• Cele Yatkwat
    အလုပ်ခွင်မှာဆို အမြဲတမ်းရန်ဖြစ်နေတာဆိုတဲ့ ဇဏ်ခီနဲ့ခရစ္စတီးနားခီ
Sabal Thwin
[Unicode Version]

ပရိသတ်အားကျရတဲ့ စုံတွဲလေးဖြစ်တဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံက အပြင်မှာသာ အချစ်ပိုနေကြပေမယ့် ရိုက်ကွင်း ပေါ် ရောက် တဲ့ အချိန်မှာတော့ မကြာခဏရန်ဖြစ်ရတယ်လို့ ဇဏ်ခီကဆိုပါတယ်။ ရိုက်ကွင်းပေါ်ရောက်တဲ့အချိန်မှာလည်း ခင်ပွန်းကို သရုပ်ဆောင်တစ် ယောက်လိုသာ သဘောထားမိတယ်လို့ ခရစ္စတီးနားခီက ပြောပါတယ်။

44191133-1771850402924615-2055153855569592320-n.jpg

Photo: ဇဏ်ခီဖေ့စ်ဘွတ်

 

အနုပညာအလုပ်အပေါ် အတွဲညီညီဆောင်ရွက်လေ့ရှိကြတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရ လေးတွေကိုပြောလာပါတယ်။ ပြင်ပ အချိန်မှာသာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပေမယ့် ရိုက်ကွင်းပေါ်ရောက်ရင်တော့ အမြဲရန်ဖြစ်လေ့ရှိတယ်လို့ ဇဏ်ခီက မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' ကျွန်တော်တို့ အလုပ်ခွင်ကတော့ ငြိမ်းငြိမ်းချမ်းချမ်း သိပ်မရှိပါဘူး။ အမြဲတမ်း ဖိုက်နေရတာ ဘာကြောင့်လဲဆိုတော့ သူကလည်း သူလိုချင်တဲ့ ဟာရဖို့ အရမ်းခေါင်းမာတာ။ ကျွန်တော်ကလည်း ကိုယ့်ကာရိုက်တာနဲ့ပတ်သက်ပြီး ရှိပြီးသားအိုင်ဒီယာကရှိနေပြီးသားဆိုတော့ တစ်ခါတလေ အဲ့ဒါတွေက မကိုက်ညီတာရှိရင် ငြင်းရတယ်၊ ရန်ဖြစ်ရတယ်'' လို့ဆိုပါတယ်။

29541262_10216053071145108_4353428098296937271_n.jpg

Photo: ဇဏ်ခီဖေ့စ်ဘွတ်

 

ရိုက်ကွင်းပေါ်ရောက်ရင် ဒါရိုက်တာ တစ်ယောက်ရဲ့ စိတ်ဓာတ်အဖြစ် ပြောင်းသွားတတ်တဲ့ ခရစ္စတီးနားခီကလည်း ခင်ပွန်းဖြစ်သူ ဇဏ်ခီရဲ့ သရုပ်ဆောင်မှုတွေအပေါ် အခုလို ပြောပြလာပါတယ်။ အားမရတဲ့အပိုင်းတွေလည်း ရှိတယ် ဆိုတာကို နိုဝင်ဘာလ ၁ ရက်နေ့ညက မီ ရုပ်ရှင် ဇာတ်ကား အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင်တော့ သူ အရမ်းကြိုးစားတယ်လို့ ပြောရမှာပေါ့နော်။ အားမရတာဆိုတာကတော့ နိုင်ငံ တကာ မှာရှိတဲ့ သရုပ်ဆောင်ကြီးတွေ သူတို့ကတော့ ၁၀ နှစ်လောက် သင်ယူခွင့်ရထားတဲ့အခါကျတော့ သူကိုယ်တိုင်လည်း အဲ့ဒါကိုသိတယ်။ အစ်မတို့က ၂ ကားမှာမှ ၂ ခါပဲ Train ရသေးတယ်'' လို့ သူကဆိုပါတယ်။

32416412_10216434339836587_8181019835308703744_n.jpg

Photo: ဇဏ်ခီဖေ့စ်ဘွတ်

မွေးနေ့ပွဲလေး ဖန်တီးပေးသူတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ခရစ္စတီးနားခီ 

ခရစ္စတီးနားခီဟာ ဇာတ်ကားတစ်ကားလုံး ကောင်းဖို့အတွက် ဒါရိုက်တာမှာ တာဝန်ရှိတယ်ဆိုတာကြောင့် ရိုက်ကွင်းပေါ်မှာလည်း ခင်ပွန်းကို သရုပ်ဆောင် တစ်ယောက်လိုသာ မြင်မိတယ်လို့ ဆိုပါတယ်။ ဒါကလည်း ဇာတ်ကားကောင်းဖို့အတွက် လောဘတစ်ခုပါလို့ ဆက်လက်ပြောပြ ထားပါတယ်။

'' အစ်မက အလုပ်လုပ်တဲ့အချိန်မှာ သူရယ်လို့ မြင်တာ မဟုတ်တော့ဘူးပေါ့နော်။ အစ်မအလုပ်လုပ်တဲ့အချိန်မှာ ကာရိုက်တာတွေအကုန်လုံး နဲ့လည်း စုံအောင်လုပ်ရတယ်။ သူ့တစ်ယောက်တည်းမဟုတ်ဘူး။ မင်းသမီးလည်းရှိတယ်။ တခြားဇာတ်ပို့တွေလည်း ရှိသေးတာဆိုတော့ သူ့အပေါ်မှာ အစ်မက အာရုံမရှိတော့ဘူး၊ ရုပ်ရှင်ဘက်ကိုပဲ အာရုံက ပိုရောက်သွားတယ်'' လို့ ဆိုပါတယ်။

44336826-1771850499591272-8807580337442914304-n.jpg

Photo: ဇဏ်ခီဖေ့စ်ဘွတ်

 

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ရဲ့ အိမ်ထောင်ရေးက အခုဆိုရင် ၁၂ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာ သွား သွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေး လည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူ အတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

 

[Zawgyi Version]

ပရိသတ္အားက်ရတဲ့ စုံတြဲေလးျဖစ္တဲ့ ဇဏ္ခီနဲ႔ ခရစၥတီးနားခီ တုိ႔ ဇနီးေမာင္ႏွံက အျပင္မွာသာ အခ်စ္ပုိေနၾကေပမယ့္ ရုိက္ကြင္း ေပၚ ေရာက္ တဲ့ အခ်ိန္မွာေတာ့ မၾကာခဏရန္ျဖစ္ရတယ္လုိ႔ ဇဏ္ခီကဆုိပါတယ္။ ရုိက္ကြင္းေပၚေရာက္တဲ့အခ်ိန္မွာလည္း ခင္ပြန္းကုိ သရုပ္ေဆာင္တစ္ ေယာက္လုိသာ သေဘာထားမိတယ္လုိ႔ ခရစၥတီးနားခီက ေျပာပါတယ္။

Photo: ဇဏ္ခီေဖ့စ္ဘြတ္

 

အႏုပညာအလုပ္အေပၚ အတြဲညီညီေဆာင္ရြက္ေလ့ရွိၾကတဲ့ သရုပ္ေဆာင္ ဇဏ္ခီနဲ႔ ဒါရုိက္တာ ခရစၥတီးနားခီ တုိ႔ရဲ႕ ရုိက္ကြင္းေပၚက အမွတ္တရ ေလးေတြကုိေျပာလာပါတယ္။ ျပင္ပ အခ်ိန္မွာသာ တစ္ေယာက္န႔ဲ တစ္ေယာက္ ခ်စ္ၾကေပမယ့္ ရုိက္ကြင္းေပၚေရာက္ရင္ေတာ့ အျမဲရန္ျဖစ္ေလ့ရွိတယ္လုိ႔ ဇဏ္ခီက မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္။

'' ကၽြန္ေတာ္တုိ႔ အလုပ္ခြင္ကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း သိပ္မရွိပါဘူး။ အျမဲတမ္း ဖုိက္ေနရတာ ဘာေၾကာင့္လဲဆုိေတာ့ သူကလည္း သူလုိခ်င္တဲ့ ဟာရဖုိ႔ အရမ္းေခါင္းမာတာ။ ကၽြန္ေတာ္ကလည္း ကုိယ့္ကာရုိက္တာနဲ႔ပတ္သက္ၿပီး ရွိၿပီးသားအုိင္ဒီယာကရွိေနၿပီးသားဆုိေတာ့ တစ္ခါတေလ အဲ့ဒါေတြက မကိုက္ညီတာရွိရင္ ျငင္းရတယ္၊ ရန္ျဖစ္ရတယ္'' လုိ႔ဆုိပါတယ္။

Photo: ဇဏ္ခီေဖ့စ္ဘြတ္

 

ရုိက္ကြင္းေပၚေရာက္ရင္ ဒါရုိက္တာ တစ္ေယာက္ရဲ႕ စိတ္ဓာတ္အျဖစ္ ေျပာင္းသြားတတ္တဲ့ ခရစၥတီးနားခီကလည္း ခင္ပြန္းျဖစ္သူ ဇဏ္ခီရဲ႕ သရုပ္ေဆာင္မႈေတြအေပၚ အခုလုိ ေျပာျပလာပါတယ္။ အားမရတဲ့အပုိင္းေတြလည္း ရွိတယ္ ဆုိတာကုိ ႏုိဝင္ဘာလ ၁ ရက္ေန႔ညက မီ ရုပ္ရွင္ ဇာတ္ကား အထူးပြဲကုိ တက္ေရာက္ရင္း ေျဖဆုိခဲ့တာပါ။

'' ဒါရုိက္တာ တစ္ေယာက္အေနနဲ႔ ေျပာရမယ္ ဆုိရင္ေတာ့ သူ အရမ္းႀကိဳးစားတယ္လုိ႔ ေျပာရမွာေပါ့ေနာ္။ အားမရတာဆုိတာကေတာ့ ႏုိင္ငံ တကာ မွာရွိတဲ့ သရုပ္ေဆာင္ႀကီးေတြ သူတုိ႔ကေတာ့ ၁၀ ႏွစ္ေလာက္ သင္ယူခြင့္ရထားတဲ့အခါက်ေတာ့ သူကုိယ္တုိင္လည္း အဲ့ဒါကုိသိတယ္။ အစ္မတုိ႔က ၂ ကားမွာမွ ၂ ခါပဲ Train ရေသးတယ္'' လုိ႔ သူကဆုိပါတယ္။

Photo: ဇဏ္ခီေဖ့စ္ဘြတ္

ေမြးေန႕ပြဲေလး ဖန္တီးေပးသူေတြကို ေက်းဇူးတင္စကားဆုိလိုက္တဲ့ ခရစၥတီးနားခီ 

ခရစၥတီးနားခီဟာ ဇာတ္ကားတစ္ကားလုံး ေကာင္းဖုိ႔အတြက္ ဒါရုိက္တာမွာ တာဝန္ရွိတယ္ဆုိတာေၾကာင့္ ရုိက္ကြင္းေပၚမွာလည္း ခင္ပြန္းကုိ သရုပ္ေဆာင္ တစ္ေယာက္လုိသာ ျမင္မိတယ္လို႔ ဆုိပါတယ္။ ဒါကလည္း ဇာတ္ကားေကာင္းဖုိ႔အတြက္ ေလာဘတစ္ခုပါလုိ႔ ဆက္လက္ေျပာျပ ထားပါတယ္။

'' အစ္မက အလုပ္လုပ္တဲ့အခ်ိန္မွာ သူရယ္လုိ႔ ျမင္တာ မဟုတ္ေတာ့ဘူးေပါ့ေနာ္။ အစ္မအလုပ္လုပ္တဲ့အခ်ိန္မွာ ကာရုိက္တာေတြအကုန္လုံး နဲ႔လည္း စုံေအာင္လုပ္ရတယ္။ သူ႔တစ္ေယာက္တည္းမဟုတ္ဘူး။ မင္းသမီးလည္းရွိတယ္။ တျခားဇာတ္ပုိ႔ေတြလည္း ရွိေသးတာဆုိေတာ့ သူ႔အေပၚမွာ အစ္မက အာရုံမရွိေတာ့ဘူး၊ ရုပ္ရွင္ဘက္ကုိပဲ အာရုံက ပုိေရာက္သြားတယ္'' လုိ႔ ဆုိပါတယ္။

Photo: ဇဏ္ခီေဖ့စ္ဘြတ္

 

ဇဏ္ခီနဲ႔ ခရစၥတီးနားခီတုိ႔ရဲ႕ အိမ္ေထာင္ေရးက အခုဆုိရင္ ၁၂ ႏွစ္ေက်ာ္လာၿပီ ျဖစ္ပါတယ္။ သူတုိ႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ဟာ ဘယ္ေနရာ သြား သြား တပူးပူး တတြဲတြဲရွိၿပီး ခ်စ္ခ်စ္ခင္ခင္နဲ႔ ေပ်ာ္စရာေကာင္းတ့ဲ မိသားစုေလး လည္း ျဖစ္ပါတယ္။ ဇဏ္ခီတုိ႔မိသားစုေလးဟာ အလွဴ အတန္းေတြလည္း မၾကာခဏလုပ္ျဖစ္သလုိ အလုပ္ကိစၥနဲ႔ ခရီးေတြလည္း ထြက္ျဖစ္ေနပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs