• Cele Yatkwat

    ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူ

Sabal Thwin
[Unicode Version]

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက အောင်ဇမ္ဗူတောရ ကျောင်းတိုက် ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ နိုဝင်ဘာလ  ၁၁ ရက်နေ့မှာတော့ သူတို့ နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ Inya Late Hotel (Pool Side Lawn) မှာ ကျင်းပသွားမယ် လို့သိရပါတယ်။

S 2.jpg 

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီ တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဖြူရောင်နဲ့ ငွေရောင် ဝတ်စုံလေးတွေကို ဝတ်ဆင်လာတဲ့ သူတို့ နှစ် ယောက်ဟာ အရမ်းကို ချစ်စရာကောင်းလွန်းလှပါတယ်။

S 4.jpg 

ဒီ မင်္ဂလာဦး ဆွမ်းကျွေးအလှူမှာတော့ ရွှေထူးရော ရွှေမှုံရတီ ရောပါ ပြောပြလို့ မရနိုင်တော့တဲ့ ပီတိအပြုံးတွေဝေနေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦး ဟာ အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ စေ့စပ် ပြီး သိပ်မကြာခင်မှာ သူတို့နှစ်ယောက်ရဲ့ ဖေ့စ်ဘွတ်တွေကနေတစ်ဆင့် နိုဝင်ဘာ(၁၁) ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် အကြောင်းကို ကြေညာခဲ့ပါတယ်။

ချစ်သူကို ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တဲ့ ရွှေထူး 

S 1.jpg 

အခုဆိုရင် ရွှေထူး နဲ့ ရွှေမှုံရတီတို့ ဟာ နိုဝင်ဘာ(၁၁) ရက်နေ့မှာ ပြုလုပ်မယ့် မင်္ဂလာပွဲအတွက် အလုပ်တွေ ရှုပ်နေကြပါတယ်။သူတိ့ုနှစ်ဦးက နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၊ Inya Late Hotel (Pool Side Lawn) မှာ မင်္ဂလာပွဲ ကျင်းပသွားမှာပါ။ သူတို့နှစ်ဦးရဲ့ သတင်းကြောင့် ပရိသတ်တွေရော  အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေရော  အားလုံး အံ့သြသွားကြပါတယ်။

S 6.jpg 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

[Zawgyi Version]

ေရႊထူးနဲ႔ ေရႊမႈံရတီတုိ႔ရဲ႕ မဂၤလာဦးဆြမ္းေကၽြးကုိ ႏုိဝင္ဘာလ ၉ ရက္ေန႔ မနက္ပုိင္းက ေအာင္ဇမၺဴေတာရ ေက်ာင္းတုိက္ က်င္းပ ျပဳလုပ္ခဲ့ ပါတယ္။ ႏုိဝင္ဘာလ  ၁၁ ရက္ေန႔မွာေတာ့ သူတုိ႔ ႏွစ္ဦးရဲ႕ မဂၤလာဧည့္ခံပြဲကုိေတာ့ Inya Late Hotel (Pool Side Lawn) မွာ က်င္းပသြားမယ္ လုိ႔သိရပါတယ္။

 

အဆုိေတာ္ ေရႊထူးနဲ႔ သရုပ္ေဆာင္ ေရႊမႈံရတီ တုိ႔ရဲ႕ မဂၤလာဦးဆြမ္းေကၽြးအလွဴကုိ ႏုိဝင္ဘာလ ၉ ရက္ေန႔ မနက္ပိုင္းက ေမွာ္ဘီၿမိဳ႕နယ္မွာရွိတဲ့ ေအာင္ဇမၺဴေတာရ ေက်ာင္းတုိက္မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အျဖဴေရာင္နဲ႔ ေငြေရာင္ ဝတ္စုံေလးေတြကုိ ဝတ္ဆင္လာတဲ့ သူတုိ႔ ႏွစ္ ေယာက္ဟာ အရမ္းကုိ ခ်စ္စရာေကာင္းလြန္းလွပါတယ္။

 

ဒီ မဂၤလာဦး ဆြမ္းေကၽြးအလွဴမွာေတာ့ ေရႊထူးေရာ ေရႊမႈံရတီ ေရာပါ ေျပာျပလုိ႔ မရႏုိင္ေတာ့တဲ့ ပီတိအျပဳံးေတြေဝေနတာကုိ ေတြ႔ရပါတယ္။ သူတုိ႔ႏွစ္ဦး ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႕က ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ ေစ့စပ္ခဲ့ၾကတာျဖစ္ပါတယ္။ ေစ့စပ္ ၿပီး သိပ္မၾကာခင္မွာ သူတို႕ႏွစ္ေယာက္ရဲ႕ ေဖ့စ္ဘြတ္ေတြကေနတစ္ဆင့္ ႏိုဝင္ဘာ(၁၁) ရက္ေန႕မွာ မဂၤလာေဆာင္ေတာ့မယ့္ အေၾကာင္းကို ေၾကညာခ့ဲပါတယ္။

ခ်စ္သူကို ရိုမန္႕တစ္ဆန္ဆန္ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ ေရႊထူး 

 

အခုဆိုရင္ ေရႊထူး နဲ႔ ေရႊမႈံရတီတုိ႔ ဟာ ႏိုဝင္ဘာ(၁၁) ရက္ေန႕မွာ ျပဳလုပ္မယ့္ မဂၤလာပြဲအတြက္ အလုပ္ေတြ ရႈပ္ေနၾကပါတယ္။သူတိ႔ုႏွစ္ဦးက ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ညေန ၊ Inya Late Hotel (Pool Side Lawn) မွာ မဂၤလာပြဲ က်င္းပသြားမွာပါ။ သူတို႕ႏွစ္ဦးရဲ႕ သတင္းေၾကာင့္ ပရိသတ္ေတြေရာ  အႏုပညာအသိုင္းအဝိုင္းက ေမာင္ႏွမေတြေရာ  အားလံုး အံ့ၾသသြားၾကပါတယ္။

 

သူတို႕ႏွစ္ေယာက္ဟာ ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္ ရိုက္ထားတဲ့ "ဧည့္သည္" ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာလည္း အတူတြဲၿပီး ရိုက္ကူး ရင္းနဲ႕ ခ်စ္သူေတြ ျဖစ္သြားခဲ့ၾကတာ ျဖစ္ပါတယ္။ ေရႊထူးဟာ ဂီတအပုိင္းမွာေတာ့ ပရိသတ္အခုိင္အမာ ရရွိပုိင္ဆုိင္ထားသူျဖစ္ပါတယ္။ ေရႊမႈံရ တီကလည္း သရုပ္ေဆာင္ဘက္မွာ ပရိသတ္အခုိင္အမာရရွိထားသူျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs