• Local Celebrity
    မိဘမဲ့ကလေး (၄၀၀)ကျော်အတွက် စမိုင်းလ်တို့ရဲ့ အလှူ
Ei Ei Myat
[Unicode Version]

35792905_1958515630849619_4585372252748382208_n.jpg

Photo : စမိုင်းလ် FB

 

သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုက ဒီနေ့မှာလည်း အလှူအတန်းတွေ ထပ်လုပ်နေတာ တွေ့ရပါတယ်။ ဒီနေ့(ဇွန်လ၂၁) မှာ ပန်းပျိုးလက် ပရဟိတကျောင်းမှာ ရှိတဲ့ မိဘမဲ့ ကလေး အယောက် (၄၃၀) အတွက် နေ့လည်စာအတွက် စမိုင်းလ်တို့မိသားစုက သွားရောက်လှူဒါန်းခဲ့တာပါ။

"ပန်းပျိုးလက်ပရဟိတကျောင်းရှိမိဘမဲ့ကလေး ၄၃၀အားနေ့လည်စာ ထမင်းဟင်း ရေခဲမုန့် ကိတ်မုန့်များကျွေးပြီး ဘုန်းဘုန်းလမ်းခင်း နေသည့်နေရာအတွက်နဝက္မအလှူငွေပေးအပ်လှူဒါန်း" ဆိုပြီး စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၁)ရက်နေ့ က ရေးသားထားတာတွေ့ရပါတယ်။

35761469_1958515570849625_7007878410651303936_n.jpg

Photo : စမိုင်းလ် FB

 

စမိုင်းလ်ဟာ ဒီရက်ပိုင်းအလှူတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေပါတယ်။ ဇွနလ(၂၀)ရက်နေ့ကလည်း မှော်ဘီမြို့ အောင်ဇမ္ဗူတော ရကျောင်းမှာ နေ့ဆွမ်းနဲ့အတူ သင်္ကန်များ ဆပ်ကပ်လှူဒါန်းခဲ့သလို ရွှေစင်(၄)ကျပ်ခွဲသား တန်ဖိုးရှိတဲ့ စိတ်ပုတီးလေးကိုလည်း လှူဒါန်းခဲ့ပါတယ်။ သူမရဲ့ မွေးနေ့အတွက် ကြိုပြီး အလှူတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေတာပါ။

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ စမိုင်းလ်တို့မိသားစုဟာ ပရိသတ်တွေ အားကျရတဲ့ မိသားစုလေး ဖြစ်ပါတယ်။

35971274_1958515864182929_4974397793280983040_n.jpg

Photo : စမိုင်းလ် FB

အောင်ဇမ္ဗူကျောင်းမှာ အလှူသွားလုပ်ခဲ့တဲ့ စမိုင်းလ်တို့မိသားစု 

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ကစ်ကစ်အတွက် အလှူငွေ (၁၀)သိန်း သွားရောက် လှူဒါန်းပေးခဲ့ပါသေးတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ အလှူအတန်းတွေလည်း ပြုလုပ်သလို တစ်ခါတလေမှာသူတို့ရဲ့ စိတ်ကူး အိမ်မက် လေးတွေကိုလည်း ရိုမန့်တစ်ဆန်ဆန် အကောင်အထည်ဖော်တတ်သူတွေ ဖြစ်ပါတယ်။

35840527_1958515417516307_6516954393063981056_n.jpg

Photo : စမိုင်းလ် FB

 

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

[Zawgyi Version]

Photo : စမိုင္းလ္ FB

 

သရုပ္ေဆာင္ စမိုင္းလ္တို႕ မိသားစုက ဒီေန႕မွာလည္း အလွဴအတန္းေတြ ထပ္လုပ္ေနတာ ေတြ႕ရပါတယ္။ ဒီေန႕(ဇြန္လ၂၁) မွာ ပန္းပ်ိဳးလက္ ပရဟိတေက်ာင္းမွာ ရွိတဲ့ မိဘမဲ့ ကေလး အေယာက္ (၄၃၀) အတြက္ ေန႕လည္စာအတြက္ စမိုငး္လ္တို႕မိသားစုက သြားေရာက္လွဴဒါနး္ခဲ့တာပါ။

"ပန္းပ်ိဳးလက္ပရဟိတေက်ာင္းရွိမိဘမဲ့ကေလး ၄၃၀အားေန႔လည္စာ ထမင္းဟင္း ေရခဲမုန္႔ ကိတ္မုန္႔မ်ားေကြ်းၿပီး ဘုန္းဘုန္းလမ္းခင္း ေနသည့္ေနရာအတြက္နဝကၼအလႉေငြေပးအပ္လႉဒါန္း" ဆိုၿပီး စမိုင္းလ္ရဲ႕ ေဖ့စ္ဘြတ္မွာ ဇြန္လ(၂၁)ရက္ေန႕ က ေရးသားထားတာေတြ႕ရပါတယ္။

Photo : စမိုင္းလ္ FB

 

စမိုင္းလ္ဟာ ဒီရက္ပိုင္းအလွဴေတြ ဆက္တိုက္ဆိုသလို လုပ္ျဖစ္ေနပါတယ္။ ဇြနလ(၂၀)ရက္ေန႕ကလည္း ေမွာ္ဘီၿမိဳ႕ ေအာင္ဇမၺဴေတာ ရေက်ာင္းမွာ ေန႕ဆြမ္းနဲ႕အတူ သကၤန္မ်ား ဆပ္ကပ္လွဴဒါန္းခဲ့သလို ေရႊစင္(၄)က်ပ္ခြဲသား တန္ဖိုးရွိတဲ့ စိတ္ပုတီးေလးကိုလည္း လွဴဒါန္းခဲ့ပါတယ္။ သူမရဲ႕ ေမြးေန႕အတြက္ ႀကိဳၿပီး အလွဴေတြ ဆက္တိုက္ဆိုသလို လုပ္ျဖစ္ေနတာပါ။

အလွဴအတန္းနဲ႕ ပတ္သက္လာရင္ လက္မေႏွးတတ္တဲ့ စမိုင္းလ္တို႕မိသားစုဟာ ပရိသတ္ေတြ အားက်ရတဲ့ မိသားစုေလး ျဖစ္ပါတယ္။

Photo : စမိုင္းလ္ FB

ေအာင္ဇမၺဴေက်ာင္းမွာ အလွဴသြားလုပ္ခဲ့တဲ့ စမိုင္းလ္တို႕မိသားစု 

ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္ကလည္း ေဆးကုသမႈ ခံယူေနရတဲ့ သရုပ္ေဆာင္ ကစ္ကစ္အတြက္ အလွဴေငြ (၁၀)သိန္း သြားေရာက္ လွဴဒါနး္ေပးခဲ့ပါေသးတယ္။ စမိုင္းလ္တို႕ ဇနီးေမာင္ႏွံဟာ အလွဴအတန္းေတြလည္း ျပဳလုပ္သလို တစ္ခါတေလမွာသူတို႕ရဲ႕ စိတ္ကူး အိမ္မက္ ေလးေတြကိုလည္း ရိုမန္႕တစ္ဆန္ဆန္ အေကာင္အထည္ေဖာ္တတ္သူေတြ ျဖစ္ပါတယ္။

Photo : စမိုင္းလ္ FB

 

သရုပ္ေဆာင္ စမုိင္းလ္တုိ႔ ဇနီးေမာင္ႏွံဟာ ကိုယ္ပုိင္စီးပြားေရးေတြလည္း အမ်ားႀကီးပုိင္ဆုိင္ထားသလုိ ကုိယ္ပုိင္ရုပ္ရွင္ ထုတ္လုပ္ေရး ကုိလည္း စီစဥ္ေဆာင္ရြက္ေနသူတစ္ဦးပါ။ ဒီလုိပုိင္ဆုိင္မႈေတြ ရွိလာႏုိင္ေအာင္လည္း ခင္ပြန္းျဖစ္သူက အလုပ္ႀကိဳးစားသလုိ သူကုိယ္တုိင္ကလည္း အိမ္ေထာင္မႈကုိ စနစ္တက်ထိန္းသိမ္းခဲ့ရတယ္ဆုိၿပီးေတာ့ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။

စမုိင္းလ္ဟာ အခုဆုိရင္ေတာ့ အားကုိးရတဲ့ ခင္ပြန္းရယ္၊ ခ်စ္စရာေကာင္းတဲ့ သမီးေလး ၂ ေယာက္ရယ္ကုိ ပုိင္ဆုိင္ထား တဲ့ အိမ္ရွင္မေကာင္းတစ္ေယာက္ျဖစ္လုိ႔ေနပါၿပီ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs