• Cele Yatkwat
    ခန္ဓာကိုယ်ပြောင်းသလို စိတ်ခံစားမှုလည်းပြောင်းလာတဲ့ ကျော်ကျော်ဗို
Sabal Thwin
[Unicode Version]

ကျော်ကျော်ဗိုက မျက်နှာတစ်ခုတည်းနဲ့ သရုပ်ဆောင်တာထက် ခန္ဓာကိုယ်အပြောင်းအလဲအပေါ် စိန်ခေါ်ပြီးရိုက်ရတဲ့ ကာရိုက် တာ မျိုးကို ပို သဘောကျတယ်လို့ ဆိုပါတယ်။ အခုဆိုရင်လည်း သူ့ရဲ့ ခန္ဓာကိုယ်က အရင်ကနဲ့ မတူအောင် ပြောင်းလဲနေတာကို တွေ့ရပါတယ်။

47389028_2072938932794043_7410329662468915200_n.jpg 

သရုပ်ဆောင် ကျော်ကျော်ဗိုက ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကိုလည်း သူကိုယ်တိုင်က ဝမ်းသာအားရနဲ့ လက်ခံ ရိုက်ကူးဖြစ်တယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

'' ၁ လပိုင်း ကားမှာ ကိုကြံ့က နယ်မြို့မှာနေတဲ့ လူတစ်ယောက်ပေါ့နော်။  သူ့ရဲ့ ပုံသဏ္ဍာန်ကိုက ဝဝ ဖိုင့်ဖိုင့်ကြီး နဲ့ ကိုကျော်စွာဆိုတဲ့ လူ တစ် ယောက် ရဲ့ ပုံစံပေါ့နော်။ ပထမကတော့ ဆီလီကွန်နဲ့ လုပ်မလို့ ဒါပေမယ့် ကိုကြံ့ကိုယ်တိုင်က လေးပင်နေတဲ့ စိတ်ခံစားမှုတွေနဲ့ ကိုကြံ့က ကာ ရိုက်တာတစ်ခု ကို လုပ်ချင်တာပေါ့။ နဂိုကတည်းကလည်း မျက်နှာလေး တစ်ခုတည်းနဲ့ အိုက်တင်လုပ်နေတာထက်စာရင် ခန္ဓာကိုယ်ရဲ့ အနု ပညာ တွေနဲ့လည်း ပရိသတ်ကို ဖန်တီးပေးချင်တဲ့ စိတ်က ရှိတော့ အဲ့ဒီလို ကာရိုက်တာ လာတဲ့အချိန်မှာ ဝမ်းသာ သွားတာပေါ့နော်'' လို့ သူက ဆိုပါတယ်။

46299607-2518788904797954-6091811763869712384-n.jpg

Photo: ကျော်ကျော်ဗို

 

ကျော်ကျော်ဗိုဟာ ခန္ဓာကိုယ် ဝဖြိုးလာတာကြောင့် သူ့ရဲ့ စိတ်ခံစားမှုကလည်း ပြောင်းလဲ လာခဲ့တယ် ဆိုတဲ့ အကြောင်းကို ဒီဇင်ဘာလ ၅ ရက်နေ့က ''ပုံရိပ်" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။ ဒီအကြောင်းအရာကိုလည်း သဘောကျရယ်မောရင်း ပြောပြလာတာ ဖြစ်ပါတယ်။

'' နဂိုတုန်းက ကြွက်သားတွေရှိနေတဲ့ ဗိုက်က အခု ပူပူကြီးဖြစ်နေတော့ ကိုယ်ကိုယ်တိုင်တောင် အထ အသွားက လေးနေပြီလေ။ အိပ်ရာကပဲ ထထ၊ ထိုင်နေတာကပဲ ထထ ကျွတ် ကျွတ် ကျွတ်တောင် ဖြစ်နေပြီ။ ဒါက စိတ်ခံစားမှုတောင် ပြောင်းသွားတယ် ဆိုတာပေါ့လေ။ ခန္ဓာကိုယ် ပြောင်းတဲ့အချိန်မှာ စိတ်ခံစားမှုတွေလည်း ပြောင်းမယ်။ ကိုယ့်ရဲ့ လှုပ်ရှား သွားလာမှုတွေလည်း ပြောင်းတယ်'' လို့ သူကဆိုပါတယ်။

ခိုင်မာတဲ့ မိသားစုလေးအကြောင်းပြောလာတဲ့ ကျော်ကျော်ဗိုနဲ့ဇနီး 

K-3.jpg 

စမတ်ကျတဲ့ ခန္ဓာကိုယ်အချိူးအစားကနေ ခန္ဓာကိုယ် ဝဝဖြိုးဖြိုး ဖြစ်အောင်လို့ ကြိုးစားခဲ့ရတဲ့ အပိုင်းတွေကိုလည်း ကျော်ကျော်ဗိုက အခုလို ပြောပြလာပါတယ်။

'' အခုဆို စားနေတယ်၊ တွေ့သမျှ ပါးစပ်ထဲ ကောက်ထည့်၊ ကြုံသလိုစားတယ်၊ သတိရတိုင်း စားတယ်။ တော်တော်စားတယ်။ အဆီအစိမ့်တွေ စားတယ်။ ကိုယ်ကြံ့က ဒီဇာတ်ကားရိုက်ပြီးရင် ချက်ချင်း ဝိတ်ပြန်ချမှာ ။ ၃ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကားကျတော့ ဝ လို့မရတော့ဘူး။ ကိုယ့် ဘဝမှာ ဒီလိုမျိုး စိန်ခေါ်မှုလေးတွေကို ဖြတ်သန်းရတာက ပိုတန်ဖိုးရှိမယ်လို့ ထင်ပါတယ်'' လို့ ဆိုပါတယ်။

46318015-2518788884797956-7662903018265772032-n.jpg

Photo: ကျော်ကျော်ဗို

 

လက်ရှိမှာတော့ ကျော်ကျော်ဗို က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မကြာခင်မှာလည်း '' ပုံရိပ်'' ရုပ်ရှင် ဇာတ်ကား ကို ရိုက်ကူးတော့မှာပါ။ သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခု ဖြစ်တဲ့ ခရီးသွားခြင်း အကြောင်းအရာတွေကိုလည်း အစီအစဉ်အသစ် တစ်ခုအဖြစ် Free to Air ရုပ်သံလိုင်းကနေ တဆင့် တင်ဆက်ပေးနေတာဖြစ် ပါတယ်။

 

[Zawgyi Version]

ေက်ာ္ေက်ာ္ဗုိက မ်က္ႏွာတစ္ခုတည္းနဲ႔ သရုပ္ေဆာင္တာထက္ ခႏၶာကုိယ္အေျပာင္းအလဲအေပၚ စိန္ေခၚၿပီးရုိက္ရတဲ့ ကာရုိက္ တာ မ်ဳိးကုိ ပုိ သေဘာက်တယ္လုိ႔ ဆုိပါတယ္။ အခုဆုိရင္လည္း သူ႔ရဲ႕ ခႏၶာကိုယ္က အရင္ကနဲ႔ မတူေအာင္ ေျပာင္းလဲေနတာကုိ ေတြ႔ရပါတယ္။

သရုပ္ေဆာင္ ေက်ာ္ေက်ာ္ဗုိက ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလအတြင္းမွာ ရုိက္ကူးမယ့္ ရုပ္ရွင္ဇာတ္ကားႀကီးအတြက္ ခႏၶာကုိယ္ပုိင္းနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနတယ္လုိ႔ ဆုိပါတယ္။ ဒီဇာတ္ကားထဲက ကာရုိက္တာကုိလည္း သူကုိယ္တိုင္က ဝမ္းသာအားရနဲ႔ လက္ခံ ရုိက္ကူးျဖစ္တယ္လုိ႔ Duwun Media ကေနေျပာျပလာပါတယ္။

'' ၁ လပုိင္း ကားမွာ ကုိႀကံ႔က နယ္ၿမိဳ႕မွာေနတဲ့ လူတစ္ေယာက္ေပါ့ေနာ္။  သူ႔ရဲ႕ ပုံသ႑ာန္ကုိက ဝဝ ဖိုင့္ဖုိင့္ႀကီး နဲ႔ ကုိေက်ာ္စြာဆုိတဲ့ လူ တစ္ ေယာက္ ရဲ႕ ပုံစံေပါ့ေနာ္။ ပထမကေတာ့ ဆီလီကြန္နဲ႔ လုပ္မလုိ႔ ဒါေပမယ့္ ကုိႀကံ႔ကုိယ္တုိင္က ေလးပင္ေနတဲ့ စိတ္ခံစားမႈေတြနဲ႔ ကုိႀကံ႔က ကာ ရုိက္တာတစ္ခု ကုိ လုပ္ခ်င္တာေပါ့။ နဂုိကတည္းကလည္း မ်က္ႏွာေလး တစ္ခုတည္းနဲ႔ အုိက္တင္လုပ္ေနတာထက္စာရင္ ခႏၶာကိုယ္ရဲ႕ အႏု ပညာ ေတြနဲ႔လည္း ပရိသတ္ကုိ ဖန္တီးေပးခ်င္တဲ့ စိတ္က ရွိေတာ့ အဲ့ဒီလုိ ကာရုိက္တာ လာတဲ့အခ်ိန္မွာ ဝမ္းသာ သြားတာေပါ့ေနာ္'' လို႔ သူက ဆုိပါတယ္။

Photo: ေက်ာ္ေက်ာ္ဗုိ

 

ေက်ာ္ေက်ာ္ဗုိဟာ ခႏၶာကုိယ္ ဝၿဖဳိးလာတာေၾကာင့္ သူ႔ရဲ႕ စိတ္ခံစားမႈကလည္း ေျပာင္းလဲ လာခဲ့တယ္ ဆုိတဲ့ အေၾကာင္းကုိ ဒီဇင္ဘာလ ၅ ရက္ေန႔က ''ပံုရိပ္" ရုပ္ရွင္ဇာတ္ကားႀကီး ကန္ေတာ့ပြဲမွာ ေျဖဆုိခဲ့တာပါ။ ဒီအေၾကာင္းအရာကုိလည္း သေဘာက်ရယ္ေမာရင္း ေျပာျပလာတာ ျဖစ္ပါတယ္။

'' နဂုိတုန္းက ႀကြက္သားေတြရွိေနတဲ့ ဗုိက္က အခု ပူပူႀကီးျဖစ္ေနေတာ့ ကုိယ္ကုိယ္တုိင္ေတာင္ အထ အသြားက ေလးေနၿပီေလ။ အိပ္ရာကပဲ ထထ၊ ထုိင္ေနတာကပဲ ထထ ကၽြတ္ ကၽြတ္ ကၽြတ္ေတာင္ ျဖစ္ေနၿပီ။ ဒါက စိတ္ခံစားမႈေတာင္ ေျပာင္းသြားတယ္ ဆိုတာေပါ့ေလ။ ခႏၶာကုိယ္ ေျပာင္းတ့ဲအခ်ိန္မွာ စိတ္ခံစားမႈေတြလည္း ေျပာင္းမယ္။ ကုိယ့္ရဲ႕ လႈပ္ရွား သြားလာမႈေတြလည္း ေျပာင္းတယ္'' လုိ႔ သူကဆုိပါတယ္။

ခုိင္မာတဲ့ မိသားစုေလးအေၾကာင္းေျပာလာတဲ့ ေက်ာ္ေက်ာ္ဗုိနဲ႔ဇနီး 

စမတ္က်တဲ့ ခႏၶာကုိယ္အခ်ဴိးအစားကေန ခႏၶာကုိယ္ ဝဝျဖဳိးျဖိဳး ျဖစ္ေအာင္လုိ႔ ႀကိဳးစားခ့ဲရတဲ့ အပုိင္းေတြကုိလည္း ေက်ာ္ေက်ာ္ဗုိက အခုလုိ ေျပာျပလာပါတယ္။

'' အခုဆုိ စားေနတယ္၊ ေတြ႔သမွ် ပါးစပ္ထဲ ေကာက္ထည့္၊ ႀကဳံသလုိစားတယ္၊ သတိရတုိင္း စားတယ္။ ေတာ္ေတာ္စားတယ္။ အဆီအစိမ့္ေတြ စားတယ္။ ကုိယ္ႀကံ႔က ဒီဇာတ္ကားရုိက္ၿပီးရင္ ခ်က္ခ်င္း ဝိတ္ျပန္ခ်မွာ ။ ၃ လပုိင္းမွာ ရိုက္မယ့္ ဇာတ္ကားက်ေတာ့ ဝ လုိ႔မရေတာ့ဘူး။ ကုိယ့္ ဘဝမွာ ဒီလုိမ်ဳိး စိန္ေခၚမႈေလးေတြကုိ ျဖတ္သန္းရတာက ပုိတန္ဖုိးရွိမယ္လုိ႔ ထင္ပါတယ္'' လို႔ ဆုိပါတယ္။

Photo: ေက်ာ္ေက်ာ္ဗုိ

 

လက္ရွိမွာေတာ့ ေက်ာ္ေက်ာ္ဗုိ က ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးေနတာကုိ ေတြ႔ရပါတယ္။ မၾကာခင္မွာလည္း '' ပုံရိပ္'' ရုပ္ရွင္ ဇာတ္ကား ကုိ ရုိက္ကူးေတာ့မွာပါ။ သူ႔ရဲ႕ ေနာက္ထပ္ဝါသနာတစ္ခု ျဖစ္တဲ့ ခရီးသြားျခင္း အေၾကာင္းအရာေတြကုိလည္း အစီအစဥ္အသစ္ တစ္ခုအျဖစ္ Free to Air ရုပ္သံလုိင္းကေန တဆင့္ တင္ဆက္ေပးေနတာျဖစ္ ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs