• Cele Yatkwat
    သူငယ်ချင်းအသစ်တွေနဲ့ ပျော်နေတဲ့ မို့မို့မြင့်အောင်
Sabal Thwin
[Unicode Version]

အကယ်ဒမီများရှင် သရုပ်ဆောင် မို့မို့မြင့်အောင်က လက်ရှိမှာ သူငယ်ချင်းအသစ်တွေနဲ့ ပျော်ပျော်ပါးပါး အပေါင်းအသင်း လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူငယ်ချင်းအသစ်တွေကတော့ အိချောပိုတို့၊ ခင်ဝင့်ဝါ တို့ ဖြစ်ပါတယ်တဲ့။ သူတို့နဲ့ အမှတ်တရ တွေကို ပြောပြလာပါတယ်။

M 6.jpg 

မို့မို့မြင့်အောင်က လက်ရှိမှာ မင်းသမီး ငယ်ငယ်ချောချောလေးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူကိုယ် တိုင် ကလည်း အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလျှက်ရှိတဲ့အကြောင်းတွေကိုလည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ ပါတယ်။

'' အသက်ကတော့ ညာလို့ မရပါဘူး၊ ဒါပေမယ့် ကိုယ့်အနုပညာအရ လုပ်ဆောင်ရမယ့်အလုပ်အတွက်တော့ ကိုယ်က စူးစိုက်မှုဖြစ်သွားတဲ့ အခါ ကျတော့ သူ့ဘာသာသူ အလိုလိုဖြစ်သွားတာပါပဲ။ အခုဆို အိချောပိုတို့၊ ခင်ဝင့်ဝါတို့နဲ့ပေါင်းဖြစ်တယ်။ အရင်ကဆို နန်းဆုရတီစိုးတို့ အေးမြတ် သူ တို့နဲ့ပေါင်းတာ။ အေးမြတ်သူတို့ကို ပြောလိုက်တယ် ငါအခု သူငယ်ချင်းအသစ်တွေရနေပြီ ရွယ်တူတွေနဲ့ပေါင်းတာ'' လို့ ရယ်ရယ် မောမောပြောပြခဲ့ပါတယ်။

37287461_2172531876303879_3301908618793713664_n.jpg

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

 

မို့မို့မြင့်အောင်ဟာ အနုပညာဝါသနာပါကြတဲ့ သရုပ်ဆောင်အသစ်လေးတွေအပေါ် ကျောသားရင်သား မခွဲခြားပဲ အမြဲဂရုစိုက်တတ်တဲ့သူပါ။ သူ့အပေါ် ကြောက်တဲ့စိတ်၊ ရှိန်တဲ့ စိတ်မရှိအောင်လို့လည်းပျော်ပျော်ရွှင်ရွှင်နေပေးဖြစ်တယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့က '' မိန်းမကြမ်းကြီး များ'' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့ပါတယ်။

'' ကလေးတွေနဲ့နေရတာပျော်တယ်လေ၊ သူတို့ကို လှောင်တာ ပြောင်တာကို မြင်နေရင် သူတို့လည်း ပျော်နေကြတာပေါ့။ ကိုယ်နဲ့နေရတာ သိပ်ကြောကြောတင်းတင်းကြီးတွေ မဖြစ်ဘူးပေါ့နော်။ သူတု့ိကို ရွယ်တူလို လျှော့ပေါင်းတဲ့အခါကျတော့ သူတို့လည်း ပျော်တာပေါ့။ ကလေး တွေနဲ့ အုန်းအုန်းအုန်း နေရတာကို ကြိုက်တယ်'' လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အရင်က အင်္ကျီလေးတွေကို သိမ်းထားတုန်းပဲဆိုတဲ့ မို့မို့မြင့်အောင်  

10474535_10153695393398988_3561826185618594419_n.jpg

Photo: အိချောပိုဖေ့စ်ဘွတ်

 

မို့မို့မြင့်အောင်ရဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ စိတ်ကတော့ ငယ်ငယ်ကတည်းက ရှိတာပါတဲ့။ အိမ်မှာလည်း အငယ်ဆုံးသမီးလေး ဖြစ်တာကြောင့် နည်းနည်း ဆိုးတယ် ဆိုတဲ့ သူ့ရဲ့ အကျင့်စရိုက်လေးတွေကိုလည်း အမှတ်တရ အနေနဲ့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

'' ငယ်ငယ်တုန်းကတော့ အိမ်မှာ အငယ်ဆုံးပေါ့နော်။ အိမ်မှာနေတာ သိပ်မရှိဘူး အပြင်မှာပဲ လျှောက်သောင်းကျန်းတာများတယ်။ ကျောင်းမှာ ဆိုလည်း သောင်းကျန်းလို့ ဘယ်သူမှ ကိုယ့်ကို မကြိုက်ဘူး။ ဒါပေမယ့် တခြားကျောင်းတွေက လူတွေကတော့ လာလာပိုးကြတယ်။ ကိုယ့် ကျောင်းက လူအချင်းချင်းကပဲ ကိုယ့်ကို မကြိုက်ကြတာ'' လို့ သူကဆိုပါတယ်။

M 1.jpg 

မို့မို့မြင့်အောင်ဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပေးအပ်လာ တဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင်တိုင်း၊ တက်သစ်စ သရုပ် ဆောင် တိုင်းရဲ့ အားကျလေးစားမှုတွေနဲ့အတူ စံပြအနုပညာရှင်တစ်ယောက်အဖြစ်ပါ သတ်မှတ်ခြင်းခံရပါတယ်။

[Zawgyi Version]

အကယ္ဒမီမ်ားရွင္ သရုပ္ေဆာင္ မုိ႔မို႔ျမင့္ေအာင္က လက္ရွိမွာ သူငယ္ခ်င္းအသစ္ေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး အေပါင္းအသင္း လုပ္ျဖစ္ေနတယ္လုိ႔ ဆုိပါတယ္။ သူငယ္ခ်င္းအသစ္ေတြကေတာ့ အိေခ်ာပုိတုိ႔၊ ခင္ဝင့္ဝါ တုိ႔ ျဖစ္ပါတယ္တဲ့။ သူတုိ႔နဲ႔ အမွတ္တရ ေတြကုိ ေျပာျပလာပါတယ္။

မုိ႔မုိ႔ျမင့္ေအာင္က လက္ရွိမွာ မင္းသမီး ငယ္ငယ္ေခ်ာေခ်ာေလးေတြန႔ဲအတူ ရုပ္ရွင္ဇာတ္ကားႀကီးေတြရုိက္ကူးေနရတာျဖစ္ပါတယ္။ သူကုိယ္ တုိင္ ကလည္း အသက္အရြယ္နဲ႔ မလုိက္ေအာင္ ႏုပ်ဳိလွ်က္ရွိတဲ့အေၾကာင္းေတြကုိလည္း Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ ပါတယ္။

'' အသက္ကေတာ့ ညာလုိ႔ မရပါဘူး၊ ဒါေပမယ့္ ကုိယ့္အႏုပညာအရ လုပ္ေဆာင္ရမယ့္အလုပ္အတြက္ေတာ့ ကုိယ္က စူးစုိက္မႈျဖစ္သြားတဲ့ အခါ က်ေတာ့ သူ႔ဘာသာသူ အလုိလုိျဖစ္သြားတာပါပဲ။ အခုဆုိ အိေခ်ာပုိတုိ႔၊ ခင္ဝင့္ဝါတုိ႔နဲ႔ေပါင္းျဖစ္တယ္။ အရင္ကဆုိ နန္းဆုရတီစုိးတုိ႔ ေအးျမတ္ သူ တုိ႔နဲ႔ေပါင္းတာ။ ေအးျမတ္သူတုိ႔ကုိ ေျပာလုိက္တယ္ ငါအခု သူငယ္ခ်င္းအသစ္ေတြရေနၿပီ ရြယ္တူေတြနဲ႔ေပါင္းတာ'' လုိ႔ ရယ္ရယ္ ေမာေမာေျပာျပခဲ့ပါတယ္။

Photo: ခင္ဝင့္ဝါေဖ့စ္ဘြတ္

 

မုိ႔မုိ႔ျမင့္ေအာင္ဟာ အႏုပညာဝါသနာပါၾကတဲ့ သရုပ္ေဆာင္အသစ္ေလးေတြအေပၚ ေက်ာသားရင္သား မခြဲျခားပဲ အျမဲဂရုစုိက္တတ္တဲ့သူပါ။ သူ႔အေပၚ ေၾကာက္တဲ့စိတ္၊ ရွိန္တ့ဲ စိတ္မရွိေအာင္လုိ႔လည္းေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနေပးျဖစ္တယ္လုိ႔ ႏုိဝင္ဘာလ ၇ ရက္ေန႔က '' မိန္းမၾကမ္းႀကီး မ်ား'' ရုပ္ရွင္ဇာတ္ကား ကန္ေတာ့ပြဲမွာ ေျပာျပခဲ့ပါတယ္။

'' ကေလးေတြနဲ႔ေနရတာေပ်ာ္တယ္ေလ၊ သူတုိ႔ကုိ ေလွာင္တာ ေျပာင္တာကုိ ျမင္ေနရင္ သူတုိ႔လည္း ေပ်ာ္ေနၾကတာေပါ့။ ကုိယ္နဲ႔ေနရတာ သိပ္ေၾကာေၾကာတင္းတင္းႀကီးေတြ မျဖစ္ဘူးေပါ့ေနာ္။ သူတု႔ိကုိ ရြယ္တူလုိ ေလွ်ာ့ေပါင္းတဲ့အခါက်ေတာ့ သူတုိ႔လည္း ေပ်ာ္တာေပါ့။ ကေလး ေတြနဲ႔ အုန္းအုန္းအုန္း ေနရတာကုိ ႀကိဳက္တယ္'' လုိ႔ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

အရင္က အက်ၤီေလးေတြကုိ သိမ္းထားတုန္းပဲဆုိတဲ့ မုိ႔မုိ႔ျမင့္ေအာင္  

Photo: အိေခ်ာပုိေဖ့စ္ဘြတ္

 

မုိ႔မုိ႔ျမင့္ေအာင္ရဲ႕ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေပါ့ေပါ့ပါးပါးေနတတ္တဲ့ စိတ္ကေတာ့ ငယ္ငယ္ကတည္းက ရွိတာပါတဲ့။ အိမ္မွာလည္း အငယ္ဆုံးသမီးေလး ျဖစ္တာေၾကာင့္ နည္းနည္း ဆုိးတယ္ ဆုိတဲ့ သူ႔ရဲ႕ အက်င့္စရုိက္ေလးေတြကုိလည္း အမွတ္တရ အေနနဲ႔ ဆက္လက္ေျပာျပခဲ့ပါေသးတယ္။

'' ငယ္ငယ္တုန္းကေတာ့ အိမ္မွာ အငယ္ဆုံးေပါ့ေနာ္။ အိမ္မွာေနတာ သိပ္မရွိဘူး အျပင္မွာပဲ ေလွ်ာက္ေသာင္းက်န္းတာမ်ားတယ္။ ေက်ာင္းမွာ ဆုိလည္း ေသာင္းက်န္းလုိ႔ ဘယ္သူမွ ကုိယ့္ကုိ မႀကိဳက္ဘူး။ ဒါေပမယ့္ တျခားေက်ာင္းေတြက လူေတြကေတာ့ လာလာပုိးၾကတယ္။ ကုိယ့္ ေက်ာင္းက လူအခ်င္းခ်င္းကပဲ ကုိယ့္ကုိ မႀကိဳက္ၾကတာ'' လုိ႔ သူကဆုိပါတယ္။

မုိ႔မုိ႔ျမင့္ေအာင္ဟာ အေကာင္းဆုံးအမ်ဳိးသမီးဇာတ္ေဆာင္ဆု ၃ ဆုကုိ ပုိင္ဆုိင္ထားတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ေပးအပ္လာ တဲ့ ဇာတ္ရုပ္တုိင္းကုိ ပီျပင္စြာ သရုပ္ေဆာင္ႏုိင္သူတစ္ဦးျဖစ္တာေၾကာင့္ လက္ရွိေအာင္ျမင္ေနတဲ့ သရုပ္ေဆာင္တုိင္း၊ တက္သစ္စ သရုပ္ ေဆာင္ တုိင္းရဲ႕ အားက်ေလးစားမႈေတြနဲ႔အတူ စံျပအႏုပညာရွင္တစ္ေယာက္အျဖစ္ပါ သတ္မွတ္ျခင္းခံရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs