• Local Celebrity
    သျှားထွဋ်နဲ့လမ်းခွဲလိုက်ပြီလို့ ပြောလိုက်တဲ့ အောင်ရဲထိုက်
Ei Ei Myat
[Unicode Version]

29133875-1002955219859313-2074233427443318784-n.jpg 

ည ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင် အောင်ရဲထိုက် နဲ့ အလှမယ် သျှားထွဋ်အိန္ဒြာတို့ စုံတွဲဟာ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတစ်တွဲပါ။]အခုတော့ သူတို့နှစ်ယောက်နဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

အောင်ရဲထိုက်က သျှားထွဋ်နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်းကို လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို အသိပေးလိုက်တာပါ။

35971877_1708963402485992_7023909247234605056_n.jpg

ချစ်သူသက်တမ်း (၂)နှစ်ပြည့်သွားတဲ့ အောင်ရဲထိုက်နဲ့ သျှားထွဋ်အိန္ဒြာ 

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Duwun Media က အောင်ရဲထိုက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာလည်း "ကျွန်တော် တို့နှစ်ယောက်ရဲ့ အချစ်ရေးက ကျွန်တော်တင်ထားတဲ့ ပို့စ်အတိုင်းပါပဲ။ ပရိသတ်တွေကို နောက်နေတာ မဟုတ်ပါဘူး။ အခုတော့ ဒီလောက်ပဲ ပြောပြခွင့်ပြုပါ။ " လို့ သူက ဆိုပါတယ်။

အောင်ရဲထိုက်တင်ထားတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး သျှားထွဋ်အိန္ဒြာကို ဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း "သူတင်ထားတဲ့ ပို့စ်အတိုင်းပါပဲ။အခုလက်ရှိတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး မပြောချင်သေးလို့ပါ"ဆိုပြီး  Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

22281657-10154704547016114-1780383835159153811-n.jpg 

သူတို့စုံတွဲလေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ စုံတွဲလေးဖြစ်သလို အနုပညာနယ်ပယ်ထဲမှာလည်း ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။ချစ်သူသက်တမ်း (၂)နှစ်ကျော်လောက်မှာ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြသလို အံ့သြနေကြပါတယ်။

အောင်ရဲထိုက်ဟာ ညရုပ်ရှင်ဇာတ်ကားကစပြီး ပရိသတ်တွေသတိထားအားပေးခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို သျှားထွဋ်ဟာလည်း Miss Universe Myanmar 2014 ဆု ရရှိထားတဲ့အလှမယ်တစ်ဦးဖြစ်သလို ပရိသတ်အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

[Zawgyi Version]

 

ည ရုပ္ရွင္ဇာတ္ကားနဲ႕ ပရိသတ္အားေပးမႈ အခိုင္အမာရရွိခဲ့တဲ့ သရုပ္ေဆာင္ ေအာင္ရဲထိုက္ နဲ႕ အလွမယ္ သွ်ားထြဋ္အိျႏၵာတို႕ စံုတြဲဟာ ပရိသတ္ေတြရဲ႕ အခ်စ္ကို ပိုင္ဆိုင္ထားတဲ့ စံုတြဲတစ္တြဲပါ။]အခုေတာ့ သူတို႕ႏွစ္ေယာက္နဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ စိတ္မေကာင္းျဖစ္လို႕ေနၾကပါတယ္။

ေအာင္ရဲထုိက္က သွ်ားထြဋ္နဲ႕ လမ္းခြဲလိုက္ၿပီဆိုတဲ့ အေၾကာင္းကို လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္က သူ႕ရဲ႕ ေဖ့စ္ဘြတ္ကေန ပရိသတ္ေတြကို အသိေပးလိုက္တာပါ။

ခ်စ္သူသက္တမ္း (၂)ႏွစ္ျပည့္သြားတဲ့ ေအာင္ရဲထုိက္နဲ႕ သွ်ားထြဋ္အိျႏၵာ 

အဲ့ဒီအေၾကာင္းအရာနဲ႕ ပတ္သက္ၿပီး Duwun Media က ေအာင္ရဲထုိက္ကို ဆက္သြယ္ေမးျမန္းၾကည့္တဲ့အခါမွာလည္း "ကၽြန္ေတာ္ တို႕ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးက ကၽြန္ေတာ္တင္ထားတဲ့ ပို႕စ္အတိုင္းပါပဲ။ ပရိသတ္ေတြကို ေနာက္ေနတာ မဟုတ္ပါဘူး။ အခုေတာ့ ဒီေလာက္ပဲ ေျပာျပခြင့္ျပဳပါ။ " လို႕ သူက ဆုိပါတယ္။

ေအာင္ရဲထုိက္တင္ထားတဲ့ ပို႕စ္နဲ႕ ပတ္သက္ၿပီး သွ်ားထြဋ္အိျႏၵာကို ဆက္သြယ္ေမးျမန္းၾကည့္ရာမွာလည္း "သူတင္ထားတဲ့ ပို႕စ္အတိုင္းပါပဲ။အခုလက္ရွိေတာ့ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး မေျပာခ်င္ေသးလို႕ပါ"ဆိုၿပီး  Duwun Media ကို ေျဖဆိုေပးခဲ့ပါတယ္။

 

သူတုိ႕စံုတြဲေလးဟာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို ရရွိထားတဲ့ စံုတြဲေလးျဖစ္သလို အႏုပညာနယ္ပယ္ထဲမွာလည္း ေရွ႕သြားေနာက္လိုက္ညီတဲ့ စံုတြဲေလးဆိုလည္း မမွားပါဘူး။ခ်စ္သူသက္တမ္း (၂)ႏွစ္ေက်ာ္ေလာက္မွာ လမ္းခြဲလိုက္ၿပီဆိုတဲ့ သတင္းေၾကာင့္ ပရိသတ္ေတြ စိတ္မေကာင္းျဖစ္ေနၾကသလို အံ့ၾသေနၾကပါတယ္။

ေအာင္ရဲထုိက္ဟာ ညရုပ္ရွင္ဇာတ္ကားကစၿပီး ပရိသတ္ေတြသတိထားအားေပးျခင္း ခံရတဲ့ အႏုပညာရွင္တစ္ဦးျဖစ္သလုိ သွ်ားထြဋ္ဟာလည္း Miss Universe Myanmar 2014 ဆု ရရွိထားတဲ့အလွမယ္တစ္ဦးျဖစ္သလို ပရိသတ္အားေပးတဲ့ အႏုပညာရွင္ တစ္ဦးလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs