• Cele Yatkwat
    အိမ်ထောင်ပြုလိုက်တဲ့ သတင်းမဟုတ်ကြောင်းပြောလာတဲ့ ထက်ထက်မိုးဦး
Sabal Thwin
[Unicode Version]

ထက်ထက်မိုးဦး မင်္ဂလာဆောင်သွားပြီ ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင်က အခုလို ဖြေရှင်းပြောပြလာပါတယ်။ လက်ရှိမှာ တော့ ဘဝကို တစ်ယောက်တည်း အေးအေးချမ်းချမ်း ဖြတ်သန်းနေတယ်လို့ သိရပါတယ်။

31055303-1761059410648665-5831953061207080960-o.jpg 

သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး ဟာ မကြာခင်က တောင်ကြီးမှာ မင်္ဂလာဆောင်သွားပြီဆိုတဲ့ ဝေဖန်မှုတွေအပေါ် သူကိုယ်တိုင်က အခုလို ရှင်းပြလာပါတယ်။ ဒီသတင်းအတွက် စိုးရိမ်နေကြတဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေအတွက် သူကိုယ်တိုင် ပွင့်ပွင့်လင်း လင်းပြောပြလာ တာ ပါ။

'' ထက်ထက်ကို မီဒီယာတွေကလည်း ဖုန်းဆက်တယ်၊ သူငယ်ချင်းတွေကလည်း ဖုန်းဆက်တယ်။ ထက်ထက်ကို တစ်ယောက်နဲ့ လက်ထပ်သွား တယ်ဆိုပြီးတော့ပေါ့။ သူငယ်ချင်းတွေကတောင် ဝိုင်းရယ်နေကြတယ်၊ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေ စိုးရိမ်တဲ့ ပရိသတ်တွေက မေးကြတယ် ဟုတ်လားပေါ့။ မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းကို ပြောပြချင်တာပါ'' လို့ဆိုပါတယ်။

30709312-1758847210869885-1054868251642691584-n.jpg 

လက်ရှိမှာတော့ ထက်ထက်မိုးဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးလက်ခံဖြစ်နေပါတယ်။ သူမဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေသလို သူငယ်ချင်းတွေကိုလည်း အချိန်ပေးပြီး ပျော်ပျော် ပါးပါးနေဖြစ်တယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' အခု ထက်ထက်လည်း တစ်ယောက်တည်း ပျော်ပျော်ပါးပါးအလုပ်လုပ်နေပါတယ် ဆိုတဲ့အကြောင်းကို ပရိသတ်ကို သိအောင် အခု တိုက်ရိုက် ပြောပြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောလာဟလတွေဆိုတာ ကောင်းတဲ့ သတင်းတွေရှိသလို မကောင်းတဲ့ သတင်းတွေလည်းရှိတဲ့အပေါ် တစ်ခါတလေမှာတော့ ပြန်ပြီးပြောချင်တာပေါ့နော်'' လို့ ဆိုပါတယ်။

30740255-1758846957536577-7193759887938027520-n.jpg

ထက်ထက်မိုးဦး အတွက် အမှတ်တရစကားဆိုလိုက်တဲ့ စိုးမြတ်သူဇာ 

ထက်ထက်မိုးဦးရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မကြာခဏဆိုသလို ကောလာဟလတွေ ထွက်လေ့ရှိပါတယ်။ ဒီအကြောင်းတွေကိုလည်း ပြန်လည် ဖြေရှင်းလေ့ မရှိခဲ့ပါဘူး။ မဖြေရှင်းဖြစ်တဲ့ အကြောင်းကိုလည်း နိုဝင်ဘာလ ၇ရက်နေ့ မနက် ၁၀ နာရီက သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘွတ်အကောင့်က တင်တဲ့ ဗီဒီယိုဖိုင်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဘယ်အရာပဲဖြစ်ဖြစ် ထက်ထက်အကုန်လုံးကို မပြောခဲ့ပါဘူး။ ဒါကလည်း ခဏပါပဲ သူတို့လည်း သေကြမှာ ကိုယ်လည်း သေကြမှာဆိုတော့ လူ့ဘဝကြီး လာတုန်းခဏမှာ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းချင်တယ်။ အဲ့ဒါကြောင့် ဘယ်သူပဲ ရန်လုပ်နေနေ၊ ထက်ထက်ကို ဘယ်လောက်ပဲ ချောက်ထဲတွန်းချနေပါစေ ဘယ်သူ့ကိုမှ ဘာမှ တုံ့ပြန်မှာ မဟုတ်ပါဘူး'' လို့ ဖြေဆိုထားပါတယ်။

45643849_171338880486358_9040642180800053248_n.jpg

photo: မှုံရွှေရည် ဖေ့စ်ဘွတ်

 

ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေအပြင် ဘုရား၊ တရားလည်း ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမ ပါဝင် သရုပ်ဆောင် ထားတဲ့ ရှယ်ချွေးမရုပ်ရှင်ဇာတ်ကားကြီးကို စိန်ေဋ္ဌးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ် ဦး) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်ခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

ထက္ထက္မုိးဦး မဂၤလာေဆာင္သြားၿပီ ဆုိတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး သူမကုိယ္တုိင္က အခုလုိ ေျဖရွင္းေျပာျပလာပါတယ္။ လက္ရွိမွာ ေတာ့ ဘဝကုိ တစ္ေယာက္တည္း ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းေနတယ္လုိ႔ သိရပါတယ္။

သရုပ္ေဆာင္ အကယ္ဒမီထက္ထက္မုိးဦး ဟာ မၾကာခင္က ေတာင္ႀကီးမွာ မဂၤလာေဆာင္သြားၿပီဆုိတဲ့ ေဝဖန္မႈေတြအေပၚ သူကုိယ္တုိင္က အခုလုိ ရွင္းျပလာပါတယ္။ ဒီသတင္းအတြက္ စုိးရိမ္ေနၾကတဲ့ မိတ္ေဆြေတြ၊ ပရိသတ္ေတြအတြက္ သူကုိယ္တုိင္ ပြင့္ပြင့္လင္း လင္းေျပာျပလာ တာ ပါ။

'' ထက္ထက္ကုိ မီဒီယာေတြကလည္း ဖုန္းဆက္တယ္၊ သူငယ္ခ်င္းေတြကလည္း ဖုန္းဆက္တယ္။ ထက္ထက္ကုိ တစ္ေယာက္နဲ႔ လက္ထပ္သြား တယ္ဆုိၿပီးေတာ့ေပါ့။ သူငယ္ခ်င္းေတြကေတာင္ ဝုိင္းရယ္ေနၾကတယ္၊ ကုိယ့္ကုိခ်စ္တဲ့ ပရိသတ္ေတြ စုိးရိမ္တဲ့ ပရိသတ္ေတြက ေမးၾကတယ္ ဟုတ္လားေပါ့။ မဟုတ္ပါဘူး ဆုိတဲ့ အေၾကာင္းကို ေျပာျပခ်င္တာပါ'' လုိ႔ဆုိပါတယ္။

လက္ရွိမွာေတာ့ ထက္ထက္မုိးဦးက ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးထားတာကုိ ေတြ႔ရပါတယ္။ အဲ့ဒီေနာက္ ရုပ္သံဇာတ္လမ္းတြဲေတြလည္း ရုိက္ကူးလက္ခံျဖစ္ေနပါတယ္။ သူမဟာ အႏုပညာအလုပ္ေတြလည္း ေဆာင္ရြက္ေနသလုိ သူငယ္ခ်င္းေတြကုိလည္း အခ်ိန္ေပးၿပီး ေပ်ာ္ေပ်ာ္ ပါးပါးေနျဖစ္တယ္လုိ႔ ဆက္လက္ေျပာျပလာပါတယ္။

'' အခု ထက္ထက္လည္း တစ္ေယာက္တည္း ေပ်ာ္ေပ်ာ္ပါးပါးအလုပ္လုပ္ေနပါတယ္ ဆုိတဲ့အေၾကာင္းကုိ ပရိသတ္ကုိ သိေအာင္ အခု တိုက္ရုိက္ ေျပာျပတာပါ။ ဘယ္လုိပဲျဖစ္ျဖစ္ ဒီေကာလာဟလေတြဆုိတာ ေကာင္းတဲ့ သတင္းေတြရွိသလုိ မေကာင္းတဲ့ သတင္းေတြလည္းရွိတဲ့အေပၚ တစ္ခါတေလမွာေတာ့ ျပန္ၿပီးေျပာခ်င္တာေပါ့ေနာ္'' လုိ႔ ဆုိပါတယ္။

ထက္ထက္မုိးဦး အတြက္ အမွတ္တရစကားဆုိလုိက္တဲ့ စုိးျမတ္သူဇာ 

ထက္ထက္မုိးဦးရဲ႕ သတင္းေတြနဲ႔ ပတ္သက္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ မၾကာခဏဆုိသလုိ ေကာလာဟလေတြ ထြက္ေလ့ရွိပါတယ္။ ဒီအေၾကာင္းေတြကုိလည္း ျပန္လည္ ေျဖရွင္းေလ့ မရွိခဲ့ပါဘူး။ မေျဖရွင္းျဖစ္တဲ့ အေၾကာင္းကုိလည္း ႏုိဝင္ဘာလ ၇ရက္ေန႔ မနက္ ၁၀ နာရီက သရုပ္ေဆာင္ ဆုပန္ထြာရဲ႕ ခင္ပြန္း ကုိဥကၠာေက်ာ္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္က တင္တဲ့ ဗီဒီယုိဖုိင္မွာ ေျပာျပခ့ဲတာျဖစ္ပါတယ္။

'' ဘယ္အရာပဲျဖစ္ျဖစ္ ထက္ထက္အကုန္လုံးကုိ မေျပာခဲ့ပါဘူး။ ဒါကလည္း ခဏပါပဲ သူတုိ႔လည္း ေသၾကမွာ ကုိယ္လည္း ေသၾကမွာဆုိေတာ့ လူ႕ဘဝႀကီး လာတုန္းခဏမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း၊ ေအးေအးေဆးေဆး ဘဝကုိ ျဖတ္သန္းခ်င္တယ္။ အဲ့ဒါေၾကာင့္ ဘယ္သူပဲ ရန္လုပ္ေနေန၊ ထက္ထက္ကုိ ဘယ္ေလာက္ပဲ ေခ်ာက္ထဲတြန္းခ်ေနပါေစ ဘယ္သူ႔ကုိမွ ဘာမွ တုံ႔ျပန္မွာ မဟုတ္ပါဘူး'' လို႔ ေျဖဆုိထားပါတယ္။

45643849_171338880486358_9040642180800053248_n.jpg

photo: မႈံေရႊရည္ ေဖ့စ္ဘြတ္

 

ထက္ထက္မုိးဦးက လက္ရွိမွာ အႏုပညာအလုပ္ေတြအျပင္ ဘုရား၊ တရားလည္း ပိုလုပ္ျဖစ္ေနတယ္လုိ႔ သိရပါတယ္။ သူမ ပါဝင္ သရုပ္ေဆာင္ ထားတဲ့ ရွယ္ေခၽြးမရုပ္ရွင္ဇာတ္ကားႀကီးကုိ စိန္ေ႒းရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာပါ။ ဒီဇာတ္ကားကုိေတာ့ ဒါရုိက္တာ ကိုေဇာ္(အရုဏ္ ဦး) က ပုံေဖာ္ရိုက္ကူးထားတာျဖစ္ၿပီး သရုပ္ေဆာင္ရန္ေအာင္၊ ေအာင္ရဲလင္း၊ စုိးျမတ္သူဇာ၊ ထက္ထက္မုိးဦး နဲ႔ ခင္ဝင့္ဝါတုိ႔က အဓိက ပါဝင္ခဲ့တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs