• Cele Yatkwat
    ၁၀၁၄ ရုပ်ရှင်ဇာတ်ကားရဲ့ ထူးခြားမှုကို ပြောလာတဲ့ ဦးကျော်သူ
Sabal Thwin
[Unicode Version]

ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးရဲ့အမည် ၁၀၁၄ ဆိုတာဟာ အနော်ရထာမင်းရဲ့ မွေးသက္ကရာဇ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီဇာတ်ကားကြီး ရိုက်ကူးပုံဖော်သွားမယ့် အကြောင်းကိုလည်း ဆက်လက်ပြောပြ ခဲ့ပါသေးတယ်။

10.jpg 

ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ၁၀၁၄ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ပုဂံမြို့မှာ သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးရဲ့ နာမည်ကတော့ ထူးခြားမှုရှိပါတယ်။ ၁၀၁၄ ဆိုတာ ပုဂံမင်းဆက်တွေထဲကမှ အနော်ရထာမင်းကြီးရဲ့ မွေးသက္ကရာဇ်ဖြစ် တယ်လို့လည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' အရင်တုန်းကတော့ မိစ္ဆာ ဆိုတာပေးထားတာ ဒါပေမယ့် မိစ္ဆာဝါဒီ တွေရဲ့ ဆိုးကျိုးကို ကျွန်တော်က ပြချင်တာ။ မိစ္ဆာဝါဒီဆိုတာကလည်း အမှန်တော့ ဘယ်ဘာသာပဲ ဖြစ်ဖြစ် တစ်ဖက်အစွန်းရောက်နေပြီဆိုရင် အဓမ္မဝါဒဖြစ်တယ်။ အဲ့ဒါနဲ့ ဇာတ်လမ်းကို တင်တဲ့အခါမှာ မိစ္ဆာဆိုတာ မသင့်တော်ဘူးဆိုတာနဲ့ ၁၀၁၄ ဆိုပြီးပြောင်းလိုက်တာ အနော်ရထာမင်း မွေးတဲ့ ခရစ်သက္ကရာဇ်ပေ့ါ'' လို့ သူကဆိုပါတယ်။

ပုဂံဘုရားက ထူးခြားဖြစ်စဉ်အကြောင်းကို ပြောလာတဲ့ ကျော်သူ  

2.jpg 

၁၀၁၄ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကိုတော့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ဟာလည်း ဦးကျော်သူရဲ့ မွေးနေ့ဖြစ်တဲ့အတွက် တိုက်ဆိုင်သွားတဲ့ အမှတ်တရကိုလည်း နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ကျွန်တော် မနက်အစောကြီး ဗိုလ်တစ်ထောင်ဘုရားရယ်၊ ရွှေဘုန်းပွင့် ဘုရားရယ်၊ ရွှေတိဂုံရယ်ကို ကျွန်တော် ကန်တော့ပွဲသွားပေးတဲ့အချိန် မှာ ရွှေဘုန်းပွင့်ဘုရားရောက်တော့မှ ခေါင်းထဲအသိဝင်လာတယ်။ ဒီနေ့ ငါ့မွေးနေ့ ပြီးတော့ ၁၀၁၄ ဆိုတာ အနော်ရထာမင်းကြီး မွေးတဲ့နှစ် တိုက်ဆိုင်မှုပဲလေ'' လို့ ဖြေဆိုခဲ့ပါတယ်။

8.jpg 

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးဟာ အရည်းကြီးတွေရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး ဆင်ဆာအခက်အခဲ မဖြစ်အောင် သေချာပြင်ဆင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

'' ဆင်ဆာက သူ့အလုပ်သူလုပ်မှာပဲ ကျွန်တော်တို့က ကျွန်တော်တို့အလုပ် လုပ်ရမယ်။ ဇာတ်လမ်းကြောရိုးမထိခိုက်အောင် လုပ်ရမယ်။ ဇာတ် ကောင်စရိုက်ပီပြင်အောင် ဘယ်လိုရိုက်ရမလဲ။ ဆင်ဆာဖြတ်ရင်တော့ ကျွန်တော်တို့ဘက်ကလည်း သက်သေအထောက်အထားနဲ့ ပြနိုင်အောင် ကျွန်တော်တို့က ပြင်ဆင်ထားရမှာ'' လို့ ဆက်လက်ပြောပြထားပါတယ်။

14.jpg 

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်သွားမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ပြီး နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။

[Zawgyi Version]

ဦးေက်ာ္သူကုိယ္တုိင္ ဒါရုိက္တာအျဖစ္ရုိက္ကူးမယ့္ ရုပ္ရွင္ဇာတ္ကားႀကီးရဲ႕အမည္ ၁၀၁၄ ဆုိတာဟာ အေနာ္ရထာမင္းရဲ႕ ေမြးသကၠရာဇ္ ျဖစ္တယ္ လုိ႔ သိရပါတယ္။ ဒီဇာတ္ကားႀကီး ရုိက္ကူးပုံေဖာ္သြားမယ့္ အေၾကာင္းကုိလည္း ဆက္လက္ေျပာျပ ခဲ့ပါေသးတယ္။

ဦးေက်ာ္သူကုိယ္တုိင္ ဒါရုိက္တာအျဖစ္ရုိက္ကူးမယ့္ ၁၀၁၄ ဆုိတဲ့ရုပ္ရွင္ဇာတ္ကားႀကီးကုိ ပုဂံၿမိဳ႕မွာ သြားေရာက္ရုိက္ကူးမွာျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးရဲ႕ နာမည္ကေတာ့ ထူးျခားမႈရွိပါတယ္။ ၁၀၁၄ ဆုိတာ ပုဂံမင္းဆက္ေတြထဲကမွ အေနာ္ရထာမင္းႀကီးရဲ႕ ေမြးသကၠရာဇ္ျဖစ္ တယ္လုိ႔လည္း မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။

'' အရင္တုန္းကေတာ့ မိစၦာ ဆုိတာေပးထားတာ ဒါေပမယ့္ မိစၦာဝါဒီ ေတြရဲ႕ ဆုိးက်ဳိးကုိ ကၽြန္ေတာ္က ျပခ်င္တာ။ မိစၦာဝါဒီဆုိတာကလည္း အမွန္ေတာ့ ဘယ္ဘာသာပဲ ျဖစ္ျဖစ္ တစ္ဖက္အစြန္းေရာက္ေနၿပီဆုိရင္ အဓမၼဝါဒျဖစ္တယ္။ အဲ့ဒါနဲ႔ ဇာတ္လမ္းကုိ တင္တဲ့အခါမွာ မိစၦာဆုိတာ မသင့္ေတာ္ဘူးဆုိတာနဲ႔ ၁၀၁၄ ဆုိၿပီးေျပာင္းလုိက္တာ အေနာ္ရထာမင္း ေမြးတဲ့ ခရစ္သကၠရာဇ္ေပ့ါ'' လုိ႔ သူကဆုိပါတယ္။

ပုဂံဘုရားက ထူးျခားျဖစ္စဥ္အေၾကာင္းကုိ ေျပာလာတဲ့ ေက်ာ္သူ  

၁၀၁၄ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီး ကန္ေတာ့ပြဲကုိေတာ့ ႏုိဝင္ဘာလ ၂ ရက္ေန႔မွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ႏုိဝင္ဘာလ ၂ ရက္ေန႔ဟာလည္း ဦးေက်ာ္သူရဲ႕ ေမြးေန႔ျဖစ္တဲ့အတြက္ တုိက္ဆုိင္သြားတဲ့ အမွတ္တရကုိလည္း ႏုိဝင္ဘာလ ၂ ရက္ေန႔မွာ ျပဳလုပ္တဲ့ ၁၀၁၄ ရုပ္ရွင္ဇာတ္ကား ကန္ေတာ့ပြဲမွာ ေျပာျပခဲ့တာျဖစ္ပါတယ္။

'' ကၽြန္ေတာ္ မနက္အေစာႀကီး ဗုိလ္တစ္ေထာင္ဘုရားရယ္၊ ေရႊဘုန္းပြင့္ ဘုရားရယ္၊ ေရႊတိဂုံရယ္ကုိ ကၽြန္ေတာ္ ကန္ေတာ့ပြဲသြားေပးတဲ့အခိ်န္ မွာ ေရႊဘုန္းပြင့္ဘုရားေရာက္ေတာ့မွ ေခါင္းထဲအသိဝင္လာတယ္။ ဒီေန႔ ငါ့ေမြးေန႔ ၿပီးေတာ့ ၁၀၁၄ ဆုိတာ အေနာ္ရထာမင္းႀကီး ေမြးတဲ့ႏွစ္ တုိက္ဆုိင္မႈပဲေလ'' လုိ႔ ေျဖဆုိခဲ့ပါတယ္။

၁၀၁၄ ရုပ္ရွင္ဇာတ္ကားႀကီးဟာ အရည္းႀကီးေတြရဲ႕ အေၾကာင္းကုိ ပုံေဖာ္ရုိက္ကူးမယ့္ ရုပ္ရွင္ဇာတ္ကားႀကီးျဖစ္ပါတယ္။ ဒီဇာတ္ကား နဲ႔ ပတ္သက္ၿပီး ဆင္ဆာအခက္အခဲ မျဖစ္ေအာင္ ေသခ်ာျပင္ဆင္ရုိက္ကူးသြားမယ္လုိ႔ သိရပါတယ္။

'' ဆင္ဆာက သူ႔အလုပ္သူလုပ္မွာပဲ ကၽြန္ေတာ္တုိ႔က ကၽြန္ေတာ္တုိ႔အလုပ္ လုပ္ရမယ္။ ဇာတ္လမ္းေၾကာရုိးမထိခုိက္ေအာင္ လုပ္ရမယ္။ ဇာတ္ ေကာင္စရုိက္ပီျပင္ေအာင္ ဘယ္လုိရုိက္ရမလဲ။ ဆင္ဆာျဖတ္ရင္ေတာ့ ကၽြန္ေတာ္တုိ႔ဘက္ကလည္း သက္ေသအေထာက္အထားနဲ႔ ျပႏုိင္ေအာင္ ကၽြန္ေတာ္တုိ႔က ျပင္ဆင္ထားရမွာ'' လုိ႔ ဆက္လက္ေျပာျပထားပါတယ္။

၁၀၁၄ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဦးေက်ာ္သူရဲ႕ ဝရဇိန္ရုပ္ရွင္ထုတ္လုပ္ေရးကေန ပထမဆုံးထုတ္လုပ္သြားမယ့္ ရုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ပါ တယ္။ ဒီဇာတ္ကားႀကီးထဲမွာ ေက်ာ္သူ၊ မုိ႔မုိ႔ျမင့္ေအာင္၊ ထြန္းကုိကုိ၊ ထူးေအာင္၊ ေျပဇင္၊ ေဒါင္း၊ ေမျမင့္မုိရ္ နဲ႔ ရတနာဗုိလ္ တုိ႔က အဓိက ပါဝင္သရုပ္ ေဆာင္သြားမွာျဖစ္ၿပီး ေနာက္ထပ္အႏုပညာရွင္မ်ားစြာလည္း အားျဖည့္ပါဝင္သြားမယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs