• Cele Yatkwat

    မုန်းစွဲရုပ်ရှင်ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ မအေးသောင်း

Sabal Thwin
[Unicode Version]

အေးဝတ်ရည်သောင်းက '' မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး'' ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် အများကြီးရင်ခုန်နေတယ်လို့ သိရ ပါတယ်။ ပရိ သတ် စိတ်ဝင်စားမှုရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့်လည်း စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

45611453_1936112199807196_7294994251379638272_o.jpg

Photo: မုန်းစွဲရုပ်ရှင်ဇာတ်ကား

 

အေးဝတ်ရည်သောင်းက မကြာခင် ရုံတင်ပြသတော့မယ့် '' မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး'' အတွက် အရမ်းကိုရင်ခုန်နေပြီလို့ ဆိုပါတယ်။ ဒီဇာတ် ကားဟာ အနုပညာအလုပ်တွေ ပြန်လည်ဆောင်ရွက်လာချိန်မှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဒီဇာတ်ကားကလည်း သူ့အတွက်တော့ ပထမဆုံးရုံတင်ပြသခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့ Duwun Media ကိုပြောပြလာပါတယ်။

'' ရင်ကတော့ အရမ်းခုန်တယ်၊ ရိုက်နေကတည်းကရော၊ ဒီကားအတွက် စိတ်ရောလူရော နှစ်ပြီးတော့ လုပ်နေရတာ၊ ပြီးတော့ ပေါက်စီရဲ့ ပထမဦးဆုံး ပြန်ရိုက်တဲ့ဇာတ်ကားဖြစ်မယ်။ ပထမဦးဆုံး ရုံပြန်တင်တဲ့ ဇာတ်ကားလည်းဖြစ်မယ်ဆိုတော့ အရမ်းကို ရင်ခုန်ပါတယ်။ ပရိသတ်က ရော ဘယ်လိုတွေ မှတ်ချက်ပေးမလဲဆိုတာကို အရမ်းရင်ခုန်နေပါတယ်'' လို့ သူကဆိုပါတယ်။

44852244_1915041465247603_4293478574435860480_o.jpg

Photo: မုန်းစွဲရုပ်ရှင်ဇာတ်ကား

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ခွင့်ရထားတဲ့ ကာရိုက်တာကလည်း အေးဝတ်ရည်သောင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေတယ်လို့ ဆိုပါ တယ်။ ဒီကာရိုက်တာအပေါ်မှာလည်း ပရိသတ်တွေက စိတ်ဝင်စားမှု  ပိုများတယ်လို့လည်း ဆက်လက်ပြောပြလာတာပါ။

'' အစ်မရဲ့  ကာရိုက်တာက ဘုန်းကြီးနဲ့ ပတ်သက်တာလေးတွေပေါ့။ လူဆိုး ကိုကြိုက်ရတာ အစ်မအတွက် အရမ်းကြီးစိန်ခေါ်မှုမရှိဘူး။ ဘုန်း ကြီး ကို ကြိုက်ရတာကတော့ ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ ဗုဒ္ဓဘာ သာ မြန်မာနိုင်ငံ ဖြစ်နေတာကတစ်ကြောင်း၊ ဘာသာရေးက ဖြစ်နေတာကတစ်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တိုင် တရားဟော ထားတာဖြစ်တဲ့အတွက် ပညာပေးဖြစ်တာကြောင့် လူဆိုး နေရာကဆိုလည်း ဝင်ပြီးတော့ ကွက်လပ်လေးကို ဖြည့်ပေးမယ် ဆိုပြီးတော့ အကောင်းဆုံး ရိုက်ကူးဖြစ်တာပါ'' လို့ ဆိုပါတယ်။

44566946_1915041458580937_8309958722084405248_n.jpg

Photo: မုန်းစွဲရုပ်ရှင်ဇာတ်ကား

ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အိပ်မက်လေးကိုဖွင့်ပြောလာတဲ့ မအေးသောင်း 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူးခဲ့စဉ်ကတည်းက ပရိသတ်စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သရုပ်ဆောင် အေးဝတ်ရည်သောင်းက  ဒီလို ဇာတ်ကားထဲ မှာပါဝင်ခွင့်ရတဲ့အပေါ်မှာလည်း ပရိသတ်ကို ရင်ခုန်စေချင်သေးတယ်လို့ သူကဆိုပါတယ်။

'' ပေါက်စီကတော့ ဘာမှ ကြိုမပြောချင်ပါဘူး၊ ကြည့်ပြီးတဲ့သူ၊ ကြည့်တဲ့ ပရိသတ် ဝေဖန်တာက ပိုပြီးတော့  စိတ်လှုပ်ရှားကောင်းမယ်လို့ ထင်ပါတယ်။ ပေါက်စီက သူတို့ကို ရင်ခုန်မှုပေးရတာ ပိုကြိုက်တယ်ရှင့်'' ဆိုပြီးတော့ နိုဝင်ဘာလ ၄  ရက်နေ့က စိန်နန်းတော် ဆိုင်ရဲ့ ကံစမ်းမဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

45186553_1923587557726327_2598313480159232000_n.jpg

Photo: မုန်းစွဲရုပ်ရှင်ဇာတ်ကား

 

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။ မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။

 

[Zawgyi Version]

ေအးဝတ္ရည္ေသာင္းက '' မုန္းစြဲ ရုပ္ရွင္ဇာတ္ကားႀကီး'' ရုံတင္ျပသေတာ့မွာျဖစ္တဲ့အတြက္ အမ်ားႀကီးရင္ခုန္ေနတယ္လုိ႔ သိရ ပါတယ္။ ပရိ သတ္ စိတ္ဝင္စားမႈရထားတဲ့ ဇာတ္ကားျဖစ္တာေၾကာင့္လည္း စိန္ေခၚမႈတစ္ခု ျဖစ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

Photo: မုန္းစြဲရုပ္ရွင္ဇာတ္ကား

 

ေအးဝတ္ရည္ေသာင္းက မၾကာခင္ ရုံတင္ျပသေတာ့မယ့္ '' မုန္းစြဲ ရုပ္ရွင္ဇာတ္ကားႀကီး'' အတြက္ အရမ္းကုိရင္ခုန္ေနၿပီလုိ႔ ဆုိပါတယ္။ ဒီဇာတ္ ကားဟာ အႏုပညာအလုပ္ေတြ ျပန္လည္ေဆာင္ရြက္လာခ်ိန္မွာ ပထမဆုံးရုိက္ကူးခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားျဖစ္တယ္လုိ႔ သိရပါတယ္။ အ့ဲဒီေနာက္ ဒီဇာတ္ကားကလည္း သူ႔အတြက္ေတာ့ ပထမဆုံးရုံတင္ျပသခြင့္ရတဲ့ ရုပ္ရွင္ဇာတ္ကားျဖစ္တယ္လုိ႔ Duwun Media ကုိေျပာျပလာပါတယ္။

'' ရင္ကေတာ့ အရမ္းခုန္တယ္၊ ရုိက္ေနကတည္းကေရာ၊ ဒီကားအတြက္ စိတ္ေရာလူေရာ ႏွစ္ၿပီးေတာ့ လုပ္ေနရတာ၊ ၿပီးေတာ့ ေပါက္စီရဲ႕ ပထမဦးဆုံး ျပန္ရုိက္တဲ့ဇာတ္ကားျဖစ္မယ္။ ပထမဦးဆုံး ရုံျပန္တင္တဲ့ ဇာတ္ကားလည္းျဖစ္မယ္ဆုိေတာ့ အရမ္းကုိ ရင္ခုန္ပါတယ္။ ပရိသတ္က ေရာ ဘယ္လုိေတြ မွတ္ခ်က္ေပးမလဲဆုိတာကုိ အရမ္းရင္ခုန္ေနပါတယ္'' လုိ႔ သူကဆုိပါတယ္။

Photo: မုန္းစြဲရုပ္ရွင္ဇာတ္ကား

 

မုန္းစြဲ ရုပ္ရွင္ဇာတ္ကားထဲမွာ ပါဝင္ခြင့္ရထားတဲ့ ကာရုိက္တာကလည္း ေအးဝတ္ရည္ေသာင္းအတြက္ စိန္ေခၚမႈတစ္ခုျဖစ္ေစတယ္လုိ႔ ဆုိပါ တယ္။ ဒီကာရုိက္တာအေပၚမွာလည္း ပရိသတ္ေတြက စိတ္ဝင္စားမႈ  ပုိမ်ားတယ္လုိ႔လည္း ဆက္လက္ေျပာျပလာတာပါ။

'' အစ္မရဲ႕  ကာရုိက္တာက ဘုန္းႀကီးနဲ႔ ပတ္သက္တာေလးေတြေပါ့။ လူဆုိး ကုိႀကိဳက္ရတာ အစ္မအတြက္ အရမ္းႀကီးစိန္ေခၚမႈမရွိဘူး။ ဘုန္း ႀကီး ကုိ ႀကိဳက္ရတာကေတာ့ ကုိယ့္အတြက္ စိန္ေခၚမႈတစ္ခုျဖစ္တယ္။ ဗုဒၶဘာ သာ ျမန္မာႏုိင္ငံ ျဖစ္ေနတာကတစ္ေၾကာင္း၊ ဘာသာေရးက ျဖစ္ေနတာကတစ္ေၾကာင္း ဆရာေတာ္ အရွင္ဆႏၵာဓိက ကုိယ္တုိင္ တရားေဟာ ထားတာျဖစ္တဲ့အတြက္ ပညာေပးျဖစ္တာေၾကာင့္ လူဆုိး ေနရာကဆုိလည္း ဝင္ၿပီးေတာ့ ကြက္လပ္ေလးကုိ ျဖည့္ေပးမယ္ ဆုိၿပီးေတာ့ အေကာင္းဆုံး ရုိက္ကူးျဖစ္တာပါ'' လုိ႔ ဆုိပါတယ္။

Photo: မုန္းစြဲရုပ္ရွင္ဇာတ္ကား

ကုိယ္ပုိင္ဘဝ၊ ကုိယ္ပုိင္အိပ္မက္ေလးကုိဖြင့္ေျပာလာတဲ့ မေအးေသာင္း 

မုန္းစြဲ ရုပ္ရွင္ဇာတ္ကား စတင္ရုိက္ကူးခဲ့စဥ္ကတည္းက ပရိသတ္စိတ္ဝင္စားျခင္းခံခဲ့ရတဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းက  ဒီလုိ ဇာတ္ကားထဲ မွာပါဝင္ခြင့္ရတဲ့အေပၚမွာလည္း ပရိသတ္ကုိ ရင္ခုန္ေစခ်င္ေသးတယ္လုိ႔ သူကဆိုပါတယ္။

'' ေပါက္စီကေတာ့ ဘာမွ ႀကိဳမေျပာခ်င္ပါဘူး၊ ၾကည့္ၿပီးတဲ့သူ၊ ၾကည့္တဲ့ ပရိသတ္ ေဝဖန္တာက ပုိၿပီးေတာ့  စိတ္လႈပ္ရွားေကာင္းမယ္လုိ႔ ထင္ပါတယ္။ ေပါက္စီက သူတုိ႔ကုိ ရင္ခုန္မႈေပးရတာ ပုိႀကိဳက္တယ္ရွင့္'' ဆိုၿပီးေတာ့ ႏုိဝင္ဘာလ ၄  ရက္ေန႔က စိန္နန္းေတာ္ ဆုိင္ရဲ႕ ကံစမ္းမဲ ဖြင့္ပြဲအခမ္းအနားမွာ ေျပာျပခဲ့တာျဖစ္ပါတယ္။

Photo: မုန္းစြဲရုပ္ရွင္ဇာတ္ကား

 

ျမန္မာႏုိင္ငံက ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသမီးေခ်ာေလး မေအးေသာင္းက အခုလက္ရွိမွာေတာ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္ကူးေန တာ ေတြ႔ရပါတယ္။ သူ႔အေနနဲ႔ ကုိယ္ပုိင္စီးပြားေရးတစ္ခုျဖစ္တဲ့ ပုိးထည္ဆုိင္ေတြကုိလည္း ဦးေဆာင္ေနရသူပါ။ မေအးေသာင္းရဲ႕ အႏုပညာ သက္တမ္းကေတာ့ အေတာ္ကုိ ၾကာေနပါၿပီ။

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs