Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်
သရုပ်ဆောင် ခိုင်နှင်းဝေ တည်ထောင်ထားတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းကနေပြီးတော့ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ဆင်းရဲချို့တဲ့လျှက်ရှိတဲ့ အိမ်ထောင်စု ၅ စုကို ဇွန်လ ၁၇ ရက်နေ့က အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီ အိမ်ထောင်စု ၅ စုရဲ့ အခြေအနေကို ဇွန်လ ၂၂ ရက်နေ့(ဒီနေ့) မနက်ပိုင်းမှာ သွားရောက်ပြန်လည် ကြည့်ရှု့ခဲ့ချိန်မှာ တွေ့ရှိခဲ့တဲ့ အခြေအနေလေးတွေကိုလည်း ခိုင်နှင်းဝေက အခုလိုပြောပြခဲ့ပါတယ်။
''ဒီလ လှူခဲ့တဲ့အိမ်ထောင်စု ၅စု ကို ဒီနေ့သွားပြီးပြန်လည်ကြည့်ရှု့ခဲ့ပါတယ်။ အသက် ၈၀ကျော် အဖွား၂ဦးကအခုဆိုရင် ဆေးခန်းသွားပြီး လိုအပ်တဲ့ဆေးကုသမှုများခံယူနိုင်ပြီလို့သိရပါတယ်။ လှူခဲ့တဲ့အလှူငွေကို အရင်တုန်းက ထမင်းစားစရိတ်မရှိလို့လမ်းထိပ်က ထမင်းဆိုင် လေးမှာ အကြွေးယူစားရင်းစားရင်းနဲ့ အကြွေး ၈သောင်းကျော် ရှိနေလို့ ၄သောင်းအကြွေးဆပ်လိုက်တယ်တဲ့။ ကျွန်မ စိတ်ထဲအရမ်း စိတ် မကောင်းဖြစ်မိပါတယ်။ အဖွား၂ယောက်ပေးစရာရှိတဲ့ ကျန်နေတဲ့ ၄သောင်းကို ထမင်းဆိုင်မှာ ပေးခဲ့ပါပြီ။ အဖွား၂ယောက် ဝမ်းသာလွန်း လို့ဆုတွေပေးတာအများကြီးပဲတဲ့'' ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့ မနက် ၁၀နာရီ ၃၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးတင် ခဲ့ပါတယ်။
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်
ချို့တဲ့အိမ်ထောင်စုတွေကို အလှူငွေသွားလှူခဲ့တဲ့ ခိုင်နှင်းဝေ
ဇွန်လ ၁၇ ရက်နေ့က မရမ်းကုန်းမြို့နယ် အတွင်းက ဆင်းရဲချို့တဲ့လျှက်ရှိတဲ့ အိမ်ထောင်စု ၅ စုကို အလှူငွေ သွားရောက်လှူဒါန်းခဲ့တုန်း ကလည်း အိမ်ထောင်စု တစ်စုကို ငွေကျပ် တစ်သိန်း စီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
''ဒီလ ထပ်တိုးပြီးလှူနိုင်ပါပြီရှင် ယခုလအိမ်ထောင်စု (၅)စုဖြစ်သွားပါပြီ။ ကျွန်မတို့ ခိုင်နှင်းဝေပရဟိတအသင်းမှ လစဉ်လှူဒါန်းလျှက်ရှိတဲ့ ချို့တဲ့အိမ်ထောင်စုအလှူ ၆လပိုင်း အိမ်ထောင်စု(၅)စုအတွက်မှတ်တမ်းများဖြစ်ပါတယ်ရှင်။ ၃လပိုင်းမှာ စတင်လှူဒါန်းခဲ့ပြီး ယခုအကြိမ်ဆို ၄ ကြိမ်မြောက်ရှိပြီး အိမ်ထောင်စုပေါင်း (၁၅)စုကို အသေးစားလုပ်ငန်းများနှင့်ပုံမှန်ဝင်ငွေရရှိအောင်လှူဒါန်းပြီးဖြစ်ပါတယ်ရှင်။ အိမ်ထောင်စု တစ်စုကို အလှူငွေ တစ်သိန်းစီထည့်လှူဒါန်းပါတယ်ရှင်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၂၄ မိနစ်ကရေးသား တင်ပြခဲ့ပြီး ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်
ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ သူ့အနေနဲ့ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် ဆန်ခါတင်စာရင်းထဲပါဝင်နေသူတစ်ဦး လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေရဲ့ ပရိသတ်တွေနဲ့အတူ တည်ထောင်ထားတဲ့ ခိုင်နှင်းဝေပရဟိတကိုယ်စားလှယ်အသင်းဟာ ဒီနေ့(မေလ ၈)ရက်နေ့ တုန်းက အလုပ်မရရှိသေးတဲ့ မြန်မာနိုင်ငံသား အယောက်၂၀၀ ကို အလှူလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတ အသင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပမှာ ရောက်ရှိနေပေမယ့် ဒုက္ခရောက်နေကြတဲ့ မြန်မာလူမျိုးတွေကို အချင်းချင်း ကူညီရိုင်းပင်းပြီး တတ်စွမ်းသမျှကူညီပေးနိုင်ဖို့အတွက်ရည်ရွယ်ချက်ထားတယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။
Photo: ခုိင္ႏွင္းေဝေဖ့စ္ဘြတ္
သရုပ္ေဆာင္ ခုိင္ႏွင္းေဝ တည္ေထာင္ထားတဲ့ ခုိင္ႏွင္းေဝ ပရဟိတအသင္းကေနၿပီးေတာ့ မရမ္းကုန္းၿမိဳ႕နယ္မွာရွိတဲ့ ဆင္းရဲခ်ဳိ႕တဲ့လွ်က္ရွိတဲ့ အိမ္ေထာင္စု ၅ စုကုိ ဇြန္လ ၁၇ ရက္ေန႔က အလွဴေငြေတြ သြားေရာက္လွဴဒါန္းခဲ့တယ္လုိ႔ သိရပါတယ္။ ဒီ အိမ္ေထာင္စု ၅ စုရဲ႕ အေျခအေနကုိ ဇြန္လ ၂၂ ရက္ေန႔(ဒီေန႔) မနက္ပုိင္းမွာ သြားေရာက္ျပန္လည္ ၾကည့္ရႈ႕ခ့ဲခ်ိန္မွာ ေတြ႔ရွိခဲ့တဲ့ အေျခအေနေလးေတြကုိလည္း ခုိင္ႏွင္းေဝက အခုလုိေျပာျပခဲ့ပါတယ္။
''ဒီလ လွဴခဲ့တဲ့အိမ္ေထာင္စု ၅စု ကို ဒီေန႔သြားၿပီးျပန္လည္ၾကည့္ရႈ႕ခဲ့ပါတယ္။ အသက္ ၈၀ေက်ာ္ အဖြား၂ဦးကအခုဆိုရင္ ေဆးခန္းသြားၿပီး လိုအပ္တဲ့ေဆးကုသမႈမ်ားခံယူႏိုင္ၿပီလို႔သိရပါတယ္။ လွဴခဲ့တဲ့အလွဴေငြကို အရင္တုန္းက ထမင္းစားစရိတ္မရွိလို႔လမ္းထိပ္က ထမင္းဆိုင္ ေလးမွာ အေႂကြးယူစားရင္းစားရင္းနဲ႔ အေႂကြး ၈ေသာင္းေက်ာ္ ရွိေနလို႔ ၄ေသာင္းအေႂကြးဆပ္လိုက္တယ္တဲ့။ ကၽြန္မ စိတ္ထဲအရမ္း စိတ္ မေကာင္းျဖစ္မိပါတယ္။ အဖြား၂ေယာက္ေပးစရာရွိတဲ့ က်န္ေနတဲ့ ၄ေသာင္းကို ထမင္းဆိုင္မွာ ေပးခဲ့ပါၿပီ။ အဖြား၂ေယာက္ ဝမ္းသာလြန္း လို႔ဆုေတြေပးတာအမ်ားႀကီးပဲတဲ့'' ဆုိၿပီးေတာ့ ဇြန္လ ၂၂ ရက္ေန႔ မနက္ ၁၀နာရီ ၃၅ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးတင္ ခဲ့ပါတယ္။
Photo: ခုိင္ႏွင္းေဝေဖ့စ္ဘြတ္
ခ်ဳိ႕တဲ့အိမ္ေထာင္စုေတြကုိ အလွဴေငြသြားလွဴခဲ့တဲ့ ခုိင္ႏွင္းေဝ
ဇြန္လ ၁၇ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္ အတြင္းက ဆင္းရဲခ်ဳိ႕တဲ့လွ်က္ရွိတဲ့ အိမ္ေထာင္စု ၅ စုကုိ အလွဴေငြ သြားေရာက္လွဴဒါန္းခ့ဲတုန္း ကလည္း အိမ္ေထာင္စု တစ္စုကုိ ေငြက်ပ္ တစ္သိန္္း စီ လွဴဒါန္းခဲ့တယ္လုိ႔ သိရပါတယ္။
''ဒီလ ထပ္တိုးၿပီးလွဴႏိုင္ပါၿပီရွင္ ယခုလအိမ္ေထာင္စု (၅)စုျဖစ္သြားပါၿပီ။ ကၽြန္မတို႔ ခိုင္ႏွင္းေဝပရဟိတအသင္းမွ လစဥ္လွဴဒါန္းလွ်က္ရွိတဲ့ ခ်ိဳ႕တဲ့အိမ္ေထာင္စုအလွဴ ၆လပိုင္း အိမ္ေထာင္စု(၅)စုအတြက္မွတ္တမ္းမ်ားျဖစ္ပါတယ္ရွင္။ ၃လပိုင္းမွာ စတင္လွဴဒါန္းခဲ့ၿပီး ယခုအၾကိမ္ဆို ၄ ႀကိမ္ေျမာက္ရွိၿပီး အိမ္ေထာင္စုေပါင္း (၁၅)စုကို အေသးစားလုပ္ငန္းမ်ားႏွင့္ပံုမွန္ဝင္ေငြရရွိေအာင္လွဴဒါန္းၿပီးျဖစ္ပါတယ္ရွင္။ အိမ္ေထာင္စု တစ္စုကို အလွဴေငြ တစ္သိန္းစီထည့္လွဴဒါန္းပါတယ္ရွင္'' ဆုိၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ဇြန္လ ၁၇ ရက္ေန႔ ညေန ၃ နာရီ ၂၄ မိနစ္ကေရးသား တင္ျပခဲ့ၿပီး ပါဝင္လွဴဒါန္းခဲ့ၾကတဲ့ အလွဴရွင္ေတြကုိလည္း ေက်းဇူးတင္ေၾကာင္း ေရးသားခဲ့တာျဖစ္ပါတယ္။
Photo: ခုိင္ႏွင္းေဝေဖ့စ္ဘြတ္
ခုိင္ႏွင္းေဝဟာ ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္လာရင္ စြမ္းစြမ္းတမံေဆာင္ရြက္ေနသူတစ္ဦးပါ။ သူ႔အေနနဲ႔ United Act ရဲ႕ ကေလး သူငယ္ လူကုန္ကူးမႈ တားဆီးေရးဆိုင္ရာ အထူးသံတမန္ ခန္႕အပ္ျခင္း ခံရတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး သံတမန္အျဖစ္ ခန္႕အပ္ျခင္း ခံရၿပီး ေနာက္ပိုင္းမွာလည္း အမ်ဳိးသမီးေတြနဲ႔ ကေလးေတြအတြက္သူမတတ္စြမ္းသေလာက္ အားတက္သေရာ ပါဝင္ကူညီေဆာင္ရြက္ ေပးသူ တစ္ဦးလည္းျဖစ္ပါတယ္။ အ့ဲဒီေနာက္ ျပည္သူ႔ဂုဏ္ရည္ဆု အတြက္ ဆန္ခါတင္စာရင္းထဲပါဝင္ေနသူတစ္ဦး လုိ႔ သိရပါတယ္။
ထုိင္းႏုိင္ငံမွာရွိတဲ့ ခုိင္ႏွင္းေဝရဲ႕ ပရိသတ္ေတြနဲ႔အတူ တည္ေထာင္ထားတ့ဲ ခုိင္ႏွင္းေဝပရဟိတကုိယ္စားလွယ္အသင္းဟာ ဒီေန႔(ေမလ ၈)ရက္ေန႔ တုန္းက အလုပ္မရရွိေသးတဲ့ ျမန္မာႏုိင္ငံသား အေယာက္၂၀၀ ကုိ အလွဴလုပ္ေပးခဲ့တယ္လုိ႔ သိရပါတယ္။ ထုိင္းႏုိင္ငံမွာရွိတဲ့ ပရဟိတ အသင္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ႔ ျပည္ပမွာ ေရာက္ရွိေနေပမယ့္ ဒုကၡေရာက္ေနၾကတဲ့ ျမန္မာလူမ်ဳိးေတြကုိ အခ်င္းခ်င္း ကူညီရုိင္းပင္းၿပီး တတ္စြမ္းသမ်ွကူညီေပးႏိုင္ဖုိ႔အတြက္ရည္ရြယ္ခ်က္ထားတယ္လုိ႔လည္း Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါေသးတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.