• Cele Yatkwat
    ဝါသနာတူ၊ အကြိုက်တူတဲ့ ချစ်သူလေးအကြောင်းပြောလာတဲ့ G-Fatt
Sabal Thwin
[Unicode Version]

မ နဲ့ မောင် စုံတွဲလေးဖြစ်တဲ့ G-Fatt နဲ့ အဆိုတော် နန်းဆုရတီစိုး တို့ရဲ့ အချစ်ရေးကတော့ နားလည်မှုအပြည့်ပေးပြီး ငြိမ်းငြိမ်း ချမ်းချမ်း ပါပဲ လို့ ဆိုပါတယ်။ နှစ်ယောက်စလုံးကလည်း အဆိုတော်တွေဖြစ်တာကြောင့် သီချင်းတွေ ပုံဖော်တဲ့အခါမှာလည်း တိုင်ပင်ဖြစ်ကြပါတယ်တဲ့။

44528271_811106692614228_5376804626546819072_o.jpg

Photo: နန်းဆုရတီစိုးဖေ့စ်ဘွတ်

 

အဆိုတော် G-Fatt နဲ့ အဆိုတော် နန်းဆုရတီစိုး တို့ စုံတွဲလေးက ပရိသတ်အားကျရတဲ့ စုံတွဲ တစ်တွဲဆိုရင်လည်း မမှားပါဘူး။ ပြီးတော့ သူတို့ စုံတွဲလေးက မ နဲ့မောင် စုံတွဲလေး ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကလည်း အနုပညာရှင်တွေ ဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးလေ့ရှိတယ်လို့ G-Fatt က မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' ကျွန်တော်တို့က မ တွေ မောင် တွေတောင် မခေါ်ဖြစ်ပါဘူးခင်ဗျာ။ ဒီအတိုင်းပါပဲ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ပါ ပဲ။ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို ဘယ်နေရာမှာ ဘာလိုအပ်နေသလဲ ဖြည့်ဆည်းပေးသလို၊ သူလုပ်ချင်တဲ့ အလုပ် တွေမှာ ကိုယ်ဘယ်နေရာက ပါဝင်ပေးလို့ရမလဲ ဆိုတာကို ဖြည့်ဆည်းပေးကြပါတယ်'' လို့ ဆိုပါတယ်။

34929230_685741391817426_7878105996764119040_n.jpg

Photo: ဂျီဖတ်ဖေ့စ်ဘွတ်Photo: ဂျီဖတ်ဖေ့စ်ဘွတ်

 

G-Fatt နဲ့ နန်းဆုရတီစိုးတို့ က တစ်ယောက်နဲ့ တစ်ယောက် ခရီးတွေ အတူတူသွားပြီး ပျော်ပျော်ပါးပါး အလှဓာတ်ပုံရိုက်ပြီး အွန်လိုင်း စာမျက်နှာပေါ် တင်လေ့ရှိပါတယ်။ ဒါကလည်း သူတို့ နှစ်ယောက်စလုံးအတွက်တော့ ဝါသနာတစ်ခုပါလို့ ဆိုပါတယ်။

'' ခရီးသွားဖြစ်ကြတာ များတယ်၊  အဲ့ဒီအတွက်လည်း အမှတ်တရတွေ အများကြီးဖြစ်တယ်။ ပြီးတော့ နှစ်ယောက်စလုံးကလည်း ခရီးသွားရတာ ဝါသနာလည်းပါတယ်၊ ကြိုက်လည်း ကြိုက်ကြတယ်'' ဆိုပြီးတော့ G-Fatt ( One Man Showအတွက် စာနယ်ဇင်းမိတ်ဆက်)ပွဲမှာ ဖြေဆိုခဲ့တာပါ။

35226894_688238308234401_4763049096959229952_n.jpg

Photo: ဂျီဖတ်ဖေ့စ်ဘွတ်

G Fatt ရဲ့One Man Show အတွက် ကြေညာမောင်းခတ်လိုက်တဲ့ နန်းဆု 

ဝါသနာအတူ၊ အကြိုက်တူကြတဲ့ G-Fatt နဲ့ နန်းဆုရတီစိုး တို့ စုံတွဲလေးက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ လက်တွဲလာခဲ့ ကြ တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ဂီတသမားတွေ ဖြစ်တာကြောင့် သီချင်းတွေ ပုံဖော်တိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အကြံပြုလေ့ရှိကြပါတယ်။

'' ကံစပ်တယ်လို့လည်း ပြောလို့ရတာပေါ့။ သူလည်း သီချင်းတွေ သွင်းတဲ့အချိန်မှာရော ကိုယ်စိတ်တိုင်းအကျဆုံးဖြစ်အောင် ကြိုးစားပေးတယ်။ ဒါကတော့ သူ့ကြိုးစားမှုလည်း ပါပါတယ်။ ကျွန်တော်ကလည်း သေသေချာချာ ဖန်တီးပေးဖြစ်ပါတယ်'' လို့ G- Fatt က ဆက်လက်ပြောပြထား ပါတယ်။

43664705_2224317831146797_8598922257743478784_n.jpg

Photo: နန်းဆုရတီစိုးဖေ့စ်ဘွတ်

 

G Fatt ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီ အချိန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်သွားမယ် လို့ သိရပါတယ်။ G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

 

[Zawgyi Version]

မ နဲ႔ ေမာင္ စုံတြဲေလးျဖစ္တဲ့ G-Fatt နဲ႔ အဆုိေတာ္ နန္းဆုရတီစုိး တုိ႔ရဲ႔ အခ်စ္ေရးကေတာ့ နားလည္မႈအျပည့္ေပးၿပီး ၿငိမ္းၿငိမ္း ခ်မ္းခ်မ္း ပါပဲ လုိ႔ ဆုိပါတယ္။ ႏွစ္ေယာက္စလုံးကလည္း အဆုိေတာ္ေတြျဖစ္တာေၾကာင့္ သီခ်င္းေတြ ပုံေဖာ္တဲ့အခါမွာလည္း တုိင္ပင္ျဖစ္ၾကပါတယ္တဲ့။

Photo: နန္းဆုရတီစုိးေဖ့စ္ဘြတ္

 

အဆုိေတာ္ G-Fatt နဲ႔ အဆုိေတာ္ နန္းဆုရတီစုိး တုိ႔ စုံတြဲေလးက ပရိသတ္အားက်ရတဲ့ စုံတြဲ တစ္တြဲဆုိရင္လည္း မမွားပါဘူး။ ၿပီးေတာ့ သူတုိ႔ စုံတြဲေလးက မ နဲ႔ေမာင္ စုံတြဲေလး ျဖစ္ပါတယ္။ ႏွစ္ေယာက္စလုံးကလည္း အႏုပညာရွင္ေတြ ျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ လုိအပ္တာေတြကုိ ျဖည့္ဆည္းေပးေလ့ရွိတယ္လုိ႔ G-Fatt က မီဒီယာေတြကေနတဆင့္ေျပာျပလာပါတယ္။

'' ကၽြန္ေတာ္တုိ႔က မ ေတြ ေမာင္ ေတြေတာင္ မေခၚျဖစ္ပါဘူးခင္ဗ်ာ။ ဒီအတုိင္းပါပဲ ေအးေအးခ်မ္းခ်မ္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပါ ပဲ။ ကုိယ္လုပ္ခ်င္တဲ့အလုပ္၊ ကုိယ္ဝါသနာပါတဲ့ အလုပ္ေတြကုိ ဘယ္ေနရာမွာ ဘာလုိအပ္ေနသလဲ ျဖည့္ဆည္းေပးသလုိ၊ သူလုပ္ခ်င္တဲ့ အလုပ္ ေတြမွာ ကုိယ္ဘယ္ေနရာက ပါဝင္ေပးလုိ႔ရမလဲ ဆုိတာကုိ ျဖည့္ဆည္းေပးၾကပါတယ္'' လုိ႔ ဆုိပါတယ္။

Photo: ဂ်ီဖတ္ေဖ့စ္ဘြတ္Photo: ဂ်ီဖတ္ေဖ့စ္ဘြတ္

 

G-Fatt နဲ႔ နန္းဆုရတီစုိးတုိ႔ က တစ္ေယာက္နဲ႔ တစ္ေယာက္ ခရီးေတြ အတူတူသြားၿပီး ေပ်ာ္ေပ်ာ္ပါးပါး အလွဓာတ္ပုံရုိက္ၿပီး အြန္လုိင္း စာမ်က္ႏွာေပၚ တင္ေလ့ရွိပါတယ္။ ဒါကလည္း သူတုိ႔ ႏွစ္ေယာက္စလုံးအတြက္ေတာ့ ဝါသနာတစ္ခုပါလုိ႔ ဆုိပါတယ္။

'' ခရီးသြားျဖစ္ၾကတာ မ်ားတယ္၊  အ့ဲဒီအတြက္လည္း အမွတ္တရေတြ အမ်ားႀကီးျဖစ္တယ္။ ၿပီးေတာ့ ႏွစ္ေယာက္စလုံးကလည္း ခရီးသြားရတာ ဝါသနာလည္းပါတယ္၊ ႀကိဳက္လည္း ႀကိဳက္ၾကတယ္'' ဆုိၿပီးေတာ့ G-Fatt ( One Man Showအတြက္ စာနယ္ဇင္းမိတ္ဆက္)ပြဲမွာ ေျဖဆုိခဲ့တာပါ။

Photo: ဂ်ီဖတ္ေဖ့စ္ဘြတ္

G Fatt ရဲ႕One Man Show အတြက္ ေၾကညာေမာင္းခတ္လုိက္တဲ့ နန္းဆု 

ဝါသနာအတူ၊ အႀကိဳက္တူၾကတဲ့ G-Fatt နဲ႔ နန္းဆုရတီစုိး တုိ႔ စုံတြဲေလးက တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြနဲ႔ လက္တြဲလာခဲ့ ၾက တယ္လုိ႔ သိရပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း ဂီတသမားေတြ ျဖစ္တာေၾကာင့္ သီခ်င္းေတြ ပုံေဖာ္တုိင္းမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အႀကံျပဳေလ့ရွိၾကပါတယ္။

'' ကံစပ္တယ္လုိ႔လည္း ေျပာလုိ႔ရတာေပါ့။ သူလည္း သီခ်င္းေတြ သြင္းတဲ့အခ်ိန္မွာေရာ ကုိယ္စိတ္တိုင္းအက်ဆုံးျဖစ္ေအာင္ ႀကိဳးစားေပးတယ္။ ဒါကေတာ့ သူ႔ႀကိဳးစားမႈလည္း ပါပါတယ္။ ကၽြန္ေတာ္ကလည္း ေသေသခ်ာခ်ာ ဖန္တီးေပးျဖစ္ပါတယ္'' လို႔ G- Fatt က ဆက္လက္ေျပာျပထား ပါတယ္။

Photo: နန္းဆုရတီစုိးေဖ့စ္ဘြတ္

 

G Fatt ရဲ႕ တစ္ကုိယ္ေတာ္ေဖ်ာ္ေျဖပြဲကုိ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ည ၆ နာရီ အခ်ိန္ ကန္ေတာ္ႀကီး ေမွ်ာ္စင္ကၽြန္းမွာ က်င္းပျပဳလုပ္သြားမယ္ လုိ႔ သိရပါတယ္။ G Fattဟာ ဂီတေလာကထဲမွာ လူငယ္ေကာင္မေလးေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားသူ တစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာ ရိႈးပြဲေတြ ဆက္တုိက္ဆိုျဖစ္ေနတဲ့ G Fatt က တစ္ကိုယ္ေတာ္ အေခြျဖစ္တဲ့ 120/B ဆုိတဲ့ အေခြကုိ ေနာက္ဆုံးထြက္ရွိထားပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs