေတ၊ မြခွာညို ဝါဝါဝင်းအိမ်ရာရှိ မိသားစုနေအိမ်မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ပြီးနောက် ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားခဲ့ပါတယ်။

 

[Zawgyi Version]

အခုဆုိရင္ သ႐ုပ္ေဆာင္ မင္းေသြးတစ္ေယာက္ လူ႔ေလာကကက ထြက္ခြာသြားခဲ့တာ တစ္လျပည့္ဖို႔ တစ္ရက္အလိုပါ။ သားငယ္အတြက္ ခံစားေနရတဲ့ မိခင္ျဖစ္သူရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ကြယ္လြန္သူ မင္းေသြးအတြက္ လုပ္ေဆာင္ျဖစ္သြားမယ့္အစီအစဥ္ေတြကို  အစ္ကိုျဖစ္တဲ့ ေနတိုးက ေျပာျပခဲ့တာ ျဖစ္ပါတယ္။

"မီ" ရုပ္ရွင္ အထူးပြဲက ေနတုိးနဲ႔ အျခားအႏုပညာရွင္မ်ား

ႏိုဝင္ဘာလ ၁ ရက္ေန႔ညေနက သမၼတ႐ုပ္ရွင္႐ံုမွာ ျပဳလုပ္တဲ့ "မီ" ႐ုပ္ရွင္ကား အထူးပြဲကို တက္ေရာက္လာတဲ့ ေနတုိးက ညီေလးငယ္နဲ႔ ပတ္သက္ၿပီး မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ကို အခုလို ေျဖၾကားခဲ့ပါတယ္။

"မိသားစုကိစၥကေတာ့ အမ်ားႀကီးရွိပါတယ္။ အခ်ိန္အခါကလည္း သိပ္မၾကာေသးဘူးဆုိေတာ့ေလ။ (အေမ့ကို) အရင္ထက္စာရင္ေတာ့ ပိုၿပီး ဂ႐ုစိုက္ေနရတဲ့သေဘာေတာ့ ရွိတာေပါ့" လို႔ ေနတုိးက ဆုိပါတယ္။

မိခင္ျဖစ္သူက တခ်က္ခ်က္ ေသြးတိုးတတ္တဲ့အတြက္ က်န္းမာေရးကို ဂ႐ုစိုက္ေနရတယ္လို႔ ေနတုိးက ေျပာျပခဲ့တာ ျဖစ္ပါတယ္။ ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ မင္းေသြး ကြယ္လြန္တာ တစ္လျပည့္ျဖစ္တဲ့အတြက္ ဆြမ္းေကၽြးျပဳလုပ္သြားမယ္လို႔လည္း သိရပါတယ္။

"၃ ရက္ေန႔ကေတာ့ တစ္လျပည့္ဆြမ္းေကၽြးမယ္ေပါ့ေနာ္။ သူ႔အႏုပညာကိစၥေတြရွိမယ္၊ သူ႔သာသနာျပဳလုပ္ငန္းေလးေတြ ရွိမယ္၊ ဘုရားကိစၥေလးေတြရွိမယ္။ ဒါေလးေတြ လုပ္ေပးသြားဖို႔ရွိပါတယ္" လို႔ ေနတိုးက ေျဖၾကားခဲ့ပါတယ္။

သီတင္းကၽြတ္လျပည့္ေန႔က မင္းေသြးအတြက္ ရည္စူးကုသိုလ္ျပဳတဲ့ တရားပြဲျပဳလုပ္ရန္ လာေရာက္သည့္ အရွင္ ဆႏၵာဓိကကို ထီးေတာ္မိုးေပးေနတဲ့ ေနတုိး

 

မင္းေသြးအတြက္ တစ္လျပည့္ဆြမ္းေကၽြးကို ႏိုဝင္ဘာလ ၃ ရက္ေန႔မနက္မွာ သာေကတ၊ ျမခြာညိဳ ဝါဝါဝင္းအိမ္ရာရွိ မိသားစုေနအိမ္မွာ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

မင္းေသြးဟာ ေအာက္တုိဘာ(၃) ရက္ေန႕ ည(၁၁း၂၀)က ပါရမီေဆးရံုမွာ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။ မင္းေသြးဟာသူခ်င္းေတြနဲ႕အတူ ေဘာလံုးကန္ၿပီးေနာက္ ခဏနားၿပီး ေရေသာက္လိုက္တဲ့အခ်ိန္ ရုတ္တရက္ လဲက်သြားရာက အေရးေပၚသို႕ ပို႕လိုက္ရာက သတိျပန္ မလည္လာေတာ့တာ ျဖစ္ပါတယ္။ မင္းေသြးရဲ႕ ႐ုပ္အေလာင္းကို ေအာက္တိုဘာ(၇) ရက္ေန႕ မနက္ပိုင္းကေရေဝးသုႆန္မွာ မီးသၿဂိဳလ္ခဲ့ၿပီး အရိုးျပာကို ဂူသြင္းထားခဲ့ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs