• Local Celebrity
    အေးတူပူသမျှ ခံစားပေးတဲ့ ချစ်ဇနီးကြောင့် ပျော်နေရတဲ့ သားငယ်
Sabal Thwin
[Unicode Version]

35855960_2117505931909019_7402084489196732416_n.jpg 

အဆိုတော်သားငယ်ကတော့ ဂရင်ဂျီနာရောဂါနဲ့ ဆေးရုံတက်နေရတာ အခုဆိုရင်တော့ နေတော်တော်ပြန်ကောင်းနေပြီလို့ သိရပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့ ညနေမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ ဆေးရုံတက်နေရတဲ့ တစ်လျှောက် ဘေးနားမှာ ပြုစုပေးနေတဲ့ ဇနီးမယားကိုလည်း အခုလို စနောက်ခဲ့ပါသေးတယ်။

'' လက်ရှိ၎င်း၏ စအိုအခြေအနေမှာနဂိုနီးနီး ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ မိမိကို ချစ်ခင်အားပေးကြ သူများအားမစိုးရိမ်းကြရန်(အထူး) အသိပေးလိုပါသည်။ဖီလင်။ ။အေးအတူပူအမျှခပ်ဝဝတစ်ယောက်ရှိတာလည်း အင်မတန် ကံကောင်းကွား ဟားဟား'' ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

35861387_2117506045242341_1889573013653815296_n.jpg 

သားငယ်ဟာ ဂရင်ဂျီနာရောဂါနဲ့ ဒုတိယအကြိမ်မြောက် ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ ပထမအကြိမ်အနေနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း အဆိုပါရောဂါကြောင့်ပဲ အာရှ တော်ဝင်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့သေးတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလော သားငယ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သူငယ်ချင်း ဖြစ်သူ မိုင်းမိုင်ဆိုင် က သားငယ်ရဲ့ ပရိသတ်တွေ မစိုးရိမ်ရအောင် သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောပြလေ့ရှိပါတယ်။

ခွဲစိတ်မှုအောင်မြင်ခဲ့တယ်ဆိုတဲ့ သားငယ် 

သားငယ်ဟာ လက်ရှိမှာလည်း ဖျော်ဖြေရေးတွေနဲ့ အချိန်ကုန်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားပါသေးတယ်။  မကြာခင်မှာ ရင်သွေးလေး ယူတော့မယ်လို့ ဆိုပါတယ်။ ဝဝကစ်ကစ်ကလေးလေး လိုချင်နေပြီဖြစ်တဲ့ သားငယ်တဲ့ ဂျူနီယာ သားငယ်လေးတစ်ယောက် လိုချင်နေပြီလို့ ဆက်လက်ဖြေဆိုခဲ့ပါသေးတယ။် အဆိုတော် သားငယ်တို့ဇနီးမောင်နှံဟာ ပရိသတ်ချစ်ခင်မှု ရရှိထားသူလည်း ဖြစ်ပါတယ်။သားငယ်ဟာ သူဝါသနာပါရာ အနုပညာအလုပ်နဲ့ ရပ်တည်နေတဲ့ သူလည်း ဖြစ်ပါတယ်။ဝါသနာပါရာ ဂီတဘက်ကို လျှောက်လှမ်းရင်းနဲ့ မူရင်းအလုပ်ဖြစ်တဲ့ အကြော်ကြော်တဲ့ အလုပ်ကိုလည်း မစွန့်လွှတ်ပဲ အားရင် အားသလို သွားရောက်လုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

35882145_2117506018575677_4149630941347708928_n.jpg 

သားငယ်ရဲ့ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ ပထမဆုံး တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ အခွေရောင်းရတဲ့ ငွေတွေထဲက အမြတ် အစွန်းများကိုလည်း သားငယ်ဖောင်ဒေးရှင်းကနေတစ်ဆင့် (ABD) ပရဟိတသွေးအလှူရှင်များအသင်းကို လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

[Zawgyi Version]

 

အဆုိေတာ္သားငယ္ကေတာ့ ဂရင္ဂ်ီနာေရာဂါနဲ႔ ေဆးရုံတက္ေနရတာ အခုဆိုရင္ေတာ့ ေနေတာ္ေတာ္ျပန္ေကာင္းေနၿပီလုိ႔ သိရပါတယ္။ ဇြန္လ ၁၈ ရက္ေန႔မွာ ေဆးရုံတက္ခဲ့ရတာျဖစ္ၿပီး ဇြန္လ ၁၉ ရက္ေန႔ ညေနမွာ ခြဲစိတ္ကုသမႈခံယူခဲ့ရတာျဖစ္ပါတယ္။ ေဆးရုံတက္ေနရတဲ့ တစ္ေလွ်ာက္ ေဘးနားမွာ ျပဳစုေပးေနတဲ့ ဇနီးမယားကုိလည္း အခုလုိ စေနာက္ခဲ့ပါေသးတယ္။

'' လက္ရွိ၎၏ စအိုအေျခအေနမွာနဂိုနီးနီး ျပန္လည္ေကာင္းမြန္လာခဲ့ၿပီျဖစ္သည္။ မိမိကို ခ်စ္ခင္အားေပးၾက သူမ်ားအားမစိုးရိမ္းၾကရန္(အထူး) အသိေပးလိုပါသည္။ဖီလင္။ ။ေအးအတူပူအမွ်ခပ္ဝဝတစ္ေယာက္ရွိတာလည္း အင္မတန္ ကံေကာင္းကြား ဟားဟား'' ဆိုၿပီးေတာ့ ဇြန္လ ၂၁ ရက္ေန႔ ညေန ၃ နာရီ ၅ မိနစ္အခ်ိန္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

 

သားငယ္ဟာ ဂရင္ဂ်ီနာေရာဂါနဲ႔ ဒုတိယအႀကိမ္ေျမာက္ ေဆးကုသမႈခံယူခဲ့ရတာျဖစ္ပါတယ္။ ပထမအႀကိမ္အေနနဲ႔ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ အတြင္းကလည္း အဆုိပါေရာဂါေၾကာင့္ပဲ အာရွ ေတာ္ဝင္ေဆးရုံမွာ တက္ေရာက္ေဆးကုသမႈခံယူခဲ့ေသးတယ္လုိ႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ ခြဲစိတ္မႈ ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။ လတ္တေလာ သားငယ္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သက္ၿပီး သူငယ္ခ်င္း ျဖစ္သူ မုိင္းမုိင္ဆုိင္ က သားငယ္ရဲ႕ ပရိသတ္ေတြ မစုိးရိမ္ရေအာင္ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေျပာျပေလ့ရွိပါတယ္။

ခြဲစိတ္မႈေအာင္ျမင္ခဲ့တယ္ဆုိတဲ့ သားငယ္ 

သားငယ္ဟာ လက္ရွိမွာလည္း ေဖ်ာ္ေျဖေရးေတြနဲ႔ အခ်ိန္ကုန္ေနတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ ထားပါေသးတယ္။  မၾကာခင္မွာ ရင္ေသြးေလး ယူေတာ့မယ္လို႕ ဆိုပါတယ္။ ဝဝကစ္ကစ္ကေလးေလး လိုခ်င္ေနၿပီျဖစ္တဲ့ သားငယ္တဲ့ ဂ်ဴနီယာ သားငယ္ေလးတစ္ေယာက္ လိုခ်င္ေနၿပီလို႕ ဆက္လက္ေျဖဆိုခဲ့ပါေသးတယ။္ အဆိုေတာ္ သားငယ္တို႕ဇနီးေမာင္ႏွံဟာ ပရိသတ္ခ်စ္ခင္မႈ ရရွိထားသူလည္း ျဖစ္ပါတယ္။သားငယ္ဟာ သူဝါသနာပါရာ အႏုပညာအလုပ္နဲ႕ ရပ္တည္ေနတဲ့ သူလည္း ျဖစ္ပါတယ္။ဝါသနာပါရာ ဂီတဘက္ကို ေလွ်ာက္လွမ္းရင္းနဲ႕ မူရင္းအလုပ္ျဖစ္တဲ့ အေၾကာ္ေၾကာ္တဲ့ အလုပ္ကိုလည္း မစြန္႕လႊတ္ပဲ အားရင္ အားသလို သြားေရာက္လုပ္ကိုင္ျဖစ္ေနတာကို ေတြ႕ရပါတယ္။

 

သားငယ္ရဲ႕ "လမ္းကေလး" လို႕ နာမည္ေပးထားတဲ့ ပထမဆံုး ေတးစီးရီးဟာလည္း ေဖေဖာ္ဝါရီ(၂) ရက္ေန႕က ထြက္ရွိခဲ့ၿပီး ျဖစ္ပါတယ္။အဲ့ဒီအေခြေလးဟာ ပရိသတ္အားေပးမႈ ရရွိခဲ့တာကိုလည္းေတြ႕ရပါတယ္။ အေခြေရာင္းရတဲ့ ေငြေတြထဲက အျမတ္ အစြန္းမ်ားကိုလည္း သားငယ္ေဖာင္ေဒးရွငး္ကေနတစ္ဆင့္ (ABD) ပရဟိတေသြးအလွဴရွင္မ်ားအသင္းကို လွဴဒါန္းႏိုင္ခဲ့တယ္လို႕လည္း သိရပါတယ္။

အဆုိေတာ္ သားငယ္ကုိေတာ့ Myanmar idol Season 2 ကေန ပရိသတ္အားေပးမႈအမ်ားႀကီးရရွိခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs