• Cele Yatkwat
    အနုပညာအလုပ်တွေသာမက စီးပွားရေးမှာလည်း ကြိုးစားမယ်ဆိုတဲ့ ကြာစိ
Sabal Thwin
[Unicode Version]

ကြာစိကတော့ အနုပညာအလုပ်အပြင် မိသားစု ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုပါ ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်ကို လည်း စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆက်လက်ပြောပြလာပါတယ်။

38509687_482398315559394_8518144467050430464_n.jpg

Photo: ကြာစိဖေ့စ်ဘွတ်

 

ဟာသလူရွှင်တော် သရုပ်ဆောင် ကြာစိက လက်ရှိမှာ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ အနေနဲ့ ရှေ့ဆက်မယ့် မိသားစု ဘဝရှေ့ရေးအတွက် အနုပညာအလုပ်အပြင် အပြင်စီးပွားရေးကိုလည်း ကြိုးစားဆောင်ရွက်သွားမယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အနုပညာအလုပ်တွေကိုတော့ ရှေ့ဆက်ပြီးလုပ်နေဦးမှာပါ ကိုယ်တွေက အသက်လည်း ကြီးလာပြီလေ။ အနုပညာအလုပ်ဆိုတာလည်း အမြဲ တမ်းအောင်မြင်နေမှာမှ မဟုတ်တာလေ ကျဆုံးမယ့် အချိန်ဆိုတာ ရောက်လာဦးမှာပဲ။ အနုပညာအလုပ်တွေ လုပ်နေပေမယ့် နောက်ထပ် အပြင် စီးပွားရေးကိုလည်း လုပ်နေရဦးမှာပါပဲ'' လို့ ဆိုပါတယ်။

42996728_522228388243053_634882490896482304_n.jpg

Photo: ကြာစိဖေ့စ်ဘွတ်

အလှူအတန်းဆို လက်မနှေးတဲ့ ကြာစိတို့ ဇနီးမောင်နှံ 

ကြာစိဟာ အနုပညာအလုပ်ကို ရူးသွပ်သူတစ်ယောက်ဖြစ်တဲ့အတွက် စွန့်လွှတ်သွားမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ အားပေးတဲ့ ပရိသတ် ရှိနေသ၍ အကောင်းဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ဆက်လက်ပြောပြထားပါတယ်။

'' ဒါကတော့ ကိုယ့်ရဲ့ အနုပညာအလုပ်ကို ချစ်တယ်လေ။ အနုပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုလာတာဆိုတော့ ဒီအနုပညာအလုပ်နဲ့ပဲ ပရိသတ်အားပေးအောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ဆိုတာလည်း ပွဲငှားသူရှိမှ ကလို့ရမှာလေ။ ရုပ်ရှင်ဆိုတာလည်း ပရိုဂျူဆာတွေ ခေါ် မှ ရမှာလေ။ ကိုယ်ရိုက်ချင်တိုင်လည်း ရိုက်လို့ရတာမဟုတ်ဘူးလေ'' လို့ သူကဆိုပါတယ်။

41358663_511241646008394_5656261904931225600_n.jpg

Photo: ကြာစိဖေ့စ်ဘွတ်

 

လက်ရှိမှာလည်း ကြာစိက သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ထီဆိုင်လေးကို တောင်ကြီးမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ သူ့အနေနဲ့ ရင်သွေးလေး မရခင်မှာ ထီအကျိုးပေးတွေ ကောင်းခဲ့တာကြောင့် ထီဆိုင်လေးကလည်း သူ့အတွက် အကျိုးပေးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖွင့် လှစ်ခဲ့တာလို့ ဆိုပါတယ်။

'' အပြင်စီးပွားရေးကိုလည်း ကြိုးစားသွားမယ်။ ကိုယ့်မိသားစု၊ ကိုယ့်သားသမီးတွေပါ ဆက်လုပ်သွားလို့ရမယ့် ထီဆိုင်လေးတော့ ဖွင့်ထား တယ်။ အကျိုးပေးမယ်လို့တော့ ထင်တာပါပဲ။ ရန်ကုန်မှာပဲ ဖြစ်ဖြစ်၊ တောင်ကြီးမှာပဲ ဖြစ်ဖြစ် တကယ်လို့ အဆင်ပြေမယ်ဆိုရင်တော့ အဆင်ပြေတဲ့ နေရာတွေမှာ ဖွင့်ချင်တာပေါ့နော်'' လို့ ဆက်လက်ပြောပြလာပါတယ်။

30264622_404059410059952_4122770516526235648_n.jpg

Photo: ကြာစိဖေ့စ်ဘွတ်

 

သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။

[Zawgyi Version]

ၾကာစိကေတာ့ အႏုပညာအလုပ္အျပင္ မိသားစု ကုိယ္ပုိင္စီးပြားေရးအလုပ္ကုိပါ ေဆာင္ရြက္ေနသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ အႏုပညာအလုပ္ကုိ လည္း စြန္႔လႊတ္မွာ မဟုတ္ဘူးလုိ႔ ဆက္လက္ေျပာျပလာပါတယ္။

Photo: ၾကာစိေဖ့စ္ဘြတ္

 

ဟာသလူရႊင္ေတာ္ သရုပ္ေဆာင္ ၾကာစိက လက္ရွိမွာ ေအးခ်မ္းသာယာတဲ့ မိသားစုဘဝေလးကုိ ပုိင္ဆုိင္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ အေနနဲ႔ ေရွ႔ဆက္မယ့္ မိသားစု ဘဝေရွ႕ေရးအတြက္ အႏုပညာအလုပ္အျပင္ အျပင္စီးပြားေရးကုိလည္း ႀကိဳးစားေဆာင္ရြက္သြားမယ္လုိ႔ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' အႏုပညာအလုပ္ေတြကုိေတာ့ ေရွ႕ဆက္ၿပီးလုပ္ေနဦးမွာပါ ကိုယ္ေတြက အသက္လည္း ႀကီးလာၿပီေလ။ အႏုပညာအလုပ္ဆုိတာလည္း အျမဲ တမ္းေအာင္ျမင္ေနမွာမွ မဟုတ္တာေလ က်ဆုံးမယ့္ အခ်ိန္ဆုိတာ ေရာက္လာဦးမွာပဲ။ အႏုပညာအလုပ္ေတြ လုပ္ေနေပမယ့္ ေနာက္ထပ္ အျပင္ စီးပြားေရးကုိလည္း လုပ္ေနရဦးမွာပါပဲ'' လုိ႔ ဆုိပါတယ္။

Photo: ၾကာစိေဖ့စ္ဘြတ္

အလွဴအတန္းဆုိ လက္မေႏွးတဲ့ ၾကာစိတုိ႔ ဇနီးေမာင္ႏွံ 

ၾကာစိဟာ အႏုပညာအလုပ္ကုိ ရူးသြပ္သူတစ္ေယာက္ျဖစ္တဲ့အတြက္ စြန္႔လႊတ္သြားမွာမဟုတ္ဘူးလုိ႔လည္း ေျပာပါတယ္။ အားေပးတဲ့ ပရိသတ္ ရွိေနသ၍ အေကာင္းျဖစ္ေအာင္ ႀကိဳးစားေဆာင္ရြက္သြားမယ္လုိ႔လည္း ဆက္လက္ေျပာျပထားပါတယ္။

'' ဒါကေတာ့ ကုိယ့္ရဲ႕ အႏုပညာအလုပ္ကုိ ခ်စ္တယ္ေလ။ အႏုပညာနဲ႔ပဲ အသက္ေမြးဝမ္းေၾကာင္းျပဳလာတာဆုိေတာ့ ဒီအႏုပညာအလုပ္နဲ႔ပဲ ပရိသတ္အားေပးေအာင္ ႀကိဳးစားသြားမွာပါ။ ကၽြန္ေတာ္တုိ႔ဆုိတာလည္း ပြဲငွားသူရွိမွ ကလုိ႔ရမွာေလ။ ရုပ္ရွင္ဆုိတာလည္း ပရုိဂ်ဴဆာေတြ ေခၚ မွ ရမွာေလ။ ကုိယ္ရိုက္ခ်င္တုိင္လည္း ရုိက္လုိ႔ရတာမဟုတ္ဘူးေလ'' လုိ႔ သူကဆုိပါတယ္။

Photo: ၾကာစိေဖ့စ္ဘြတ္

 

လက္ရွိမွာလည္း ၾကာစိက သူ႔ရဲ႕ ကုိယ္ပုိင္စီးပြားေရးတစ္ခုျဖစ္တဲ့ ထီဆုိင္ေလးကုိ ေတာင္ႀကီးမွာ ဖြင့္လွစ္ထားတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ရင္ေသြးေလး မရခင္မွာ ထီအက်ဳိးေပးေတြ ေကာင္းခဲ့တာေၾကာင့္ ထီဆုိင္ေလးကလည္း သူ႔အတြက္ အက်ဳိးေပးမယ္ဆုိတဲ့ ယုံၾကည္ခ်က္နဲ႔ ဖြင့္ လွစ္ခဲ့တာလုိ႔ ဆုိပါတယ္။

'' အျပင္စီးပြားေရးကုိလည္း ႀကိဳးစားသြားမယ္။ ကုိယ့္မိသားစု၊ ကုိယ့္သားသမီးေတြပါ ဆက္လုပ္သြားလုိ႔ရမယ့္ ထီဆုိင္ေလးေတာ့ ဖြင့္ထား တယ္။ အက်ဳိးေပးမယ္လုိ႔ေတာ့ ထင္တာပါပဲ။ ရန္ကုန္မွာပဲ ျဖစ္ျဖစ္၊ ေတာင္ႀကီးမွာပဲ ျဖစ္ျဖစ္ တကယ္လုိ႔ အဆင္ေျပမယ္ဆုိရင္ေတာ့ အဆင္ေျပတဲ့ ေနရာေတြမွာ ဖြင့္ခ်င္တာေပါ့ေနာ္'' လုိ႔ ဆက္လက္ေျပာျပလာပါတယ္။

Photo: ၾကာစိေဖ့စ္ဘြတ္

 

သရုပ္ေဆာင္ၾကာစိနဲ႔ ဇနီးျဖစ္သူ ဆုဟန္နီျဖဳိး တုိ႔က ခ်စ္သူသက္တမ္း(၂)ႏွစ္ေက်ာ္မွာ အိမ္ေထာင္ျပဳခဲ့တာပါ။ လူရႊင္ေတာ္ 5 Star အဖဲြ႕ဝင္ ၾကာစိကေတာ့ ပရိသတ္အားေပးမႈ ရရွိထားတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ၾကာစိရဲ႕ ဘဝအေၾကာင္းကို ေရးစပ္ထားတဲ့ သီခ်င္းဟာလည္း ပရိသတ္ေတြၾကား ေတာ္ေတာ္ေအာင္ျမင္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs