• Cele Yatkwat
    မင်းသမီးတစ်ယောက်မဟုတ်တဲ့ အပြင်ကပုံစံကိုပြောလာတဲ့ ခိုင်သင်းကြည်
Sabal Thwin
[Unicode Version]

ခိုင်သင်းကြည်ကတော့ သရုပ်ဆောင်တစ်ယောက်မဟုတ်တဲ့ သူ့ရဲ့အပြင်ကနေပုံထိုင်ပုံတွေကို ပြောပြလာပါတယ်။ တစ်ခါ တလေမှာလည်း ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး စကားပြောလေ့ရှိတယ်လို့ သိရပါတယ်။

45500537_2033390416748895_3163588939327995904_n.jpg 

သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်ဟာ သူ့ရဲ့Facebook Page ကနေ မကြာခဏဆိုသလို Live လွှင့်ရင်း ပရိသတ်တွေနဲ့ စကားပြောလေ့ ရှိပါတယ်။ ဒီအချိန်ကျရင်တော့ အနုပညာရှင်တစ်ယောက်လိုမဟုတ်ပဲ အပြင်ပုံစံနဲ့ ပရိသတ်တွေကို နှုတ်ဆက် စကားပြောလေ့ရှိတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' Live လွှင့်ဖြစ်တာကလည်း ဘာရယ် မဟုတ်ပါဘူး၊ မခိုင် Live လွှင့်ရင် ပရိသတ်တွေလည်းပျော်တယ်၊ တစ်ခါတလေကျရင် Live လွှင့်ရင်းနဲ့ ကိုယ်ကလည်း သရုပ်မှန်တွေ ပေါ်ပေါ်လာတော့ သူတို့လည်း ပျော်ကြပါတယ်။ ဒါပေမယ့် မခိုင်လေးက Live လွှင့်တာ နည်းပါတယ်။ Page မှာပဲ လွှင့်တာများတယ်''

45621156_2033390430082227_87019219987726336_n.jpg 

ခိုင်သင်းကြည်က သရုပ်ဆောင်တစ်ယောက် အနေနဲ့ ရော၊ သူ့ရဲ့ အပြင်က ကာရိုက်တာ ပုံစံနဲ့ပါ မတူညီ ကွဲပြားတဲ့ အကြောင်းတွေ ပြောပြ လာပါတယ်။ အမြဲတမ်း သွက်သွက်လက်လက် နေတတ်တဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ မတူတဲ့ အရာတွေကို ပြောပြလာတာပါ။

'' အပြင်မှာနေတာက အမြဲတမ်း အစားနဲ့ ပါးစပ်နဲ့ မပြတ်အောင် စားနေမယ်။ ပေါက်ကရ ရှစ်သောင်းတွေပြောနေမယ် အဲ့လိုမျိုးတွေပေါ့နော်။ ဂနာမငြိမ်တဲ့အမာစိန်ပေါ့နော်'' ဆိုပြီးတော့ နိုဝင်ဘာလ ၇ ရက်နေ့က '' မိန်းမကြမ်းကြီး များ'' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့ ပါတယ်။

45640726_606802056403984_735630109989404672_n.jpg

Photo: ခိုင်သင်းကြည်ဖေ့စ်ဘွတ်

နောက်ထပ်မောင်နှမတွေ မလိုချင်တဲ့အကြောင်းရင်ဖွင့်လာတဲ့ စံထိပ်ထား 

မကြာခင်က ခိုင်သင်းကြည်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ တင်ခဲ့တဲ့ ရေကူးဝတ်စုံနဲ့ ပုံတွေကလည်း ပရိသတ်အားပေးမှု ရရှိခဲ့ပါသေးတယ်။ သူမ အနေနဲ့ ပရိသတ်တွေ ဝေဖန် အပြစ်ပြောမလားလို့ တင်လိုက်ပေမယ့် အားပေးချစ်ခင်ကြသူတွေရှိလို့လည်း ဝမ်းသာတယ်လို့ ဆက်လက် ပြောပြထားပါသေးတယ်။

'' ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိပါဘူး၊ အဲ့ဒီနေ့ကလည်း ဟိုတယ်မှာ မနက်စောစောလေး ထပြီးတော့ ရေကူးမယ်ပေါ့။ နေ့ခင်းကျတော့လည်း ကိုယ်အလုပ်မအားဘူး။ ညနေကျတော့လည်းရှုတင်ပြီးတဲ့အချိန်ဆိုရင် ထိပ်ထိပ်နောက်ကို လိုက်ကြည့်ရတာနဲ့ သူရေကူးတာကို လိုက်ပို့ရတာနဲ့ ပြန်လည်းရောက်ရော မောပြီး အိပ်ပျော်သွားတာများတယ်။ အဲ့ဒီနေ့ကလည်း မနက်စောစော ရေကူးမယ် ဆိုပြီးတော့ စောစောနိုးနေတာ'' လို့ ဆိုပါတယ်။

45621156_2033390430082227_87019219987726336_n.jpg 

ခိုင်သင်းကြည်က လက်ရှိမှာ '' မိန်းမကြမ်းကြီးများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ အခုဆိုရင် သမီးလေး စံထိပ်ထား နဲ့အတူ TV ကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူး နေရတာဖြစ်ပါတယ်။သမီးလေး စံထိပ်ထားဦးကိုလည်း လက်ရှိမှာ စာကြိုးစားစေ ချင်တာကြောင့် သရုပ်ဆောင်ဘက်ကို လက်တွဲ မခေါ်သေးဘူးလို့ သိရပါတယ်။

 

[Zawgyi Version]

ခုိင္သင္းၾကည္ကေတာ့ သရုပ္ေဆာင္တစ္ေယာက္မဟုတ္တဲ့ သူ႔ရဲ႕အျပင္ကေနပုံထုိင္ပုံေတြကုိ ေျပာျပလာပါတယ္။ တစ္ခါ တေလမွာလည္း ပရိသတ္ေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး စကားေျပာေလ့ရွိတယ္လုိ႔ သိရပါတယ္။

သရုပ္ေဆာင္ အကယ္ဒမီခုိင္သင္းၾကည္ဟာ သူ႔ရဲ႕Facebook Page ကေန မၾကာခဏဆုိသလုိ Live လႊင့္ရင္း ပရိသတ္ေတြနဲ႔ စကားေျပာေလ့ ရွိပါတယ္။ ဒီအခ်ိန္က်ရင္ေတာ့ အႏုပညာရွင္တစ္ေယာက္လုိမဟုတ္ပဲ အျပင္ပုံစံနဲ႔ ပရိသတ္ေတြကုိ ႏႈတ္ဆက္ စကားေျပာေလ့ရွိတယ္လုိ႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' Live လႊင့္ျဖစ္တာကလည္း ဘာရယ္ မဟုတ္ပါဘူး၊ မခုိင္ Live လႊင့္ရင္ ပရိသတ္ေတြလည္းေပ်ာ္တယ္၊ တစ္ခါတေလက်ရင္ Live လႊင့္ရင္းနဲ႔ ကုိယ္ကလည္း သရုပ္မွန္ေတြ ေပၚေပၚလာေတာ့ သူတုိ႔လည္း ေပ်ာ္ၾကပါတယ္။ ဒါေပမယ့္ မခုိင္ေလးက Live လႊင့္တာ နည္းပါတယ္။ Page မွာပဲ လႊင့္တာမ်ားတယ္''

ခုိင္သင္းၾကည္က သရုပ္ေဆာင္တစ္ေယာက္ အေနနဲ႔ ေရာ၊ သူ႔ရဲ႕ အျပင္က ကာရုိက္တာ ပုံစံနဲ႔ပါ မတူညီ ကြဲျပားတဲ့ အေၾကာင္းေတြ ေျပာျပ လာပါတယ္။ အျမဲတမ္း သြက္သြက္လက္လက္ ေနတတ္တဲ့ ခ်စ္စရာေကာင္းတဲ့ ပုံစံေလးေတြနဲ႔ မတူတဲ့ အရာေတြကုိ ေျပာျပလာတာပါ။

'' အျပင္မွာေနတာက အျမဲတမ္း အစားနဲ႔ ပါးစပ္နဲ႔ မျပတ္ေအာင္ စားေနမယ္။ ေပါက္ကရ ရွစ္ေသာင္းေတြေျပာေနမယ္ အဲ့လုိမ်ဳိးေတြေပါ့ေနာ္။ ဂနာမၿငိမ္တဲ့အမာစိန္ေပါ့ေနာ္'' ဆုိၿပီးေတာ့ ႏုိဝင္ဘာလ ၇ ရက္ေန႔က '' မိန္းမၾကမ္းႀကီး မ်ား'' ရုပ္ရွင္ဇာတ္ကား ကန္ေတာ့ပြဲမွာ ေျပာျပခဲ့ ပါတယ္။

Photo: ခုိင္သင္းၾကည္ေဖ့စ္ဘြတ္

ေနာက္ထပ္ေမာင္ႏွမေတြ မလုိခ်င္တဲ့အေၾကာင္းရင္ဖြင့္လာတဲ့ စံထိပ္ထား 

မၾကာခင္က ခုိင္သင္းၾကည္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကေန တင္ခဲ့တဲ့ ေရကူးဝတ္စုံနဲ႔ ပုံေတြကလည္း ပရိသတ္အားေပးမႈ ရရွိခဲ့ပါေသးတယ္။ သူမ အေနနဲ႔ ပရိသတ္ေတြ ေဝဖန္ အျပစ္ေျပာမလားလုိ႔ တင္လုိက္ေပမယ့္ အားေပးခ်စ္ခင္ၾကသူေတြရွိလုိ႔လည္း ဝမ္းသာတယ္လုိ႔ ဆက္လက္ ေျပာျပထားပါေသးတယ္။

'' ကုိယ့္ကုိယ္ကုိ ယုံၾကည္ခ်က္မရွိပါဘူး၊ အဲ့ဒီေန႔ကလည္း ဟုိတယ္မွာ မနက္ေစာေစာေလး ထၿပီးေတာ့ ေရကူးမယ္ေပါ့။ ေန႔ခင္းက်ေတာ့လည္း ကုိယ္အလုပ္မအားဘူး။ ညေနက်ေတာ့လည္းရႈတင္ၿပီးတဲ့အခ်ိန္ဆုိရင္ ထိပ္ထိပ္ေနာက္ကုိ လုိက္ၾကည့္ရတာနဲ႔ သူေရကူးတာကုိ လုိက္ပုိ႔ရတာနဲ႔ ျပန္လည္းေရာက္ေရာ ေမာၿပီး အိပ္ေပ်ာ္သြားတာမ်ားတယ္။ အ့ဲဒီေန႔ကလည္း မနက္ေစာေစာ ေရကူးမယ္ ဆုိၿပီးေတာ့ ေစာေစာႏုိးေနတာ'' လုိ႔ ဆုိပါတယ္။

ခုိင္သင္းၾကည္က လက္ရွိမွာ '' မိန္းမႀကမ္းႀကီးမ်ားဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ကူးေနတာျဖစ္ပါတယ္။ အခုဆုိရင္ သမီးေလး စံထိပ္ထား နဲ႔အတူ TV ေၾကာ္ျငာေတြ၊ မဂၢဇင္းကာဗာေတြရုိက္ကူး ေနရတာျဖစ္ပါတယ္။သမီးေလး စံထိပ္ထားဦးကုိလည္း လက္ရွိမွာ စာႀကိဳးစားေစ ခ်င္တာေၾကာင့္ သရုပ္ေဆာင္ဘက္ကုိ လက္တြဲ မေခၚေသးဘူးလုိ႔ သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs